Thursday, January 9, 2014

လားရှိုးမြို့ တွင် ပညာရေးစုံညီပွဲတော်ကျင်းပ၊ စည်ကားသိုက်မြိုက်ခြင်းကြောင့် မိဘပြည်သူ သဘောကျ

0 comments
9.1.2014

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ၌ ၂၀၁၃-၁၄ ပညာသင်နှစ် ပညာရေး စုံညီ ပွဲတော် ပြည်နယ် အဆင့်အခမ်းအနား ကို ဇန်န၀ါရီလ ၇ ရက်နေ့ တွင် အထက (၆) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ပညာရေးစုံညီပွဲတော်ကို နံနက် ၉ နာရီတွင် အထက (၆)၊ ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့ရာ လားရှိုး ခရိုင်အုပ်ချုပ်ရေးမှူး၊ လားရှိုးတက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ၊် ပြည်နယ်ပညာရေး ဒုတိယ ညွှန်ကြားရေးမှူး၊ ပြည်နယ် လွတ်တော် ကိုယ်စား လှယ်၊ ဒုပြည်နယ်အဆင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး အဖွဲ့ ဝင်များ၊ အမျိုးသမီးရေးရာမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ များ၊ မိဘပြည်သူများ၊ ကျောင်းပေါင်းစုံမှ ဆရာဆရာမများ၊ ကျောင်းသူ ကျောင်းသားများ စုစုပေါင်း အင်အား (၈၀၀) ခန့်  တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ဘင်ခရာ၊ ကာယအလှ၊ အေရိုးဗစ်အက၊ ပုဝါအက စသည့် အကအလှများဖြင့် တပြိုင်နက် သရုပ်ပြတင်ဆက် ကာ ကြွရောက် လာသောဧည့်သည်တော်များကို ကြိုဆိုခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်၊ ပြည်နယ် ပညာရေး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကြည် နှင့် အဖွဲ့ က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ကျောင်းသူကျောင်းသားများက စုံညီပွဲတော်တို့ နွဲပျော်သီချင်း ဖြင့် အခမ်းအနားကို ဖွင့်လှစ်လိုက်ကာ ဒုပြည်နယ်ပညာရေးမှူးက အဖွင့် အမှာစကားပြောကြားခဲ့ပြီး ထူးချွန်ကျောင်းသား များအား တာဝန်ရှိသူ အသီးသီးက ဆုများချီးမြှင့်ပေး ကာ ကျောင်း အသီးသီး မှ ကျောင်းသူ ကျောင်းသား များကလည်း အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ ကြောင်းသိရ သည်။

ထို့ နောက် လားရှိုးခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဖိတ်ကြားထားသော ဧည့်သည် တော်များ က ကျောင်းပေါင်း စုံ ပြခန်း များကို လှည့်လည်ကြည့်ရှူအားပေးခဲ့ကာ အခမ်းအနားကို မနက် ၁၁ နာရီခွဲခန့် တွင် အောင်မြင် စွာ ပြီးမြောက်စေ ခဲ့ကြောင်း သိရသည်။

Lashio News Diary

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here