၉၆၉ နာမည်မသုံးရန် တားမြစ်မှု ကလောမြို့တွင် ဖြစ်ပွား
ရှမ်းပြည်နယ် ကလောမြို့အထွက် ရွှေဇင်ယော်စက်သုံးဆီအရောင်းဆိုင်အနီးရှိ ဒေသထွက်လက်ဆောင်များ ရောင်းချသော ဆိုင်တန်းမှ “ ၉၆၉ မေရှမ်း ” နှင့် “ ၉၆၉ ရွှေစင် ”အမည်ရှိ ဆိုင်းဘုတ်ရေးထားသော ဆိုင်ခန်းနှစ်ခန်းအား ဇွန် ၁၄ ရက်မနက်ပိုင်း တွင် More
ဗိုလ်ချုပ် ဆေထင် ပြောစကားများက ပြည်ထောင်စုကြီးတစ်ခုလုံး ပြိုကွဲသွားအောင် သွေးထိုးလှုံ့ဆော် လိုက်တဲ့ သဘောလား….?
ဆက်ကြေးကောက်၊ ဘိန်းခွန်ကောက်၊ သစ်ခိုးထုတ် တဲ့ တရားမ၀င်လုပ်ရပ်တွေကိုတော့ လုပ်လို့မရတော့ ဘူးပေါ့။ ဒ့ါကြောင့် ဦးဆေထင် လက်နက်မစွန့် ချင်တာ More
Wednesday, March 6, 2013
ရှမ်းပြည်နယ် အင်းလေး ဒေသတွင် ကမ္ဘာလှည့် ခရီးသည်များ စည်ကား
Categories :
မတ်(၆)
Read more...
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသ၌ မတ်လတွင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် များ လာရောက် လည်ပတ်မှု ယခင်နှစ်များထက် ပိုမို များပြား လျက် ရှိကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြားသား ဧည့်သည်များသည် ရှမ်းပြည်နယ် အင်းလေးကန်ကြီး၏ သဘာဝ ပတ်ဝန်းကျင်နှင့် ရေမြေဒေ သနှင့် ဒေသခံတို့၏ ရိုးရာဓလေ့ တို့ကို အထူးနှစ်သက် စွာ လေ့လာကြကြောင်း သိရသည်။ နိုင်ငံတော်၌ ခေတ်မီ ဖွံ့ဖြိုးလာခြင်းနှင့် အတူ နှစ်စဉ် ခရီးသွား ကဏ္ဍ ပိုမိုတိုးပွားလာကာ ကမ္ဘာလှည့် ခရီးသည်များ နိုင်ငံပေါင်းစုံမှ လာရောက် လေ့လာလျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မြ၀တီ
သျှမ်း/မြောက် မူစယ်၌လည်း SSPP/SSA စီးပွါးရေးရုံး ထပ်မံဖွင့်လှစ်
Categories :
မတ်(၆)
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မန့်ဝိန်းရပ်ကွက်တွင် ယမန်နေ့က သျှမ်းပြည်တိုးတက်ရေးပါတီ၏ စီးပွားရေးရုံးဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။
မူစယ်မြို့ SSPP/SSA စီးပွားရေးရုံးဖွင့်ပွဲ
“ မနက် ၉ နာရီမှာ စဝ်စိုင်းထူးတို့က ဖဲကြိုးဖြတ်ဖွင့်ပေးတယ်။ ပရိသတ်က ၅၀ ကျော်ကျော်လောက်ရှိ တယ်။ RCSS က ပုဂ္ဂိုလ်တွေရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့လူထုတွေ ပါဝင်တယ်။ မန့်ဝိန်း ရပ် ကွက်မှာ ဖွင့်တာ” ဟု မူစယ်ဒေသခံ စိုင်းအိုက်က ပြောသည်။
မတ်ခ်ျလ ၅ ရက်နေ့ နံနက် ၉ နာရီတွင် သျှမ်းပြည်တိုးတက်ရေးပါတီ ဒု အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးနှင့် ဗိုလ်မှူးခေးမောဝ် က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်ဟုဆိုပါသည်။
အခမ်းအနားတွင် လည်း ဗိုလ်မှူးကြီးစိုင်းထူးကပင် မိန့်ခွန်းပြောကြားရာ- SSPP/SSA အနေဖြင့် အစိုးရနှင့် အပစ်ရပ်သည် မှာ လက်နက်ချခြင်းမဟုတ်။ မိမိတို့လက်ကိုင်ထားသော ပေါ်လစီကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အစရှိသဖြင့် ပါဝင်ပါသည်။
မူစယ်မြို့ SSPP/SSA စီးပွားရေးရုံးအား စဝ်စိုင်းထူးတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်
“SSPP/SSA ရဲ့ပေါ်လစီဖြစ်တဲ့ တိုင်းရင်းသားများတန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့အချက်ကို ဆက်လက် အကောင် အထည်ဖော်သွားမယ်လို့စဝ်စိုင်းထူးကပြောတယ်။ ဖွင့်ပွဲပြီးတော့ သံဃာတော် ၅ ပါးကို နေ့ဆွမ်းဆက်ကပ်တယ်။ ပြီးရင် ခေတ်လားဟွမ် ဇရပ်မှာ ပရိသတ်တွေကိုကျွေးမွေးတယ်။ စည်စည်ကားကားလေးနဲ့ ကျင်းပနိုင်ခဲ့ပါတယ်” ဟု ပွဲတက် ရောက် သည့် စိုင်းအိုက် ကပြောသည်။
ယခုလ ၄ ရက်နေ့ကလည်း SSPP/SSA စီးပွားရေးရုံးကို နမ့်ခမ်းမြို့၌ ကျင်းပရာတွင် ဗိုလ်မှူးကြီး စိုင်းထူးကပင် ဖွင့်လှစ် ပေးကြောင်း၊ ထိုစဉ်က အစိုးရ၏ အရေးသုံးပါကို လက်ခံကြိုဆိုကြောင်း၊ စစ်မှန်သည့်ပြည်ထောင်စု ၊ တိုင်းရင်းသား တန်းတူ အခွင့်အရေး ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လိုလားကြောင်း မိန့်ခွန်းပြောကြားသွားခဲ့ပါသည်။
သျှမ်းသံတော်ဆင့်
Read more...
