Wednesday, December 18, 2013

သျှမ်းပြည်(တောင်ပိုင်း)တပ်မတော်မှ အတင်းအဓမ္မ လူသစ်စုဆောင်း၍ စစ်သင်တန်းများ ဖွင်လှစ်လျက်ရှိ

0 comments


18.12.2013


သျှမ်းပြည်(တောင်ပိုင်း)တပ်မတော်၊တပ်ရင်း(၃၆၂)မှ တပ်ရင်းမှူးအဆင့်ရှိ စိုင်းပန်ခေါင်းဆောင်သောအဖွဲ့သည် ပင်လုံမြို့နယ်ခွဲ၊ ဆန်ဆန်ကျေးရွာအုပ်စု၊လွယ်ခူးကျေးရွာအနီးတစ်ဝိုက်ရှိသည့် ကျေးရွာအုပ်စုများမှ အတင်းအဓမ္မ လူသစ်များ စုဆောင်းလျက်ရှိပြီး စုဆောင်းရရှိသော လူသစ်များအား စစ်သင်တန်းပို့ချပေးရန် စီစဉ်နေကြောင်း သိရှိရသည်။

ထိုကဲ့သို့ ကျေးရွာများမှ အတင်းအဓမ္မ လူသစ်စုဆောင်းလျက်ရှိသောကြောင့်ကျေးရွာများရှိ လူငယ်များအနေဖြင့် လူသစ် စုဆောင်းခံရမည်ကို ကြောက်ရွံ သဖြင့် အခြားဒေသများသို့ ထွက်ပြေးခြင်း၊၄င်းတို့၏ မိဘများမှ ပင်လုံမြို့ပေါ် ရပ်ကွက် များရှိ ဆွေမျိုးများထံသို့ သွားရောက်၍ ရှောင်တိမ်းနေရန် စေခိုင်း လျက်ရှိခြင်း၊တဘက်ယိုးဒယားနိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်ကိုင်စေခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ကျေးရွာများတွင် ဆင်းရဲနွမ်းပါပြီး မိမိဒေသကို မစွန့်လွတ်နိုင်သည့် တောင်ယာစိုက်ပျိုးရေးအား လုပ်ကိုင် စားသောက်နေသော ဒေ သခံများသာ ကျန်ရှိပြီး သျှမ်းပြည်(တောင်ပိုင်း)တပ်မတော်၏ နှစ်စဉ်အတင်းအဓမ္မ လူသစ် စုဆောင်းခြင်း ၊စစ်သင်တန်း ဖွင့်လှစ်ခြင်းများ ဆောင်ရွက်နေခြင်းကြောင့် အခက်အခဲများစွာနှင့် နှစ် စဉ်ရင်ဆိုင်နေရကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။


(ရှမ်းဒေသခံတစ်ဦးမှ ပေးပို့လာပါသည်။)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here