Monday, August 26, 2013
ရတနာပုံတယ်လီပို့ အကြွေးပြန်ဆပ်မည်ဟု ယုံကြောင်း McWiLL ဖုန်းကုမ္ပဏီဆို
0 comments
McWiLL အင်တာနက် ဖုန်းလိုင်းများ ဝယ်ယူတပ်ဆင်ရာတွင် ကျသင့်သော ကုန်ကျစရိတ် ကြွေးမြီ ကျပ်သန်းပေါင်း ရှစ်ထောင့်ခုနစ်ရာကျော်ကို ရတနာပုံ တယ်လီပို့ဘက်မှ ပြန်လည် ပေးဆပ်မည်ဟု ယုံကြောင်း McWiLL အင်တာနက်ဖုန်း တစ်ဦးတည်းကိုယ်စားလှယ် အေးချမ်းမေတ္တာ ကုမ္ပဏီမှ အကြံပေး ဒေါ်အေးအေးလွင်က ပြောကြားသည်။
ရတနာပုံတယ်လီပို့က တရုတ်ကုမ္ပဏီ Xinwei ၏ တရားဝင် ကိုယ်စားလှယ်လွှဲစာ ရရှိထားသော အေးချမ်းမေတ္တာ ကုမ္ပဏီသို့ ၂၀၁၂ ခုနှစ် စာရင်းများအရ ကျပ်သန်းပေါင်း ၆၈၆၄ ဒသမ ၇၂၉ ပေးအပ်ရန် ရှိနေပြီး ယခုနှစ် သြဂုတ်လအထိ တွက်ချက်မည်ဆိုပါက ကျပ်သန်းပေါင်း ရှစ်ထောင့် ခုနစ်ရာခန့် ရှိနေပြီ ဖြစ်ကြောင်း အေးချမ်းမေတ္တာ ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးဇော်ဝင်းက ဆိုသည်။
“အတိုးတက်ခံပြီးမပေးဘဲ နေတာထက် ပေးလိုက်တာ ပိုကောင်းပါတယ်။ ပိုက်ဆံကိစ္စ ရှင်းပြီးသွားရင် BTS တာဝါတိုင်တွေချဲ့ပြီး လိုင်းတွေတိုးချဲ့ဖို့ ဆက်ပြီးညှိမယ်” ဟု ဒေါ်အေးအေးလွင်က ဆိုသည်။
ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ McWiLL အင်တာနက်ဖုန်းလိုင်းများ ဝယ်ယူတပ်ဆင်ရာတွင် ကျသင့်သော ကုန်ကျစရိတ် ကြွေးမြီများကို ၂နှစ်ကျော်ကြာသည့် တိုင်အောင် ပေးချေခြင်း မရှိသေး သောကြောင့် Xinwei ကုမ္ပဏီနှင့် အေးချမ်းမေတ္တာ ကုမ္ပဏီက နေ့စဉ်ထုတ် သတင်းစာများမှတစ်ဆင့် အသိပေးခဲ့ကြောင်း အေးချမ်းမေတ္တာ ကုမ္ပဏီထံမှ သိရသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီသို့ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တိုင်ကြားစာ ပေးပို့ခဲ့ပြီး အဆိုပါကော်မတီက ပြန်လည် ပေးချေရန် အကြောင်းကြားစာ ပြန်လည် ပေးပို့ခဲ့သည်ဟု အေးချမ်းမေတ္တာ ကုမ္ပဏီထံမှ သိရသည်။
ရတနာပုံတယ်လီပို့ ကုမ္ပဏီဘက်မှ ငွေပေးချေရန် အသင့်ရှိပြီး အေးချမ်းမေတ္တာ ကုမ္ပဏီမှ ဦးဇော်ဝင်းနှင့် ညီအစ်ကို အရင်းဖြစ်သော FISCA ကုမ္ပဏီပိုင်ရှင် ဦးဇော်ဝိတ်တို့သည် မိသားစုဝင်အချင်းချင်း အပြန်အလှန် တရားစွဲဆိုမှုများ၊ တရားမမှုများ ရှိနေကာ ငွေပေးချေမှုကို ဦးဇော်ဝိတ်က ကန့်ကွက်ထားသည့်အတွက် ယခုကဲ့သို့ ငွေပေးချေမှု မဆောင်ရွက်နိုင်ခြင်း ဖြစ်သည်ဟု ရတနာပုံတယ်လီပို့ဘက်က ဆိုကြောင်း ကော်မတီ၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့စွဲဖြင့် ပြန်ကြားသော တင်ပြစာတွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် McWiLL အင်တာနက်ဖုန်းလိုင်းများကို ရန်ကုန်မြို့၊ နေပြည်တော်၊ မန္တလေးမြို့တို့ အပါအဝင် တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် ၂၆ ခုတွင် Base Transceiver Station (BTS) ၅၄ ခု တပ်ဆင်ထားပြီး ရန်ကုန်မြို့ တိုးကြောင်ကလေးနှင့် မန္တလေးမြို့တို့တွင် Mobile Switching Center (MSC) တစ်ခုစီ တည်ဆောက်ထားသည်။
မြန်မာနိုင်ငံ၏ အဓိကအင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော ရတနာပုံတယ်လီပို့ ကုမ္ပဏီသည် လက်ရှိတွင် အများပိုင် ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲထားပြီး ဆက်သွယ်ရေးဥပဒေ အတည်ပြုပြီးပါက ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီလည်း ဖြစ်သည်။
Myanmar News Agency
Read more...
အချစ်ဆုံး ရင်သွေးငယ် (နန်းမွေငယ်)
0 comments
အင်မတန် နားထောင်လို. ကောင်းတဲ. သီချင်းလေးပါ....
Read more...
ရှမ်းပြည်နယ်(အရှေ့ ပိုင်း) ဂုံရှမ်း လူမျိုးများ၏ သမိုင်း အကျဉ်းချုပ်။
0 comments
ဂုံရှမ်းလူမျိုးများသည် တိုင်းခင် လူမျိုးများ ဟုခေါ်သည်။ ဗုဒ္ဒ မပွင့်မှီ BC ၂၁၆ ခန့်တွင်
ရှမ်းလူမျိုးများသည် တရုပ်ပြည်တောင်ပိုင်းမှ အလယ်ပိုင်းသို့ လမ်းကြောင်း ၃ ကြောင်း ခွဲ၍
ဆင်းသက်လာကြရာ ဂုံရှမ်းလူမျိုးများသည် မြန်မာနိုင်ငံ အရှေ့ ပိုင်း သံလွင်မြစ် နှင့် မဲခေါင်မြစ်
အနောက်လမ်းကြောင်းအတိုင်း ရှမ်းပြည်နယ် အရှေ့ ပိုင်းသို့ ရောက်ရှိလာကြသည်။ကျိုင်းတုံ
ဒေသ နမ့်ခင်ချောင်းဘေးတွင် နေထိုင်ကြသော ရှမ်းများဖြစ်သည်နှင့်အညီ နမ့်ခင်ချောင်းကို
အစွဲပြု၍ တိုင်းခင် (ခ) ဂုံရှမ်း ဟုခေါ်ဝေါ်ခဲ့ကြသည်..။ ဂုံရှမ်းလူမျိုးများသည် ရှမ်းကိုးပြည်ဝင်
ကျိုင်းတုံမြို့ တွင် နေထိုင်လျက် ရှိသည်။ကျိုင်းတုံမြို့ ကို ရှေးယခင်က စန္ဒာရကွမ်း ၊ ခေမရဋ် ၊
တုံဂပူရိ စသည်ဖြင့် ခေါ်ဝေါ်ခဲ့ကြသလို ခေမာဝရ တိုင်းဂုံပြည် ဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။
ကောဇာသကရာဇ် ၆၀၅ AD -1243 မှစ၍ ကောဇာသကရာဇ် ၁၃၂၄ ခုနှစ် AD – 1962 အထိ
အုပ်ချုပ်ခဲ့သော စော်ဘွားဦးရေမှာ စုစုပေါင်း (၄၉)ပါးရှိသည်။ ဂုံရှမ်း စာပေ ယဉ်ကျေး မှာ ရှေး
ယခင် ကပင် ရှိခဲ့သည်။ ဂုံရှမ်း စာပေများသည် အိန္ဒိယ ပြည်သုံး Brahmi နှင့် Sunskit အက္ခရာ
တို့ မှ တဆင့် ပလ္လ၀ အက္ခရာ အဖြစ်အသုံးပြုပြီး ခမင် (ခ) ခမာ လူမျိုးများမှ တဆင့် ထိုင်းနိုင်ငံ
လာအို ၊ဇင်းမယ် ၊ကျိုင်းတုံတို့ မှတဆင့် ဆစ်ဆောင်ပန်နား အထိ အသုံးပြုခဲ့ကြသည်။ရှမ်းပြည်
နယ်မြောက်ပိုင်း ၀ နယ် ဟိုပန် ၊ ကွန်လုံ ၊ သိန္ဒီ နှင့် နမ့်ဆန် တို့တွင် လည်း ထိုစာပေ သုံးဆွဲမှု
ကိုတွေ့ရသည်။ ဂုံရှမ်းတို့ ၏ ရိုးရာ ထုံးစံ ထူးခြားချက်မှာ နှစ်သစ်ကူးပွဲတော် ဖြစ်သည်။
သမိုင်းအကျဉ်းချုပ်မှာ ဖရား ကျောက်မထု ကျိုင်းတုံမြို့  ကိုအုပ်ချုပ်စဉ် သက္ကရာဇ် ၇၇၂ ခုနှစ်
တွင် ဟွေပွန် ဟူသောနေရာ မီးလောင်ကျွမ်းခဲ့ရာမှ မမျှော်လင့်ဘဲ တစ်နယ်လုံး မိုးခေါင် ရေရှား ဖြစ်သဖြင့်
ငတ်မွတ်ခေါင်းပါးသည့်ကပ်ဆိုးကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။ထိုအခါ ဖရားကျောက်မထု က ပုဏ္ဏားများ အား
တွက်ချက်စေသောအခါ ဥတ္တမ အမည် ရှိ ပုဏ္ဏားက ကျိုင်းတုံမြို့ ၏ နေ့နံသည် တနင်္လာနံ ဖြစ်သောကြောင့်
ဂုံလူမျိုး အယူရှိသူ တစ်ယောက် ၏ ပါးစပ်တွင် တနင်္လာနံ လခြမ်းကို ငုံစေလျက် သင်္ကြန် အကျနေ့တွင
် သဲပုံစေတီနှင့်တကွ ဖားရုပ်ကို ပူဇော်ပသပေးခဲ့ပါသည်။ထိုနေ့မှပင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့်
တောင်သူလယ်သမားများထွန်ရက်စိုက်ပျိုး နိုင်ခဲ့ပါသည်။ ထို့ကြောင့် သင်္ကြန်ကာလ ရောက်တိုင်း နှစ်စဉ်
ကျင်းပလာခဲ့ရာ၁၂၆၀ ပြည့်နှစ် တွင် ကျိုင်းတုံ မြို့  ကို အုပ်ချုပ်သော စော်ဘွားကြီး စ၀်ကွန်ကျောက် အင်တလိုင်း က
ကျိုင်းစံရပ်ကွက်ရှိ ဖယားဇာ အမျိုးအနွယ်ကို ရိုးရာ သင်္ကြန်ပွဲကို ဦးဆောင်ကျင်းပရန် တာဝန်ပေးခဲ့သည်။
သင်္ကြန်နေ့ မွန်းလွဲ ၁ နာရီတွင် မင်္ဂလာစည်တော် ကို ထုတ်ပြီး ကျိုင်းစံ ဘုန်းတော်ကြီးကျောင်း ရင်ပြင်တော်မှ
မိုင်းယန်းမြို့ နယ် ဟာယန်ကင်း တောင်ပေါ်နေ တိုင်းလွယ်လူမျိုးအဖွဲ့  က မင်္ဂလာစည်တော်ကို ထုတ်တီးကာ
အခမ်းအနားဖြင့်ချီတက်ကာ ညလုံးပေါက် တီးပေးသည်။ သင်္ကြန်အကျနေ့ မွန်းလွဲ ၁ နာရီတွင် မင်္ဂလာစည်တော်ကြီး ၊
သင်္ကြန်မင်း ရုပ်ထုနှင့် အလံဖြူ ၊အလံနီ ကိုင်ဆောင်သည့် အဖွဲ့  ကို မျိုးနွယ်ဝင် တစ်ဦး က မြင်းစီးပြီး
ဦးဆောင်ကာ စီတန်းလှည့်လှည်ပြီး
မိုင်းယန်းလမ်း အတိုင်း နမ့်ခင်ချောင်း သို့ ထွက်ခွာပါသည်။ ထိုအခါ ပြည်သူလူထုက တပျော်တပါး လိုက်ပါပို့ဆောင်
ပြီး လမ်းခရီးတွင် လည်း ရေပက်ကစားသူများနှင့် စည်ကားလှပါသည်။နမ့်ခင်ချောင်း လောင့်ကုတ် သို့ရောက်သော
အခါ မင်္ဂလာသုတ် ရွတ်ဆိုပြီး ရွံ့  ဖြင့် ပြုလုပ်သော ဖားရုပ်သင်္ကြန်မင်း ရုပ်ထုတို့ကို ချောင်းထဲသို့ မျှောချလိုက်ပါ
သည်။မင်္ဂလာစည်တော်တီး အဖွဲ့ သည် လာလမ်းအတိုင်း မြို့ ထဲသို့ ၀င်ကာ မြို့ လယ်ရှိ ဗောဓိပင်ကြီး၌ ခေတ္တ ရပ်
နားပါသည်။ ထိုအချိန်တွင် ဆွမ်တောင်း ဘုန်းတော်ကြီးကျောင်းမှ ရဟန်းတော် ၄ ပါး က အသင့်ပြင်ဆင်ထားသော
ပရိတ်ရေများဖြင့် ပက်ဖျန်းပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ သို့ဖြင့် ကျိုင်းတုံမြို့  သင်္ကြန်ပွဲ ကို ယနေ့ အထိ
ကျင်းပဆဲ ဖြစ်ပါသည်။
Photobucket
Unique tradition of the Gon Shans is the New Year Festival. In Myanmar Era 772 when Phra Kyio Matu was sawbwa of Kengtung there was a big drought and people were in heavy misery with consequent unstable situations. The Sawbwa asked the learned astrologers on ways to escape from this distaster and he was told that accroding their calculations, Kengtung belonged in the Monday planet but the rulers, being Yun people, were from the Rahu (or) the second part of Wendnesday planet, So there were internal conflicts within the planets inself. So to erase these conflicts the astrologers suggested that 24 Tai Loi people from Moung Yang area should be summoned be Kengtung. After they are dressed in red and white robes they are then to beat auspicious drum, hung inside the compound of the Sao Lon Kart (nat shrine) from the 1.00 p.m on the Seecond day of the eve of the New Year.
On the Second day of the eve of the New Year the drum is taken from its place. Then a representative of the Zar people who by traditions is allowed to wear the cloths of Sankarm (Sakra) will follow on a horse behind the drum and a papier mache images of Sankarm (Sakra) and the procession will follow the Loimwe-Mong Yang Road towords Long Kop on the Nam Hkun creek. The people lining the procession route will sprinkle scented water on the procession for good luck.
A clay statue of a frog, representing the Rahu planet, with a cresent moon, representing the Monday planet, is constructed on the bank of the creek and when the procession reach the place elder persons will recite the Mingala sutra and everybody kowtows. Then both the staute of the frog and Sankarm (Sakra) are sent down the creek. The Tai Loi people bring back the drum to the original routed and when the drum reaches the Maha Muni Pagoda, 4 monks from Wat Son Hkam monastery, which is situated under the banyan tree supposed to house the guardian spirit of Kengtung, will recite the Mingala sutra and rehang it back at wat kengzan Monastery. As the ceremony ended the heavens opened up with a deluge and everybody was happy. This tradition started in Myanmar Era 772 and carried on up till now annually.
ရွှေမင်းသား
Read more...