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မန့်ဝိန်းရပ်ကွက်တွင် ယမန်နေ့က သျှမ်းပြည်တိုးတက်ရေးပါတီ၏ စီးပွားရေးရုံးဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။
မူစယ်မြို့ SSPP/SSA စီးပွားရေးရုံးဖွင့်ပွဲ“ မနက် ၉ နာရီမှာ စဝ်စိုင်းထူးတို့က ဖဲကြိုးဖြတ်ဖွင့်ပေးတယ်။ ပရိသတ်က ၅၀ ကျော်ကျော်လောက်ရှိ တယ်။ RCSS က ပုဂ္ဂိုလ်တွေရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့လူထုတွေ ပါဝင်တယ်။ မန့်ဝိန်း ရပ် ကွက်မှာ ဖွင့်တာ” ဟု မူစယ်ဒေသခံ စိုင်းအိုက်က ပြောသည်။
မတ်ခ်ျလ ၅ ရက်နေ့ နံနက် ၉ နာရီတွင် သျှမ်းပြည်တိုးတက်ရေးပါတီ ဒု အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးနှင့် ဗိုလ်မှူးခေးမောဝ် က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်ဟုဆိုပါသည်။
အခမ်းအနားတွင် လည်း ဗိုလ်မှူးကြီးစိုင်းထူးကပင် မိန့်ခွန်းပြောကြားရာ- SSPP/SSA အနေဖြင့် အစိုးရနှင့် အပစ်ရပ်သည် မှာ လက်နက်ချခြင်းမဟုတ်။ မိမိတို့လက်ကိုင်ထားသော ပေါ်လစီကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အစရှိသဖြင့် ပါဝင်ပါသည်။
မူစယ်မြို့ SSPP/SSA စီးပွားရေးရုံးအား စဝ်စိုင်းထူးတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်“SSPP/SSA ရဲ့ပေါ်လစီဖြစ်တဲ့ တိုင်းရင်းသားများတန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့အချက်ကို ဆက်လက် အကောင် အထည်ဖော်သွားမယ်လို့စဝ်စိုင်းထူးကပြောတယ်။ ဖွင့်ပွဲပြီးတော့ သံဃာတော် ၅ ပါးကို နေ့ဆွမ်းဆက်ကပ်တယ်။ ပြီးရင် ခေတ်လားဟွမ် ဇရပ်မှာ ပရိသတ်တွေကိုကျွေးမွေးတယ်။ စည်စည်ကားကားလေးနဲ့ ကျင်းပနိုင်ခဲ့ပါတယ်” ဟု ပွဲတက် ရောက် သည့် စိုင်းအိုက် ကပြောသည်။
ယခုလ ၄ ရက်နေ့ကလည်း SSPP/SSA စီးပွားရေးရုံးကို နမ့်ခမ်းမြို့၌ ကျင်းပရာတွင် ဗိုလ်မှူးကြီး စိုင်းထူးကပင် ဖွင့်လှစ် ပေးကြောင်း၊ ထိုစဉ်က အစိုးရ၏ အရေးသုံးပါကို လက်ခံကြိုဆိုကြောင်း၊ စစ်မှန်သည့်ပြည်ထောင်စု ၊ တိုင်းရင်းသား တန်းတူ အခွင့်အရေး ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လိုလားကြောင်း မိန့်ခွန်းပြောကြားသွားခဲ့ပါသည်။
သျှမ်းသံတော်ဆင့်
အစိုးရနှင့် KIA အဖွဲ့ တရုတ်နိုင်ငံရွှေလီတွင် ငြိမ်းချမ်ရေး ထပ်မံဆွေးနွေးမည်
Categories :
မတ်(၆)
Read more...
အစိုးရနှင့် KIA အဖွဲ့တို့သည် တရုတ်နိုင်ငံရွှေလီမြို့တွင် မတ်လ ၁၁ရက်နေ့တွင် ငြိမ်းချမ်းရေး ထပ်မံ ဆွေးနွေးမည်ဟု သိရှိရပါသည်။
ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုး တော်ဆောင် အဖွဲ့ (PCG ) အဖွဲ့သည် မတ်လ ၇ရက်နေ့တွင် မြစ်ကြီးနားမြို့မှ ရွှေလီသို့ ထွက်ခွါမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး အကျိုး တော်ဆောင်အဖွဲ့မှ ဦးယွပ်ဇော်ခေါင်နှင့် ဦးလမိုင်ဂွန်ဂျာတို့မှ ဦးဆောင်ပြီး အစိုးရအဖွဲ့နှင့် KIA တို့ဘက်မှ မည်သူတွေက ဆွေးနွေးပွဲကို တက်ရောက်မည်ကို အတည်ပြုပြော ကြားခြင်း မရှိသေးကြောင်း သိရှိရပါသည
KIA အဖွဲ့ အတွင်းတွင် ငြိမ်းချမ်းရေးနှင့် ပတ်သတ်ပြီး သဘောထားအနည်းငယ် ကွဲလွဲမှု ရှိနေကြသေး သော်လည်း ကချင်ပြည်နယ်မှ ဒေသခံများနှင့် KIA တပ်ဖွဲ့ဝင်များက ငြိမ်းချမ်းရေးကို လိုလား နေကြကြောင်း၊ တိုက်ပွဲများကို ဆက်လက်မဖြစ်ပွားလိုကြောင်းသိရှိရပါသည်။ ငြိမ်းချမ်းရေး ထပ်မံဆွေးနွေး မည်ဆိုသောကြောင့် ကချင်ပြည်နယ်မှ ဒေသခံများက ပျော်ရွှင်နေကြပြီး အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိစေရန်လိုလားနေကြောင်း သိရှိနေရပါသည်။
KDN
ဒီချုပ်ကိုယ်စားလှယ် ဦးဇေယျာသော် အသည်းရောင် အသားဝါ( စီပိုး) ရောဂါဖြစ်နေ
Categories :
မတ်(၆)
Copy from - popular News
Read more...

