Monday, February 17, 2014

မြန်မာ့စီးပွားရေး Road MAP မရှိသေးဟု ဦးတေဇ ဝေဖန်

0 comments
17.2.2014

၊ ဒီမိုကရေစီအစိုးရမှ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်း လဲမှုများ ဆောင်ရွက်နေသော်လည်း စီးပွားရေးကဏ္ဍ တိုးတက်ရေး အတွက် လမ်းပြမြေပုံ မရှိသေးကြောင်း ထူးကုမ္ပဏီ အုပ်စု၏ နာယက ဦးတေဇက ရန်ကုန် တိုင်းမ်ဂျာနယ်နှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

ထူးကုမ္ပဏီအုပ်စု၏ နာယက ဦးတေဇက ''စီးပွားရေးကဏ္ဍအနေ နဲ့ပြောရရင် အခုအချိန်ထိ Road MAP လို့ခေါ်တဲ့ လမ်းပြမြေပုံက မရှိသေးဘူး။ စီးပွားရေးပိုတိုးတက်ဖို့ဆိုရင် လမ်းပြ မြေပုံလိုတယ်။ ဒါမှ လုပ်ငန်း ရှင်တွေ က ရှိနေတဲ့လမ်းပေါ်မှာ ပြေးလွှားလုပ် ကိုင်မယ်ဆိုရင် အများကြီး တိုးတက် လာနိုင်မယ်'' ဟု ဆိုသည်။

အစိုးရ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေရာ နိုင်ငံရေးအနေဖြင့် မပြောဆိုလိုဘဲ စီးပွားရေးပိုင်းကိုသာ ရည်ရွယ်ပြော ဆိုရခြင်းဖြစ်ကြောင်း လက်ရှိမြန်မာ့စီးပွာရေးပေါ်တွင် အား ရစရာ တိုးတက်မှုမရှိသည့်အပေါ် ရန် ကုန်တိုင်းမ်ဂျာနယ်၏ မေးမြန်းမှုအပေါ် တွင် ယင်းက ဖေဖော်ဝါရီ ၁ဝ ရက် ဆီ ဒိုးနားဟိုတယ်၌တွေ့ ဆုံစဉ် ပြောဆိုခဲ့ ခြင်းဖြစ်သည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် အကြား ခရိုနီဟု သတ်မှတ်ခြင်းခံထား ရသည့်ဦးတေဇက ဇန်နဝါရီလဆန်း ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်သော ကျောက်မျက်လုပ်ငန်းရှင်အသင်း၏ အသင်းသား စုံညီအစည်း အဝေးတွင် လည်း ဘဏ်လုပ်ငန်းရှင် တစ်ဦး အနေ ဖြင့် မြန်မာ့စီးပွားရေးတွင် အားရစရာ တိုးတက်မှု မရှိသေးကြောင်း လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် သုံး သပ်ထားသည်။

ပြည်တွင်းအချိုရည် လုပ်ငန်းရှင် တစ်ဦးက ''ယခုမြန်မာ့စီးပွားရေး ကို ပြောရရင် ရမ်းပြီးလုပ်နေရတဲ့ အခြေ အနေပဲ၊ အမှောင်ထဲ လမ်းလျှောက် နေရသလိုပဲ၊ မလျှောက်လို့လဲ မရဘူး။ အခုချိန်ထိ ဘာမူဝါဒမှ တိတိကျကျ ကိုမရှိသေးတဲ့ အနေအထားမှာရှိနေ တယ်၊ စီးပွားရေးလုပ်ငန်းကလဲ မလုပ် ဘဲနေလို့ မရဘူး၊ မလုပ်ဘူးနေလို့ရှိရင် လဲ ကိုယ်မရရုံဘဲရှိမယ်။ မြန်မာနိုင်ငံ မှာ စီးပွားရေးလုပ်တာက တိုးပွားဖို့ထက် ကိုယ့်ဆီကမပါဖို့ ရုန်းကန်နေရတယ်'' ဟု ဆိုသည်။

သမ္မတဦးသိန်းစိန်အစိုးရ ဦးဆောင်ပြီးနောက် ပိုင်း မြန်မာ့စီးပွားရေး တိုးတက်ရေးအတွက် ဘဏ် မူဝါဒများ၊ တရားဝင်နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် များရရှိရေး၊ နှုန်းထား အမျိုးမျိုးဖြစ်နေသည့် နိုင်ငံ ခြား ငွေ လဲလှယ်မှု များအား တည်ငြိမ်မှုအနည်းဆုံး ဖြစ်အောင် ဖန်တီးခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပ ဒေ များရေးဆွဲ၍ ပြည်ပလုပ်ငန်းရှင်များအား မြန်မာ့ စီးပွာရေးအတွင်း ပါဝင်စေရန် ဆောင်ရွက်ခဲ့သော် လည်း နိုင်ငံတကာလုပ်ငန်းရှင်များ မြန်မာ့စီးပွားရေး အတွင်း ခြေစုံပစ်ဝင်ရောက်ရန် မူဝါဒပိုင်းဆိုင်ရာ တွင် အားနည်းချက်များရှိနေခြင်းဖြစ်ကြောင်း ပြည် တွင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။

စီးပွားရေးပညာရှင်ဒေါက်တာ မောင်မောင်စိုးက ''မြန်မာနိုင်ငံမှာ မူဝါဒအမျိုးမျိုးနဲ့ အကောင် အထည်ဖော်ပြီး လုပ်ဆောင်နေတာပဲ။ ဘယ်မူဝါဒ ကများ အောင်မြင်ခဲ့လဲ။ တိကျတဲ့မူဝါဒကို မရှိတာ။ အဓိက မူထက် လူကပိုအရေးကြီးတယ်။ တကယ် လုပ်ချင်ကိုင်ချင်စိတ်ရှိဖို့ လိုတယ်။ အဲဒီစိတ်တာ မရှိရင် သိကြားမင်း ဆင်းကယ် တာတောင် အောင် မြင်ဖို့မလွယ်''ဟု ပြောဆိုထားသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here