စားသောက်ကုန်ပါ ပိုးမွှားများ စက်တင်ဘာ လဆန်းတွင် စတင် စစ်ဆေးနိုင်မည်
0 comments
Photo: စားသောက်ကုန်ပါ ပိုးမွှားများ စက်တင်ဘာ လဆန်းတွင် စတင် စစ်ဆေးနိုင်မည်
Monday, August 26, 2013
စားသောက်ကုန်များတွင် ပိုးမွှား ပါရှိမှုများကို မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း (မန္တလေး) တွင် ရှိသော ပိုးမွှား စမ်းသပ် စစ်ဆေးစက်ဖြင့် စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ မည်သူမဆို လာရောက် စစ်ဆေးနိုင်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြားသည်။
စားသောက်ကုန် တစ်ခုတွင် ပါဝင်သည့် ပိုးမွှား အရေအတွက်နှင့် ပိုးမွှား ပေါက်ပွားမှု နှုန်းတို့ကို လာရောက် စစ်ဆေးနိုင်ပြီး စားသောက်ကုန် တစ်ခုလျှင် စစ်ဆေးခအတွက် ကျပ် ၁၅,၀၀၀ ကောက်ခံမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စားသောက်ကုန် ပိုးမွှား စစ်ဆေးစက်ကို သြဂုတ်လ ၂၃ ရက်နေ့က အသင်းရုံးတွင် တပ်ဆင်ခဲ့ပြီး နောက် စစ်ဆေးနည်း သင်တန်းကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ အသင်းဝင် ဦးစန်းဝင်းက ပြောကြားသည်။
“စက်တပ်ဆင်ဖို့ မတတ်နိုင်တဲ့ အသေးစား စားသောက်ကုန် လုပ်ငန်းရှင်တွေ အတွက်ရော၊ စားသောက်ကုန်ထဲမှာ ပါဝင်မှု သိချင်တဲ့သူတွေအတွက် စက်တပ်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။
ပေါင်မုန့်၊ ယိုစုံ၊ လက်ဖက်နှင့် ထိုးမုန့် အစရှိသည့် စားသောက်ကုန်များ သည် ခြောက်သွေ့ စားသောက်ကုန်များထက် ရေအကျန် များသည့်အတွက် ပိုးမွှားပေါက်ပွားမှု ပိုများသောကြောင့် အဆိုပါ အစားအစာများကို စစ်ဆေး သင့်ကြောင်း မန္တလေးမြို့တော် အခြေစိုက် စားသောက်ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
စားသောက်ကုန် သက်တမ်း ကုန်ဆုံးရက် သတ်မှတ်ရာတွင် ပိုးမွှား ပေါက်ပွားမှု နှုန်းအရ သတ်မှတ် နိုင်ကြောင်း ၎င်းက ဆိုသည်။
မန္တလေးမြို့တော်ရှိ စားသောက်ကုန် လုပ်ငန်းရှင် ၁၀ ဦးခန့်က ပိုးမွှား စမ်းသပ် စစ်ဆေးစက် တပ်ဆင်မည် ဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့အထိ လုပ်ငန်းရှင် ခုနစ်ဦးခန့် တပ်ဆင်ထားပြီး ဖြစ်ကြောင်း၊ စက် တစ်လုံးလျှင် ကျပ် ငါးသိန်းကျော် ရှိပြီး စမ်းသပ်မှု တစ်ခုလျှင် လိုအပ်သည့် ဓာတုပစ္စည်း အပါအဝင် ကျပ် ၇၅၀၀ ခန့် ကုန်ကျမှု ရှိကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း (မန္တလေး) ထံမှ သိရသည်။
မန္တလေးတွင် အသေးစား၊ အလတ်စား၊ အကြီးစား စားသောက်ကုန် စက်ရုံပေါင်း ၂၀၀ ခန့် ရှိသည်။
The Voice Weekly
စားသောက်ကုန်များတွင် ပိုးမွှား ပါရှိမှုများကို မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချ သူများ အသင်း (မန္တလေး)တွင် ရှိသော ပိုးမွှား စမ်းသပ် စစ်ဆေးစက်ဖြင့် စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ မည်သူမဆို လာရောက် စစ်ဆေးနိုင်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြား သည်။
စားသောက်ကုန် တစ်ခုတွင် ပါဝင်သည့် ပိုးမွှား အရေအတွက်နှင့် ပိုးမွှား ပေါက်ပွားမှု နှုန်းတို့ကို လာရောက် စစ်ဆေးနိုင်ပြီး စားသောက်ကုန် တစ်ခုလျှင် စစ်ဆေးခအတွက် ကျပ် ၁၅,၀၀၀ ကောက်ခံမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စားသောက်ကုန် ပိုးမွှား စစ်ဆေးစက်ကို သြဂုတ်လ ၂၃ ရက်နေ့က အသင်းရုံးတွင် တပ်ဆင်ခဲ့ပြီး နောက် စစ်ဆေးနည်း သင်တန်းကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ အသင်းဝင် ဦးစန်းဝင်းက ပြောကြားသည်။
“စက်တပ်ဆင်ဖို့ မတတ်နိုင်တဲ့ အသေးစား စားသောက်ကုန် လုပ်ငန်းရှင်တွေ အတွက်ရော၊ စားသောက် ကုန်ထဲမှာ ပါဝင်မှု သိချင်တဲ့သူတွေအတွက် စက်တပ်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။
ပေါင်မုန့်၊ ယိုစုံ၊ လက်ဖက်နှင့် ထိုးမုန့် အစရှိသည့် စားသောက်ကုန်များသည် ခြောက်သွေ့ စားသောက် ကုန်များထက် ရေအကျန် များသည့်အတွက် ပိုးမွှားပေါက်ပွားမှု ပိုများသောကြောင့် အဆိုပါ အစားအစာ များကို စစ်ဆေး သင့်ကြောင်း မန္တလေးမြို့တော် အခြေစိုက် စားသောက်ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
စားသောက်ကုန် သက်တမ်း ကုန်ဆုံးရက် သတ်မှတ်ရာတွင် ပိုးမွှား ပေါက်ပွားမှု နှုန်းအရ သတ်မှတ် နိုင်ကြောင်း ၎င်းက ဆိုသည်။
မန္တလေးမြို့တော်ရှိ စားသောက်ကုန် လုပ်ငန်းရှင် ၁၀ ဦးခန့်က ပိုးမွှား စမ်းသပ် စစ်ဆေးစက် တပ်ဆင်မည် ဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့အထိ လုပ်ငန်းရှင် ခုနစ်ဦးခန့် တပ်ဆင်ထားပြီး ဖြစ်ကြောင်း၊ စက် တစ်လုံးလျှင် ကျပ် ငါးသိန်းကျော် ရှိပြီး စမ်းသပ်မှု တစ်ခုလျှင် လိုအပ်သည့် ဓာတုပစ္စည်း အပါအဝင် ကျပ် ၇၅၀၀ ခန့် ကုန်ကျမှု ရှိကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း (မန္တလေး) ထံမှ သိရသည်။
မန္တလေးတွင် အသေးစား၊ အလတ်စား၊ အကြီးစား စားသောက်ကုန် စက်ရုံပေါင်း ၂၀၀ ခန့် ရှိသည်။
The Voice Weekly
Read more...
ရှေးရိုးမပျောက်တဲ့ သျှမ်းခမောက်
0 comments
နွေမှာပိတောက် သျှမ်းမှာခမောက် နွေ၏အလှသည် ပိတောက်ပန်းပွင့်မှ သင့်တယ်သလို့  သျှမ်းတို့၏အလှသည်လည်း ခမောက်ပါမှ ပြည့်စုံသလိုရှိပါသည်။ သျှမ်းတို့၏ ခမောက်ဆောင်းသော ဓလေ့သည် သျှမ်းလူမျိုးစုတိုင်း၏ ဘိုးဘေးအမွေအနှစ်ပင်ဖြစ်သည်။
သျှမ်းလူမျိုးတို့၏ ခေါင်းပေါင်း ပေါင်းခြင်းနှင့် ခမောက်ဆောင်းခြင်း ဓလေ့မှာ ရှေးရိုးအစဉ်လာမှ ယနေ့တိုင် လက်ဆင့်ကမ်း သယ်ဆောင်လာသော ရိုးရာအမွေဖြစ်သည့် အလျှောက် မည်သည့်ခုနှစ်က စတင်သည်ကို အသိအကြပြောရန်ခက်ပေမဲ့။ ဟွိုင်ရိုဒိုင်လို့ခေါ်တဲ့ သျှမ်းလူမျိုးတို့၏ ရိုးရာခမောက်   ဆောင်းခြင်းဓလေ့သည် BC- 203 မှ AD- 220 ထိ အုပ်ချုပ်ခဲ့သော ဟန်တရုတ် မင်းလက်ထက်တွင် ဟွိုင်ရိုခေါ် သျှမ်းလူမျိုးတို့   ဆောင်းတဲ့ ခမောက်ကို ကြည့်မကောင်းဘူး အမြင်မကောင်းဘူးဟု ဆိုကာ ခမောက် ဆောင်းတဲ့ ဓလေ့ ပြင်းထန်စွာ နှိပ်ကွပ်ဖယ်ရှားခဲ့ပါသည်။ ထိုအခါ ဟွိုင်ရိုသျှမ်းတို့က ဟိုအရင်အချိန်က အပျိုဖော် သူငယ်မနှင့် အမျိုးသမီးလူလတ် ပိုင်းပဲဆောင်းခဲ့ရာ နောက်ပိုင်း ဟန်တရုတ်တို့ နှိပ်ကွပ်ခဲ့ရာမှ သက်ကြီးရွယ်အိုမကျန် စောင်းကြကာ မိမိတို့ရိုးရားကို ယနေ့တိုင် ဆက်လက်ထိမ်းသိမ်း နေဆဲ့ဖြစ်တဲ့ အတွက် သျှမ်းအမျိုး အနွယ်ဝင်များအတွက် ဂုဏ်ယူဝင့်ကြွားစရာ သမိုင်းသာ သာတက တရပ်ပင်ဖြစ်သည်။   *"۩"*
AD- 1396 ပိုင်ယီကျွမ် တရုတ်ကျမ်းအရ မောသျှမ်းများသည် မင်းနှင့်တကွ ပြည်သူ ဆင်းရဲချမ်းသားမရွေး ၀ါးပတ်ခမောက်ဆောင်း၏ ခမောက် အထွဋ်မှာ စေတီငယ်နှင့် တူကာရတနာ ကျောက်မျက်   ခြယ်လှယ် ထားသည်။ ကျောက်စိမ်းဆွဲသည် ငှက်မွှေးငှက်တောင်လည်း စိုက်သည်။ စိုးသား မင်းသားတို့က ဆင်မြင်းစီး ၍  ခြွေရံသင်းပင်း များစွာနှင့်ခရီးသွား၏ လှပသော ရွှေခြည်ထိုး ငွေခြည်ထိုး ကကြိုးတန်ဆာတွင်   ခြူခလောက်  များစွာ ဆွဲထားသည်။
အချင်းချင်းတွေ့လျှင် လက်ယှက်၍ နှုတ်ဆက်သည်။ ရိုသေလေးမြတ် ထိုက်သူကို ပုဆစ်ဒူးချ၍ ကန်တော့သည်။   ရှေ့မှကုန်းကွ၍ သွားရသည်   ဒူးတုတ်၍ တစ်နေကုန်နေသောလည်း ညောင်းညာပုံမပေါ်ချေ၊ ကွမ်းစားလေ့ရှိ၏ လက်ဖက်ကိုရေစိမ်၍စားသည်။ လကွင်း၊ ပလွေ၊ အိုးစည်းတီး၍ ကခုန်မြူးထူးသည်။ လက်နက်သုံးစွဲရာ သျှမ်းတို့သည်   လေးရိုးရိုးအစား ဒူးလေးကိုသာသုံးသည်။
အ၀တ်ဝတ်ရာတွင် ယောင်္ကျားများက လက်အိုးကျယ်နှင့် အင်္ကျီရှည်ကို   နှစ်သက်ကြ၏ ဦးပြည်းရိတ်၍ ဆေးမင်ထိုးသည်။ မိန်းမများက လက်ကျပ်အင်္ကျီ၊ သင်တိုင်း အမည်း၊ ခေါင်းပေါင်း အဖြူ၊ ခြေပတ်အဖြူသုံးသည်။ AD- 400  မတိုင်မီက ပန်ယွှန်မန် ဟူသော အမည်ဖြင့် တရုတ်နိုင်ငံ ကန်စုနယ်၊ ယှင်စီနယ်နှင် စီချွမ်နယ်တို့ ဆုံရာအရပ်၌  နေခဲ့ဖူးသည်။ ( ဒေါက်တာသန်းထွန်း )
အထက်ပါ သမိုင်းအထောက်အထား များအရ ခမောက်နှင့် ကျောက်စိမ်းသည် ရှေးပဝေသဏီထဲက သျှမ်းလူမျိုးတို့၏ အလှဆင်ရတနာတပါး ဖြစ်ကြောင်းထင်ရှားသည်။
ယနေ့တိုင် မြန်မာနိုင်ငံမြောက်ပိုင်း ကျောက်စိမ်းထွက်ရှိရာ ဖားကန့်၊ လုံးခင်း၊ ဆိမ့်မှု၊ တာမခံ၊ ဟောင်ပါး၊ ကားမိုင်း၊ နမ့်ယား (ကျောက်နီထွက်)  စသည့်မြို့ရွာများသည် သျှမ်းတို့တည်ထောင်ခဲ့သော သျှမ်းနာမည်နှင့် မြို့ရွာများဖြစ်ပြီး ယနေ့တိုင် သျှမ်းများ နေထိုင်လျှက်ရှိသည်။
သျှမ်းလူမျိုးတို့သည် ရှေးယခင်ထဲက ခေါင်းပေါင်းပေါင်းခြင်းနှင့် ခမောက်ဆောင်းကြသော အလေ့အထ ရှိကြ၍ ကုလား၊ ဗမာနှင့် အခြားလူမျိုးများကဲ့သို့ ခေါင်းရွက် ဗျတ်ထိုး ခေါင်းအားကို ပစ္စည်းတယ်ဆောင်ခြင်း မျိုး လုပ်လေ့မရှိပါ ။
အထူးသဖြင့် မြန်မာအမျိုးသမီးများသည် ဦးခေါင်းကို အားထား၍ ပစ္စည်းများသယ်ဆောင် ခြင်းကို ပြုလုပ်လေ့ရှိသည်။ အချို့သျှမ်းအနွယ်ဝင် မဟုတ်သောတောင်ပေါ်သားများလည်း  ဦးခေါင်းနှင့်ပုခုံးကို အသုံးပြုသော နောက်လွယ်များကို အားထားကြသည်။
---- မြန်မာအမျိုးသမီး
သျှမ်းလူမျိုးတို့သည် သျှမ်းလိုမိုက်ကန်းဟုခေါ်သော ထန်းပိုးကို ၀ါး သို့မဟုတ် သစ်သားချောင်း   ဖြင့်ပြုလုပ်၍   ပုခုံးတဖက် တချက်စီ ညီမျှသော ၀ိတ်ဖြင့်သာ ထန်း၍ တယ်ဆောင်ခြင်း မျိုးသာလျှင် အသုံးပြုသော အလေ့အထရှိသည်။
----- သျှမ်းအမျိုးသမီးများ
သျှမ်းလူမျိုးတို့၏ ခမောက်ပြုလုပ်ပုံမှာ နေဒေသအလိုက် အမျိုးမျိုးကွဲပြားလေသည်။ ၀ါးခမောက်၊ မျက်ခမောက်၊ ဂျုံခမောက်၊ ရုံးခမောက်၊ ထန်းခမောက်၊ တွေခမောက် တို့ဖြစ်သည်။ ၀ါးခမောက်ကို သျှမ်းလူမျိုးတို့ တည်ရှိရာနေရာဒေသတိုင်းတွင် အသုံးပြုလျက်ရှိပေသည်။ မျက်ခမောက်နှင့် ဂျုံခေမာက်ကိုတော့ ယူနန်ရှိသျှမ်းများ သာအသုံးများသည်။ ရုံးခမောက်ကိုတော့ သျှမ်းနီဒေသ တွင်သာအသုံးပြုလျက်ရှိသည်။ ဒေသအခေါ်ရုံးပင် သျှမ်းနီတို့က ခါးဟန်ဟုခေါ်သည်။
------- သျှမ်းနီလို ခါးဟန်ခေါ်သော ရုံးပင် 
ထိုရုံးပင်များသည် နေရာဒေသတိုင်းတွင် ပေါက်လေ့ မရှိပါ အထက်မြန်မာပြည် မြောက်ပိုင်းတွင်သာ   ပေါက်လေ့ရှိပြီး  ဌာနေသျှမ်းနီလူမျိုးတို့ အိမ်ခေါင်မိုးနှင့် ခမောက် အဖြစ်အသုံးပြုလ့ ရှိသည်။ ရုံးပင်သုံးလက်ကို အပေါ်အောက် ထပ်ခါ အရွက်များကို ခေါက်ချိုးပြီး အိမ်ခေါင်မိုး မိုးလေ့ရှိသည် တာရှည်ခံလိုပါက ရွံ့နွံအိုင် ထဲတွင် တစ်နှစ်ခန့် စိမ်ထားရသည်။ ထိုအပင်မှ အရွက်တို့ ကိုတရွက်စီ ခြွေယူ၍ ၀ါးနှီးဖြင့်ယှက်လုပ် ထားသော ခမောက်ပုံစံကြမ်းပေါ်တွင် ဖုန်းကာအထက်မှ ၀ါးခွေ အသေးလေးများကို ရစ်ပတ်ခါ အပ်ချည်ကြိုးဖြင့် ချုပ်ရသည်။  ထန်း ခမောက်ကိုတော့ ကတူး၊ ကနန်းသျှမ်း များအသုံးပြုကြသည်။ ထန်း တသက်သက် အပ်ချည်ကြို့းဖြင့်ချုပ်လုပ်သည် ကတူး၊ကနန်း ခမောက်သည်ပို၍ သေးစိတ်လေသည်။
1988 ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံတွင် သျှမ်းနီခမောက်များဆောင်းကာ ဆန္ဒပြနေကြသော မိုးကောင်းမြို့ ကျောင်းသူကျောင်းသားများ
1988 ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံတွင် သျှမ်းနီခမောက်များဆောင်းကာ ဆန္ဒပြနေကြသော မိုးညှင်းမြို့   ကျောင်းသူကျောင်းသားများ
1988 ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံတွင် သျှမ်းနီခမောက်များဆောင်းကာ ဆန္ဒပြနေကြသော  နန်းမားမြို့   ကျောင်းသူကျောင်းသားများ
တချိန်က ခမောက်တွေနဲ့ တိုင်းခိင်ခေါ် ဂုံသျှမ်းများ ကျိုင်းတုံမြို့
ဗိယက်နမ်
ထိုင်းနိုင်ငံ
သျှမ်းတို့ရိုးရာခမောက်အက
သျှမ်းလူမျိုးတို့၏ ခေါင်းပေါင်း ပေါင်းခြင်းနှင့် ခမောက်ဆောင်းခြင်းဓလေ့သည် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ကျော် နီးပါခန့်မှ စတင်လာခဲ့သည်ဖြစ်၍ မိမိရိုးရာဓလေ့များအား အစဉ်လာမမျက် ထိမ်းသိမ်းသွားကြရန် တင်ပြရင်း ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မလွယ်ကြပါစေနဲ့  လို့တင်ပြရင်း ကိုယ့်ရိုးရား အမွေအနှစ်များကို လက်ဆင့်ကမ်း၍ စောင်းထိမ်းကြရန် တိုက်တွန်းလိုက်ပါသည်။ ချစ်သော စာဖတ်ပရိသတ်များအား လေးစားလျှက်... ကျားပေါက်
Read more...