ဒီချုပ်ကိုယ်စားလှယ် ဦးဇေယျာသော် အသည်းကျန်းမာရေးကြောင့် လွှတ်တော်အစည်းအဝေး မတက်နိုင်တော့
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော် (ခ)ဦးဖြိုးဇေယျာသော်သည် ကျန်းမာရေးကြောင့် ယခုကျင်းပ နေသော ပထမအကြိမ် ဆဋ္ဌမပုံမှန် လွှတ်တော် အစည်းအဝေးမှ အနားယူထားရကြောင်း သိရသည်။
''ကျန်းမာရေးကြောင့် အနားယူထားတာပါ။ စီပိုး နည်းနည်းများလာ တဲ့အတွက် ကြောင့်ပါ။ ကြီးကြီးမားမား တော့ မရှိပါဘူး၊ နားနား နေနေနဲ့ အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ'' ဟု ဦးဇေယျာသော်က ပြောသည်။
မတ်လ ၄ ရက်နေ့ လွှတ်တော်အစည်းအဝေးမှ စ၍ယခုလွှတ်တော် ပြီးဆုံး သည် အထိခွင့်ယူခဲ့ပြီး နေပြည် တော်မှ ရန်ကုန်သို့ ပြန်လည် ရောက် ရှိနေပြီ ဖြစ်သည်။
''ကျွန်တော် ဒီနေ့ပဲ ကိုယ်တိုင် ခွင့်တင်ပေးလိုက် တာပါ။ ဆေးသွင်းပြီး နားချိန်လေး နည်းနည်းပေးရမှာ ပါ။ ဆေးဒဏ်ကြောင့်အသည်း ကိုနည်းနည်း ထိတဲ့ သဘော ရှိပါတယ်။ အလုပ်တွေ နားထားရမဲ့သဘောပါ။ တရား ဝင်ခွင့်ဖြစ်ပါတယ်''ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ က ပြောသည်။
၎င်းသည် ကြားဖြတ် ရွေးကောက်ပွဲတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်အရွေးချယ် ခံခဲ့ပြီး ၄င်း၏မဲဆန္ဒနယ်မြေ တွင် လူငယ်များ အလုပ် အကိုင်ရရှိရေးနှင့် ပညာရေး ကိစ္စများကို ဆောင်ရွက်လျက် ရှိသည်။
''ကျန်းမာရေးကြောင့် အနားယူထားတာပါ။ စီပိုး နည်းနည်းများလာ တဲ့အတွက် ကြောင့်ပါ။ ကြီးကြီးမားမား တော့ မရှိပါဘူး၊ နားနား နေနေနဲ့ အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ'' ဟု ဦးဇေယျာသော်က ပြောသည်။
မတ်လ ၄ ရက်နေ့ လွှတ်တော်အစည်းအဝေးမှ စ၍ယခုလွှတ်တော် ပြီးဆုံး သည် အထိခွင့်ယူခဲ့ပြီး နေပြည် တော်မှ ရန်ကုန်သို့ ပြန်လည် ရောက် ရှိနေပြီ ဖြစ်သည်။
''ကျွန်တော် ဒီနေ့ပဲ ကိုယ်တိုင် ခွင့်တင်ပေးလိုက် တာပါ။ ဆေးသွင်းပြီး နားချိန်လေး နည်းနည်းပေးရမှာ ပါ။ ဆေးဒဏ်ကြောင့်အသည်း ကိုနည်းနည်း ထိတဲ့ သဘော ရှိပါတယ်။ အလုပ်တွေ နားထားရမဲ့သဘောပါ။ တရား ဝင်ခွင့်ဖြစ်ပါတယ်''ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ က ပြောသည်။
၎င်းသည် ကြားဖြတ် ရွေးကောက်ပွဲတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်အရွေးချယ် ခံခဲ့ပြီး ၄င်း၏မဲဆန္ဒနယ်မြေ တွင် လူငယ်များ အလုပ် အကိုင်ရရှိရေးနှင့် ပညာရေး ကိစ္စများကို ဆောင်ရွက်လျက် ရှိသည်။
Copy from - popular News
အရောင်းဝန်ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င်ကာမစိတ်ကြွဆေးရောင်းချမှုဖြင့် အရေးယူ
Categories :
မတ်(၆)
Read more...
စိန်ဂေဟာဆေးကောင်တာနှင့် တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange)ဆေးကောင်တာတို့မှ တာဝန်ကျ ၀န် ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င် ကာမစိတ်ကြွဆေးရောင်းချသည်ဟုဆိုကာ သက်ဆိုင်ရာမှ တည် ဆဲ ဥပဒေများနှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိ ၀န်ထမ်း တစ်ဦးက ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
အဆိုပါတာဝန်ရှိသူက ပြောကြားရာတွင် တရားမ၀င် ကာမစိတ်ကြွဆေးရောင်းချမှုကို တားဆီးရန် ပညာေ ပး ကာလအဖြစ် ၅ ရက်ကြိုတင်အကြောင်းကြားပြီးဖြစ်ကြောင်း၊ ပညာပေးကာလ ကျော်လွန်၍ စိစစ်အရေး ယူေ ဆာင် ရွက်ရခြင်းဖြစ်ကြောင်း၊ ကာမစိတ်ကြွဆေးများသည် တရားဝင်ခွင့်ပြု ထားသော ဆေးဝါးများ မဟုတ်ကြောင်း ပြောကြားသည်။
တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange) ဆေးကောင်တာမှ တာဝန်ကျ အမျိုးသမီးက “ကျွန်မ ဒီတော်ဝင် စင်တာ (Orange) ဆေးကောင်တာမှာ တာဝန်ထမ်းဆောင်တာ တစ်လခွဲခန့်သာ ရှိသေးတယ်။ လခ ကတော့ ငါးသောင်းကျော် ရပါတယ်။ ကျွန်မတာဝန်က ဆေးကောင်တာဆိုတော့ေ ရာင်းနေ တဲ့ဆေးေ တွ က တရား ၀င်ဆေး ဟုတ်၊ မဟုတ်ဆိုတာ ဘယ် သူမှပြောမထားဘူး။ ယူထားတဲ့ တာဝန်က ဒီကောင်တာ မှာရှိတဲ့ ပစ္စည်း တွေကို လာဝယ်တဲ့သူရှိရင် ရောင်းဖို့ပဲ။ ၀န်ထမ်းဆိုတာ ကုမ္မဏီက ပေးတဲ့တာဝန်ကိုကျေ ပွန်ေ အာင် ဆောင်ရွက်ရတာ။ လာဝယ်တဲ့ ပစ္စည်းကို မရောင်းချင်ဘူးလို့ငြင်းခွင့်မရှိဘူး။ ပေးတာယူ၊ ခိုင်း တာ လုပ်ရတာ ကျွန်မတို့ ၀န်ထမ်းတွေပါ။
တောမှာ အနေအထားခက်ခဲလို့ မြို့တက်ပြီး သင်တန်းတွေ တက်ရင်း ၀န်ထမ်းလုပ်ခါမှ အချုပ်ခန်း ထဲရော က် ရတာ ရင်နာလို့ မဆုံးပါဘူးရှင်။ မိကောင်းဖခင် သားသမီးတစ်ယောက်ပါ။ ဖြစ်စဉ်တွေကို နယ်က မိဘေ တွ စိတ်ဆင်း ရဲမှာကြောက်လို့ မိဘတွေကို အသိမပေးခဲ့ဘူး။ ဒီပစ္စည်းပိုင်ရှင်က ကျွန်မ မဟုတ်ဘူး” ဟု ပြော သည်။
