Monday, November 11, 2013

စည်ပင်သာယာ အမှိုက်ကားမောင်းသူကို ဆက်သွယ်ရေးတာဝန်ခံက တရားစွဲ

0 comments
11.11.2013

လျှပ်စစ်မီးကြိုးဆိုင်းများကို စည်ပင်သာယာဌာနပိုင် အမှိုက်သိမ်းကားက ၀င်တိုက်မိရာမှတစ်ဆင့် မြေပြင် ရှိ ဆက်သွယ်ရေးကြိုးများပေါ်သို့ ပြုတ်ကျကာ မီးလောင်ကျွမ်းမှုဖြစ်ပြီး ဆက်သွယ်ရေးပစ္စည်း ကျပ်သိန်း ပေါင်း ငါးရာကျော် ပျက်စီးဆုံးရှုံးသွားသောကြောင့် ဆက်သွယ်ရေးတာဝန်ခံက စည်ပင်အမှိုက်သိမ်းကား မောင်းသူကို အမှုဖွင့် တိုင်ကြားထားသည်ဟု စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် မြို့မရဲစခန်း တာဝန်ရှိသူတစ် ဦးက ပြောသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက် ည ၈ နာရီ မိနစ် ၂၀ အချိန်ခန့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့် မြို့၊ အမှတ်(၂) စည်ပင်ဈေး အနောက်ဘက်ရှိ လျှပ်စစ်မီးကြိုးဆိုင်းများကို စည်ပင်သာယာ အမှိုက်သိမ်းကား ယာဉ်အမှတ် ၅ဌ/ ၅၉၁၆ အမှိုက်သိမ်းယာဉ်က ၀င်တိုက်မိရာတွင် ၃၃ ကေဗီ လျှပ်ဓာတ်အားလိုင်း ကြိုးသည် ဆက်သွယ်ရေးဌာနပိုင် Drop Wire များအပေါ်သို့ ပြုတ်ကျခဲ့သည့်အတွက် ရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

ထို့အတွက် တယ်လီဖုန်းလိုင်းများထိန်းချုပ်သည့် TWD -06 စက်ကြီးမှာ ပျက်စီးချို့ယွင်းခဲ့ရပြီး တယ်လီဖုန်းနံပါတ် ၀၇၅- ၆၀၂၅၅ မှ ၀၇၅ - ၆၀၅၅၃ အထိ ဖုန်းလိုင်းများ ပြတ်တောက်ကာ ဖုန်းဆက်သွယ်ရေး လိုင်းပစ္စည်းများ ကျပ်သိန်းပေါင်း ၅၁၁ သိန်းဖိုးခန့် ပျက်စီးခဲ့ရသည်ဟု ဆက်သွယ်ရေးတာဝန်ခံ ဦးအေးကျော်က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်သွယ်ရေးတာဝန်ခံ ဦးအေးကျော်က စည်ပင်သာယာ အမှိုက်သိမ်းကား မောင်းနှင်သူ ဦးမြင့်ကျော်ကို ဥပဒေအရ အရေးယူပေးရန် ထီးချိုင့်မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားသည်။

အဆိုပါဖြစ်စဉ်အား ထီးချိုင့်မြို့နယ် မြို့မရဲစခန်းက (ပ) ၄၅၇/ ၂၀၁၃ ပြည်သူပိုင်ပစ္စည်း ကာကွယ်ထိန်း သိမ်းရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုအား လက်ခံပြီး စည်ပင်သာယာ အမှိုက်သိမ်းကား မောင်းနှင်သူ ဦး မြင့်ကျော်ကို ဒု-ရဲမှူးစောမောင်က ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here