အင်တာနက်မှ တဆင့် ပြည့်တန်ဆာများ ဈေးကွက်ချဲ့ထွင်လာ
0 comments
Photo: အင်တာနက်မှတဆင့် ပြည့်တန်ဆာများ ဈေးကွက်ချဲ့ထွင်လာ
Monday, August 26, 2013
ယခင်က ပြည့်တန်ဆာများသည် တယ်လီဖုန်းများဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေခဲ့ကြသည်။၊ ကားမှတ်တိုင်များတွင် ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း လိုက်လံ ကပ်မေး အချက်ပြပြီး တည်းခိုခန်း၊ ဟိုတယ်လ်သို့ ခေါ်ဆောင်ကာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ ပြည်လမ်းမ များပေါ်ရှိ ကားမှတ်တိုင်အချို့တွင် ထိုင်လျက် ကိုယ်ပိုင် ကားများကို အချက်ပြကာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။
ယခုအခါ အိုင်တီ နည်းပညာကို အသုံးပြုပြီး အင်တာနက် ၊ ချက်တင်၊ ဖေ့ဘွတ်စသည့် ခေတ်မှီနည်းများဖြင့် ဈေးကွက် ချဲ့ထွင်လာသည်ကို တွေ့မြင် ကြားသိ နေရသည်။ ထိုကဲ့သို့ အမှန်တကယ် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီးများ အတွက် လိင်ကိစ္စကို နည်းလမ်းမျိုးစုံဖြင့် လုပ်ကိုင်နေသည်မှာ မဆန်းသော်လည်း အတုမြင် အတတ်သင်လာမည့် ဆယ်ကျော်သက်များ နှင့် အင်တာနက်ကို အမှန်တကယ် အသုံးပြုနေသည့် ငယ်ရွယ် နုပျိုသည့် မိန်းကလေးများ၏ အရှက်နှင့် သိက္ခာအတွက်မူ စိုးရိမ်ဖွယ် အခြေအနေ တစ်ရပ် ဖြစ်လာနေသည်။
လက်ရှိ ဖြစ်ပေါ်နေသော အင်တာနက်ကို အသုံးပြုပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူများမှာ အသက် ၁၈ နှစ် မှ အသက် ၃၀ ပတ်ဝန်းကျင် အထိ အမျိုးသမီးများ ပါဝင်နေပြီး အချို့မှာ ဂိုဏ်းဖွဲ့ပြီး ပြည့်တန်ဆာခေါင်းဆောင် များက Online အသုံးပြုကာ ဈေးကွက်ရှာဖွေပေးပြီး လိင်ဖျော်ဖြေမည့် အမျိုးသမီးငယ်များကို စုဆောင်း ထားသည်ဟုပင်သိရှိရသည်။
မြန်မာအမျိုးကောင်းသမီးတို့အနေဖြင့် ထိုကဲ့သို့ ဘ၀မျိုးမရောက်ရန် အုပ်ထိန်းသူမိဘများတွင် တာဝန်ရှိပေသည်။ မိမိတို့ သားသမီးများ၏ အင်တာနက်အသုံးပြုမှုကို တင်းကြပ်ရမည်ဟု မဆိုသော်လည်း
စောင့်ကြည့်စစ်ဆေးမှုတော့ ရှိသင့်ပေသည်။
Myanmar News Update
ယခင်က ပြည့်တန်ဆာများသည် တယ်လီဖုန်းများဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေခဲ့ကြသည်။၊ ကားမှတ်တိုင်များတွင် ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း လိုက်လံ ကပ်မေး အချက်ပြပြီး တည်းခို ခန်း၊ ဟိုတယ်လ်သို့ ခေါ်ဆောင်ကာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ ပြည်လမ်းမ များပေါ်ရှိ ကားမှတ်တိုင်အချို့တွင် ထိုင်လျက် ကိုယ်ပိုင် ကားများကို အချက်ပြကာ လိင်ဖျော် ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။
ယခုအခါ အိုင်တီ နည်းပညာကို အသုံးပြုပြီး အင်တာနက် ၊ ချက်တင်၊ ဖေ့ဘွတ်စသည့် ခေတ်မှီနည်းများဖြင့် ဈေးကွက် ချဲ့ထွင်လာသည်ကို တွေ့မြင် ကြားသိ နေရသည်။ ထိုကဲ့သို့ အမှန်တကယ် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီးများ အတွက် လိင်ကိစ္စကို နည်းလမ်းမျိုးစုံဖြင့် လုပ်ကိုင်နေသည်မှာ မဆန်းသော်လည်း အတုမြင် အတတ်သင်လာမည့် ဆယ်ကျော်သက်များ နှင့် အင်တာနက်ကို အမှန် တကယ် အသုံးပြုနေသည့် ငယ်ရွယ် နုပျိုသည့် မိန်းကလေးများ၏ အရှက်နှင့် သိက္ခာအတွက်မူ စိုးရိမ်ဖွယ် အခြေအနေ တစ်ရပ် ဖြစ်လာနေသည်။
လက်ရှိ ဖြစ်ပေါ်နေသော အင်တာနက်ကို အသုံးပြုပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူများမှာ အသက် ၁၈ နှစ် မှ အသက် ၃၀ ပတ်ဝန်းကျင် အထိ အမျိုးသမီးများ ပါဝင်နေပြီး အချို့မှာ ဂိုဏ်းဖွဲ့ပြီး ပြည့်တန်ဆာခေါင်းဆောင် များက Online အသုံးပြုကာ ဈေးကွက်ရှာဖွေပေးပြီး လိင်ဖျော်ဖြေမည့် အမျိုးသမီးငယ်များကို စုဆောင်း ထားသည်ဟုပင်သိရှိရသည်။
မြန်မာအမျိုးကောင်းသမီးတို့အနေဖြင့် ထိုကဲ့သို့ ဘ၀မျိုးမရောက်ရန် အုပ်ထိန်းသူမိဘများတွင် တာဝန်ရှိပေ သည်။ မိမိတို့ သားသမီးများ၏ အင်တာနက်အသုံးပြုမှုကို တင်းကြပ်ရမည်ဟု မဆိုသော်လည်း စောင့်ကြည့် စစ်ဆေးမှုတော့ ရှိသင့်ပေသည်။
Myanmar News Updat
Read more...
ပထမဆုံးသော မြန်မာလူမျိုး အနောက်တိုင်း ဆရာဝန်
0 comments
ပထမဆုံးသော မြန်မာလူမျိုး အနောက်တိုင်း ဆရာဝန် ဒေါက်တာ ရှောလူ (၁၈၃၉-၁၉၂၉) ဒေါက်တာ ရှောလူသည် ၁၈၆၄ခုနှစ် အမေရိကန်ပြည် ဘက်နယ်လ် တက္ကသိုလ် (Bucknell University) တွင် စတင်ပညာ သင်ကြားခဲ့သော ပထမဆုံးသော အမေရိကန် ရောက် မြန်မာလူမျိုး ဆေးကျောင်းသား တစ်ဦးဖြစ်သည်။ သူသည် ၁၈၅၈ ခုနှစ်တွင် အမေရိကန် ပင်ဆယ်ဗေးနီးယား ပြည်နယ် (Pennsylvania) သို့ ရောက်ရှိခဲ့သည်။
ဒေါက်တာရှောလူကို ၁၈၃၉ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် မော်လမြိုင်မြို့တွင် ဖွားမြင်ခဲ့သည်။ အဖ ဦးရွှေသက်၊ အမိ ဒေါ်ဖွားလှတို့၏ သားအကြီးဆုံး ဖြစ်သည်။ ခရစ်ယာန် ဘာသာဝင် မွန်လူမျိုး ဖြစ်သည်။ မော်လမြိုင်တွင် ခရစ်ယာန် သာသနာပြု ဒေါက်တာ ဂျဒ်ဆင်(Adoniram Judson)နှင့် အိမ်နီးချင်း ဖြစ်သည်။ ဒေါက်တာရှောလူ၏ ဆရာဝန်မဖြစ်မှီ ငယ်စဉ် ဘဝများကား ကြမ်းတမ်းလှပေသည်။ သူသည် ငယ်စဉ်က ပညာ သင်ကြားရေးကို စိတ်အားထက်သန်သည်။
သူ၏ဖခင် ဦးရွှေသက်မှာ အထူးဆု ရထားသော အင်္ဂလိပ် အရာရှိများကို မြန်မာစာပြသူ ဖြစ်သူဖြစ်သည်။ သို့သော် ဦးရွှေသက်၏ အရက်အလွန်အကျွံ သောက်ခြင်းကြောင့် ၁၈၅၄ ခုနှစ်တွင် ဒေါ်ဖွားလှနှင့် လမ်းခွဲခဲ့ ကြလေသည်။ မိဘများ၏ အိမ်ထောင်ရေး ဂယက်ကြောင့် ရှောလူလေးကို အမျိုးများက တာဝန်ယူ စောင့်ရှောက် ကြရပေသည်။
၁၈၅၆ ခုနှစ်၊ ရှောလူ အသက် ၁၅ နှစ် အရွယ်တွင် အိမ်မှစွန်စား၍ ထွက်ပြေးကာ အိန္ဒိယနိုင်ငံ ကာလကတ္တား၌ သွားရောက် ပညာသင်သည်။ သုံးနှစ်ခန့် အကြာတွင် အိန္ဒိယတပ်တွင် စစ်ဘာရီ (Sepoy Mutiny) ပုန်ကန်မှုကြီး ပေါ်ပေါက်လာရာ အိန္ဒိယ၌ ဆက်လက် ပညာသင်ရန် အခက်အခဲ ကြုံလာရသည်။ ၁၈၅၇ ခုနှစ်တွင် မြန်မာပြည် သို့ပြန်ပြီး သင်းအုပ်ဆရာ ဦးရွှေအေးမှ နှစ်ခြင်းပေးကာ ရိုင်ယာလိက် Royal Lakes (ယခု ကန်တော်ကြီး)တွင် နှစ်ခြင်းခရစ်ယာန် ဘာသာ ခံယူခဲ့သည်။
၁၈၅၈ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ပြန်မည့် မြန်မာနိုင်ငံ သုံးဆယ်မြို့တွင် ခရစ်ယာန် သာသနာပြု ဆရာမကြီး မစ္စမာရီယာအင်ဂေါ (Mrs. Marilla Ingalls) နှင့် တွေ့ဆုံခဲ့ပြီး ဆရာမကြီး၏ ကူညီမှုဖြင့် အမေရိကန်သို့ ပညာသင် လိုက်ပါခဲ့သည်။ ဆရာမကြီးမှာ အားလပ်ရက်တွင် အမေရိကန် သို့ ခေတ္တပြန်ခြင်း ဖြစ်ရာ မောင်ရှောလူးက တွေ့ဆုံပြီး အကျိုးအကြောင်း ပြောပြခဲ့သည်။
ပညာလိုလားသူ မောင်ရှောလူး အကြောင်းကို ဆရာမကြီးက သင်္ဘော ကပ္ပတိန်အား တစ်ဆင့် ပြောပြ ပေးသည်။ လမ်းခရီးတွင် သင်္ဘောခအတွက် သင်္ဘောစားသောက်ခန်း စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။
၁၈၅၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် နယူးယောက်မြို့သို့ ရောက်ရှိပြီး ထိုအချိန်က နယူးယောက်တွင် လူဦးရေ တစ်သန်းကျော် သာရှိသည်။ နယူးယောက်မှ ကုန်သည် တဦး၏ အထောက်အပံ့ဖြင့် ပင်ဆယ်ဗေးနီးယား ပြည်နယ် (Pennsylvania) လူဝီစဗတ် တက္ကသိုလ် (Lewisburg University) ၌ (၁၈၈၆မှစ၍ ဘက်နယ်လ် တက္ကသိုလ် (Bucknell University) အဖြစ် အမည်ပြောင်းလဲသည်။) ၁၈၅၉ ခုနှစ်တွင် ပညာသင်ခွင့် ရခဲ့သည်။ ပညာသင်ကြားရင်း အားလပ်ချိန်များတွင် အလုပ်မျိုးစုံလုပ်ခဲ့ရသည်။
အယူအဆဆိုင်ရာ ပါမောက္ခကြီး ဒေါက်တာ သောလ်မတ် အက်ဖ် ကာတစ် (Dr. Thomas F. Curtis) ၏ အိမ်တွင် တစ်နာရီ ဆယ်ဆင့်ဖြင့် အလုပ် လုပ်ကိုင်ရင်း တဖက်တလမ်းမှ ဝင်ငွေရယူ ခဲ့သည်။ ကျောင်းပိတ် ရက်များတွင် အခြားမြို့ကြီးများသို့ သွားရောက်ကာ မြန်မာ့ဓလေ့နှင့် မြန်မာလူမျိုးများ အကြောင်း ဟောပြောခြင်းဖြင့် ဝင်ငွေရှာသည်။ မောင်ရှောလူသည် လူဝီစဗတ်မှ ဟောပြောပွဲများ တွင်လည်း မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်များကို လူဝီစဗတ် ပရိသတ်များနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိအောင်လည်း ဟောပြောနိုင်ခဲ့သူဖြစ်သည်။
မောင်ရှောလူသည် ၁၈၆၄ ခုနှစ်တွင် လူဝီစဗတ် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရခဲ့သည်။ ဝိဇ္ဇာဘွဲ့အတွက် ဂရိ၊ လက်တင်ဘာသာ စကားများ၊ သင်္ချာ၊ သဘာဝ သိပ္ပံ၊ နက္ခတ္တဗေဒ၊ ဓာတုဗေဒ၊ နိုင်ငံရေး၊ ဘောဂဗေဒ၊ ဖီလိုဆိုဖီ၊ စိတ်ပညာနှင့် အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတို့ကို သင်ယူခဲ့သည်။ ထိုအချိန်က အမေရိကန်တွင် ပြည်တွင်းစစ် ဖြစ်ပွားဆဲ ဖြစ်သည်။
ဘီအေဘွဲ့ရပြီးနောက် မောင်ရှောလူသည် အိုဟိုင်းယိုးပြည်နယ် ကလိဗ်လင်း (Cleveland) ရှိ ချို့တဲ့သူများဆေးကောလိပ် (Charity Hospital Medical College) ၌ ဆေးပညာ ဆက်လက် ဆည်းပူးသည်။ ကလေးဘဝက မော်လမြိုင်တွင် ဒေါက်တာ ဂျဒ်ဆင်အား ဆေးကုသပေးမည့် ဆရာဝန် မရှိ၍ အမေရိကန်သို့ သင်္ဘောဖြင့် ပြန်သွားရသည့် ဒေါက်တာ ဂျဒ်ဆင်၏ အဖြစ်ကို ကြုံတွေ့ခဲ့ရသည့် အချိန်မှ စ၍ မောင်ရှောလူသည် ဆရာဝန် ဖြစ်ရန် ရည်မှန်းခဲ့သည်။
 ၁၈၆၇ ခုနှစ်တွင် ဆေးပါရဂူ အမ်ဒီဘွဲ့ရသည်။ ဂုဏ်ထူးဆောင် အမ်အေဘွဲ့လည်း ချီးမြှင့် ခံရသည်။ ဆေးပညာ သင်ကြားမှု ပြီးဆုံးသောအခါ မောင်ရှောလူသည် အမေရိကန် သမ္မတ အင်ဒရူးဂျွန်ဆင်(President Andrew Johnson)ကို သွားရောက် တွေ့ဆုံခွင့်ရခဲ့သည်။ အမေရိကန် သမ္မတ၏ မင်းတုန်းမင်းထံ ပေးအပ်သော သဝဏ်လွှာကို လက်ခံ၍ ၁၈၆၇ ခုနှစ်၊ အောက်တိုဘာ လတွင် မြန်မာပြည်သို့ ပြန်ခဲ့သည်။
လမ်းခရီး၌ လန်ဒန်တွင် တစ်လ၊ ပါရီတွင် တစ်ပတ် နားနေ လေ့လာ၍ အေအင်၊ သီဟိုဠ်၊ ကာလကတ္တားမှ တဆင့် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ထိုအချိန်က စူးအက်တူးမြောင်း မဖောက်ရသေးချေ။ ၁၈၆၈ ခုနှစ်၊ ဇွန်လတွင် အမေရိကန်သမ္မတ၏ သဝဏ်လွှာကို မင်းတုန်းမင်းထံ ဆက်သရန် မန္တလေးသို့ ဆန်တက်ခဲ့သည်။ သရက်မြို့ အရောက်တွင် မင်းတုန်းမင်း၏ မြနန်းစကြာ ရေယာဉ်နှင့် မန္တလေးသို့ ခရီးဆက်သည်။
မင်းတုန်းမင်းသည် ဒေါက်တာရှောလူကို ကောင်းစွာလက်ခံတွေ့ဆုံသည်။ နန်းတွင်း မြောက်ဥယျာဉ်တော်၌ အဆောင်တခုပေးကာ နန်းတွင်း စားတော်အုပ်ကို နေ့စဉ် ပို့စေသည်။ ရက် ၂ဝ ခန့် ကြာသော် အောက်မြန်မာပြည် ပြန်၍ ကျောင်းဆရာနှင့် ဆရာဝန် လုပ်ငန်းများ ဆောင်ရွက်ခွင့် တောင်းသည်။ မင်းတုန်းမင်းက ခွင့်ပြု၍ ဆုလာဘ်နှင့် ငွေဒင်္ဂါးများကိုလည်း ချီးမြှင့်ခဲ့သည်။
ဒေါက်တာရှောလူသည် ရန်ကုန်တွင် အင်္ဂလိပ်အစိုးရ၏ အားပေးကူညီမှု မရသောကြောင့် မုတ္တမ၌ ကိုယ်ပိုင်ကျောင်းဖွင့်ကာ အသက်မွေးသည်။ ၆ လ အကြာတွင် မော်လမြိုင် အေဘီအမ်ကျောင်း၌ ဆရာ အခက်အခဲတွေ့ရာ ဆရာအဖြစ် ဝင်ရောက်ကူညီခဲ့သည်။ အေဘီအမ်ကျောင်းတွင် ၁ဝ နှစ်ခန့် ဆရာအဖြစ်ဆောင်ရွက်သည်။
ထို့နောက် ကျေးဇူးရှင် ဆရာမကြီး မစ္စမာရီယာအင်ဂေါကို ကျေးဇူးတုံပြန်သော အားဖြင့် သုံးဆယ်မြို့ အမေရိကန်သာသနာပြု ဆရာဝန်မကြီး ဒေါက်တာ အယ်လင်မီလ်ချယ်(Dr. Ellen Mitchell)ထံတွင် လက်ထောက်ဆရာဝန်အဖြစ် ၁ဝ နှစ် ထမ်းဆောင်ပြီးနောက် မော်လမြိုင်၌ပင် ကိုယ်ပိုင်ဆေးခန်း ဖွင့်သည်။
ဆင်းရဲနွမ်းပါးသူများကို အခကြေးငွေမယူဘဲ ဆေးကုပေးသည်။ အသက်ကြီးရင့်သည့်တိုင် လူနာရှိရာသို့ ကိုယ်တိုင်လိုက်၍ ဆေးကုသသည်။ တဖက်တွင်လည်း မော်လမြိုင် အစိုးရ ကျောင်းနှင့် နောင်မန်   ကျောင်းတို့တွင် ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။
ဒေါက်တာ ရှောလူသည် ရန်ကုန်အစိုးရ အထက်တန်းကျောင်း၌ ဆရာအဖြစ် တာဝန် ထမ်းဆောင်နေစဉ် အင်္ဂလိပ် အမျိုးသမီး မစ္စလူစီပရဲယား(Lucy Pereira)နှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၇ ယောက်(သား လေးယောက်၊ သမီး သုံးယောက်) ထွန်းကားခဲ့သည်။ ဇနီး ကွယ်လွန်၍ ၂ နှစ် အကြာ၌ အမေရိကန်သာသနာပြု မိန်းကလေးကျောင်းမှ ကျောင်းအုပ် ဒေါ်ရွှေနှင့် ထပ်မံ အိမ်ထောင်ပြုသည်။ သားသမီး ၃ ယောက် (သားတစ်ယောက်၊ သမီး နှစ်ယောက်) ရသည်။
ဒေါက်တာ ရှောလူသည် မော်လမြိုင်မြို့၌ ၁၉၂၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် နံနက် ၅း၃ဝ တွင် ကွယ်လွန်ခဲ့သည်။ ဒေါက်တာရှောလူး၏ ဈာပနမှာ စည်ကားလှသည်။ ခရစ်ယာန် ဘုန်းကြီးများ သာမက မြန်မာ ဘုန်းတော်ကြီးများပါ တက်ရောက်ခဲ့ ကြကြောင်း မှတ်တမ်းများက ဆိုသည်။ ဒေါက်တာရှောလူးကို ဂူသွင်းသဂြိုလ်ခဲ့ကြပြီး အုတ်ဂူထက်တွင်-
In Sacred Memory of Dr.Shaw Loo
Die 10-10-1929
Age 91 years
"All the way Saviour Leads me"
ဟု ရေးထိုးထားပေးကြပါသည်။
"မြန်မာ တိုင်းရင်းသားများ ထဲမှ အနောက်တိုင်း ဆေးပညာကို ပထမဆုံး လိုက်စားခဲ့သူ၊ အမေရိကန် ပြည်ထောင်စု ကလိဗ်လင်း ဆေးကောလိပ်မှ ဆရာဝန်ဘွဲ့နှင့် ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ကို ပထမဆုံးရခဲ့သူ။ ထူးခြားသည်မှာ ယအိန္ဒယနှင့် အမေရိကန်သို့ ကိုယ်ထူးကိုယ်ချွန် စွန့်စားကာ ပညာသင် သွားရောက်ခဲ့ပြီး ခရစ်ယာန်ကောင်း ပီသစွာ ဆရာဝန်ပညာနှင့် ကျောင်းဆရာ လုပ်ငန်းကို အခကြေးငွေ အဓိက မထားဘဲ ဆင်းရဲသားများ အကျိုး ဆောင်ရွက်ခဲ့သော ပရဟိတ ပညာရှင် တဦး ဖြစ်ခြင်းပင် ဖြစ်သည်"
Read more...
