Wednesday, November 6, 2013

ဂျေဆင်မရတ်၏ မြန်မာပြည်ဖျော်ဖြေပွဲ အကောင်းဆုံးကမ္ဘာ့အဆင့် ဖျော်ဖြေမှုဆုစာရင်းတွင် ပါဝင်လျက်ရှိ

0 comments
ယင်းဆုအတွက် မြန်မာပရိသတ်များလည်း ပါဝင်မဲပေးနိုင်ပြီဖြစ်သည်

ဘုန်းနေလ (ဒဂုံတက္ကသိုလ်)

အဆိုတော် ဂျေဆင်မရတ်၏ မြန်မာနိုင်ငံဖျော်ဖြေပွဲသည် MTV ဥရောပဂီတဆုများ၏ အကောင်းဆုံး ကမ္ဘာ့ အဆင့်ဖျော်ဖြေမှုစာရင်းတွင် ပါဝင်လျက် MTV Exit ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ယင်း ဆန်ခါ တင်ရွေးချယ်မှုစာရင်း တွင် ဂျေဆင်မရတ်နှင့်အတူ အဲလစ် ရှာကီး၊ The Black Keys၊ Fun၊ Garbage၊ Green day၊ ဂျေစီ J၊ Linkin Park၊၊ မက် ကယ်လ်မိုးနှင့် ရိုင်ယန်လူးဝစ်၊Snoop Lion၊ No Doubt၊Paramore၊ ရစ်တာအော်ရာ၊ ရော်ဘင်သိခ်ျ၊ The Killers တို့လည်း ပါဝင်လျက်ရှိပြီး ပရိသတ်များအနေဖြင့်လည်း tv.mtvema.com တွင် ပါဝင် မဲပေးနိုင်ပြီဖြစ်သည်။

''ကျွန်တော်တို့တွေလည်း မဲပေးလို့ ရပါတယ်။ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ပွဲ The Best World Stage စာရင်းထဲမှာ ပါတယ်ဆိုတဲ့အတွက် ဝမ်းသာတယ်ပါ တယ်။ ဆုလည်း ရချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲကို ရွှေတိဂုံဘုရားနဲ့နီးတဲ့ ပြည်သူ့ရင်ပြင်မှာ လုပ်တဲ့ပွဲဆိုတော့ သက်ဆိုင်ရာဆီက ခွင့်ပြုဖို့ ကြိုးစားခဲ့ရ တယ်။ ကြိုးစားတဲ့အလျောက်လည်း ဒီပွဲက အောင်မြင်ခဲ့သလို အဆိုတော်တွေက လူကုန်ကူးမှုနှင့် ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောကြား သွာားတဲ့အခခါ ပရိသတ်စိတ်ထဲ ရောက်ရှိသွားတဲ့အတွက် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ အောင်မြင်ခဲ့ပါတယ်" ဟု MTV Exit Myanmar မှ တာဝန်ခံ ကိုစည်သူ က ပြောသည်။ လူကုန်ကူးတိုက်ဖျက်ရေးသံတမန် အဖြစ်လည်း ပါဝင်လုပ်ကိုင်နေပြီး ယင်းပွဲတွင် ပါဝင်ဖျော်ဖြေခဲ့ သူ ဖြူဖြူကျော်သိန်းက ''အခုလိုလျာထားခြင်းခံရတာက မြန်မာနိုင်ငံဖြစ်နေလို့ထင်တယ်။ မြန်မာနိုင်ငံ ကမ္ဘာ ကြီးစောင်းမှာ ပါဝင် လာပြီလေ။ မြန်မာ့သမိုင်းမျာရယ်၊ မြန်မာ့ဂီတသမိုင်းမှာပါ ဒီလိုအထင်ကရဆုထဲ ဝင်တာက ဝမ်းသာစရာပါ။ ဒီပွဲက စီးပွားရေးအမြတ်ထုတ်မှုတွေလည်း မပါဘူး။ ကောင်းတဲ့ ရယ်ရွယ်ချက်တွေနဲ့ လုပ်တာ'' ဟု ပြောသည်။

ယင်းဖျော်ဖြေပွဲကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုတော် ဂျေဆင်မာရတ်၊ ထိုင်းနိုင်ငံမှ Slot Machine တို့နှင့်အတူ မြန်မာနိုင်ငံမှ ဖြိုးကြီး၊ စိုင်းစိုင်းခမ်းလှိုင်၊ R ဇာနည်၊ လင်းလင်း၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေနှင့် ချမ်းချမ်းတို့လည်း ပါဝင်ဖျော်ဖြေခဲ့သည်။ ယင်းပွဲသည် MTV Exit Myanmar ၏ ပထမဆုးံ ကျင်းပသော ဖျော်ဖြေပွဲလည်းဖြစ်ပြီး လူပေါင်း ၇ဝ,ဝဝဝ ကျော် ပါဝင်ဆင်နွှဲခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here