စိန်ဂေဟာ ဆေးကောင်တာမှ အရောင်းမန်နေဂျာ အမျိုးသမီးက “ဆေးတွေ မိတော့ တာဝန်ကျနေတဲ့ ညီမေ လးတွေက ငိုပြီး ကျွန်မထံကိုပြေးလာတော့ သက်ဆိုင်ရာ စစ်ဆေးတဲ့ ၀န်ထမ်းတွေက သက်သေခံ အဖြစ် ဒီစာရွက်တွေပေါ်မှာ လက်မှတ်ထိုးပြီးရင် စခန်းခဏ လိုက်ခဲ့ပါဆိုပြီး စခန်းရောက်တော့ အချုပ်ထဲ မ၀င် ရင် ဆွဲသွင်းမယ်ပြောပြီး အချုပ်ထဲရောက်ခဲ့ရတယ်။ ဥပဒေ၀န်ထမ်းတွေ၊ ၂၄ နာရီ ပြည်သူ့ဝန် ထမ်းေ တွ က ဒီပစ္စည်းရဲ့ ပိုင်ရှင်ကို မသိတာလား။ ကျွန်မတို့က ၀န်ထမ်းပါ အထက်က ခိုင်းရင်တော့ လုပ်ရမှာပဲ။ ကိုယ် က လုပ်အားရောင်းတယ်။ အလုပ်ရှင်က လုပ်အားဝယ်တယ်။ အဖြေက ရှင်းပါတယ်” ဟုပြောသည်။
ဥပဒေပညာရှင်တစ်ဦးကလည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ “ကျွန်တော် တစ်ခါ ကြုံဖူးတယ်။ ကာစီနို ကစား နည်း အကြွေတွေနဲ့ ဆော့တဲ့ကစား နည်းလေ။ ပိုင်ရှင်က တိုင်းတစ်ပါးသား၊ ၀န်ထမ်းတွေက မြန်မြာ ပည် သူတွေ၊ တကယ်တမ်းအဖမ်းခံရတော့ ကိုယ့်မြန်မာလူမျိုးတွေ ပိုင်ရှင်က သံတမန် နည်းအရ ကင်း လွတ် ခွင့်ရပြီး သူ့နိုင်ငံပြန်သွားတယ်။
ဒီအတွက်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလ ရင် မြန်မာနိုင်ငံက ၀န်ထမ်းတွေအတွက် အကာ အကွ ယ်ပေး မယ့် ဥပဒေဆိုတာ မရှိတော့ ဘူးလား။ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးတဲ့အတွက် လူသားချင်း စာနာထောက်ထားပြီး ကာကွယ်ပေးဖို့ ဥပဒေပြင်ဆင်တာ ပြဋ္ဌာန်းတာတွေကို လွှတ်တော်မှာ လုပ် ဖို့သင့်ပြီ” ဟု သုံးသပ်ပြောဆိုခဲ့သည်။
အဆိုပါဖြစ်စဉ်များကို ဒဂုံ မြို့နယ်ရဲစခန်းမှ (ပ)၃၃/၁၃ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်းနှင့် ပြစ် မှုမြောက်ပါက ထောင်ဒဏ် တစ် ရက်မှ ခုနစ်ရက်အထိ ဖြစ်စေ၊ ငွေဒဏ် ငါးထောင်မှ ငါးသောင်းအထိဖြစ်စေ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း ထပ်မံပြောကြား ခဲ့သည်။
အလုပ်သမား နစ်နာမှုများကို ကူညီဆောင်ရွက်ပေးသူ ကြည့်မြင်တိုင်မြို့နယ် မှ ကိုထွန်းအောင်ကျော်က ၀န် ထမ်းတွေ မနစ်နာရေးအတွက် ILO ရုံးများကို တင်ပြပြီး ရှေ့နေများဖြင့် ကြိုးစားဆောင် ရွက်ပေး သွားမည်ဟု ပြောကြားခဲ့သည်။
Myanmartandawsint Newspaper
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ စခန်းဆောက်ရန် ရွာတစ်ရွာအား ပြောင်းခိုင်းနေ
Categories :
မတ်(၆)
ရှမ်းပြည်နယ်
မိုင်ရှူးမြို့နယ် လွိုင်ဆောင်ထောက်ဒေသတွင် ကျေးရွာတစ်ရွာအား ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)အဖွဲ့မှ
မတ်လ ပထမပတ်အတွင်း ရွေ့ပြောင်းရန် အမိန့်ပေးထားကြောင်း သိရသည်။
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှလက်နက်ကိုင်(၇)ဦးခန့်သည်မိုင်းရှူးမြို့နယ် ကျောက်ဖြူတောင်
ရွာသို့ မတ်လ(၄)ရက်နေ့တွင်
ရောက်ရှိလာခဲ့ပြီး ရွာသူ ရွာသားများအား မိမိတို့ကြိုက်နှစ်သက်ရာဒေသ သို့ သွားရောက်နေထိုင်ကြရန်နှင့်
(၃)ရက်အတွင်း ပြောင်းရွှေ့ခြင်းမရှိသော အိမ်များကို မီးရှို့ဖျက်ဆီး ပစ်မည်ဟု အမိန့်ပေးထားကြောင်း
သိရသည်။
အဆိုပါ
ကျောက်ဖြူတောင်ကျေးရွာသည် ၁၉၉၀ ခုနှစ်ခန့်က အဖိုးတန်ကျောက်နှင့် ပတ္တမြားထွက်ရှိ ခဲ့သဖြင့်
ကျောက်တူးပြီး နေထိုင်ကြသည့် အိမ်ခြေ(၅၀)ကျော်ရှိကြောင်း သိရပြီး ယခုအခါကျဘမ်း အလုပ်ဖြင့်
နေထိုင် လုပ်ကိုင်နေသည့် အမ်ခြေ(၃၀)ခန့်ရှိကြောင်း အများစုမှာ ရှမ်း၊ ပလောင် လူမျိုး များဖြစ်ကြောင်း
ဒေသခံများ ထံမှ သိရသည်။
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့သည်
အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး အလွတ် သဘောတွေ့ဆုံမှု(၅)ကြိမ်၊
ပြည်နယ်အဆင့်တွေ့ဆုံပွဲ(၁)ကြိမ်နှင့် ပြည်ထောင်စုအဆင့်တွေ့ ဆုံမှု(၂)ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း
သိရသည်။ အစိုးရနှင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) အဖွဲ့ တို့သည် ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှ
ဖေဖော်ဝါရီလ(၂၅)ရက်နေ့အထိ တိုက်ပွဲ များ ပြန် လည်ဖြစ်ပွား ခဲ့ပြီး နှစ်ဖက်စလုံး ဒဏ်ရာရ/ကျဆုံးမှုများ
ဖြစ်ခဲ့သည်။ တိုက်ပွဲများဖြစ်ပွားရသည့်အကြောင်းမှာ လွယ်လန်းတောင်ကြောတစ်လျှောက်တွင်
ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း)အဖွဲ့များမှ စစ်စခန်းများ တိုးချဲ့တည်ဆောက်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ယခု ကျောက်ဖြူတောင်ကျေးရွာသည် အနီးပတ်ဝန်း ကျင်တွင် အမြင့်ဆုံးဖြစ်ပြီး တောင်ပေါ်တွင်
စိုက်ပျိုးမြေများ ရှိခြင်းနှင့် ပတ်ဝန်းကျင်အား ထင်ရှား စွာတွေ့မြင်ရသည့်အတွက် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ
၎င်းတို့အတွက် တပ် စခန်းဆောက်ရန် ရွာသူ၊ ရွာသားများအား အမြန်ဆုံးရွှေ့ပြောင်းနေခိုင်းခြင်းဖြစ်သည်။
အရွယ်မရောက်သေးသူ အမျိုးသမီးငယ်တစ်ဦး သားမယားအဖြစ်ပြုကျင့်ခံရ
Categories :
မတ်(၆)
ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စုပိုင်
တင်းတပ် (အပေါ်) ကျေးရွာနေ (အဘ) ……………. ၏ သမီးဖြစ်သူ အသက် (၁၂) အရွယ်ရှိ မ…………………..