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် အောက်တိုဘာတွင် လက်မှတ်ရေးထိုးမည်
0 comments
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တတိယ အဆင့်ဖြစ်သော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလအတွင်း ပြုလုပ်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၏ အဆိုအရ သိရသည်။ အဆိုပါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် KIO/KIA အဖွဲ့နှင့် အစိုးကြား အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် ကျန်ရှိနေသေးကြောင်း KIO/KIA အဖွဲ့နှင့် အောက်တိုဘာလ မတိုင်ခင် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးလည်းဖြစ်သူ ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။ “KIAနဲ့ လက်မှတ်ထိုးဖို့ ကျွန်တော်တို့ဘက်က အဆင်သင့်ပါ။ သူတို့ရဲ့ ပြန်ကြားချက်ကို စောင့်နေတာပါ” ဟု ဦးအောင်မင်းက ဆိုသည်။ KIO/KIA အဖွဲ့နှင့် လက်မှတ် ရေးထိုးနိုင်ရန် အစိုးရ ငြိမ်းချမ်းရေး နည်းပညာ အထောက်အကူပြုအဖွဲ့ (Technical Team) နှင့် KIO ငြိမ်းချမ်းရေး အလုပ်အဖွဲ့တို့အကြား ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။ အစိုးရနှင့် KIO အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန် လိုအပ်သည့် ဆွေးနွေးမှုများအတွက် KIO နည်းပညာ အထောက်အကူပြုအဖွဲ့ ရုံးကို ဇူလိုင်လ ၂၅ ရက်နေ့က မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်ခဲ့သည်။ နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ် ရေးထိုးရန် ကျန်ရှိသည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းရန်မှာ မိုးရာသီ ဖြစ်သည့်အတွက် သွားလာရေး အခက်အခဲကြောင့် အနည်းငယ် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ဦးအောင်မင်းက ပြောကြားသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ် စဲရေး လက်မှတ် ရေးထိုးထားပြီး အခြားအဖွဲ့ သုံးဖွဲ့နှင့် ပြည်နယ်အဆင့် လက်မှတ်ရေးထိုးပြီး ဖြစ်ကာ KIA အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်း သုံးခုနှင့် ညှိနှိုင်းနေဆဲ ဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်အတွင်း သွားရောက်ခဲ့သည့် ဥရောပခရီးစဉ် အတွင်းတွင် နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ဇူလိုင်လတွင် ပြုလုပ်မည်ဟု ဆိုထားသော်လည်း KIO/KIA အဖွဲ့နှင့် လက်မှတ်ရေး ထိုးရန် ကျန်ရှိနေသောကြောင့် ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။ နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးပါက နိုင်ငံရေး စကားဝိုင်းအဆင့် Political Dialogue ကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ကြေညာထားသည်ဟု ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။
Credit: ခေတ်လူငယ်
Read more...
ပဲပုပ်ချပ် နှင့် (နမ့်ဖစ်) ခေါ် ရှမ်းရိုးရာ အတို့ အမြှုပ် ။
0 comments
ရှမ်း လူမျိုးများသည် ပဲပုပ်ကို အမျိုးမျိုး ပြုလုပ်စားသောက်ကြသည်။ ပဲပုပ်စေ့ ကိုကြော်ချက်၍ သော်လည်းကောင်း ၊ပဲပုပ်စိုကို ခေါက်ဖွန်း ခေါ် အစားအစာ နှင့်သော်လည်းကောင်း ၊ကောက်ညှင်းနှင့်သော်လည်းကောင်း ၊ပဲပုပ်ချပ်ကို နမ့်ဖစ် ခေါ် အတို့အမြှုပ်တွင် ထောင်းထည့်၍သော်လည်းကောင်း တွဲဖက်၍ စားသုံးကြပါသည်။ စားသောက်သမျှ တွင် ပဲပုပ်သည် မပါမပြီးပေ။ ထို့ကြောင့် ရှမ်းလူမျိုးများကို ပဲပုပ်နှင့် တွဲဖက်၍ မြင်ကြသောကြောင့် ရှမ်းပဲပုပ် ဟုခေါ် ကြပါသည်။ထို့ပြင် " ပဲပုပ် စားပြီး ခေါင်းပြားအောင် အိပ် " ဆိုသော ရှမ်းစကားပုံ လည်းရှိသေးသည်။
နမ့်ဖစ် သည် မြန်မာလူမျိုးများ စားသောက်သော ငါးပိရည် တို့စရာ နှင့် အတူတူပင် ဖြစ်သည်။ ဦးစွာ ပဲပုပ်ချပ် ကို မီးကင်၍ ထောင်းပါ။မြေပဲ ကိုလည်း ထောင်းထားပါ။ ပြီးသည်နှင့် ပန်းကန် တစ်လုံးထဲတွင် ရောမွှေ၍ ထည့်ထားပါ။ ဟင်းချိုမှုန့် ၊ဆား အနေတော် ထည့်ပါ။ဆူအောင်တည်ထားသော ရေနွေး ကိုထိုအထဲသို့ ရောမွှေ၍ ထည့်လိုက်ပါ။သံပုရာသီး ကို လိုသလောက် ညှစ်ထည့်ပါ။ အားလုံး ရောမွှေပါ။အချို ၊အချဉ် ၊အငံ မြည်းကြည့်ပြီး တို့စရာ ခရမ်းကြွပ်သီး ၊ဂေါ်ရခါးသီး ပြုတ် ၊အသီးအရွက် တို့ဖြင့် မြိန်ရှက်စွာ စားသုံးနိုင်ပါပြီ။ကြက်သွန်မြိတ် ဖြူး၍ လည်းစားနိုင်ပါသည်။ဝက်ခေါက် နှင့်လည်း တွဲဖက် စားသုံးနိုင်ပါ၏။
(ကျနော့် ဆီတွင် ပဲပုပ်ချပ် အနည်းငယ် ရှိပါသည်..လိုအပ်ပါက ဆိုင်တွင် သွား၍ ၀ယ်ပါ...ဟဲ....ဟဲ)
Read more...
တာချီလိတ်-မယ်ဆိုင် ရှုခင်းလေးတွေပါ...
0 comments
တာချီလိတ် ဘက်ကမ်း
Photo Sharing and Video Hosting at Photobucket
တံတား အမှတ်(၂) တာချီလိတ်
Photo Sharing and Video Hosting at Photobucket
တာချီလိတ်-မယ်ဆိုင် တံတားပေါ်မှာ
Photo Sharing and Video Hosting at Photobucket
တာချီလိတ်-မယ်ဆိုင် တံတားပေါ်မှာ
Photo Sharing and Video Hosting at Photobucket
မယ်ဆိုင် ဘက်ကမ်း ရှုခင်း
Photo Sharing and Video Hosting at Photobucket
မယ်ဆိုင်မြို့ ရှုခင်း
Photo Sharing and Video Hosting at Photobucket
Read more...
အရွယ် မရောက်သေးသူအား ကားသမားသုံးဦးဖြင့် ကာမစပ်ယှက်ခိုင်းသူ သုံးဦးကို ဖမ်းဆီးစစ်ဆေး၊ ကျန်ရှိသူအား စုံစမ်းနေ
0 comments
ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက်၊ ရှုခင်းသာပတ်လမ်းတွင် နေထိုင်သော ဒေါ်သီတာချို၊ ဆိုင်ကယ်မောင်း တစ်ဦးနှင့် အရွှေဝတ်မှုံတို့ သုံးဦးသည် အရွယ် မရောက်သေးသော အသက်(၁၅)ခန့်ရှိအမျိုးသမီးငယ် တစ်ဦးအား သြဂုတ်လ ၂၃ရက်နေ့က ခေါ်ဆောင်သွားကာ ပဲ ခူးမြစ်ကမ်း၊ ကနောင်ကွေ့မှတ်တိုင် အနီးတွင် ရပ်ထားသော နောက်တွဲမပါ ကွန်တိန်နာတင်ယာဉ် ခေါင်းခန်း အတွင်းသို့ပို့ဆောင် ခဲ့ပြီး ယာဉ်မောင်း သုံးဦးဖြင့် ကာမစပ်ယှက်ရန် ထားခဲ့ကြောင်း (၂၄)ရက်နေ့ တွင် ပြန်ရောက်လာသော အဆိုပါ မိန်းကလေး ထံမှ မိခင်ဖြစ်သူက သိရှိခဲ့ပြီး ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တန်းများ အရ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းမှ (ပ)၂၉၁/၁၃၊ ပြစ်မှုပုဒ်မ ၃၆၆-က ဖြင့် ယမန်နေ့ က အမှုဖွင့်ခဲ့ပြီး အမှုစစ် ဒုရဲအုပ် ဝဏ္ဏမောင်မောင်မှ ဒေါ်သီတာချိုနှင့်တစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်တစ်ဦးအား ဖမ်းဆီးရမိရေး စုံးစမ်းလျက်ရှိကြောင်း သိရသည်။
မြန်မာ့ခေတ်
Read more...
တိုင်းလိ(ခ) လိရှမ်း လူမျိုး၏သမိုင်း..။
0 comments
တိုင်းလိ ခေါ် လိရှမ်း လူမျိုးများသည် အသားဝါ လူမျိုး မှ ဆင်းသက်လာပြီး မြန်မာနိုင်ငံ တွင်ဝင်ရောက်နေထိုင် ခဲ့ကြသည့် ရှမ်းလူမျိုးများဖြစ်ပြီး ရှမ်းကြီး ၊ ဂုံရှမ်း ၊ တိုင်းလွယ် တို့ နှင့် မျိုးနွယ်တူ ဖြစ်သည်..။လိရှမ်း လူမျိုးများသည်တရုပ်ပြည် အလယ်ပိုင်းတွင် နေထိုင်စဉ်င်္ တိုင်း ဟု ခေါ်ဝေါ်ကြသော်လည်း နှစ်ရှည်လများ ကြာလာသောအခါ တိုင်းလိ ဟုခေါ်ဝေါ်ခဲ့ကြသည်။ အမှန် အားဖြင့် တစ်ချိန် က တိုင်းလိ ၊ တိုင်းခင် ၊ တိုင်းလဲမ်း တို့၏ ဌာနေမှာ ညီ အစ်ကို၃ ဦး အုပ်ချုပ်ခဲ့သည့် ချစ်ကြည်ရေး တိုင်းပြည်များဖြစ်သည့် ကျိုင်းတုံ ၊ ကျိုင်းဟုန်း ၊ ကျိုင်းလဲမ်း တို့ ဖြစ်ကြသည်။ လိရှမ်း
လူမျိုးများသည် ရှမ်းပြည်နယ် အရှေ့ ပိုင်း ကျိုင်းတုံ မြို့ နယ်ရှိ မိုင်းလား ၊ မိုင်းမ ဒေသ ၊မိုင်းယန်းမြို့ နယ် နှင့်
မိုင်းယောင်းမြို့ နယ်များတွင် နေထိုင်ကြသည်။ ၉၅ % မှာ ဗုဒ္ဒ ဘာသာ ကိုကိုးကွယ်ကြသည်။
စာပေ မှာ ဂုံရှမ်း စာပေ နှင့် အတူတူ ဖြစ်သည်.။ကျေးရွာများတွင်နေထိုင်သော လိရှမ်း လူမျိုးများသည် မိမိတို့၏ ရိုးရာ အ၀တ်အထည်များကို ရက်လုပ်ကြသည်။လိရှမ်း ရိုးရာဓလေ့မှာ ဂုံရှမ်း တို့နှင့် ဆင်တူပြီး ၀ါဝင်ဝ်ါထွက် နှစ်သစ်ကူး မှာလည်း ဂုံရှမ်းတို့ နှင့် အတူတူပင်ဖြစ်သည်။ မျိုးနွယ်စု ၃၃ မျိုးတွင် ၁ မျိုး အပါအ၀င်ဖြစ်သည်။
Read more...
