Friday, November 8, 2013

မြန်မာအထူးစီးပွားရေးဇုန် ဥပဒေမူကြမ်း လွှတ်တော်နှစ်ရပ် သဘောထား မညီမျှမှုဖြစ်

0 comments
ထင်လင်းအောင်၊ သီဟကိုကို| သောကြာနေ့၊ နိုဝင်ဘာလ ၈ ရက် ၂၀၁၃ ခုနှစ်

၂၀၁၃ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် အထူးဥပဒေမူကြမ်းအပေါ် လွှတ်တော်နှစ်ရပ်သဘောထားမညီ မျှသည့် အချက်သုံးချက်အနက် တစ်ချက်အား ပြည်သူ့လွှတ်တော် အတည်ပြုချက် အတိုင်းထား ရှိရန် ပြည်ထောင်စု လွှတ်တော်သို့ ဥပဒေကြမ်းပူးပေါင်းကော်တီက အစီအရင်ခံတင်ပြသည်။

ဤဥပဒေသည် အထူးစီးပွားရေးဇုန်အားလုံးနှင့်သက်ဆိုင်စေရမည်ဆိုသည့်အချက်၊ မြန်မာ အထူးစီးပွား ရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့၏ဥက္ကဋ္ဌအပေါ် သင့်လျော်သည့်ပုဂ္ဂိုလ်ဖြစ်ရမည်ဆိုသည့်အချက် နှင့် ကင်းလွတ် ဇုန်များတွင် တည်ရှိသည့် လုပ်ငန်းများဆိုသည့် အသုံးအနှုန်းများအပေါ်တို့တွင် လွှတ်တော်နှစ်ရပ်သဘော ထားမညီမျှ မှုဖြစ်ကာ ယင်းအပေါ် ဥပဒေကြမ်းပူးပေါင်းကော်မတီမှ လေ့လာစိစစ်၍ နိုဝင်ဘာ ၇ ရက်တွင် ကျင်း ပသော ပြည်ထောာင်စု လွှတ်တော်သို့ တင်ပြခြင်းဖြစ်သည်။

ဤဥပဒေသည် အထူးစီးပွားရေးဇုန်အားလုံးနှင့် သက်ဆိုင်စေရမည်ဆိုသည့်အချက်တွင် ပြည်သူ့လွှတ် တော်က အထူးစီးပွားရေးဇုန်အားလုံးနှင့် သက်ဆိုင်စေရမည်ဟု သဘောထားမှတ်ချက်ပြုပြီး၊ အမျိုးသား လွှတ်တော်မှ မူရင်းဥပဒေ ပုဒ်မ ၅၊ ပုဒ်မ ၆ အရ တည်ထောင်သောအထူးစီးပွားရေးဇုန် အားလုံးနှင့် သက် ဆိုင်စေရမည်ဟု သဘောထားမှတ်ချက်ပြုခြင်းဖြစ်သည်။ ယင်းအပေါ် ကော်မတီက ဤဥပဒေသည် အထူးစီးပွားရေးဇုန် အားလုံးနှင့် သက်ဆိုင်စေရမည်ဆိုသည့်အချက်အတိုင်း အတည်ပြုရန် သဘောထား မှတ်ချက်ပြုသည်။

ဗဟိုအဖွဲ့ဥက္ကဋ္ဌအပေါ် သတ်မှတ်ချက်တွင်မူ ပြည်သူ့လွှတ်တော်က“သင့်လျော်သောပုဂ္ဂိုလ်” ဟုသဘော ထားမှတ် ချက်ပြု ထားခဲ့ပြီး အမျိုးသားလွှတ်တော်က “ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်” ဟု တင်ပြခဲ့ခြင်းဖြစ် သည်။ ယင်းအပေါ် ကော်မတီ အထူးစီးပွားရေးဇုန်တည်ထောင်ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေပါလုပ်ငန်းတွေ ကို ဆောင်ရွက်ရန် သင့်လျော်သောပုဂ္ဂိုလ်တစ်ဦးကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း သက်ဆိုင်ရာဝန်ကြီးဌာန အစိုးရဌာန အစိုးရအဖွဲ့အစည်းများမှ သင့်လျော်သောပုဂ္ဂိုလ်များကို အဖွဲ့ဝင်အဖြစ်ပါဝင်စေကာ မြန်မာ အထူးစီးပွားရေးဇုန်ဗဟိုကော်မတီကို ဖွဲ့စည်းရမည်ဟု ဖြည့်စွက်အတည်ပြုကြောင်း တင်ပြသည်။

တတိယအချက်ဖြစ်သည့် ဥပဒေကြမ်း၏ အခန်း ၇ ပုဒ်မ၂၃ တွင်ပါရှိသော ကင်းလွှတ်ဇုန်တွင်တည်ရှိ သော လုပ်ငန်းများ၏ အမျိုးအစားဖော်ပြချက်တွင်မူ “ကင်းလွတ်ဇုန်တွင်တည်ရှိသော လုပ်ငန်းများနှင့် ကင်းလွတ်ဇုန် လုပ်ငန်းများသည်” ဆိုသည့်အချက်အပေါ်တွင် သဘောထားကွဲလွဲခြင်းဖြစ်သည်။ ယင်း ကို ကော်မတီက ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်ရေးဇုန်များ သီးခြားသတ်မှတ်ခြင်းမရှိသည့် အထူးစီးပွား ရေးဇုန်တွင် အထောက်အကူပြုလုပ်ငန်းများနှင့် ပြည်ပပို့ကုန်အားဦးတည်သည့် လုပ်ငန်းများကို သွင်း/ထုတ်ကုန်လုပ်ငန်းများအဖြစ် သတ်မှတ်နိုင်သည်ဟု အတည်ပြုသင့်ကြောင်း တင်ပြခဲ့သည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here