Wednesday, December 18, 2013

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဒေသခံများနှင့် တွေ့ဆုံပွဲပြုလုပ်သော်လည်းအထမမြောက်ခဲ့

0 comments


18.12.2013

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်းက မြို့နယ်ဒေသဖွံ့ဖြိုးရေးနှင့် လွှတ်တော်အတွေ့အကြုံ နိုင်ငံရေးနည်းလမ်းများ ကို ပြည်သူလူထုနှင့် ထိပ်တိုက်တွေ့ဆုံရှင်းလင်းရန် ယနေ့ဒီဇင်ဘာ၁၇ရက်၊ နံနက်၁၀း၀၀နာရီအချိန်တွင် လားရှိုးမြို့၊မြို့တော် ခန်းမ၌ ပြုလုပ်သော်လည်း အဆိုပါ အခမ်းအနားမှာအထ မြောက်ခြင်းမရှိသည်ကို တွေ့ရသည်။

ယင်းအခမ်းအနားတွင် ဖိတ်ကြားထားသော သက်ဆိုင်ရာ အာဏာပိုင် အချို့သာ တက်ရောက်ပြီးနိုင်ငံရေး စိတ်ပါဝင်စား သူပြည်သူလူထု တက်ရောက်မှု အားနည်းနေခြင်းကြောင့် အခမ်းအနားကို မေတ္တာရပ်ခံပြီး ရပ်ဆဲခဲ့ကြောင်း ကျင်းပပြုလုပ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်းက တက်ရောက်လာသူများအား ကြေညာပြောကြားသည်။

အဆိုပါလွှတ်တော်တွေ့အကြုံ ရှင်းလင်းပွဲပျက်ပြယ်သွားခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်း အားမေးရာ“ကျွန်တော်ကပြည်သူတွေနဲ့ အဓိက ထိပ်တိုက်တွေ့ဆုံပြီး သူတို့ရဲ့လူမှု ဘ၀ဒုက္ခတွေ၊ အခက်အခဲတွေကို လွှတ်တော်နိုင်ငံရေး အတွေ့အကြုံနဲ့ ဘယ်လိုဖြေရှင်းပေးရမယ်ဆိုတာ သိချင်တာပါ၊ ကျွန်တော်မျှော်မှန်းထားသလို နိုင်ငံရေး စိတ်ပါဝင်စားသူ ပြည်သူတွေ နည်းနေတာတွေ့ရတော့ ဒီအခမ်းအနားကို ဆက်မလုပ်ဘဲ ရပ်လိုက်တာပါ၊ နောက်ထပ်တကြိမ် လုပ်သွားဖို့ အစီစဉ်ရှိပါတယ်၊ လားရှိုးမှာပထမဦးဆုံးအကြိမ်မို့ အခုလို တက်ရောက်မှု အားနည်းတာဟာ ကျွန်တော်ဘက်ကလည်း လိုအပ်ချက် ရှိနေလို့ပဲ ယူဆပါတယ်၊ အာဏာပိုင်အဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး သူတို့မှတဆင့်ပြည်သူလူထုတွေ တက်ရောက်လာမယ်လို့ ထင်ထားတာပါ၊ ကျွန်တော့်ပါတီအကျိုးအတွက် လုပ်တဲ့ပွဲမဟုတ်ပါဘူး၊ အမျိုးသားရေးကို အခြေခံပြီး လုပ်တဲ့ပွဲပါ၊ ဘယ်နိုင်ငံရေးပါတီမဆို တက်ရောက် ဆွေးနွေးနိုင်ပါတယ်၊ကျွန်တော်ဟာပြည်သူအတွက် ကိုယ်စားပြုပြီးပြည်သူ့ အတွက် အလုပ်အကျွေးပြုနိုင်ဖို့ အခုလိုပြည်သူတွေကို လွှတ်တော်အတွေ့အကြုံနဲ့ သူတို့ဒုက္ခပြဿနာအရပ်ရပ် ကို ဆွေးနွေးဖြေရှင်း ပေးဘို့ လုပ်နေတာပါ”ဟု၎င်းလွှတ်တော်ကိုယ်စားလှုယ်ကပြောပြသည်။ှ