ဆီရီးယား ပြည်တွင်းစစ် ဓာတုဗေဒ စစ်လက်နက်တွေ ပါကုန်ပြီ
0 comments
syria 
မနေ့ညလေးတင် Resident Evil အမည်ရ ဂိမ်းအခြေခံ Animation ရုပ်ရှင် ကို ကြည့်ဖြစ်ခဲ့ ပါတယ်။
ရုပ်ရှင်ထဲမှာ ဆိုဗီယက်ကွဲထွက်နိုင်ငံ တစ်ခုရဲ့  ပြည်တွင်းစစ်ကို အခြေခံပြီး ဓာတုဗေဓ လက်နက် အသုံးပြုနေကြတာကို မြင်တွေ့ရခြင်း ဖြစ်ပါတယ်။ ယခု တကယ့် အပြင်မှာ သုံးနေပါပြီ။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က စပြီး ဆီရီးယား ပြည်တွင်းစစ်မှာ ဓာတုဗေဒ စစ်လက်နက်တွေ အသုံးပြုနေပြီ ဖြစ် ပါတယ်။
သုံးတာမှ နယ်စွန်မှာမဟုတ်ပဲ မြို့ တော် Damascus အနီးတစ်ဝိုက်မှာ ဖြစ်ပြီး တစ်ရက်တည်း အပြစ်မဲ့ ပြည်သူ ၁၃၀၀ ကို သေစေ ခဲ့ပါတယ်။ ၂၁ ပြီးတော့ ယနေ့အထိ တိုက်ပွဲအချို့ မှာ အသုံးပြုနေကြပြီး လူသေနှုန်း ယခင်ကထက် ဆပွားတိုက် တက်နေပြီ ဖြစ်ပါတယ်။
အင်မတန်ဆိုးရွားတဲ့ ဓာတုဗေဒ လက်နက်တစ်မျိုးဖြစ်တာမို့ ကမ္ဘာ့ နိုင်ငံကြီး များလည်း ရပ်ကြည့်နေလို့မရတော့ပါဘူး။ ဘန်ကီမွန်းစေလွတ်တဲ့ စစ်ဆေး ရေးအဖွဲ့တစ်ခု ဆီးရီးယားကို ရောက်နေပါပြီ။ ဘယ်လို ဓာတုဗေဒ လက်နက် ဖြစ်တယ်။ ဘယ်ဘက်က အသုံးပြုတယ်ဆိုတာကို ကွဲကွဲ ပြားပြား သိအောင် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဆီရီးယား အစိုးရဘက်မှ မဟုတ်ပဲ အတိုက်အခံ သူပုန်များ ရဲ့  အသုံးပြုမှုလို့ အများစု သိထားကြပြီး သေဆုံး သူ ဘက်ကတော့ ဆီးရီးယား အစိုးရသစ္စာခံတပ်နဲ့ အပြစ်မဲ့ ပြည်သူတွေ ဖြစ်ပါတယ်။
တိုက်ပွဲတွေ အင်မတန်ပြင်းထန်နေပါတယ်။ ၂၀၁၁ ခုနှစ် မတ်လက စတင်တဲ့ ယင်းတိုက်ပွဲကြောင့် ဆီးရီးယားမှာ သေဆုံးသူ ၁ သန်းနီးပါး ရှိသွားပါပြီ။ ၁.၇ သန်းသော လူဦးရေကို ဒုက္ခသည် ဘဝရောက်စေပြီး အဆိုးရွားဆုံး အခြေအနေ တစ်ခုအနေနဲ့ ဓာတုဗေဒ စစ်လက်နက် ပါ အသုံးပြုလာကြခြင်း ဖြစ်ပါတယ်။
ဒီအတွက် စစ်ဆေးမှုများ ပြုလုပ်ပြီး ကုလသမဂ္ဂရဲ့ အရေးယူ ဆောင်ရွက်မှု ဘယ်လိုရှိမယ် ဆိုတာ စောင့်ဆိုင်း နားစွင့်လျက် ရှိကြကြောင်း သိရပါတယ်။
.
Aung Kham (Yoyarlay)
Read more...
ဝယ်အားကောင်းနေတဲ့ ရှမ်း ပြောင်းဈေးကွက်
0 comments
စက်တင်ဘာ၊ အောက်တိုဘာ လက စပြီးဈေးကွက် ကို အသစ်ဝင်လာတဲ့ ရှမ်း ပြောင်းက ရာသီအစမှာ တစ်ပိဿာ ၂၁၀ ကျပ် - ၂၁၅ ကျပ်နဲ့သာ ဈေးစခဲ့ပါတယ်။ လက် ကျန်ပြောင်းဟောင်းတွေ ကသာ ဈေးကွက်ဝင်ပြီး၊ ပြောင်းအသစ်တွေကတော့ အစိုဓါတ်ကြောင့် ဈေးကွက်သိပ်မ၀င်သေးလို့ ပြောင်းဟောင်းကတော့ တစ်ပိဿာ ၃၀၀ကျပ် - ၃၁၅ ကျပ်ဈေးသာရှိ ပါတယ်။ ပြောင်းအသစ်ကအရောင်းအ၀ယ် သိပ် မဖြစ်ပေမယ့် အဟောင်းတွေရှိနေ တာကြောင့် ဈေးကွက်မှာလည်း ပစ္စည်းမပြတ် သွားခဲ့ပါဘူး။ ပြောင်းဟောင်းကုန်ပြီး၊ အသစ်တွေခြောက်စပြုတဲ့အချိန် ဇန်န၀ါရီ၊ ဖေဖော်ဝါရီမှာ လှောင်လက်တွေ၊ အစာစပ်တွေ ကစပြီး ၀ယ်ယူကြပါတယ်။
ဒီနှစ် ပြောင်းဈေးက အစပိုင်းမှာ ပြည်ပ၀ယ်လိုအား သိပ်မရှိ၊ ပြည်တွင်းသုံးအစာစပ် စက်ရုံတွေကသာ ၀ယ်ယူတာကြောင့် ဈေးကလည်း ၄ လပိုင်းအထိ ၂၅၀ ကျပ်မှ ၃၀၅ ကျပ်ဈေးနဲ့သာပတ်ချာလည်နေပါတယ်။ ၅ လပိုင်းမှာတော့ ဈေးနည်းနည်းလှုပ် လာပါတယ်။မူဆယ်ဝယ်လက်တွေဝယ်ယူလာတာကြောင့် ၃၁၀ ကျပ်မှ ၃၂၀ ကျပ် ဈေးထိရှိလာ ပါတယ်။
၆ လပိုင်းမှာ ဈေးထပ်တက်လာပြီး၊ လဆန်းပိုင်းမှာ ၃၄၀ ကျပ်၊ လလယ်မှာ ၃၇၀ ကျပ် - ၃၉၀ ကျပ်ဈေးရှိလာပြီး၊ ဒီတစ်ပတ် ပေါက်ဈေးက ၄၀၅ ကျပ်ဈေးရှိပါတယ်။ ၀ယ်လိုအားကောင်းနေတာကြောင့် လက်ကျန် တော် တော်နည်းနေပြီလို့ ဆိုပါတယ်။ပြောင်းအသစ်ပေါ်ဖို့ကလည်း၂ လ -၃ လလောက် လိုနေတာကြောင့် ဒီလိုဝယ်အားကောင်းနေရင် တော့ လက်ကျန်ပြတ်သွား နိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ ရေသွင်းပြောင်း တွေလည်း ဈေးကွက်ကို အနည်းငယ်တော့ ၀င်လာနိုင်သေးတယ်လို့ သိရပါတယ်။
ရိုးရာလေး
Read more...
BRT ယာဉ်မောင်း များကို လစာကျပ် လေးသိန်းခွဲဖြင့် ခန့်မည်
0 comments
ရန်ကုန်မြို့ တွင်းပြေးဆွဲမည့် BRT (အမြန် သယ်ယူပို့ဆောင်ရေး စနစ်) တွင် ယာဉ်မောင်း များကို တစ်လလျှင် လစာ ကျပ်လေးသိန်းခွဲဖြင့် ခန့်အပ် သွားမည် ဖြစ်ကြောင်း အဆိုပါယာဉ် လိုင်းပြေးဆွဲမည့် Omni Focus Co.,Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောပါတယ်။
လက်ရှိတွင် အဆိုပါယာဉ် လိုင်းမှ အမေရိကန်ဒေါ်လာခုနစ် မီလီယံခန့်ရင်းနှီးမြှုပ်နှံရန် နိုင်ငံ တော်သမ္မတကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ အဆိုပြု ချက်များ တင်ပြထားကြောင်း သိ ရပါတယ်။
ဦးကျော်သီဟက ''ယာဉ် မောင်းတွေကို တစ်လကို ကျပ်လေး သိန်းခွဲ၊ ယာဉ်အကူ ကိုတော့ ကျပ် ၂၂၅၀၀၀ အထိ သတ်မှတ်ထား တယ်။ နောက်ပြီး စည်းကမ်းနဲ့ပတ် သက်လို့လဲ ဆုကြေး ဒဏ်ကြေးတွေ နဲ့ သတ်မှတ် ထားပါတယ်။ ခန့်အပ် တဲ့နေရာမှာလဲ သတ်မှတ်အရည် အချင်းတွေ ပြည့်မီမှသာ အလုပ် ခန့်သွား မှာပါ''ဟု ပြောပါတယ်။
ယင်းအပြင် အဆိုပါ ကုမ္ပဏီ မှ ဗဟို ထိန်းသိမ်းရေး စနစ်အတွက် ကုန်ကျငွေ ကျပ်သိန်း ၁၅၀ ခန့်၊ ယာဉ်ထိန်း ဌာနအတွက် ကျပ်သိန်း ၁၅ဝခန့်၊ ကွပ်ကဲမှု ဌာနအတွက် ကျပ် ၁၀၈သိန်း၊ သတ်မှတ်လမ်း ကြောင်း ထိန်းသိမ်းစရိတ် အတွက် ကျပ်သန်း ၂၀ဝ ခန့်၊ Station ၃၉ခု အတွက် ဝန်ထမ်းစရိတ် ကျပ် ၁၅၆ သိန်း လစဉ် ကုမ္ပဏီမှ ကုန်ကျမည့် ငွေကြေးများ ဖြစ်ကြောင်းနှင့် ကုမ္ပဏီ၏ ဝင်ငွေခွန် များကိုလည်း ပေးဆောင် ထားပြီး ဖြစ်ကြောင်း ၄င်းက ရှင်းလင်း ပြောပါတယ်။
အဆိုပါ ယာဉ်လိုင်း ယာဉ်အ စီးရေ ၈ဝဖြင့် ပြေးဆွဲရန် စီစဉ်ထား ပြီး ယင်းစနစ် ကျင့်သုံးရန် အသင့် တော်ဆုံး လမ်းကြောင်း လေးကြောင်း ကို နိုင်ငံတော် အစိုးရမှ ချမှတ်ပေး ထားပြီး ယင်းလမ်းကြောင်းလေး ခုထဲမှ တစ်ခုအား ၎င်းကုမ္ပဏီမှ ပြေးဆွဲမည် ဖြစ်ကြောင်း ယင်းက ထပ်မံ ပြောပါတယ်။
ယင်းကုမ္ပဏီ၏ လူမှုဆက် ဆံရေးအရာရှိ ဦးနေဝင်းက ''ယာဉ် စီးခကောက်ခံတဲ့ စမ်းသပ်ကာလ မှာBRT (အမြန် သယ်ယူ ပို့ဆောင် ရေးစနစ်) မှတ်တိုင် တိုင်းမှာကို လက်မှတ် ရောင်းချတဲ့ စနစ်နဲ့ စတင် ကျင့်သုံးမယ်။
ပြီးတော့ ဝန်ဆောင်ခ မပါတဲ့ ကတ်စနစ်ကိုလဲ ဒီစီမံကိန်း စတင်ပြီးချိန်မှာ ကျင့်သုံးဖို့လဲ စီစဉ် ထားတယ်''ဟု ပြောပါတယ်။
BRT (အမြန် သယ်ယူပို့ ဆောင်ရေး စနစ်)အား နိုင်ငံပေါင်း ၃၆ နိုင်ငံ၊ မြို့ကြီးပေါင်း ၁၃၄ မြို့ တွင် အောင်မြင်စွာ ကျင့်သုံး နေပြီး BRT (အမြန် သယ်ယူ ပို့ဆောင် ရေးစနစ်) ကျင့်သုံးသည့် နိုင်ငံများ ရှိသကဲ့သို့ ယင်းစနစ် တစ်ဝက် တစ်ပြက် ကျင့်သုံးသည့် နိုင်ငံများလည်း ရှိကြောင်း၊ မေတ္တာလှိုင်း ယာဉ်မှ ပြေးဆွဲမည့် ယင်းစနစ် ကားများကို ယာဉ်စီးခ အနေဖြင့် ကျပ် ၄၀၀ သတ်မှတ် ထားကြောင်းသိ ရပါတယ်။
၄၃ ခရီးသည် တင်ယာဉ်လိုင်း မှ ယာဉ်မောင်း တစ်ဦးက ''လက်ရှိ မောင်းနေတာ ကတော့ နေ့စဉ်အ ခေါက်ကြေးနဲ့ မောင်းနေတယ်။
ဘယ်နှကြောင်း မောင်းနိုင်မလဲ။ မောင်းနိုင်သလောက် ယာဉ်မောင်း တွေအတွက်ရတယ်။ လစာနဲ့ကျ တော့ မပြောတတ်ဘူး။ ကိုက်ရင် တော့ မောင်းကြမှာပေါ့'' ဟု သုံး သပ်ပြောသည်။
Channel News Myanmae
Read more...