အား တစ်ရွာတည်းနေသူ နေမျိုး (၂၉) နှစ်မှ ဖျားယောင်းသွေးဆောင်ကာ သားမယားအဖြစ် အဓမ္မပြုကျင့်မှု
ဖြစ်ပွားခဲ့ပါသည်။
ဖြစ်ပွားပုံမှာ စင်းတောင်ကျေးရွာအုပ်စုပိုင် တင်းတပ်
(အပေါ်) ကျေးရွာနေ နေမျိုး ဆိုသူသည် တစ်ရွာတည်းနေ မ ……………………….. အား ၎င်း၏နေအိမ်တွင် ကလေးသီချင်းခွေအသစ်ရှိသည်ဟု
ဆိုကာ လာရောက်ကြည့်ရှု့ရန် ခေါ်ဆောင်လာခဲ့ပြီး နေအိမ်ရှိ တီဗွီစင်ရှေ့မှာပင် ပါးစပ်ပိတ်ကာ
သားမယားအဖြစ် ပြုကျင့်ခဲ့ပါတယ်။
မ……………….. မှ အမဖြစ်သူနှင့် အိမ်နီးချင်းနေသူတို့အား
ငိုယိုပြောကြားခဲ့တဲ့အတွက် မိခင်မှ မတ်လ (၅) ရက်နေ့တွင် ပင်လောင်း ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့သဖြင့်
တရားခံ နေမျိုးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၆/၃၆၃ ) အရ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိတယ်လို့
သိရပါတယ်။
လက်တစ်ကမ်းက အဆိပ်ပန်း သို့မဟုတ် ချောက်ကမ်းပါးစွန်းက အနာဂတ်နိုင်ငံသားများ
Categories :
မတ်(၆)

ခပ်လှမ်းလှမ်းမှပင် ကြားနေရ သော စွာကျယ်ကျယ် အသံတို့က မနှစ်မြို့စရာမို့ လက်ဖက်ရည်ဆိုင် ထိုင် လူအတော်များများက လှမ်း လှည့်ကြည့်ကြသည်။ နုပျိုသော အသံ များဖြစ်သော်လည်း ကြားနေ ရသည့် အဓိပ္ပာယ်ကတော့ မယဉ် ကျေး။ ယင်းအသံပိုင်ရှင်တို့ကား စွန့်ပစ်အမှိုက်ကောက်သည့် က လေးငယ်အုပ်စုဆီမှ လွင့်ပျံလြာ ခင်း ဖြစ်သည်။ တစ်ယောက် နှင့်တစ် ယောက်တွန်းထိုးနောက် ပြောင်ရင်း အုပ်စုဖွဲ့လှမ်းလာသည့် သူတို့ခြေ လှမ်းတို့က ခပ်ယိုင်ယိုင်။သူတို့နှုတ် မှ ထွက်လာသည့်စကား သံတို့မှာသူတို့ပင် သေသေချာချာ နားလည် သဘောပေါက်ပါရဲ့လားမသိရသည့် ခပ်ရိုင်းရိုင်း အသုံးအနှုန်းတို့ဖြင့် ပြည့်နှက်နေသည်။
သူတို့လက်ထဲမှ ကိုင်ထား သည့်အရာက သတိထားကြည့်စရာ မလိုဘဲနှင့် ကော်ဘူးမှန်း သိသာလှ သည်။ အဖုံးကိုဖွင့်ဖွင့်ပြီး ရှူရှိုက်နေ သည့် သူတို့ဟန်ပန်က တရှိုက် မက် မက်နှင့်မို့ ယင်းကိုပင်သူတို့အတွက် ထွက်ပေါက်တစ်ခုသဖွယ် ဖက်တွယ် မိနေပြီလားအတွေးပွားစရာ။
”အဲဒီဘူးတွေက ဘယ်မှာမဆို ဝယ်လို့ရတယ်။ ထိုင်းက လာတာ ထင်တယ်ဗျ။ ဈေးကလည်း လေး၊ ငါးရာပဲ ရှိတော့ သုံးတာပေါ့။ ဒီ ကောင်က ရှူလိုက်ရင် အစာအိမ် ထဲမှာ အောက်စီဂျင်ပြတ် သလိုဖြစ် ပြီး မူးလာရော၊ ဗိုက်လည်း မဆာ တော့ဘူးလေ။ ဒီကလေးတွေကို ခဏခဏကို တွေ့နေရတယ်” ဟု လမ်းမတော်မြို့နယ်မှ ဂစ်တာသမား ဒီမွန်က ပြောသည်။
Popular Myanmar News Journal
မှုးယစ်သောက်စား လေဖြတ်တာများ
Categories :
မတ်(၆)

"မူးယစ်သောက် စားခြင်းကြောင့် လေဖြတ်နိုင် ခြေများ သည်"ဟု ဖင်လန်နိုင်ငံ သုတေသန ကဖော်ပြ ခဲ့ပါ တယ်။ အရက်သောက် စားသူ အမျိုးသား များအား ၁၆ နှစ်ကြာ လေ့လာသု တေသန ပြုခဲ့ရာ အရက်နာ ကျတဲ့ အထိ သောက်စားမူးယစ်မှု တစ်နှစ်လျှင် ၁ ကြိမ် သို့မ ဟုတ် ၄င်းထက်ပိုပြီး အကြိမ်များခဲ့တဲ့ အမျိုးသားများ တွင် အရက်နာ လုံးဝမကျခဲ့ ဖူးတဲ့အ မျိုးသားများ ထက်လေ ဖြတ် နိုင်ခြေ ၂-၃ ဆ ပို၍များ ကြောင်း တွေ့ခဲ့ရပါတယ်။ သင်ဟာ ကြွက်တွင်း ရေထည့်သလို အရက်များများ သောက် လေလေ သွေးပေါင်ချိန် မြင့်တက်လေ လေဖြစ်တယ်။ သွေးတိုးလေ လေဦး နှောက်
တိုက် ခိုက်ခံရမှု ပိုမြင့်မားလေ လေဖြစ်ပြီး လေဖြတ်တာ ဖြစ်တယ်လို့
စာရေးဆရာ Sudhir Kurl ဆူဒါး စားလ(MD, PH ,D)က ရေးသား ဖ်ာပြခဲ့ပါတယ်။
ရိုးရာလေး
ရိုးရာလေး
ရေခဲသေတ္တာထဲက ရောဂါကုသနိုင်သော အပင်ထွက်အစာများ
Categories :
မတ်(၆)

အစာလည်းဆေး၊ ဆေးလည်း အစာဆိုပြီး ရှေးက တည်းက တင်စားခေါ် ဝေါ်ခဲ့ကြပါတယ် ။ နေ့စဉ်ကျန်း မာ ရေးအတွက် အစားအစာရဲ့ ကဏ္ဍက အရေးပါသ လို အရက်နာကျတာ၊ ရာသီအကြို ဝေဒနာစတဲ့ နာမ ကျန်းမှု တွေ ဖြစ်ပေါ်လာ ရင်လည်းအ ပင်ထွက်အ စားအ စာတွေနဲ့ ကုသနိုင်ပါတယ်။ အောက်ပါ တို့က တော့ သင့်အိမ်ရေခဲ သေတ္တာထဲမှာ အတွေ့ရများတဲ့ အစား အသောက်တွေ ဖြစ်ပြီး ဝေဒနာခံစားရ ချိန်မှာ သင့်အနေနဲ့ အလွယ်တကူ သုံးနိုင်ပါတယ်။
အရက်နာ ကျခြင်း ကင်းစေရန် ကညွတ်စားပါ
