Wednesday, December 18, 2013

ကမ္ဘာ့သမိုင်းဝင်ပုဂိ္ဂုလ်များ ရှာဖွေသည့် software အမေရိကန်ထုတ်လုပ်

0 comments
18.12.2013

ကမ္ဘာ့သမိုင်းတွင် အထင်ရှား အရေးအပါဆုံးသောပုဂ်္ဂိုလ်များအား ခန့်မှန်း တွက်ချက်ရှာဖွေသည့် software တစ်မျိုးကို အမေရိကန် တွင် တီထွင်ထုတ်လုပ် လိုက်ပြီဖြစ်သည်။

၎င်း software သည် ကျော်ကြားသော ပုဂ်္ဂိုလ်များနှင့်ပတ်သက်သည့် သုံးသပ်ချက်များကို အင်တာနက် ပေါ်တွင် ရှာဖွေထောက် လှမ်း မည်ဖြစ်ပြီး ၎င်းပုဂိ္ဂုလ်များ သေဆုံးပြီးနောက် နှစ်ပေါင်း ၂၀၀ အတွင်း မည်မျှလောက် ဆက်လက်အရေးပါနေဦးမည်ကို ကြိုတင်ဟောကိန်းထုတ်ရန် အထူးစီမံ ထားသော တွက်ချက်သည့်နည်းစနစ်တစ်ခုကိုလည်း အသုံးပြုထားသည်။

အဆိုပါအင်တာနက်ရှာဖွေရေးအစီအစဉ်သစ်ဖြင့် သမိုင်းတွင် အထင်ရှားဆုံး သူများအား ခန့်မှန်းရှာဖွေ တွက်ချက်ခဲ့ရာ Jesus (သခင်ယေရှု)သည် အကျော်ကြားဆုံးဖြစ်ပြီး စစ်ဘုရင် နပိုလီယံမှာ ဒုတိယနေ ရာတွင်ရှိသလို မိုဟာမက်မှာ တတိယနေရာတွင် ရှိနေသည်။

လူအများ၏ အရေးပါမှုအဆင့်ကို အင်တာနက်တွင် ၎င်း software အစီအစဉ်တစ်ရပ်ဖြင့် ရှာဖွေရာတွင် ဗြိတိန်သည် အဆင့် အမြင့်ဆုံး နေရာတွင်ရှိနေသည်ကို တွေ့ရှိရသည်။

ဝီလီယံရှိတ်စပီးယားသည် အကျော်ကြားဆုံးပုဂ်္ဂိုလ်စာရင်းတွင် စတုတ္ထနေရာရှိနေပြီး အမေရိကန် သမ္မတဟောင်း များဖြစ်သော အေဘရာဟမ်လင်ကွန်းနှင့် ဂျော့ဝါရှင်တန်တို့မှာ ပဉ္စမနေရာနှင့် ဆဋ္ဌမ နေရာတို့တွင် ရှိနေကြသည်။

ထို့အတူ Adolf Hitler သည် နံပါတ်(၇) နေရာတွင်ရှိပြီး အရစ်တိုတယ်မှာ နံပါတ် (၈)နေရာတွင်ရှိသလို Alexander the Great နှင့် အမေရိကန်သမ္မတဟောင်း တစ်ဦးဖြစ်သူ သောမက်စ်ဂျက်ဖာဆင်တို့သည် နံပါတ်(၉)နှင့် နံပါတ်(၁၀)နေရာတို့တွင် အသီးသီး ရှိနေကြသည်။

အင်္ဂလန်ဘုရင်များနှင့် ဘုရင်မများသည်လည်း အဆင့်မြင့်အပိုင်းများတွင် ရပ်တည်နေကြသည်။ ဟင်နရီ VIII သည် နံပါတ်(၁၁)နေရာတွင်ရှိပြီး အဲလိဇဘတ်မှာ နံပါတ်(၁၃)နေရာတွင်ရှိသလို ဗစ်တိုးရီးယား ဘုရင်မကြီးနှင့် ချားလ်တို့သည် နံပါတ်(၁၆)နှင့် နံပါတ်(၃၉)နေရာများတွင်ရှိနေကြသည်။

အင်္ဂလန်တွင် ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် အချမ်းသာဆုံးပုဂ်္ဂိုလ်များ၏ ဆန်ခါတင်စာရင်း ထိပ်ဆုံးတွင် ရှိနေသော အိုလီဗာ ခရွန်းဝဲလ် သည်လည်း နံပါတ် (၅၀)ကျော်လေးတွင်ရှိနေသည်။

အံ့သြဖွယ်ကောင်းသည်မှာ နယ်ဆင်မန်ဒဲလားသည် သမ္မတဘားရက်အိုဘားမားနှင့် ဗြိတိန်ဝန်ကြီးချုပ် ဟောင်း မာဂရက်သက်ချာ တို့၏နောက် နံပါတ်(၃၅၆)နေရာတွင်ရှိနေခြင်းဖြစ်သည်။

အိုဘားမားသည် နံပါတ်(၁၁၁)တွင်ရှိပြီး မာဂရက်သက်ချာမှာ နံပါတ် (၂၇၁) နေရာတွင်ရှိနေသည်။ ဖော်ပြပါ software ၏ တိုင်းထွာတွက်ချက်မှုသည် လူမှုရေးဆိုင်ရာအပြောင်းအလဲများ တွက်ချက်ရန် အတွက်လည်း အသုံးပြုနိုင်ပြီး ၎င်း software ၏ အကျိုးကျေးဇူးကြောင့် လူ့အဖွဲ့အစည်းအတွင်း အမျိုး သမီးများ၏ အရေးပါမှုကိုလည်း ပိုမိုထင်ရှားစေကြောင်း နယူးယောက်ရှိ Stony Brook တက္ကသိုလ်မှ ကွန်ပျူတာသိပံ္ပပါမောက္ခ စတီဗင်စကီနာက ပြောကြားထားသည်။

အမျိုးသမီးများသည် အောင်မြင်မှုအဆင့်များတွင် အမျိုးသားများထက်ပို၍ လိုအပ်နေသည်ကို သက်သေ ပြနိုင်ကြောင်း ၎င်းက Sunday Times သတင်းစာကို ပြောကြားထားသည်။

မိုးဇက်သည် ဂီတလောက၏အဆင့်မြင့်ဆုံး နံပါတ်(၂၄)နေရာတွင်ရှိပြီး ၎င်းနောက်တွင် ဗီသိုဘင်နှင့် ဘတ်ခ်ျတို့မှာ နံပါတ်(၂၇)နှင့် (၄၈)နေရာတို့တွင် အသီးသီးရပ်တည်နေကြသည်။ အဲလိဇဘတ်ဘုရင်မ ကြီးသည် အဆင့်မြင့်ဆုံးအမျိုးသမီးအဖြစ် နံပါတ်(၁၃)နေ ရာ ၌ ၎င်း၏ ဖခင်ဟင်နရီ VIII ၏ နောက်နှစ် ဆင့်အကွာတွင်ရှိသည်။

မက်ဒေါနားသည် နံပါတ်(၁၂၁) နေရာတွင်ရှိနေပြီး ဂျွန်လန်နွန်သည် နံပါတ် (၁၆၂) နေရာတွင်ရှိနေ သည်။ သို့သော်လည်း Elvis မှာ အထင်ရှားဆုံးပေါ့ပ် အဆိုရှင်အဖြစ် နံပါတ်(၆၉)နေရာတွင် ရှိနေသည် ကို ဖော်ပြပါsoftware ၏တွက်ချက်မှုဖြင့် တွေ့ရှိထားသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here