ယင်းအခမ်းအနားသို့တက်ရောက်လာသူမြို့ခံပြည်သူတစ်ဦးက“လွှတ်တော်ကိုယ်စားလှယ်ကပြည်သူတွေနဲ့တွေ့မယ်ဆိုလို့
ကြားတာနဲ့ဒီနေ့အခမ်းအနားကိုလာတာပါ၊ကျွန်တော်တို့ပြည်သူတွေရဲ့အခက်အခဲတွေကိုလွှတ်တော်အတွေ့အကြုံနဲ့ဘယ်လိုဖြေရှင်းပေးမလဲ၊
ဘယ်လိုနည်းလမ်းတွေပေးမလဲဆိုပြီးသိချင်တာနဲ့လာတာပါ၊ဒီလိုပွဲမျိုးကိုလားရှိုးမှာတခါမှမရှိသေးလို့ပါ၊လားရှိုးမျြို့သာယာလှပရေးအတွက်မြို့နယ်စည်ပင်နဲ့အကျိုးတူလုပ်နေတဲ့မြို့ဂုဏ်ဆောင်ကုမ္ပဏီရဲ့ဝန်ဆောင်မှု
အားနည်းချက်တွေကိုပြောချင်လွန်းလို့လာခဲ့တယ်၊တက်ရောက်တဲ့ လူထုတွေမရှိတာဟာအာဏာပိုင်အုပ်ချုပ်ရေးအပိုင်းကနေတဆင့် လူသိရှင်ကြားပြောပြသင့်တယ်၊ဒီလိုသာလုပ်မယ်ဆိုရင်ပြည်သူတွေကြားသိခွင့်ရပြီးသူတို့ရဲ့အခက်အခဲတွေကိုတင်ပြကြမယ်၊
တကယ်တမ်းကျွန်တော်တို့လိုအခြေခံလူတန်းစားတွေဟာလူ့အခွင့်အရေးတွေပျောက်ဆုံးနေပြီးဥပဒေအကာအကွယ်မဲ့နေသလို
ခံစားရပါတယ်”ဟုအဆိုပါဒေသခံကပြောသည်။

၎င်းအအခမ်းအနားအားလားရှိုးမြို့ရှမ်းပြည် မဲဆန္ဒနယ်၊အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်းက ဦးဆောင်ပြုလုပ်ပြီး လွှတ်တော်တွင်တွေ့ကြုံခဲ့ရတ်သည့်နို င်ငံရေးနည်းလမ်းများ၊လူထုအခက်အခဲပြဿနာများကို တရားဥပဒေ နည်းလမ်းအရ ဘယ်လိုဆောင်ရွက်ဖြေရှင်ပေးသည်ကို ပြည်သူလူထုများကြားသိစေပြီးပြည်သူလူထုနှင့် အပြန်အလှန်အခက်အခဲ လိုအပ်ချက်များအပြုသဘောဆန်သည့်မေးမြန်းဆွေးနွေးသွားရန် ရည်ရွယ်ထားကြောင်း၊မိမိပါတီအကျိုးအတွက် လုပ်ဆောင်တာ မဟုတ်ဘဲ အမျိုးသားရေးကို ဦးတည်ပြီးလုပ်တာဖြစ်ကြောင်း၊ပြည်သူလူထုနှင့် မည်သည့်ပါတီနိုင်ငံရေးကိုမဆို ယခုလို လွှတ်တော်တွေ့ကြုံမေးမြန်းဆွေးနွေးပွဲအခမ်းအနားကို လွတ်လပ်စွာ တက်ရောက်နိုင်ခွင့်ရှိကြောင်း၊ဒီမိုကရေစီ နည်းလမ်း အရ လူမှုဘ၀ပြဿနာများကို လွှတ်တော်အတွေ့အကြုံဖြင့်ကူညီ ဆောင်ရွက်ပေးရန် ရည်ရွယ်ကြောင်း၊ အထက်ပါလွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းစံမင်းကအခမ်းအနားအပြီးတွင်ပြောပြသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်းက ပြည်သူလူထုနှင့် ထိပ်တိုက်တွေ့ဆုံမည့်လွှတ်တော်အတွေ့အကြုံနှင့်နိုင်ငံရေး နည်းလမ်းများကို နောက်တစ်ကြိမ်ထပ်မံ ပြုလုပ်သွားမည်ဟုလည်း 
ပြောကြားသည်။

ထွန်းထွန်း၊စိုးမင်းနိုင်၊အောင်ဟိန်း။
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here