Thursday, December 5, 2013

တစ်ဖွဲ့က ၁၄ ယူနစ်ကိုလက်ခံတယ်၊၊ တစ်ဖွဲ့က ၈ ပြည်နယ်ကိုလက်ခံတယ်တစ်ဖွဲ့က အခြေခံ ဥပဒေ ကို ပြင်ဆင်မယ်လို့ပြောတယ် ။တစ်ဖွဲ့ကတော့ အသစ် ရေးဆွဲမယ်လို့ပြောတယ်၊ ရှမ်းပါတီများ ပူးပေါင်းရေး ဟာ ၂၀၁၄ ဇန်န၀ါရီ နောက်ပိုင်းမှ ဖြစ်နိုင်ချေရှိဟုဆို

0 comments
5.12.2013

ရှမ်းနှစ်ပါတီ ပူးပေါင်း ရန်ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကမ်း လှမ်းစာတစ်စောင်ကို ပြီးခဲ့တဲ့ ၁၆ ရက်နေ့က SNDP ရုံးချုပ်ကို စာပေး ပို့ခဲ့ပြီးနောက် ယခုအခါ အကြောင်း ပြန်ကြားဖို့နဲ့ ဆွေးနွေးနိုင်ဖို့ ဦးခွန် ထွန်းဦး ဦးဆောင်တဲ့ SNLD က စီစဉ်နေပြီဖြစ်ကြောင်း၊ ရှမ်းနှစ်ပါတီ ပူးပေါင်းရေးဆွေးနွေးပွဲဟာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီနောက်ပိုင်းမှပဲ ဖြစ်နိုင် ချေရှိတယ်၊ မတူညီတဲ့ပါတီနှစ်ခုပူး ပေါင်းရေးအတွက် အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းရန်လိုအပ်တယ်လို့ SNDP ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီဥက်္ကဋ္ဌ ဦးစိုင်းအိုက် ပေါင်းက အခုလိုပြောကြားလိုက် တာလည်းဖြစ်ပါတယ်။

ကျားဖြူပါတီက ၁၄ယူ နစ်ကို လက်ခံတယ်။ ကျားခေါင်း ပါတီက ၈ပြည်နယ်စနစ်ကို လက် ခံတယ်။ ကျွန်တော်တို့က အခြေခံ ဥပဒေကိုပြင်ဆင်ရမယ်လို့ သဘော ထားတယ်။သူတို့က၂၀၀၈ အခြေခံ ဥပဒေကို အသစ်ပြန်ရေးဆွဲမယ်လို့ ပြောတယ်။ ဒီလိုသဘောထားကွဲပြား မှုတွေကအစ ကျွန်တော်တို့ ညှိနှိုင်း သွားကြရမှာပါ။ ဒီလို ရှမ်းပါတီများ ပူးပေါင်းရေးကိစ်္စဟာ မူဝါဒမတူညီမှု တွေကိုညှိနှိုင်းရမယ့် အပြင်ရွေးကောက် ပွဲ ကော်မရှင်လုပ်ထုံးလုပ်နည်းအရ ဒီ လိုပါတီနှစ်ခု ပူးပေါင်းမယ်ဆိုရင် လက်ရှိ ပါတီများ ကိုဖျက်သိမ်းရမယ်။ အသစ်ပြန်လျှောက်ရမယ်။ ပြီးတော့ ပါတီအသစ်တည်ထောင်ခွင့်မှာလည်း မသေချာ တဲ့ အချက်တွေကအစ ထည့် သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ ဥက်္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါ တယ်။

ရှမ်းတိုင်းရင်းသားများ ကိုယ်စားပြုတိုင်းရင်းသား ခေါင်း ဆောင် ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ SNLD ပါတီနဲ့ ဦးအိုက်ပေါင်းဦး ဆောင်တဲ့ SNDP ပါတီနှစ်ပါတီ ပူးပေါင်းကြဖို့ ရှမ်းပြည်နယ်ဒေသခံ လူထုရဲ့ တောင်းဆို ချက်နဲ့အညီ ရှမ်း ပြည်နယ်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ SSJAC တို့ရဲ့ဆန္ဒ အရ နှစ်ပါတီ ပူးပေါင်းရေးကို အကျေ အလည်ဆွေးနွေးသွားကြတော့မှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

င်္First  Weekly  Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here