Wednesday, December 18, 2013

ထိုင်းအတိုက်အခံတို့ ရွေးကောက်ပွဲဝင်သင့် မဝင်သင့် သဘောထားကွဲလွဲ

0 comments


18-12-2013

ထိုင်းအစိုးရက ပါလီမန်ကို ဖျက်သိမ်းပေးကာ လမ်းမပေါ် ဆန္ဒပြပွဲများ ရပ်တန့်ရေး ဖော်ဆောင်ခဲ့ပြီးနောက် အတိုက်အခံများက ရွေးကောက်ပွဲ လမ်းကြောင်းပေါ်သို့ သွားသင့် မသွားသင့် အချင်းချင်း သဘောထား ကွဲလွဲလျက်ရှိ ကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဆန္ဒပြ အတိုက်အခံများ၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးက ဆန္ဒပြ အင်အားစုများက တောင်းဆိုထားသည့် ပြုပြင် ပြောင်းလဲရေး များကို ဦးစွာ အကောင်အထည် ဖော်ပြီးမှသာ ရွေးကောက်ပွဲ ပြုလုပ်သင့်ကြောင်း ပြောကြားထားသည်။
ဆန္ဒပြသူများက ဝန်ကြီးချုပ်ယင်းလပ်နှင့် သူမ၏အစ်ကို သက်ဆင်ရှင်နာဝပ်တို့ကို မလိုလားသော ဆန္ဒပြပွဲများ အကြီးအကျယ် ပြုလုပ်ခဲ့ပြီး သီတင်းပတ် အကြာ ဝန်ကြီးချုပ်ယင်းလပ်က ရွေးကောက်ပွဲ ကျင်းပပေးမည့် အစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

သက်ဆင် အင်အားစုကို မြို့ပြနှင့် တောနေ အခြေခံလူတန်းစားများက ထောက်ခံကြပြီး ဆယ်စုနှစ် တစ်ခုကြာ ရွေးကောက်ပွဲ အောင်နိုင်မှုများ ရရှိခဲ့သည်။

ဘန်ကောက်အခြေစိုက် ထိပ်တန်း လူတန်းစားများက သက်ဆင်အင်အားစုကို အလိုမရှိကြဘဲ ရွေးကောက်ပွဲ လမ်းကြောင်းကို ငြင်းဆန်ကာ ပြည်သူ့ကောင်စီဖွဲ့ပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပါရန် တောင်းဆိုမှုများ ရှိသည်။

ဆန္ဒပြသူများသည် အဓိက အတိုက်အခံ ပါတီ ဒီမိုကရက်တစ် ပါတီကို ထောက်ခံကြသူများ ဖြစ်သည်။
ဒီမိုကရက် အမတ်များအားလုံး ယခုလ အစောပိုင်းအတွင်းက ပါလီမန်မှ နုတ်ထွက်ခဲ့ကြကာ ဆန္ဒပြပွဲ များကို ပူးပေါင်းခဲ့ကြပြီး ဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဗီဂျာဂျီဗာလည်း ပါဝင်ခဲ့သည်။

ဒီမိုကရက်တစ်ပါတီ အနေနှင့် ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းပြု မပြု ကြေညာ ရတော့မည် ဖြစ်ကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါက နိုင်ငံရေးစနစ်၏ တရားဝင် ရပ်တည်မှုကို ထိခိုက်စေနိုင်မည် ဖြစ်သည်။

သို့သော် ဒီမိုကရက်တစ် ခေါင်းဆောင် များအကြားတွင် ရွေးကောက်ပွဲအရေးနှင့် ပတ်သက်၍ သဘောထား ကွဲလွဲနေကြပြီး ဒုဝန်ကြီးချုပ်ဟောင်း ဆူသပ်သောင်ဆူဗန် နှင့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ကွန်းချာတီ ကာဗာနီတို့ အမြင် မတူကြကြောင်း သတင်းများက ဖော်ပြထားသည်။

ပြုပြင်ပြောင်းလဲရေး များကို အရင် ဖော်ဆောင်ပေးရမည်ဟု ပြောဆိုထားချက် များကို သဘောတူ ပါကြောင်း၊ အမြင် ကွဲပြားမှုများ မဆိုစလောက်သာ ရှိပါကြောင်း မစ္စတာကွန်းက ပြောကြားထားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here