Wednesday, December 18, 2013

သျှမ်းပြည်(တောင်ပိုင်း)တပ်မတော်မှ တရားမ၀င်သစ်များ ထုတ်ယူလျက်ရှိ

0 comments


18.12.2013

သျှမ်းပြည်(တောင်ပိုင်း)တပ်မတော်မှ ကျိုင်းတောင်းမြို့နယ်ခွဲ၊ ဟိုဟကျေးရွာ အုပ်စု ၊ နမ့်ဟူးရွာပျက်တွင် သျှမ်းပြည် (တောင်ပိုင်း) တပ်မတော်ပိုင် သစ်ဂိုဒေါင် အား တပ်ရင်း(၃၆၃)မှ တပ်ရင်းမှူးအဆင့်ရှိ စိုင်းရွေးမှ တာဝန်ယူ၍ ကျိုင်းတောင်းမြို့နယ်အတွင်းရှိ သစ်များအား ထုတ်/သွင်းလျက်ရှိကြောင်း ဒေသခံ ပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

စိုင်းရွေးနှင့်အဖွဲ့သည် နှစ်စဉ်သစ်ထုတ်ကာလတွင် နမ့်ဟူးရွာပျက်သို့ ၀င်/ထွက် သွားလာ၍ အခြားသစ်လုပ်ငန်းရှင်များထံမှ ၂၀၁၃ ခုနှစ် ကုန်ဆုံးတော့မည်ဖြစ်သဖြင့် ၂၀၁၄ခုနှစ်အတွက် တစ်နှစ်စာ အခွန်ငွေများ ကောက်ခံလျက်ရှိကြောင်း သိရပါသည်။

စိုင်းရွေးနှင့်အဖွဲ့သည် ကျိုင်းတောင်းမြို့နယ်ခွဲအတွင်းရှိ ကျေးရွာများမှ ဒေသခံသစ်လုပ်ငန်းလုပ်ကိုင်နေသူများ၏ သစ်တင်ကား များ အား အခွန်ငွေပေးဆောင် ခြင်း ရှိ/မရှိကို စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိပြီး အခွန်ငွေ ပေးဆောင်ခြင်း မရှိသော လုပ်ငန်းရှင် များအား ဖမ်းဆီး အရေးယူမှုများ ဆောင်ရွက်နေတယ်လို့ သိရှိရပါသည်။အခွန်ငွေ ပေးဆောင်ခြင်း မရှိသော သစ်လုပ်ငန်းရှင် တစ်ဦးအား လွန်ခဲ့သော (၂)လခန့်က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ဒဏ်ငွေလာရောက် ပေးဆောင် မှသာ ပြန်လည် စေ လွတ်ပေးခဲ့ ပါတယ်လို့ ဆိုပါတယ်။

ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် အခွန်ငွေများကို မပေးဆောင် လိုသော်လည်း လက်နက်ကိုင် ခြိမ်းခြောက် အနိုင်ကျင့် မှုများကို ခံနေရသဖြင့် ကြောက်၍သာ ပေးဆောင်နေရခြင်းဖြစ်ကြောင်း ၊ သို့မှသာ အသက်အန္တရာယ် ကင်းရှင်မည်ဖြစ်ကြောင်း ၄င်းဒေသခံမှ ဆက်လက်ပြောကြားသွားခဲ့ပါသည်။

ဒေသခံပြည်သူတစ်ဦး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here