၆.၁၁.၂၀၁၃ရက်နေ့ ၀၀၁၅အချိန်တွင် ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက်၊
(၃၄)လမ်းနေ ဦးကျော်ဇေယျ (ဘ)ဦးညွန့်ဦး၏နေအိမ်တွင်
မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာသို့ မီးသတ်ယာဉ် (၃)စီးဖြင့်
မီးငြိမ်း သတ်ခဲ့ရာ ၀၀၂၅အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
မီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးရာ နေအိမ်ထပ်ခိုးတွင် ၂ ပေမီးချောင်းအား လူမရှိဘဲထွန်းထားရာမှ ၀ါယာ ကြိုးများရှော့ဖြစ်ကာ အနီးရှိမွေ့ယာများ၊စောင်များနှင့် လျှပ်စစ်ပေါင်မုန့်ဖုတ်စက်တို့အား မီးလောင် ကျွမ်းခဲ့၍ တန်ဘိုးငွေကျပ် (၅၀၀၀၀)ခန့်ဆုံးရှုံးခဲ့သဖြင့် လျှပ်စစ်မီးအား ပေါ့ဆစွာသုံးစွဲသူ ဦးကျော်ဇေယျ အား ကျောက်တံတား မြို့မရဲစခန်း(ပ)၃၉၅/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
မီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးရာ နေအိမ်ထပ်ခိုးတွင် ၂ ပေမီးချောင်းအား လူမရှိဘဲထွန်းထားရာမှ ၀ါယာ ကြိုးများရှော့ဖြစ်ကာ အနီးရှိမွေ့ယာများ၊စောင်များနှင
Yangon Police