Wednesday, November 6, 2013

အိန္ဒိယ၏ အင်္ဂါဂြိုဟ်စူးစမ်းရေးမစ်ရှင် အောင်မြင်စွာလွှတ်တင်

0 comments


အိန္ဒိယ၊ နိုဝင်ဘာ ၆။

နိုဝင်ဘာ ၅ရက်နေ့က အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ပြည်နယ် တောင်ပိုင်း သီရိဟာရိကိုတာ ဒုံးပျံလွှတ်တင်ရေး စခန်းမှ နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းရေးယာဉ် လွှတ်တင်သည့် မစ်ရှင်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

ယခု အင်္ဂါဂြိုဟ် ခရီးစဉ်သည် အမေရိကန်၊ ရုရှား၊ ဥရောပတို့ပြီးလျှင် လေးကြိမ်မြောက်အဖြစ် လွှတ် တင်နိုင်ခြင်းဖြစ် ၍ သမိုင်းတွင် ဖြစ်ရပ် များစာရင်းတွင် ၀င်သွားသည်။

မားစ်ကျွမ်းကျင်သူ (မန်ဂယ်ယန်း) ဟုအမည်ပေးထားသော အင်္ဂါဂြိုဟ်စူးစမ်းရေးယာဉ်သည် အမေရိကန်ဒေါ်လာ ၇၃သန်း အကုန်ကျခံကာတည်ဆောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဖြစ် Polor Satellite Launch Vehicle- C25 (PSLV-C25) မှီငြမ်းကာ ပုံစံထုတ်ခဲ့သော ယာဉ်ဖြစ်သည်။

၄၄မီတာရှည်ပြီး တန်၃၂၀ ခန့်အထိလေးသည်။ မိနစ်၃၀ကြာ ဒုံးပျံလွှတ်တင်မှု အစီအစဉ် ကို နိုင်ငံ ပိုင်ရုပ်သံလိုင်းများတွင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။

PSLV သည် ကမ္ဘာ့လေထုမှ လွတ်မြောက်ရန် လောင်စာဒုံးငယ် ခြောက်ခုဖြင့် အဆင့်ဆင့် တွန်းပို့ပေးခဲ့ရသည်။

ပညာရှင်များက ယခု ခရီးစဉ်မစတင်မီ စမ်းသပ်မှုကြီးပေါင်း ငါးကြိမ်မျှ ပြုလုပ်ခဲ့သည်။

မန်ဂယ်ယန်း စူးစမ်းရေးယာဉ်သည် အင်္ဂါဂြိုဟ်သို့ရောက်ရန် ရက်ပေါင်း ၃၀၀နီးပါး ခရီးဆက်ရမည်ဖြစ်၍ လာမည့် ၂၀၀၄ခုနှစ် စက်တင်ဘာလတွင် သူ၏ ပန်းတိုင်ဖြစ်သော အင်္ဂါဂြိုဟ်ပတ်လမ်းသို့ ချည်းကပ်နိုင်မည်ဟု ခန့်မှန်ထားသည်။

ခရီးစဉ်၏ ရည်မှန်းချက်များထဲတွင် ဂြိုဟ်နီကို ဓာတ်ပုံရိုက်ရန်၊ သူ၏ သဘာဝ ပတ်ဝန်းကျင် ကို လေ့လာရန်သာမက အချက်ပြစနစ်များ၏ တိုးတက်မှုနှင့် အိန္ဒိယ၏ အာကာသာနည်းပညာကို ကမ္ဘာ သိအောင် လုပ်ဆောင်ခြင်းများလည်း ပါဝင်နေသည်။

ယခု အိန္ဒိယပညာရှင်များ၏ အောင်မြင်မှုကို သမ္မတ ပရာနက်ဘ်မူခါဂျီနှင့် ၀န်ကြီးချုပ် မန်မွန်ဟန်ဆင်းသာမက အတိုက်အခံ ဘာရာတီယာဂျန်နာတာပါတီမှ နာရန်ဒရာမိုဒီတို့ကပါ ချီးကျူးစကားဆိုထားကြသည်။

မိုဒီသည် ၂၀၁၄ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၀န်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်အရွေးခံမည့် အမတ်လောင်း တစ်ဦးဖြစ်သည်။

သူက အိန္ဒိယ၏ ကိုယ်စွမ်းကိုယ်စကို ကမ္ဘာသိအောင် ပြလိုက်ခြင်းဖြစ်ကြောင်း၊ ယခုမစ်ရှစ်၏ နောက်ကွယ်မှ သိပ္ပံနှင့်နည်းပညာ ပညာရှင်များကို ချီးကျူးကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယသည် ၂၀၀၈ခုနှစ်က လကမ္ဘာစူးစမ်းရေးယာဉ် ချန်ဒရာယန်း-၁ ကို ပထမဆုံးအကြိမ် အောင်မြင်စွာ လွှတ်တင်နိုင် ခဲ့သည်။

နိုင်ငံ၏ အာကာသခရီးစဉ်များကို ၁၉၇၅ခုနှစ်က ရုရှားလုပ်ဒုံးကျည်များ အသုံးပြု လွှတ်တင်ခြင်းဖြင့် စတင်ခဲ့သည်။

Ref: AP

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here