မဲဆောက်က မြန်မာပြည့်တန်ဆာမလေးများရဲ့ ဘ၀အကြောင်း
0 comments
သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကိုသွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီးဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။
စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာအမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘ၀ပျက်ကာ ပြည့်တန်ဆာဘ၀တွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေကြသည့် မြန်မာမိန်းမငယ်များ ထောင်နှင့်ချီရှိသည်။ အများစုမှာ မိသားစု စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စွန့်စားကာအလုပ်အကိုင် လာရောက်ရှာဖွေကြခြင်းဖြစ်၏။ သို့သော် အတွေ့အကြုံမရှိဘဲ နေရာဒေသအသစ်ကို ရောက်ရှိလာသူတို့ ထုံးစံအတိုင်း လူကယ်ရီနှင့် ပွဲစား များကြောင့် ပြည့်တန်ဆာဘ၀သို့ ရောက်ရှိခဲ့ကြရကြောင်း ကာယကံရှင်များက ခေတ်ပြိုင်သို့ ရင်ဖွင့်ပြောကြားသည်။
မြန်မာပိုင် ပြည့်တန်ဆာရုံများပေါ်လာ
သို့သော် လွန်ခဲ့သည့် နှစ် (၂၀) ခန့်က မဲဆောက်ဒေသတွင်း ပြည့်တန်ဆာရုံများ (၃၀) ခန့်ရှိရာ နမ့်ကျိုင်းဖိ၊ ဒါလင်၊ ပတ္တမြား၊ နှုတ်ခမ်းမွှေးရုံ၊ မီးစက်ရုံများ အပါအ၀င် ထိုင်းလူမျိုးပိုင်ရုံများသာရှိပြီးမြန်မာပြည့်တန်ဆာရုံဟူ၍ သီးခြားမရှိဘဲ ထိုင်းပြည့်တန်ဆာများကြားထဲတွင် အရောအနှောသဘောသာရှိခဲ့ကြသည်။ လွန်ခဲ့သည့် (၁၀) နှစ်ကျော်ခန့်က စတင်ကာ မဲဆောက်ဒေသအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများတွင် မြန်မာများသာ အဓိကလုပ်ကိုင်ကြသည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်။
ဒေသခံ ထိုင်းနိုင်ငံသားများသည် အခြားဒေသမှ မိတ်ဆွေများအား မဲဆောက်သို့ အလည်ခေါ်ရာတွင် “မဲဆောက် ကိုရောက်ရင်တော့ မင်းတို့ကို မြန်မာမိန်းကလေးတွေနဲ့ ပြုစုမယ်။ တို့မဲဆောက်ဆိုတာက မြန်မာမိန်းကလေးတွေပေါတဲ့မြို့ဆိုတာ တနိုင်ငံလုံးသိကြတယ်” ဟု ပြောဆိုစမှတ် ပြုကြသည့်အထိ ဖြစ်သည်။
လက်ရှိ မဲဆောက်မြို့လယ်ရှိ ပြည့်တန်ဆာရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် မသဲသဲက “ဒီအလုပ်လုပ်တာ ငွေရလွယ်တယ်လို့ပြောနေကြတယ်။ မလွယ်ပါဘူးရှင်၊ အလုပ်တခါလုပ်ရင် ကျမတို့ရုံမှာ ဘတ် (၃၀၀) ရတယ်၊ တချို့ရုံဆိုရင် ဘတ် (၂၀၀) ပဲရတယ်။ အလုပ်ရှင်က တ၀က်၊ ကိုယ်က တ၀က်ရတယ်။ ကိုယ်ရတဲ့အထဲက စားစရိတ်၊နေစရိတ်၊ မီးဖိုး၊ ရေဖိုး၊ ပုလိပ်ကြေးက အစ အဖြတ်ခံရတယ်။ ကျမတို့ဘ၀လည်း ရရစားစားပါပဲ။ ဖာရုံဆိုတာကတရားဝင်ဖွင့်ခွင့်ရတာ မဟုတ်တော့ ဟိုလူဒီလူ ဖားရတာတွေကလည်းရှိတယ်။ ဒ်ီကြားထဲ အလကားလိုက်ပေးရတာမျိုး လည်း ရှိတယ်။ အပိုင်ရဲတွေဆိုရင် သူတို့ကို ရုံကပိုက်ဆံလည်း ပေးရတယ်။ သူတို့လိုရင် အလကားလည်းလိုက်ပေးရတယ်။ ဒီကရဲနဲ့ ဗမာရဲက စကားသာ မတူကြတာ အကျင့်စရိုက်နဲ့ ရိုက်စားလုပ်တာကတော့ အကုန်တူတယ်” ဟု ပြောသည်။
ဆက်လက်၍ “အိမ်ကိစ္စ အကြောင်းတစုံတရာရှိလို့ မြ၀တီကိုသွားတဲ့အခါမှာ ရဲ၊ လ၀က၊ ပြည်သူ့ စစ်၊ မီးသတ်နဲ့ အခြားတာဝန်ရှိသူတွေဟာ ကျမတို့ဘ၀ကိုသိတော့ အကြောင်းအမျိုးမျိုးရှာပြီး စစ်ဆေးတယ်၊ ရစ်တယ်။ အဲ့ဒါ
သူတို့ရဲ့အလိုဆန္ဒကို ဖြည့်ပေးမှပဲ သွားရေး၊ လာရေး အဆင်ပြေတော့တယ်။ နေ့ခင်းကြောင်တောင် ရဲဂိတ်ထဲမှာ
သူတို့နဲ့ အိပ်ရတာရှိသလို တချို့ဆို တွေ့ကရာမှာရှိတဲ့ အိမ်သာထဲမှာပဲ သူတို့နဲ့ သွားရတဲ့အထိ ကြုံဖူးတယ်။
နောက်ကို ကျမတို့ဆီကလူတွေဟာ မြ၀တီကိုသွားရင် အဖော်(ကွန်ဒုံး) အမြဲဆောင်သွားရတယ်။ ကိုယ့်အန္တရာယ်ကိုလည်း ကာကွယ်ရသေးတယ်။ မဲဆောက်မှာက ပြည့်တန်ဆာမှုနဲ့ တရားစွဲတာမရှိပေမယ့် ဗမာပြည်မှာကတော့ရှိတယ်၊ ထောင်ကျနိုင်တယ်။ မြန်မာအချင်းချင်း ကုတ်သွေးစုပ်ခံရတာက ပိုပြီးဆိုးတယ်”ဟု ပြောသည်။
ရည်ရွယ်ချက်မရှိသူများလည်း ပြည့်တန်ဆာဖြစ်
မြန်မာပြည့်တန်ဆာများ၏ ပြောပြချက်များအရ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရန် အလုပ်လာရှာကြသော်
လည်း အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် ဖြစ်သွားကြရကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်လုပ်ကိုင်
ခြင်း မဟုတ်ကြောင်း ပြောသူများလည်း ရှိသည်။
အသက် (၁၈) နှစ်အရွယ် မနှင်းဆီက “ဒီအလုပ်လုပ်တာ (၂) နှစ်ရှိပြီ။ ပွဲစားက သမီးကို ဘန်ကောက်မှာ အိမ်
ဖော်အလုပ် တလ ဘတ် (၅,၀၀၀) ရမယ်ဆိုပြီး ကျလောက်အောင်ပြော တော့ အိမ်ကလည်း ယုံယုံကြည်ကြည်
နဲ့ ထည့်လိုက်တာပါ။ ဘန်ကောက်မရောက်ဘဲ ဒီဘ၀ကို ရောက်ခဲ့ရတယ်။ ရောက်စမှာ စကားလည်းနားမလည်၊
ဘယ်သူနဲ့မှလည်း အတွေ့မခံဘူး။ သမီးကို ထိုင်းသူဌေးအဖိုးကြီးတယောက်နဲ့ အိပ်ခိုင်းတယ်။ ပွဲစားနဲ့ ခေါင်းက
ဘယ်လောက်ရသလဲတော့ သမီးမသိဘူး။ သမီးတို့အိမ်ကို လူကြုံနဲ့ဗမာငွေ (၃) သိန်း ပို့ပေးတယ်။ အမေက
စာပို့လာတယ်။ ပို့လိုက်တဲ့ငွေရတဲ့အကြောင်း၊ သမီးလိမ်လိမ်မာမာနဲ့ အလုပ်ကြိုးစားဖို့ပြောတယ်။ အမေ့စာဖတ်ပြီးကျမ ရူးမတတ်ဖြစ်ခဲ့တယ်။ အခုတော့လည်း မထူးဇာတ်ပဲ ခင်းလိုက်ရတော့တယ်။ ဒီအလုပ်လုပ်တာ နောက်ပိုင်းမှာ အမေတို့ကော၊ သမီးတို့မြို့ကလူတွေလည်း သိကုန်ပြီ၊ အိမ်ပြန်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ လူကြုံနဲ့တော့ငွေလေး ဘာလေး ပို့နိုင်တာပဲရှိတယ်။ ဘ၀ရှေ့ရေးကတော့ သမီးတို့ရုံမှာ အရင်ကလုပ်ခဲ့ကြတဲ့အစ်မတွေ အဖွဲ့အစည်းက လူတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံခြားကို ရောက်သွားတာတွေ ရှိတယ်။ သူတို့ငွေပြန်ပို့လို့ ဗမာပြည်ကသူတို့မိဘတွေလည်း တိုက်နဲ့တာနဲ့ ဖြစ်ကုန်ပြီ။ သမီးလည်းအဆက်သွယ်ရှာပြီး နိုင်ငံခြားကိုသွားဖို့ စဉ်းစားထားတယ်” ဟု ပြော သည်။
ပြည့်တန်ဆာအလုပ်ဖြင့် မိဘများကို ပြန်လည်ထောက်ပံ့နိုင်သူများ အနည်းငယ်သာ ရှိပြီး အများစုမှာ လက်ရှိ
ဘ၀မှ ရုန်းမထွက်နိုင်ဘဲ ပျော်ရင်းပါးရင်းဖြင့် အချိန်ကုန်သူများလည်း အများအပြားရှိသည်။
သက်မွန်မြင့်နှင့်တူသည်ဟု လူပြောများသည့် မိန်းကလေးက “ညဖက်အလုပ်လုပ်ပြီး နေ့ဘက် တရေးတမော
အိပ်ပြီးရင် မဲဆောက်ဈေးထဲသွားပြီး ဘီယာသောက်၊ စီးကရက်သောက်၊ ထမင်းစား၊ ကာရာအိုကေဆိုပြီး ကိုယ့်
ဘ၀ကို ပျော်အောင် လုပ်ယူရတယ်။ ကျမတို့ လုပ်အားခအပြင်ကို လာလည်တဲ့ဧည့်သည်တွေက တရာမျိုး၊ နှစ်
ရာမျိုး မုန့်ဖိုး ပေးသွားတာတွေရှိတယ်။ အဲ့ဒီအပိုဝင် ငွေတွေနဲ့ စားသောက် ပျော်ပါးရတာပေါ့။ ဒီအလုပ်လုပ်နေ
ရပေမယ့် ကျမတို့လည်း နှလုံးသားနဲ့ပါ၊ အပြင်မှာလည်း ချစ်သူရည်းစားတွေ အသီးသီးရှိကြတယ်။ ညဘက်
အလုပ်လုပ် နေ့ဘက် သူတို့နဲ့အတူ စားသောက်နေထိုင် သွားလာရတာပေါ့။ ကျမတို့ရည်းစားက ကျမတို့ကို
နေ့ပဲပိုင် တယ်၊ ညကိုတော့ ရုံကပိုင်တယ်။ ကိုယ့်ရည်းစားလည်း အခြားလူတွေရဲ့ရည်းစားလို တူတူတန်တန်
ရှိအောင် အိမ်ခန်းငှားပေးရတယ်၊ မော်တော်ဆိုင်ကယ် ၀ယ်ပေးထားရတယ်။ ကိုယ်ကချစ်တော့ သည်လိုမှ
မလုပ်ရင် သူများဆီပါသွားမယ်” ဟု ပြောသည်။
မဲဆောက်ဈေးမှ ကာရာအိုကေဆိုင်ရှင် မြန်မာ အမျိုးသမီးတဦးကမူ “ဒီမိန်းကလေးတွေကို ပိုက်ဆံစုဖို့၊ အိမ်ကိုငွေပို့ဖို့ ကျမတို့လည်း ပြောပါတယ်။ အထိန်းအကွပ်မရှိတဲ့ကြမ်းလို ပရမ်းပတာ ဖြစ်ကုန်ပြီ၊ သူတို့ညဘက် လုပ်လို့ရတာကို နေ့ဘက်မှာ လာဖြုန်းကြတယ်။ သူတို့ ရည်းစားထားတဲ့ သူတွေကလည်း မဲဆောက်မှာ လက်ကြောတင်းအောင် အလုပ်မလုပ်စားချင်တဲ့ ကောင်လေးတွေ က ဒီကလေးမလေးတွေကို ခြူစားနေကြတာ။ သူတို့ရည်းစားတွေကို နာရီ၊ လက်စွပ်၊ ဆွဲကြိုး၊ မော်တော်ဆိုင်ကယ်အပြင် အိမ်ခန်းပါ ငှားပေးတဲ့အထိဖြစ်တယ်။ ယောက်ျားတယောက်ကို မိန်းကလေးနှစ်ယောက်က အပြိုင်လုပြီး ကျမဆိုင်ထဲမှာ ရန်ဖြစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ ပုတ်ကြနဲ့ ခဏခဏ ကြုံရတယ်” ဟု ပြောသည်။
မဲဆောက်ရှိ တည်းခိုခန်းတခုတွင်အလုပ်လုပ်ကိုင်နေသည့် ကိုအောင်က “ခေတ်စနစ်က မကောင်းတော့ ကျနော်တို့ မြန်မာတွေလည်း စာရိတ္တဆိုတာ ဘာလည်းမသိတော့ဘူး၊ အဆိုးအကောင်းလည်း မသိကြတော့ဘူး။ ကျနော်တို့ တည်းခိုခန်းမှာဆိုရင် ဧည့်သည်က မြန်မာမိန်း ကလေးလိုရင် ခေါ်ပေးရတယ်။ လာပို့တဲ့သူက ဆိုင်ကယ်နဲ့လာတယ်၊ လာတာက သုံးယောက်။ ကလေးက (၁) နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ မိဘတွေနဲ့အတူလာတယ်၊ဆိုင်ကယ်မောင်းတာ က အဖေ၊ အမေလုပ်သူက ပြည့်တန်ဆာဆိုတော့ ဧည့်သည်နဲ့ အခန်းတက်နေတဲ့အချိန်မှာအဖေလုပ်တဲ့သူက ကလေးကိုနို့ဘူးတိုက်ပြီး အပြင်ကစောင့်တယ်။ ကလေးအမေ အခန်းတက်ပြီးတာနဲ့ သားအမိ၊သားအဖသုံးယောက် ဆိုင်ကယ်နဲ့အတူတူ ပြန်သွားကြတယ်။ အဲလိုပဲ အမေနဲ့ သမီး ပြည့်တန်ဆာရုံ တရုံထဲမှာအတူတူ အလုပ်လုပ်ကြတာလည်းရှိတယ်။ မဲဆောက်မှာ ကျနော်တို့ မြန်မာတွေရဲ့ အဖြစ်ကတော့ ပြောလို့တောင်ယုံနိုင်စရာမရှိတဲ့ အခြေအနေတွေ ဖြစ်ကုန်ပြီ” ဟု ပြောသည်။
ဆန္ဒအလျောက် ပြည့်တန်ဆာလုပ်သူ များလာ
သို့သော် ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာအလုပ် လာလုပ်ကြသည့် မြန်မာမိန်းကလေး အတော်များများမှာ ကိုယ့်
သဘောနဲ့ကိုယ် ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်ကြသူ များလာသည်။ ယခင်က ပြည့်တန် ဆာ လူသစ်တယောက်ရ
ရန် အခက်ခဲရှိသော်လည်း လွန်ခဲ့သည့် (၁၀) နှစ်ကျော်ခန့်မှစပြီး မဲဆောက်နှင့် ပြည်တွင်းမှပွဲစားများ အချိတ်
အဆက် လုပ်လာကြသည့်အတွက် ယခင်လိုအခြေနေ မျိုး မဟုတ်တော့သည့်အကြောင်းကို ပြည့်တန်ဆာဘ၀မှ
နားပြီး ပြည့်တန်ဆာရုံထောင်ထားသူ မြန်မာအမျိုးသမီးတဦးက ပြောသည်။
သူမက “ကျမ ဒီအလုပ်ကို အသက် (၁၈) နှစ်လောက်က လုပ်လာတာ၊ အခု (၄၀) ကျော်ပြီ။ ကျမတို့ခေတ်က လူသစ်တယောက်ရဖို့ဆိုတာမလွယ်တော့ အလုပ်ရှင်တွေကလည်း နည်းအမျိုးမျိုးသုံးပြီး လူသစ်ရှာဖွေခဲ့ရတယ်။
အခုဆိုရင် မြန်မာပြည်မှာ စားဝတ်နေရေး အကျပ်အတည်းရှိ တော့ ပြည်တွင်းမှာရှိတဲ့ ပွဲစားကနေတဆင့် ကိုယ်
လိုချင်တဲ့ ပုံပန်းသဏ္ဌာန်၊ အရွယ်အစားအမျိုးမျိုး မှာလို့ရတဲ့အထိ ဖြစ်သွားပြီ။ ကျမတို့ရုံက အထက်တန်းလွှာရုံ
မဟုတ်ဘူး၊ ဝေနေယျတွေအတွက်ဖွင့်ထားတော့ သာမန်လက်လုပ်လက်စား အလုပ်သမားတွေအလာများတယ်။
အခန်းတခါ တက်ရင် ဘတ် (၂၀၀) ပဲယူတယ်။ ကျမတို့နဲ့ ကောင်မလေးတွေက တယောက်တ၀က် ယူရတယ်။
သူတို့ကို တလတခါ ငွေရှင်းပေးရတယ်။ တချို့ ကြိုထုတ်တဲ့လူလည်း ရှိတယ်။ ငွေရှင်းတဲ့ အချိန်ကျရင် အိမ်လခ
နဲ့ ပုလိပ်ကြေး တယောက် (၁,၀၀၀) နုတ်တယ်။ သူတို့ကို ထမင်းပေးတယ်၊ ဟင်းဖိုး (၁) နေ့ (၂၀) ပေးတယ်။
မဲဆောက်မှာ တနိုင်တပိုင်အိမ်ရုံအပါဝင် လက်ရှိဖာရုံ (၂၀) လောက်ရှိတယ်။ ရုံတိုင်း ပုလိပ်ကို လစဉ်ကြေးပေးရ
