Wednesday, December 18, 2013

တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ၍ ကွတ်ခိုင်စစ်ဘေးရှောင်များနေရပ်ပြန်ရေး အခက်တွေ့နေ

0 comments

18.12.2013

ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာကျေးရွာနှင့်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်အကြားရှိ နမ့် လိတ်တောင် တလျှောက်တွင် အစိုးရတပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား ဒီဇင်ဘာလ ၄ ရက်နေ့နှင့် ၅ ရက် နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသဖြင့် ကွတ်ခိုင်မြို့နယ် စစ်ဘေး ရှောင် စခန်းမှ ဒေသခံများ နေရပ်ပြန်နိုင်ရေး အခက်တွေ့နေရအုံး မည်ဖြစ်ကြောင်း အဆိုပါ နမ့်ဖတ်ကာ စစ်ဘေးရှောင် စခန်းမှ သိရှိရသည်။

“အခုပဲ ငြိမ်းချမ်းရေးဆွေးနွေးနေတယ်အခုအဆင်ပြေတော့မလို ဖြစ်နေတယ် အခုကျတော့ တိုက် ပွဲတွေ ပြန်ပြီးဖြစ်လာတယ်၊ စစ်ဘေးရှောင် တွေရဲ့ဘ၀က ၀မ်းသာရမလို ၀မ်းနည်း ရမလို ဖြစ်နေရပါတယ်'' ဟု နမ့်ဖတ်ကာစစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဒေါ်မေရီယန် က ပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပြီးပါက အချို့မှ မိမိဒေသသို့ ပြန်လိုကြပြီး အချို့မှာ အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးပါက နေရပ်သို့ မပြန်တော့ဘဲ မြို့ပေါ်၌သာ နေထိုင်သွားလိုကြကြောင်း သိရှိရသည်။

“အစိုးရက ဆောင်ရွက်ပေးရင် မြို့ပေါ်မှာပဲ ကိုယ့်ခြံကိုယ့်ဝင်းနဲ့ အေးအေး ချမ်းချမ်းနေချင် ပါတယ် ၊ တောတောင်တွေ ထဲက မငြိမ်းချမ်းတဲ့ဘ၀တွေကို ပြန်မသွားချင်တော့ဘူး၊ ငြိမ်းချမ်းရေး ဆိုတာကိုလည်း အမြဲတောင့်တနေသလို အမြန်ဆုံး ငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက်ကိုလည်း ဆုတောင်းနေ ကြရပါတယ်'' ဟု စစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလုံနေသူ အချို့မှ သုံးသပ်ပြော ကြားသည်။

လက်ရှိ နမ့်ဖတ်ကာစစ်ဘေးရှောင် စခန်းအတွင်း လာရောက်ခိုလုံ နေသူ ၂၇၀ ကျော်ရှိနေပြီးအားလုံးမှာ ကွတ်ခိုင်မြို့နယ် အတွင်းရှိ ကျေးရွာများမှဖြစ်ကာ တိုက်ပွဲများကြောင့် အဆိုပါစခန်းသို့ လာရောက်ခိုလုံနေ ကြသူများဖြစ်ကြောင်း သိရှိရသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here