ကညွတ်မှာပါတဲ့ အင်ဇိုင်းတွေက အရက်ကို အလွန်အ မင်း သောက်ပြီး တဲ့အခါ အယ်လ်ကိုဟောကို ချေဖျက် နိုင် စွမ်းရှိတာ ကြောင့် အရက်နာမ ကျအောင်ကာ ကွယ်နိုင်ပါတယ်။ သင့်အနေနဲ့ အရက်နာ ကျပြီးခေါင်း ကိုက် ဝေဒနာခံ စားနေရရင် ကညွတ်ကို စားပေးနိုင်သ လို အရက်နာမ ကျအောင် ကာကွယ်တဲ့ အနေနဲ့ လည်း ကညွတ်ကို စားပေးနိုင် ပါတယ်။ ကညွတ်ကို အရက်မ သောက်ခင် ဝါးစားပေးတဲ့အခါ အကျိုးပြု အင်ဇိုင်းတွေ ရရှိစေရုံသာ မက ဗိုက်ပြည့်စေကာ ခန္ဓာကိုယ်ရဲ့ အယ်လ်ကိုဟော စုပ်ယူမှုကို နှေးကွေးသွားစေပါတယ်။
ဆီးကျောက် တည်ခြင်း ကင်းစေရန် သံပရာရည် သောက်ပါ
ဆီးကျောက် တည်တာက နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ဆီးချိုသွေးချိုရောဂါ တို့ထက် ပိုပြီး အဖြစ်များတဲ့ ကျန်း မာရေး ပြဿနာတစ်ရပ်ဖြစ်ကြောင်း ရောဂါကာ ကွယ်ထိန်းချုပ်ရေး စင်တာရဲ့ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ ဆီးကျောက် တည်တဲ့ ဝေဒနာခံစားနေရ သူဦးရေဟာ လွန်ခဲ့တဲ့ ၁၃နှစ်အတွင်း နှစ်ဆမြင့်တက် လာပါတယ်။ ဆီးကျောက်တည်တဲ့ ပြဿ နာလျော့ကျစေဖို့ သံပရာရည်သောက်ပါ။ သံပရာရည်မှာ စစ်ထရိတ်အဆင့် ပါဝင် မှု မြင့်မားတာကြောင့် ကယ်လ်စီယမ် ဓာတ်အြွကင်းအကျန်တွေကို ပျော်ဝင်စေ ပါတယ်။ (ကယ်လ်စီယမ်အြွကင်းအကျန် တွေက တဖြည်းဖြည်းစုပုံပြီး ဆီးကျောက် တည်လာပါလိမ့်မယ်။) လတ်လတ်ဆတ် ဆတ် သံပရာသီးကို အရည်ညှစ်ပြီး သံ ပရာရည်ဖျော်ကာ သောက်ပါ။
စိတ်ဓာတ်ကျခြင်းကို တွန်းလှန်ရန် ကော်ဖီသောက်ပါ
အမေရိကန် လူဦးရေ ၁၀ ရာခိုင် နှုန်းကျော်ဟာ ဈေးကြီးတဲ့ စိတ်ကျဝေဒ နာကုသဆေးတွေကို မှီဝဲနေကြပါတယ်။ ဒါပေမဲ့ ကော်ဖီ အနည်းငယ် သောက်ရုံ နဲ့ ဒီဆေးဝါးတွေကို မလိုတော့လောက် အောင် စိတ်ကျဝေဒနာကို သက်သာစေ တယ်လို့ ဟားဗတ်ပြည်သူ့ကျန်းမာရေး ကျောင်း လေ့လာသူတွေက ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်က ပြုလုပ်တဲ့ လေ့လာမှုတစ် ခုအရ တစ်နေ့မှာ ပျမ်းမျှအားဖြင့် ကော် ဖီလေးခွက်သောက်တဲ့ အမျိုးသမီးတွေ ဟာ ကော်ဖီလုံးဝမသောက်သူတွေထက် စိတ်ကျဝေဒနာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း သိရပါတယ်။ ကဖင်း ဓာတ်ဟာ ဦးနှောက်ကို စိတ်ဓာတ်ကျစေ တဲ့ တချို့အဆိပ်ဓာတ်တွေ (Neurotoxins) မထွက်အောင် ကာကွယ်နိုင်ပါ တယ်။ ဒါကြောင့် ကဖင်းဓာတ် အနည်း ငယ်ကို မှီဝဲပေးတာက စိတ်ဓာတ်ကို မြှင့် တင်ပေးနိုင်ပါတယ်။ တစ်နေ့လုံး စိတ်ဓာတ် ကျဝေဒနာ မဖြစ်အောင် နံနက်ခင်းမှာ ကော်ဖီတစ်ခွက်နဲ့ နေ့တစ်နေ့ကို စတင်လိုက်ပါ။
အအေးမိဝေဒနာ သက်သာစေရန် ဒိန်ချဉ်သောက်ပါ
ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန် စေဖို့ နေ့စဉ် အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တဲ့ ဒိန်ချဉ်တစ်ခွက်ကို သောက်ပေး ပါ။ ဒီကောင်းမွန်တဲ့ အကျိုးပြုဘက်တီး ရီးယားတွေက ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပြီး အအေးမိဝေဒနာလို အ ပေါ်ပိုင်းအသက်ရှူလမ်းကြောင်း ပိုးဝင် နိုင်ခြေကို ၄၂ ရာခိုင်နှုန်း လျော့ကျစေ နိုင်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ သကြား စားသုံးမှုများတာနဲ့ ပဋိဇီဝပိုးသတ်ဆေး တွေကို မှီဝဲရတာတွေကြောင့် နုံးနေရင် အူထဲက အကျိုးပြု ဘက်တီးရီးယားတွေ ဆုံးရှုံးပြီး အအေးမိဝေဒနာ ဖြစ်လွယ်တတ်ပါတယ်။ အကျိုးပြု ဘက်တီးရီးယား ရရှိဖို့ ဒိန်ချဉ်ကို စားပေးသင့်ပါတယ်။
ကိုယ်အလေးချိန် မြင့်တက်ခြင်းကို ကာကွယ်နိုင်ရန် ဝိုင်နီသောက်ပါ
ဝိုင်နီကြိုက်သူတွေအတွက် နောက် ထပ်သတင်းကောင်းပါပဲ။ ဝိုင်နီမှာ ပါဝင်တဲ့ ပိုင်စီယာတန်နောဓာတ်ဟာ မရင့် ကျက်တဲ့ အဆီဆဲလ်တွေကို ရင့်ကျက်တဲ့ အဆီဆဲလ်တွေ ဖြစ်မလာအောင် ဟန့် တားပေးတယ်လို့ ပါဒူးတက္ကသိုလ် လေ့ လာသူတွေက တွေ့ရှိခဲ့ပါတယ်။ တကယ် လို့ ဝိုင်နီကို မသောက်ချင်ရင် အနီရောင် စပျစ်သီးအခွံနဲ့ အစေ့ကို စားပေးပါက ပိုင်စီယာတန်နောဓာတ်ကို ရရှိစေပါတယ်။
နေလောင်ဒဏ်ကို တွန်းလှန်နိုင်ရန် တလည်းသီးစားပါ