တယ်။ တလ (၈,၀၀၀) ကနေ (၁၀,၀၀၀) ကြားရှိတယ်။ လိုင်းကြေးပေးထားတော့ အဖမ်းအဆီးရှိရင် ကြိုရှောင်
လို့ရတယ်။ ဘန်ကောက်ကလာတဲ့ အထူးအဖွဲ့တို့၊ စီမံချက်အဖွဲ့စုံတို့ကျတော့သူတို့လည်းဘာမှလုပ်ပေးလို့မရဘူး။
မနှစ်က ကျမတို့ရုံကို ၀င်ဖမ်းတော့ ကျမယောက်ျားကို ဖာရုံထောင်မှုနဲ့ ရုံးတင်တာ ထောင် (၂) နှစ်နဲ့ (၇) လကျသွားတယ်” ဟု ပြောသည်။
ယခင်က ပြည့်တန်ဆာလုပ်ငန်းကို ဒေသခံလူမျိုးများက ဦးစီးလုပ်ကိုင်ကြရာမှ ယခုအခါ မြန်မာများ ကိုယ့်နည်း
ကိုယ့်ဟန်ဖြင့် နားလည်မှုယူကာ “အိမ်ဘိ” ဟုခေါ်သည့် (ပြည့်တန်ဆာ) အိမ်ရုံများထောင်ပြီး ကိုယ့်အဆက်
သွယ်နှင့်ကိုယ် လုပ်စားကြသည်ဟု လက်ရှိ မဲဆောက် ပြည့်တန်ဆာရုံတခုမှ ခေါင်းတဦးဖြစ်သူ ကိုအာနိုးက
ရှင်းပြသည်။
ကိုအာနိုးက “ကိုယ့်မြန်မာတွေအချင်းချင်း အိမ်ရုံထောင်ပြီး လုပ်စားကြတော့ ပိုပြီး တွက်ခြေကိုက် တယ်။ ဟန်ပြ
အနေနဲ့ အိမ်ရှေ့မှာ ဈေးဆိုင်လေး ဖွင့်ထားမယ်၊ စက်ချုပ်ဆိုင်ဖွင့်ထားမယ်။ ဟိုတယ်တို့၊ တည်းခိုခန်းတို့၊ အပြင်
အော်ဒါတို့ သွားဖို့ကြတော့ ဆိုင်ကယ်နဲ့လိုက်ပို့ပေးရတယ်။ တချို့ မိန်းကလေးတွေက မိသားစုရှိတော့ အော်ဒါ
လာတဲ့အချိန်မှာ ဖုန်းနဲ့ပဲ အဆက်သွယ်လုပ်ရ တယ်” ဟု ပြောသည်။
ညိုညိုဟု အမည်ရှိသည့် အသက် (၂၅) နှစ်ဝန်းကျင် မိန်းကလေးကလည်း သူမအလုပ်နှင့် ပတ်သက်၍ ရယ်
ရယ်မောမောဖြင့် ယခုကဲ့သို့ ရှင်းပြသည်။
“ဧည့်သည်ခေါ်လို့ ဟိုတယ်ကိုသွားရင် ကျမယောက်ျားက မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ အလုပ်သွားရင်
တခါတလေ ကလေးပါခေါ်သွားရတယ်။ ကျမသားလေးက (၁) နှစ်ခွဲပဲရှိသေး တယ်။ ကျမဧည့်သည်နဲ့ အခန်း
တက်ရင် ကျမယောက်ျားက ကလေးကိုနို့ဘူးတိုက်ရင်း အပြင်က စောင့်တယ်။ လူတွေက ကျမတို့လိုလူတွေကို
အပြစ်ပြောချင်ကြတယ်။ ကျမက ခန္ဓာကိုယ်ကိုပဲ ရောင်းတာပါ၊ ကျမမေတ္တာနဲ့ နှလုံးသားကတော့ လင်နဲ့ကလေး
ပေါ်မှာ အပြည့်အ၀ရှိပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်ကို ထမင်းကျွေးတာမှမဟုတ်ဘဲ။ ကျမတို့
လို မြန်မာမိသား စု မဲဆောက်တခွင်မှာ ရာနဲ့ချီရှိပါတယ်။ ကျမယောက်ျား ပန်းရန်လုပ်ရင် တနေ့ (၁၀၀) ထက်ပို
မရဘူး၊ မိဘဆွေမျိုးသားချင်းတွေကို ကူညီဖို့မပြောနဲ့၊ ကိုယ်တောင် ထမင်းနပ်မှန်ဖို့ မလွယ်ဘူး။ အဲ့ဒီတော့
ယောက်ျားက ကလေးထိန်း၊ အကြိုအပို့လုပ်ပေါ့။ အော်ဒါတခါ သွားရင် (၅၀၀) ရတယ်၊ (၁) နာရီတောင်မကြာ
ဘူး၊ ညအိပ်ရင် (၁,၅၀၀) ရတယ်။ ဗမာပြည်က မိသားစုတွေကို မျက်နှာမ ငယ်အောင် အိမ်နဲ့ယာနဲ့ဖြစ်အောင်
ကူညီနိုင်ခဲ့တယ်။ ကျမတို့လို အိမ်ထောင်သည်တွေ ဒီအလုပ် လုပ်စားတာ မဲဆောက်မှာ ရာနဲ့ချီရှိတယ်။ ဒီအလုပ်
က မိုးရွာတုန်း ရေခံရတာ၊ အရွယ်ရလာရင် ဘယ်သူမှ ကိုယ့်ကိုသုံးတော့မှာ မဟုတ်ဘူး။ အဓိကကတော့ လင်
မယားချင်း နားလည်မှု ရှိဖို့ပဲလိုတယ်” ဟု ပြောသည်။
ပန်းဦးဈေးကွက်
ပန်းဦးရောင်းရာမှ ပြည့်တန်ဆာလောကတွင် ကျင်လည်ခဲ့ရသူ အသက် (၁၉) နှစ်အရွယ် မနွေးနွေးက သူ့အဖြစ်
ကို ပြန်ပြောင်း ပြောဆိုရာမှာ “သမီးကျောင်း (၅) တန်းထိနေခဲ့ဖူးတယ်၊ မော်လမြိုင်ကပါ။ ဟိုမှာသမီးတို့မောင်နှမ(၄) ယောက်ရှိတယ်။ သမီးကအကြီးဆုံး၊ အမေက သင်္ဘောဆိပ်မှာ အကြော်ရောင်းတယ်။ ဈေးထဲမှာ နေ့ပြန်တိုးယူပြီး အရင်းအနှီးလုပ်ရတယ်။ အဖေက လေဖြတ်ထားတယ်၊ လမ်းမလျှောက်နိုင်ဘူး။ အမေ့လုပ်စာနဲ့ မိသားစုဘ၀ ဘယ်လိုမှရပ်တည်လို့မရဘူး။ နေ့စားလုပ်ရင် (၁,၅၀၀) ကျပ်ထက်ပိုမရဘူး၊ ဆန် (၁) ပြည်က (၁,၀၀၀)ကျော်တယ်။ ကျမတို့အိမ်မှာ မနက်(၁) ပြည်၊ ည(၁) ပြည်ချက်ရတယ်။ နောက်ဆုံး အမေနဲ့သမီး မဲဆောက်မှာ၏အလုပ်လာရှာတယ်။ ကြက်သွန်ခွာတယ်၊ ပန်းရန်လုပ်တယ်၊ အလုပ်က အဆင်မပြေတဲ့ကြားထဲ ပုလိပ်က ခဏခဏဖမ်းတော့ နောက်ဆုံးမှာ သမီးတို့နယ်ကပဲ ခေါင်းလုပ် တဲ့လူနဲ့ ဆက်မိတယ်။ အမေက ကျမကို မိသားစု အတွက် ကျမကိုရောင်းဖို့ပြောတော့ လက်ခံ လိုက်တယ်။ ဘတ် (၁၅,၀၀၀) နဲ့ ဈေးတည့်သွားတယ်။ ခေါင်းနဲ့
တ၀က်စီရတယ်။ သမီးနဲ့ အိပ်တဲ့ ထိုင်းသူဌေးက သနားလို့ဆိုပြီး မုန့်ဖိုး ဘတ် (၃,၀၀၀) ပေးတယ်။ ရတဲ့ငွေ
တွေကို အမေ့ကိုပေးပြီး အိမ်ပြန်ခိုင်းလိုက်တယ်။ ကိုယ့်အောက်က လူတွေက ကျောင်းနေတော့ အိမ်ကို လစဉ်
ပိုက်ဆံပို့ ပေးရတယ်။ ပါကင်ဖောက်တဲ့ကိစ္စက ဒီလိုရှိပါတယ်။ ပထမတကြိမ် ဖောက်ရင် (၁၅,၀၀၀)၊ ဒုတိယ
အကြိမ်မှာ (၈,၀၀၀)၊ တတိယအကြိမ်မှာ (၃၀၀၀) လောက်ရတယ်။ သုံးကြိမ်စလုံး သမီးကို လုပ်တဲ့ အဖိုးကြီး
တွေ ကွန်ဒုံးမသုံးကြဘူး။ နောက်မှ ပြန်စဉ်းစားပြီး တော်တော် ကြောက်သွား တယ်။ မဲဆောက်ဆေးရုံကြီးမှာ
ဆေးစစ်တော့ ဒီနေ့ထိ ဘာရောဂါမှတော့ မရှိသေးဘူး” ဟု ပြောသည်။
မြန်မာပြည့်တန်ဆာကျန်းမာရေး
မဲဆောက်မြို့ရှိ ပြည့်တန်ဆာများနှင့် ပတ်သက်၍ ပြည့်တန်ဆာများသည် မဲဆောက်ဆေး ရုံကြီးတွင် (၃) လ
တကြိမ် သွေးစစ်ကြရပြီး (၁) ပတ်တခါ သားအိမ်စစ်ဆေးမှု ခံယူရသည်ဟု မဲဆောက်ဆေးရုံကြီးမှ အထက်တန်း
သူနာပြုတဦးက ပြောကြားသည်။ ဆေးရုံကြီးနှင့်ပြည့်တန် ဆာရုံများ အမြဲတမ်းအဆက်အသွယ်ရှိကြောင်း၊ လိင်မှုဆိုင်ရာ ရောဂါများကူးစက်မှုမဖြစ်ရအောင် ပညာပေးအစီစဉ်များကို ဆေးရုံကြီးနှင့် အစိုးရမဟုတ်သော အဖွဲ့အချို့မှ အကူညီပေး လုပ်ဆောင် လျက်ရှိကြောင်း ရှင်းပြသည်။
ဆေးစစ်မှုနှင့် ပတ်သက်၍ သွယ်သွယ်အမည်ရှိ မိန်းကလေးက “ဆေးပုံမှန်စစ်ရတာကတော့ ကိုယ့်အတွက်ပဲ။
ဆေးလာမစစ်တဲ့လူကို ဆေးရုံက သူဌေးမဆီ ဖုန်းနဲ့ဆက်ပြီးတိုင်ပြီဆိုရင် အတိုင်ခံရတဲ့လူကို ငွေရှင်းတဲ့ရက်မှာ
ဒဏ်ငွေ (၅၀၀) ဖြတ်တယ်။ ရောဂါဖြစ်ပြီး သေတဲ့လူတွေ ရှိတော့ရှိတယ်။ ကြာကြာမှတခါ ဖြစ်တာပါ။ ဧည့်သည်
တွေကို ကွန်ဒုံးစွပ်ခိုင်းဖို့၊ ကွန်ဒုံးမပါဘဲ မလုပ်ကြဖို့ သတိတော့ထားရတယ်။ ဖာကျိုးရင် ဆေးထိုးလို့ရပေမယ့်
အေအိုင်ဒီအက်စ် ဖြစ်ရင်တော့ ဘ၀ဆုံးပြီ။ တချို့ဧည့်သည်တွေက မူးမူးရူးရူးနဲ့ အစွပ်ကိုမသုံးချင်ဘူး၊ တချို့ကျ
တော့လည်း လုပ်ရင်းတန်းလန်းနဲ့အစွပ်ကိုခိုးဖြုတ်တာလည်းရှိတယ်။အန္တရယ်များတော့ချော့မော့ပြီးပြောရတယ်။
ပြောလို့မရတဲ့အဆုံး ကိုယ်ပဲ အမျိုးသမီးကွန်ဒုံး သုံးရတယ်။ ဘန်ကောက်မှာ အလုပ်ရမယ်၊ လစာကောင်းတယ်၊ ငွေလည်းကြိုယူလို့ရတယ်ဆိုပြီး ပွဲစားက အိမ်ကို မြန်မာငွေ (၂) သိန်းပေးခဲ့တယ်။ ဒီရောက်မှပဲ ဒီဘ၀ရောက်ခဲ့
ဋ္ဌရတာပါ။ အယုံမလွယ်ကြဖို့ ဗမာပြည်က လူတွေကို သိစေချင်တယ်” ဟု ပြောသည်။
ရန်ကုန်သူ ဖြူဖြူကလည်း “သမီးက ဒီအလုပ်ကို ရန်ကုန်မှာကတည်းက လုပ်တာပါ။ မဲဆောက်မှာက လိမ္မာရင်
ငွေစုပြီး အိမ်ကိုငွေပို့နိုင်သေးတယ်။ ရန်ကုန်မှာက ပြည့်တန်ဆာလုပ်တဲ့ လူများပြီး ပျော်ပါးနိုင်တဲ့ လူတွေကနည်း
တော့ တွက်ခြေမကိုက်ဘူး။ ဒါကြောင့် မဲဆောက်ကို လာတာပါ။ ရန်ကုန်မှာက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရဲ၊ မီး
သတ်တွေက အလကားခေါ်တာကများတော့ ဒီဘက်ထွက်လာတာက ပိုကောင်းတယ်ဆိုပြီး မဲဆောက်ကို အရင်
ရောက်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆက်အသွယ်နဲ့ရောက်လာတာပါ။ ဒီမှာက ပုလိပ်ကြေးလောက်ပဲပေးရတယ်။
ဒါကို ကျမတို့ နားလည်ပါတယ်။ ဖာသည်နဲ့ရဲဆိုတာက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ” ဟု ပြောသည်။
အလုပ်သမား မြန်မာပြည့်တန်ဆာများလည်းရှိ
အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် မဲဆောက်ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမများလည်း ပြည့်တန်ဆာလောကအတွင်း ရောက်ရှိမှုများရှိသည်။ ပြည်တွင်းရှိမိဘများမှာ အလုပ်အကိုင်နှင့် စားဝတ်နေရေးပြဿနာများအပြင် တရားမ၀င် ထီလောင်းကစားမှုများကြောင့် အိုးပျောက်၊ အိမ်ပျောက်ဖြစ်ကာ ပို့သမျှငွေ အလျဉ်မမီဖြစ်ပြီးငွေနောက် လိုက်ရင်းဖြင့် ပြည့်တန်ဆာဖြစ်သွား သူများလည်းအများအပြားရှိသည်ဟု အိမ်ရုံတွင် လုပ်ကိုင်နေသူတဦးကလည်း ပြောသည်။
မဲဆောက်ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်စားပွဲထိုးများတွင် မြန်မာ မိန်းကလေးများ
အများစု လုပ်ကိုင်နေကြသည့် အကြောင်းကို စားပွဲထိုးမြန်မာအမျိုးသမီး မနွဲ့က “တချို့ကျတော့လည်း ရောက်
ခါစမှာ ရှက်တော့ ရိုးရိုးစားပွဲထိုးပဲလုပ်တယ်။ အိမ်က ခဏခဏ ပိုက်ဆံမှာတာလည်းပါတယ်၊ ကိုယ်ကလည်း
မဲဆောက်မှာ မော်တော်ဆိုင်ကယ် နဲ့ အိမ်နဲ့နေချင်တာလည်းပါတယ်။ ကိုယ့်အချင်းချင်း အရင်ရောက်တဲ့သူတွေ
ကလည်း စည်းရုံး တော့၊ ဆိုင်ပိတ်ချိန် မနက် (၂) နာရီဆိုရင် ဧည့်သည်တွေနဲ့ လိုက်အိပ်တော့ တခေါက်ကို
(၁,၀၀၀) လောက်ရတယ်။ ဆိုင်မှာရတဲ့လခက (၁) လ သုံးလေးထောင်ထက် မပိုဘူး။ ဒီလိုပဲ အတုမြင်အတတ်
သင်ရာကနေ ဖြစ်သွားကြတာပါ။ အနှိပ်သည်လောကမှာလည်း ငွေရလွယ်တော့ ဗမာပြည်ကလာတဲ့ မိန်းကလေးတွေ တနေ့ထက်တနေ့ ပိုပိုများလာတယ်။ အနှိပ်သည်တွေကျ တော့ တခါနှိပ်ရင် (၂) နာရီကို ဘတ် (၂၄၀)ကိုယ်က (၁၀၀) ပဲရတယ်၊ ကျန်တာက အလုပ်ရှင် ယူတယ်။ နေထိုင်စားသောက်ရေးကိုတော့ သူတို့တာဝန်ယူတယ်။ အဲဒီကနေ အစပြုပြီး နောက် ဆုံး ကိုယ့်ကိုယ်ကို ရောင်းစားတဲ့ဘ၀ကို ရောက်သွားတာတွေ အများကြီးရှိတယ်”ဟု ပြောသည်။
ဘွဲ့ရများ၊ ကျောင်းဆရာမများပါ ပြည့်တန်ဆာဖြစ်
မြန်မာပြည့်တန်ဆာလောကတွင် ဘွဲ့ရကျောင်းသူများ၊ ပြည်တွင်းတွင် ကျောင်းဆရာမဖြစ်ခဲ့သူများ၊ သူနာပြုဖြစ်ခဲ့သူများ၊ ဆယ်တန်းအောင်သည့် မိန်းကလေးများမှာ ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ် သည့် ရနောင်း၊ မဲဆောက်၊မယ်ဆိုင်ဒေသများနှင့် ဘန်ကောက်တွင် အများအပြားလုပ်ကိုင်လျက် ရှိသည်ကို မိစန်းဟု အမည်ခံယူထားသည့်မဲဆောက်ရောက် အထက်တန်းပြဆရာမ တဦးက လည်း ရင်ဖွင့်ပြောကြားသည်။
သူမက “ဒီအလုပ်ကို ဘယ်သူမှမလုပ်ချင်ပါဘူး။ မြန်မာပြည်မှာ ဘွဲ့ရပြီးလုပ်စရာ အလုပ်မရှိဘူး။ ရှိပြန်တော့လည်းဝန်ထမ်းလစာနဲ့ ကုန်ဈေးနှုန်းက ဘယ်လိုမှဆက်စပ်လို့ မရဘူး။
လက်ရှိမြန်မာပြည်အခြေနေနဲ့ဆိုရင် လူမွှေးပြောင်ဖို့ မလွယ်ဘူး။ စကားကြီး စကားကျယ် ပြောတယ်လို့ တော့ မထင်ပါနဲ့၊ ကျမတို့က စနစ်ဆိုးကြီးရဲ့ သားကောင်တွေပါ။
ဘွဲ့ရ ကျောင်းဆရာမတောင် လူမွှေးမပြောင်ဘူးဆိုတော့ သာမန်လူဆိုရင် ပိုဆိုးပြီပေါ့။ ကျောင်းဆရာမ
ဖြစ်ပြီး ဖာသည် လုပ်ရကောင်းလားဆိုပြီး ကျမကိုအပြစ်ပြောတဲ့လူလည်း ရှိပါတယ်။ ကျမ သူတို့ကို နားလည်
ပေးလိုက်ပါတယ်။ ဂျင်မလေးဂျမ်းသီချင်းထဲကလိုပေါ့၊ ဂျင်ဆိုတာ သူ့ဖာသာသူ မလည်တတ်ပါဘူး။ လည်အောင်
ဖန်တီးပေးတဲ့ အဓိကတရားခံ မရှိတော့တဲ့ အချိန်ကျရင် ဂျင်မလေးတွေ ကံကောင်းလာမှာပါ” ဟုပြောသည်။
(ဤသတင်းဆောင်းပါးပါ ကာယကံရှင်များ၏အမည်ရင်းများကို လွှဲပြောင်းထားသည်)
ရဲရင့်မြင့်မောင် By ခေတ်ပြိုင်ဂျာနယ်
Read more...
