Thursday, January 9, 2014

ငြိမ်းချမ်းရေးဆွေးနွေးပွဲသဘောတူညီချက်က အရာမထင်ဘူးလား

0 comments
9.1.2014

ကေအိုင်အိုနဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူစာချုပ်ဆိုတာ ငွေကုန်လူအထင်ကြီးပြီး ရုပ်ပြလောက်ပဲ အကျိုး ရှိတာလား ဆိုတာ မေးရမလိုဖြစ်နေပါတယ်။

ဘာလို့လည်းဆိုတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူစာချုပ်တွေကို ကေအိုင်အို / ကေအိုင်အေ ဘက်က မလိုက်နာသလို အစိုးရဘက်ကလည်း အရေးယူနိုင်ခြင်းမရှိလို့ပါပဲ။

နိုဝင်ဘာလအတွင်းမှာ အစိုးရနဲ့ ကေအိုင်အို/ ကေအိုင်အေတို့ ငြိမ်းချမ်းရေး သဘောတူစာချုပ်တွေတစ်သီကြီးချုပ်ဆိုခဲ့ပေ
ယ့် ကေအိုင်အေ ဘက်ကလည်း ဆပ်ကြေးကောက်လို့ကောင်းတုန်း လူသစ်ဆွဲလို့ကောင်းတုန်း အစိုးရဘက်ကလည်း ဘာမှမသိ သလိုနေတုန်းမို့ပါပဲ။

၂၀၁၃ ဒီဇင်ဘာလ ၂၈ ရက်နေ့ က ၀ိုင်းမော်မြို့နယ် ၀ါးရှောင်ကျေးရွာ အပါအ၀င် အနီးအနားကျေးရွား လေးငါးရွာက ရှမ်းရွာတွေ ကို ကေအိုင်အေက တစ်ရွာလျှင် လူသုံးယောက် ဆန်တစ်အိပ်စီနဲ့ ဆားတစ်ပိဿာ ပေးရမယ်။ လူမပေးနိုင်ရင် သိန်းငါးဆယ်ပေး ရမယ်ဆိုတဲ့ စာကို ရွာလူကြီးတွေဆီ ပေးခဲ့တာတွေ ကဖြစ်နေတုန်းမို့ပါ။

ဒါ့အပြင် ၂၀၁၃ ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း မြစ်ဆုံအထက် ထရံဇွတ် ရွှေမှော်မှာ ရွှေလုပ်နေတဲ့ ရွှေငယ်ထွန်း ( အဖဦးမောင်ပွ၊ အမိဒေါ်ညွှန့်ရွှေ) ဟိုပင်မြို့နယ်ခွဲ နန့်ရင်းရပ်ကွက်နေကိုလည်း ကေအိုင်အေ တပ်ရင်း ၄ လက်အောက်ခံတပ်ရင်းက ဦးဇော်ဂွန်း ဦးဆောင်တဲ့တပ်က စစ်သား စုဆောင်းရေး ဆွဲသွားခဲ့ပါတယ်။

မံစီမြို့နယ် မံဖွက ဖမ်းသွားတဲ့လူတွေကို လည်းခုထိ လွတ်ပေးခဲ့ခြင်း မရှိသေးပါဘူး။ကေအိုင်အေဘက်က ဒိုင်ခံပြောနေတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ကလည်း အဓမ္မစုဆောင်းတာမရှိပါဘူး။ စစ်သား မလုပ်ချင်တဲ့လူတွေကို ပြန်လွတ်ပြီးပါပြီး ကျန်တာတွေက သူတို့သဘောနဲ့ လုပ်နေတဲ့လူတွေပါတဲ့ ဟုတ်မှလည်း လုပ်ပါမောင်ကာဠုရာ စကားဆိုတာ ပြောပြီး လေ မှာပျောက်တယ်ဆိုပေမယ့် လျှာမှာ အရိုးမရှိတိုင်း လျှောက်မပြောကြပါနဲ့လို့ပြောရမလိုဖြစ်နေပါပြီ။

ဘာဖြစ်လို့လည်းဆိုတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ကေအိုင်အေလက်ကနေ ထွက်ပြေးလာတဲ့ ရှမ်းနီ လူငယ်တွေရှိနေသလို အစိုးရစစ်တပ်ဘက်ကိုလည်း အလင်းဝင်လာသူတွေ ဆယ်ဂဏန်းလောက်ရှိနေတယ်ဆိုတာသိရပါတယ်။ အရင်ကဆိုရင် အလင်းဝင် မဟုတ်ရင်တောင် သတင်းစာကနေ အမြဲ ထည့်တတ်တဲ့ အစိုးရဆိုသူတွေကလည်း ဒီတစ်ခါတော့ ဘာမှမထည့် တော့တာ ဘာသဘောလည်း ကြံရာပါတွေပဲနေမှာပဲလို့ပဲ ရှမ်းနီလေးတော့ ရဲရဲပြောချင်ပါတယ်။

ဒါတွေဟာ တကယ် ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင်တော့ မလုပ်သင့် တော့တဲ့ အဖြစ်အပျက်တွေပါ။ ဒါ့အပြင် လည်း ငြိမ်းချမ်းရေးစာချုပ်ကို လိုက်နာနိုင်ကြရမှာပါ။ အခုအတိုင်းဆို ဒီစာချုပ်တွေက အသံသာရှိ အဆန် မရှိတဲ့ စက္ကူစုပ်တွေ သာသာလောက်ပဲနေမှာပါ။ပြီးတော့ သက်ဆိုင်ရာ အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလိုချင်ပါတယ်ဆိုတဲ့ စကားအပေါ်မှာလည်း သံသယရှိစရာဖြစ်နေပါပြီ။

By ရှမ်းနီလေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here