တလည်းသီးမှာ အီလဲဂျစ်အက်စစ် အများအပြား ပါဝင်တဲ့အတွက် အရေ ပြားကို ခရမ်းလွန်ရောင်ခြည်အေနဲ့ ဘီတို့ ကြောင့် အရေပြားဆဲလ်ထိခိုက်မှုမဖြစ် အောင် ကာကွယ်ပေးပါတယ်။ တလည်း သီးရဲ့ ကောင်းကျိုးတွေကို ရရှိစေဖို့ ဖျော်ရည်နဲ့ ဖြည့်စွက်ဆေးထက် တလည်းသီး တစ်လုံးလုံးကို စားပေးရင် အသားအရေ ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် အက်စစ်တွေ ပိုမိုပါဝင်နေပါတယ်။
ခေါင်းကိုက်ဝေဒနာ သက်သာစေရန် အမဲသားအသည်းကို စားပါ
ခေါင်းတစ်ခြမ်းကိုက်နေသလား။ ဗီ တာမင်ဘီ ချို့တဲ့မှုကြောင့် ဖြစ်နိုင်ပါတယ်။ အမဲသားအသည်းဟာ ဗီတာမင်ဘီ ရိုင် ဘိုဖလေဗင် အကောင်းဆုံး ပါဝင်တဲ့ အ စာတစ်မျိုးဖြစ်တာကြောင့် ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာ မကြာခဏ ဖြစ်ပေါ်မှုကို လျော့ကျစေပါတယ်။ တစ်နေ့မှာ ရိုင်ဘို ဖလေဗင် ၄၀ဝ မီလီဂရမ်မှီဝဲပေးရင် အ ကောင်းဆုံးဖြစ်ပါတယ်။ အမဲသားအသည်း တစ်ခွက်စာ ပမာဏမှာ ရိုင်ဘိုဖ လေဗင် ၃ မီလီဂရမ်ပဲ ပါဝင်ပါတယ်။ ဒါ ကြောင့် ရိုင်ဘိုဖလေဗင် များများပါတဲ့ အမဲသားနဲ့ တခြားအစာတွေဖြစ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက် စတာတွေနဲ့ တွဲဖက်မှီဝဲပေးပါ။ ဒီလို စားတာ တောင် ခေါင်းကိုက်ဝေဒနာ မသက်သာ ရင် ဖြည့်စွက်ဆေး မှီဝဲပေးပါ။
ရာသီအကြိုဝေဒနာကို ကာကွယ်နိုင်ရန် ဝက်သားနှင့် ပဲသီးစားပါ
ဝက်သားနဲ့ ပဲသီးနှစ်မျိုးစလုံးမှာ ဗီတာ မင်ဘီ- သိုင်ယာမင်နဲ့ ရိုင်ဘိုဖလေဗင် နှစ် မျိုးစလုံး များစွာ ပါဝင်တာကြောင့် ရာသီ အကြိုဝေဒနာမဖြစ်အောင် ကာကွယ်ပေး နိုင်တယ်လို့ မက်ဆာချူးဆက်တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ တစ်နေ့ သိုင် ယာမင် ၁ ဒသမ ၉ မီလီဂရမ်နဲ့ ရိုင်ဘို ဖလေဗင် ၂ ဒသမ ၅ မီလီဂရမ် မှီဝဲတဲ့ အမျိုးသမီးတွေဟာ ဒီလို မမှီဝဲတဲ့ အမျိုး သမီးတွေထက် ရာသီအကြိုဝေဒနာဖြစ် နိုင်ခြေ ၂၅-၃၅ ရာခိုင်နှုန်း လျော့နည်း ကြောင်း သိရပါတယ်။ ဝက်သားနဲ့ ပဲသီးဟာ ဒီဗီတာမင်နှစ်မျိုးစလုံး ရရှိနိုင်တဲ့ အကောင်းဆုံး အစာတွေဖြစ်တာကြောင့် ဝက်သား သုံးအောင်စနဲ့ ချက်ထားတဲ့ ပဲ သီးဟင်းတစ်ခွက်ကို ပုံမှန်စားပေးပါ။
တစ်ကိုယ်လုံး အနာကျက်စေရန် ဩဂဲနစ်အစာကို
စားပါ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာ၊ ပါ ကင်ဆန်ရောဂါ၊ မျိုးမအောင်တာ၊ အဝ လွန်တာစတဲ့ နာမကျန်းမှုအခြေအနေ တွေဟာ ဩဂဲနစ်အစာ မဟုတ်တဲ့ လူ လုပ်ပိုးသတ်ဆေးတွေနဲ့ ထိတွေ့ထားတဲ့ အစာတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ ပိုး သတ်ဆေးတွေက ကလေးတွေမှာ အိုင် ကျူနိမ့်တာနဲ့ အာရုံစူးစိုက်မှု ချို့တဲ့တဲ့ ဝေ ဒနာကို ဖြစ်စေနိုင်သလို အော်တစ်ဇင် ရောဂါနဲ့လည်း ဆက်စပ်နေကြောင်း သိ ရပါတယ်။ ဒါကြောင့် ဩဂဲနစ်နည်းနဲ့ စိုက် ပျိုးထားကြောင်း တံဆိပ်ကပ်ထားတဲ့ အ ပင်ထွက် အစားအစာတွေကို ရွေးချယ် စားပေးမယ်ဆိုရင် ကျန်းမာရေးအတွက် ပိုမို သင့်တော်မှု ရှိပါတယ်။
ရိုးရာလေး
ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာရော ဂါဖြစ်ပွားနိုင်
Categories :
မတ်(၆)

ဆံပင်ဆိုးဆေးကို အသုံးပြုများတာ ကြောင့်သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာ တွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေအရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိရပါတယ်။
ဆံပင်ဆိုး ဆေးမှာပါဝင်တဲ့ ဓာတုပစ္စည်း တွေဟာဆေး လိပ်ငွေ့နဲ့ တခြားလေ ထုညစ်ညမ်း စေတဲ့ပစ္စည်း တွေ နဲ့ထိတွေ့တဲ့အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက် ဆုံး ဒြပ်ပေါင်းတစ် မျိုးကိုဖန် တီးပေးနိုင် တယ်လို့သိပ္ပံ ပညာ ရှင်တွေက တွေ့ရှိထားပါတယ်။
ယနေ့ အချိန်ခါ မှာ အမျိုးသမီး သုံးပုံတစ်ပုံခန့် ယောက်နှုန်း ဆံပင် ဆိုးဆေးကို အသုံးပြု နေကြတယ်လို့ သိရပါတယ်။ တစ်နှစ်ကို ကိုးကြိမ်ထက် ဆံပင်ဆိုးဆေး အသုံးပြု တဲ့ အမျိုးသမီးတွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ တွေ့ရှိထားပါတယ်။ှ