မန်စီမြို့နယ်၊ ကောင်လွင်ရွာမှ ရှမ်းအမျိုးသမီးငယ်တစ်ဦး KIA ၏ အဓမ္မ ရိုက်နှက် အနိုင်ကျင့်ခြင်း ခံရ
0 comments
ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ ကောင်လွင်ရွာမှ ရှမ်းအမျိုးသမီးငယ်တစ်ဦးဖြစ်သော အေအေ(ခ)မချောစု အသက်(၁၅)နှစ်၊ ဦးမောင်သိန်း+ဒေါ်အေးကြည်တို့၏ သမီးအငယ်ဖြစ်သူသည် (၁၈.၈.၂၀၁၃) တနင်္ဂနွေနေ့ ည(၈)နာရီအချိန် သူမတို့၏ မိသားစုပိုင် စားသောက်ဆိုင်မှာ နမ့်ဟန်မှလာသာ KIA စစ်သား (၃)ယောက်၏ အဓမ္မ ရိုက်နှက် အနိုင်ကျင့်ခြင်းကို ခံခဲ့ရပါတယ်။
နမ့်ဟန်မှ လာသော ၄င်း KIA စစ်သား(၃)ယောက်သည် “ဆိုင်ကယ်ထားချင်တယ် ဆိုသောကြောင့် မချောစုမှ သူစိမ်းဖြစ်သော သူများ၏ ဆိုင်ကယ်ထားခြင်းကို လက်မခံနိုင်ပါဘူးလို့ ပြောခဲ့ရာမှ KIA စစ်သား (၃) ဦးအနက်မှ တစ်ဦးသည် အဓမ္မ ရိုက်နှက် အနိုင်ကျင့်ခဲ့တယ်လို့ သိရပါတယ်။ ထိုသို့ မချောစုအား KIA စစ်သား တစ်ယောက်မှ ရိုက်နှက်နေစဉ် ကျန်တဲ့ နှစ်ယောက်က လက်ပိုက် ရပ်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။
မချောအိသည် (၁၉.၈.၂၀၁၃)ရက်နေ့က ဗန်မော်ဆေးရုံသို့ တက်ရောက်ကုသခဲ့ရပြီး ယခုအချိန်မှာ သက်သာမှု ရရှိနေပြီဖြစ်ပါသည်။ အခုလို မချောစုအား ရိုက်နှက် အနိုင်ကျင့်ခဲ့သော အမှုကို KIA အထက်လူကြီးများကို မတိုင်ကြားရန်နှင့် မူးယစ်ရမ်းကားသူများမှ ရိုက်နှက် အနိုင်ကျင့်ခဲ့တယ်လို့ သတင်းလွှင့်ထားပါတယ်။
ရှမ်းအမျိုးသမီးငယ် မချောစုအား ရိုက်နှက် အနိုင်ကျင့်ခဲ့ခြင်းနှင့် ပက်သက်၍ ၄င်း၏ မိသားစု၊ ဆွေးမျိုးသားချင်းများမှ မကျေနပ်သော်လည်း ကြောက်နေရတယ် ဘာမှ မလုပ်ရဲကြဘူးလို့လည်း ဆိုပါတယ်။ အခုလို အနိုင်ကျင့် ခံရတာကို ကောင်လွင် KIA စစ်သားများမှလည်း ဘာမှ မလုပ်ကြဘူး၊ နောက်ပြီး နမ့်ဟန်မှ KIA စစ်သားများသည် ကောင်လွင် KIA တပ်စခန်းသို့ အ၀င်အထွက်ရှိတာကြောင့် ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာ အချင်းချင်းဖြစ်သော ကောင်လွင် KIA စစ်သားများမှ ကောင်းကောင်းသိနိုင်ပါတယ်လို့လည်း ပြောပြပါတယ်။
နမ့်ဟန်မှ (၅)မိုင်ခန့်ဝေးသော ကောင်လွင်ရွာတွင် အိမ်ခြေ(၅၀၀)ခန့် ရှိပြီး ရှမ်း၊ ဗမာ မျိုးနွယ်စုများ အများစု နေထိုင်သော ရွာဖြစ်ပြီး KIA တပ်သား (၂၀) လောက် တပ်စွဲထားတယ်လို့ သိရပါတယ်။ KIA စစ်ကြောင်းဝင်လာရင်တော့ အင်အား (၂၀၀)လောက် ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ နမ့်ဟန်နှင့် ကောင်လွင်ရွာဒေသတွေမှာ အရင်က တပ်မတော် စစ်သားတွေ ရှိပေမဲ့ KIA,KIO နှင့် တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်မှ ဆုပ်ခွာသွားတာကြောင့် KIA တပ်စခန်းတွေ ၀င်ရောက်လာတာလည်း ဖြစ်ပါတယ်။
၎င်း နမ့်ဟန်နှင့် ကောင်လွင်ရွာမှာ ထုံးစံအတိုင်း အဓမ္မ စစ်သား ဖမ်းဆီးခေါ်ဆောင်တာနှင့် စက်ကြေးတောင်းတာတွေကို ခံနေကြရပေမဲ့ ဘယ်သူမှ ထုတ်ဖေါ်မပြောရဲကြဘူးလို့ သိရပါတယ်။
Read more...
လိပ်ခေါင်းရှိသူများ အလွယ်ကုသနည်း ရှစ်သွယ်
0 comments
Photo: လိပ်ခေါင်းရှိသူများ အလွယ်ကုသနည်း ရှစ်သွယ် 
Saturday, August 24, 2013
လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစား နေရပါသလား။ လိပ်ခေါင်း ဝေဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။
၁) ရေကုထုံးသုံးပါ
ရေဟာ ရောင်ရမ်းနာကျင်ကာ ယားယံနေတဲ့ လိပ်ခေါင်းကို သက်သာ စေနိုင်ပါတယ်။ ဒါကြောင့် စအိုတစ်ဝိုက်ကို အေးမြတဲ့ အဝတ်စတစ်စ ကပ်တာ ဒါမှမဟုတ် ၁၀ မိနစ်လောက် ကြက်သီးနွေးရေထဲ စိမ်ပေးတာကို လုပ်ပေးပါ။ လိပ်ခေါင်းရှိသူ အများစုဟာ အိမ်သာသုံးစက္ကူ အစား စိုစွတ်တဲ့ အိမ်သာသုံး တစ်သျှူးနဲ့ ညင်ညင်သာသာ သုတ်ပေးတာကြောင့် လိပ်ခေါင်း သက်သာတာကို တွေ့ရှိရပါတယ်။
၂) မိမိဘာသာ အလွယ်တကူ ဝယ်နိုင်သောဆေးများ သုံးပါ
မိမိဘာသာ အလွယ်တကူ ဝယ်နိုင်တဲ့ လိပ်ခေါင်း ပျောက်ဆေးတွေဟာ လိပ်ခေါင်း ဝေဒနာတွေကို ယာယီနဲ့ အမြန် သက်သာ စေပါတယ်။ ခရင်မ်၊ ဂျဲလ်၊ ဟိုက်ဒရိုကော်တီဇုန်း ပါတဲ့ လိပ်ခေါင်းကု လိမ်းဆေးစတာတွေက လိပ်ခေါင်းကို သက်သာ စေနိုင်ပါတယ်။ လိပ်ခေါင်းက နာကျင်ကာ ရောင်ရမ်းနေရင် ပါရာစီတမော၊ အက်စပရင်နဲ့ အိုင်ဗျူ ပရိုဖင်တို့ပါတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို မှီဝဲပေးဖို့ လိုပါတယ်။
၃) အမျှင်ဓာတ် များများစားပါ
အမျှင်ဓာတ်ဟာ ဝမ်းမှန်မှန် သွားစေပြီး အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေက လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပြီး ဝမ်းပျော့ပျော့ သွားစေကာ ဝမ်းကို အလွယ်တကူ သွားစေနိုင်ပါတယ်။ အမျှင်ဓာတ် များများပါဝင်တဲ့ အစားအစာတွေက သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဖွဲနု၊ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ညို၊ ကွေကာ စတာတွေကို များများ စားပေးပါ။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေကို စားတာက အူမကြီး ကင်ဆာ၊ နှလုံးရောဂါနဲ့ အဝလွန်တာတွေလို ပြင်းထန် တဲ့ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။
၎) အစားအသောက်မှ အမျှင်ဓာတ်မရလျှင် အမျှင်ဓာတ် ဖြည့်စွက်ဆေး မှီဝဲပါ
လူအများစုဟာ အစားအသောက်မှ အမျှင်ဓာတ် အလုံအလောက်ရဖို့ ခက်ခဲ တတ်ပါတယ်။ ဒါဆိုရင် အမျှင်ဓာတ် ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ ဒါမှ ဝမ်းပျော့ပျော့သွားမှာ ဖြစ်ပြီး လိပ်ခေါင်း ဖြစ်နိုင်ခြေနဲ့ လိပ်ခေါင်းရှိနေသူတွေမှာ နာကျင်မှုကို လျော့ကျ စေနိုင်ပါတယ်။
၅) ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ
ရေကို များများသောက်တာဟာ ဝမ်းပျော့ပျော့ သွားစေပြီး လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပါတယ်။ ရေအလုံအလောက် သောက်တာက လိပ်ခေါင်းမဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ပူတဲ့နေ့တွေနဲ့ လေ့ကျင့်ခန်း လုပ်ချိန်တွေမှာ တစ်နေ့ ရေရှစ်ခွက်လောက် သောက်ပေးပါ။ ဒါ့အပြင် အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ကို လျှော့သောက်ပါ။ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို အားပေးစေပြီး ဝမ်းကို မာကျောစေကာ လိပ်ခေါင်းကြောင့် နာကျင်မှုကို တိုးစေနိုင်ပါတယ်။
၆) လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်ပါ
လေ့ကျင့်ခန်းဟာ လိပ်ခေါင်း မဖြစ်အောင် ကာကွယ်ရေးနဲ့ ကုသရေးမှာ အရေးပါတဲ့ အချက်ပါပဲ။ နေ့စဉ်ဘဝမှာ အထိုင်များရင် တစ်နာရီကြာတိုင်း မတ်တပ်ရပ်ပြီး လမ်းလျှောက်ကာ လှုပ်ရှားမှုတွေကို လုပ်သင့်ပါတယ်။ အိမ်သာသွားရင် ကြာကြာထိုင်တာ၊ အလေးအပင် မတာတွေကို ရှောင်သင့်ပါတယ်။
၇) ဝမ်းသွားချင်စိတ်ကို အလေးထားပါ
မိသားစုတိုင်း အတွက် နံနက်ခင်း အချိန်က အလုပ်များလှ ပါတယ်။ အိမ်သာသွားဖို့ အချိန် မပေးနိုင်တာကြောင့် ဝမ်းသွား ချင်စိတ်ကို လျစ်လျူရှုမိရာက ဝမ်းချုပ်ကာ လိပ်ခေါင်း ဖြစ်သူတွေ များလှပါတယ်။ ဒါကြောင့် ဝမ်းသွားချင်စိတ် ပေါ်တိုင်း အချိန်ပေးပြီး အိမ်သာ တက်ပေးဖို့ လိုပါတယ်။ ဝမ်းချုပ်တာကြောင့် ဝမ်းသွားချိန် ကြာတာကလည်း လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။
၈) ကိုယ်ဝန်ဆောင်ချိန်တွင် အထူးဂရုစိုက်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်း အဖြစ် များပါတယ်။ ဒါကြောင့် ကိုယ်ဝန် ဆောင်ချိန်မှာ စအို နာကျင်တာနဲ့ ယားယံတာလို ဝေဒနာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြပါ။ ကိုယ်ဝန် ဆောင်ချိန်မှာ အိပ်စက်စဉ်၊ အနားယူစဉ် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လဲလျောင်းတာကြောင့် သွေးပြန် ကြောတွေ အပေါ် ဖိအား သက်ရောက်မှု လျော့ကျ စေပါတယ်။ ဒါကြောင့် လိပ်ခေါင်းကို သက်သာ စေပါတယ်။
ဇွန်ခိုင်ဦး
(ဆေးဝါးတက္ကသိုလ်)
မြ၀တီ
လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစား နေရပါသလား။ လိပ်ခေါင်း ဝေ ဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။
၁) ရေကုထုံးသုံးပါ
ရေဟာ ရောင်ရမ်းနာကျင်ကာ ယားယံနေတဲ့ လိပ်ခေါင်းကို သက်သာ စေနိုင်ပါတယ်။ ဒါကြောင့် စအိုတစ်ဝိုက်ကို အေးမြတဲ့ အဝတ်စတစ်စ ကပ်တာ ဒါမှမဟုတ် ၁၀ မိနစ်လောက် ကြက်သီးနွေးရေထဲ စိမ်ပေးတာကို လုပ်ပေးပါ။ လိပ်ခေါင်းရှိသူ အများစုဟာ အိမ်သာသုံးစက္ကူ အစား စိုစွတ်တဲ့ အိမ်သာသုံး တစ်သျှူးနဲ့ ညင်ညင်သာသာ သုတ်ပေးတာကြောင့် လိပ်ခေါင်း သက်သာတာကို တွေ့ရှိရပါတယ်။
၂) မိမိဘာသာ အလွယ်တကူ ဝယ်နိုင်သောဆေးများ သုံးပါ
မိမိဘာသာ အလွယ်တကူ ဝယ်နိုင်တဲ့ လိပ်ခေါင်း ပျောက်ဆေးတွေဟာ လိပ်ခေါင်း ဝေဒနာတွေကို ယာယီနဲ့ အမြန် သက်သာ စေပါတယ်။ ခရင်မ်၊ ဂျဲလ်၊ ဟိုက်ဒရိုကော်တီဇုန်း ပါတဲ့ လိပ်ခေါင်းကု လိမ်းဆေးစတာတွေက လိပ်ခေါင်းကို သက်သာ စေနိုင်ပါတယ်။ လိပ်ခေါင်းက နာကျင်ကာ ရောင်ရမ်းနေ ရင် ပါရာစီတမော၊ အက်စပရင်နဲ့ အိုင်ဗျူ ပရိုဖင်တို့ပါတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို မှီဝဲပေးဖို့ လိုပါတယ်။
၃) အမျှင်ဓာတ် များများစားပါ
အမျှင်ဓာတ်ဟာ ဝမ်းမှန်မှန် သွားစေပြီး အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေက လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပြီး ဝမ်းပျော့ပျော့ သွားစေကာ ဝမ်းကို အလွယ်တကူ သွားစေနိုင်ပါတယ်။ အမျှင်ဓာတ် များများပါဝင်တဲ့ အစားအစာတွေက သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဖွဲနု၊ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ညို၊ ကွေကာ စတာတွေကို များများ စားပေးပါ။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေကို စားတာက အူမကြီး ကင်ဆာ၊ နှလုံးရောဂါနဲ့ အဝလွန်တာတွေလို ပြင်းထန် တဲ့ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေ ကို လျော့ကျ စေ ပါတယ်။
၎) အစားအသောက်မှ အမျှင်ဓာတ်မရလျှင် အမျှင်ဓာတ် ဖြည့်စွက်ဆေး မှီဝဲပါ
လူအများစုဟာ အစားအသောက်မှ အမျှင်ဓာတ် အလုံအလောက်ရဖို့ ခက်ခဲ တတ်ပါတယ်။ ဒါဆိုရင် အမျှင်ဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ ဒါမှ ဝမ်းပျော့ပျော့သွားမှာ ဖြစ်ပြီး လိပ်ခေါင်း ဖြစ်နိုင်ခြေ နဲ့ လိပ်ခေါင်းရှိနေသူတွေမှာ နာကျင်မှုကို လျော့ကျ စေနိုင်ပါတယ်။
၅) ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ
ရေကို များများသောက်တာဟာ ဝမ်းပျော့ပျော့ သွားစေပြီး လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေ ပါတယ်။ ရေအလုံအလောက် သောက်တာက လိပ်ခေါင်းမဖြစ်အောင် ကာကွယ် ပေးနိုင်ပါ တယ်။ ယေဘုယျ အားဖြင့် ပူတဲ့နေ့တွေနဲ့ လေ့ကျင့်ခန်း လုပ်ချိန်တွေမှာ တစ်နေ့ ရေရှစ် ခွက်လောက် သောက်ပေး ပါ။ ဒါ့အပြင် အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ကို လျှော့သောက်ပါ။ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို အားပေးစေပြီး ဝမ်းကို မာကျောစေကာ လိပ်ခေါင်းကြောင့် နာကျင်မှုကို တိုးစေနိုင်ပါတယ်။
၆) လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်ပါ
လေ့ကျင့်ခန်းဟာ လိပ်ခေါင်း မဖြစ်အောင် ကာကွယ်ရေးနဲ့ ကုသရေးမှာ အရေးပါတဲ့ အချက်ပါပဲ။ နေ့စဉ် ဘဝမှာ အထိုင်များရင် တစ်နာရီကြာတိုင်း မတ်တပ်ရပ်ပြီး လမ်းလျှောက်ကာ လှုပ်ရှားမှုတွေကို လုပ်သင့်ပါတယ်။ အိမ်သာသွားရင် ကြာကြာထိုင်တာ၊ အလေးအပင် မတာတွေကို ရှောင်သင့်ပါတယ်။
၇) ဝမ်းသွားချင်စိတ်ကို အလေးထားပါ
မိသားစုတိုင်း အတွက် နံနက်ခင်း အချိန်က အလုပ်များလှ ပါတယ်။ အိမ်သာသွားဖို့ အချိန် မပေးနိုင် တာကြောင့် ဝမ်းသွား ချင်စိတ်ကို လျစ်လျူရှုမိရာက ဝမ်းချုပ်ကာ လိပ်ခေါင်း ဖြစ်သူတွေ များလှပါတယ်။ ဒါကြောင့် ဝမ်းသွားချင်စိတ် ပေါ်တိုင်း အချိန်ပေးပြီး အိမ်သာ တက်ပေးဖို့ လိုပါတယ်။ ဝမ်းချုပ်တာကြောင့် ဝမ်းသွားချိန် ကြာတာကလည်း လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။
၈) ကိုယ်ဝန်ဆောင်ချိန်တွင် အထူးဂရုစိုက်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်း အဖြစ် များပါတယ်။ ဒါကြောင့် ကိုယ်ဝန် ဆောင်ချိန်မှာ စအို နာကျင် တာနဲ့ ယားယံတာလို ဝေဒနာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြပါ။ ကိုယ်ဝန် ဆောင်ချိန်မှာ အိပ်စက်စဉ်၊ အနားယူစဉ် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လဲလျောင်းတာကြောင့် သွေးပြန် ကြောတွေ အပေါ် ဖိအား သက်ရောက်မှု လျော့ကျ စေပါတယ်။ ဒါကြောင့် လိပ်ခေါင်းကို သက်သာ စေပါတယ်။
ဇွန်ခိုင်ဦး
(ဆေးဝါးတက္ကသိုလ်)
မြ၀တီ
Read more...
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings
You can add link or short description here