Friday, November 8, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာ တင်ရမည့်အချိန် တစ်လနောက်ဆုတ်

0 comments

͋Friday, November 8, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဖွဲ့စည်းထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေး လေ့ လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ တင်သွင်းမည့် အချိန်ကို တစ်လ နောက် ဆုတ်ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထား သော်လည်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် တွင် တင်ပြရန် နိုဝင်ဘာလ ၇ ရက် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်သည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ သို့ ပေးပို့မည့် အကြံပြုချက်များကို ဒီဇင်ဘာ ၃၁ ရက်နေ့ မတိုင်မီ ပေးပို့ရ မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းမြင့်က ပြောကြားသည်။“လွှတ်တော်ကို မတင်ခင် ကော်မတီ အစည်းအဝေးမှာ ကတည်းက ဒီလို နောက်ဆုတ်လိုက်တာကို ကျွန်တော် ကန့်ကွက် ခဲ့သေးတယ်။ မရခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

ယင်းသို့ အစီရင်ခံစာတင်ရမည့် ကာလကို နောက်ဆုတ်ရန် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ အစည်းအဝေးတွင် ကြိုတင်ညှိနှိုင်း ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဇူလိုင်လ ၁၇ ရက်နေ့က ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ လွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here