Secondary Amines ဝင်တတ်ပြီး ဆံပင်ဆိုးပြီး နောက်ဦး ရေပြားအတွင်း ဝင်ရောက်နိုင် ကာဆံပင် ပေါ်မှာလည်း သီတင်း ပတ်ပေါင်း၊ လပေါင်း များစွာ ရှိနေနိုင်ပါ တယ်။ နှစ်ပေါင်းများစွာထိတောင် ရှိနေ နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဓာတု ပစ္စည်းဟာ ဆေးလိပ်ငွေ့နဲ့ မော်တော် ကား အိပ်ဇောငွေ့တွေနဲ့ ဓာတ်တုံ့ပြန်မှု ဖြစ်ပြီး အလွန်အဆိပ်ပြင်းတဲ့ ဓာတု ပစ္စည်းN-nitrosanimes တွေ ဖြစ်ပေါ် ကာ ကင်ဆာ ရောဂါကို ဖြစ်စေနိုင်တယ် လို့ သုတေသီတွေက မှတ်ချက်ပေးထား ပါတယ်။
ရိုးရာလေး
လိင်စိတ်ကြွဆေးရောင်းချမှုများကို ဆေးဆိုင်များတွင်သာမက ဈေးဝယ်စင်တာအထိပါ လိုက်လံဖမ်းဆီး
Categories :
မတ်(၆)

ရန်ကုန်မြို့အတွင်းရှိ ဆေးဆိုင်များအပြင် ဈေးဝယ်စင်တာများရှိ ဆေးဆိုင်
များတွင်ပါ လိင်စိတ်ကြွဆေးရောင်းချမှုများအား ဖေဖော်ဝါရီ ဒုတိယအပတ်မှ စတင်ကာ စီမံချက်ဖြင့် ၀င်ရောက်ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်အတွင်း ရန်ကုန်မြို့ရှိ ကျောက်တံတား၊ လသာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဘုရင့်နောင်၊ ကမာရွတ်၊ ပန်းဘဲတန်းမြို့နယ်တို့တွင် အမှုပေါင်း ၁၁ မှု ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စာရင်းဇယားများအရ သိရသည်။
ယခင်က လမ်းဘေးဆေးဆိုင်များ၊ ကွမ်းယာဆိုင်များ၊ လိုင်စင်ရ အိမ်သုံးဆေးဝါးဆိုင်များတွင်သာ မှတ်ပုံတင်ထားခြင်း မရှိသည့်
ဆေးဝါးများနှင့် မှတ်ပုံတင်ထားသော်လည်း ထိုကဲ့သို့ ဆေးဆိုင်များတွင် ရောင်းချခွင့်မရှိသည့် ဆေးဝါးများအား ဖမ်းဆီးမှုများ ရှိ
ခဲ့သော်လည်း ယခုအခါ ရှော့ပင်းစင်တာများရှိ ဆေးဆိုင်များတွင်ပါ ဖမ်းဆီးခြင်းဖြစ်သည်။
လိင်စိတ်ကြွစေသည့် ဆေးဝါးများအား အဓိကဖမ်းဆီးခဲ့ပြီး ထိုထဲတွင် Sex Toys, ECEE-2, Play Boy, Max Man, Lady a Vergy, Ponts, Mr.Bean စသည့် ဆေးဝါးများလည်း ပါဝင်ကြောင်း ဖမ်းဆီးရမိသည့် စာရင်းများအရ သိရသည်။
“ကျွန်တော်တို့ဆီမှာ ၀င်ဖမ်းဖို့ သတင်းရတာ သေချာတာနဲ့ ဖမ်းပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လိင်စိတ်ကြွစေသည့် ဆေးဝါးများမှာ မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများကိုသာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ထိုဖမ်းဆီးမှုတွင် ပါဝင်ခဲ့သည့် ပန်းဘဲတန်းမြို့နယ် ကျန်းမာရေးမှူးရုံးမှ ဒေါက်တာစုစုခိုင်က ပြောသည်။
“အများအားဖြင့် ပြဿနာ တစ်ခုခုဖြစ်လာရင် အဲဒီဆေးဝါးနဲ့ ပတ်သက်တာတွေကို ဖမ်းလေ့ရှိတယ်။ မကြာခဏလည်း မှတ်ပုံမတင်တဲ့ဆေး၊ မရောင်းရတဲ့ ဆေးတွေကို ဖမ်းတာမျိုးတွေ ရှိတယ်။ ဒီလိင်စိတ်ကြွတဲ့ ဆေးကတော့ ရန်ကုန်မှာတင် မဟုတ်ဘူး။ နယ်တွေမှာလည်း ဖမ်းနေတယ်လို့ ကြားတယ်” ဟု ရွှေမန်းဆေးဆိုင်မှ ဦးလင်းမြင့်က မှတ်ချက်ပြုပြောကြားသည်။
အချို့ဆေးဝါးများသည် နှလုံးရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်စေတတ်သောကြောင့် ယင်းဆေးဝါးများကို သုံးစွဲလိုပါက ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်ကြောင့် ဒေါက်တာကောင်းမွန်ဝင်းက ပြောသည်။
“လူငယ်တွေ အသုံးပြုကြတဲ့ ဆေးတွေဆိုလည်း သူက သုတ်ထွက်မြန်တာကို ပြုပြင်ဖို့ ဦးနှောက်ကို ပြုပြင်တဲ့ ဆေးဝါးမျိုးတွေ ဖြစ်တယ်။ မသုံးတတ်ဘဲ သေချာဆေးပမာဏ မရှိဘဲ သုံးတာများရင် ဦးနှောက်ပိုင်းဆိုင်ရာတွေ ပြဿနာဖြစ်တယ်” ဟု မျိုးဆက်ပွားကျန်းမာရေး သုတေသနပြုလုပ်နေသူ ပညာရှင်တစ်ဦးက ပြောသည်။.
ပုံမှန်ဆေးဝါးများပါ ရောင်းချနေသည့် ဆေးဆိုင်များအတွက် ထိုလိင်စိတ်ကြွစေသည့် ဆေးဝါးများသည် အထူးတလည် ရောင်းချရမှုများပြားနေသည့် ဆေးဝါးများ မဟုတ်ကြောင်း ဦးလင်းမြင့်က ဆက်လက်ပြောသည်။
ပြည်ပနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသော နိုင်ငံခြားဖြစ် လိင်စိတ်ကြွဆေးမျိုးစုံကို ဖမ်းဆီးကာ အမျိုးသားဆေးဝါးဥပဒေပုဒ် ၁၈ အရ အရေးယူထားကြောင်း သတင်းရရှိသည်။
7Day News Journal
Subscribe to:
Comments (Atom)




.jpg)
