Monday, February 17, 2014

တပ်မတော်မှစစ်ရေးဖိနှိပ်မှုကြောင့် တိုက်ပွဲများ ဆက်ဖြစ်နေရဟု (TNLA) ဥက္ကဋ္ဌဆို

0 comments
17.2.2014

ရန်ကုန်၊ တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းမှာ သာမန်ဖြစ်စဉ်များမဟုတ်ဘဲ တပ်မတော်၏ တစ်ဖက်သတ်စစ်ရေးအရ ဖိနှိပ်မှုကြောင့်သာဖြစ်သည်ဟု ပလောင်ပြည်နယ် လွတ် မြောက်ရေး တပ်မတော်(TNLA) ဥက္ကဋ္ဌဗိုလ်မှူး ချုပ် တားအိုက်ဘုန်းက ပြောကြား လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များအနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ၂ဝ၁၄ ခုနှစ်နှစ်ဆန်းပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ သည့်အပေါ် ယခုကဲ့သို့ ပြောဆို လိုက်ခြင်းဖြစ်သည်။

''ကတိဆိုတာ ပေးပြီးရင် တည်မှကောင်း တယ်ဗျ။ ဒါမှလဲ ယုံကြည်မှုဆိုတာ တည်ဆောက် နိုင်မယ်။ အခုဖြစ်နေတာတွေက သာမန်လို့ ပြော လို့ရပေမယ့် သာမန်မဟုတ်ဘူး။ စစ်တပ်က စစ်ရေး အရ ဖိနှိပ် ချင်လို့လုပ်တာ''ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော်(TNLA)၏ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တားအိုက်ဘုန်းက ဆိုသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေး နေ့နောက်ပိုင်းမှစ၍ လက်ရှိအချိန်ထိ တိုက်ပွဲ ပေါင်း ရာနှင့်ချီဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်များမှ အကျအဆုံး ရာနှင့်ချီရှိကြောင်းနှင့် ဒဏ်ရာရသည့် တပ်ဖွဲ့ဝင် များလည်း ရှိသည်ဟု သိရသည်။

ထိုသို့တိုက်ပွဲများ ဖြစ်ပေါ်နေရခြင်းမွှြှာူဗ အနေဖြင့် အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရ နှင့် ရယူထားသည့် သဘောတူညီမှုများကို ချိုး ဖောက်ခြင်းကြောင့်သာဖြစ်ပြီး တပ်မတော်မှ တဖက်သတ် ထိုးစစ်ဆင်ခြင်း မဟုတ်ကြောင်း နိုင်ငံ တော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က တုံ့ပြန်ပြော ကြားလိုက်သည်။

''တကယ်တမ်းက အစိုးရနဲ့ယူထားတဲ့ သဘော တူညီမှုကို သူတို့ကချိုးဖောက်တာ။ မူးယစ်ဆေး ဝါးနှိမ်နှင်းတာကို အကြောင်းပြပြီး သူတို့က နယ်မြေ စိုးမိုးမှုကို ခြိမ်းခြောက်တာမျိုးလုပ်တာလေ။ တပ်မ တော်က အလွတ်မဲ့ သက်သက်မဲ့ သွားတိုက်တာ မဟုတ်ဘူး။ သူတို့က နယ်မြေကျော်ပြီး လုပ်တာ ကိုင်တာရှိလို့ ဒီဘက်ကလဲ နယ်မြေစိုးမိုးရေးလုပ် ဆောင်တာမျိုးနဲ့ ထိပ်တိုက်ဆုံပြီး ဖြစ်ကြတာထင် တယ်''ဟု ဦးရဲထွဋ်က ဆိုသည်။

တိုက်ပွဲများဖြစ်ပေါ်နေခြင်းသည် ရလဒ်အား ဖြင့် အနှုတ်လက္ခဏာ ဆန်သော်လည်း တွေ့ဆုံ ဆွေးနွေးမှု အပိုင်း၌ နိုင်ငံရေးအရ တိုးတက်မှုများ ရှိခဲ့ကြောင်း (TNLA) ၏ အထွေထွေအတွင်းရေး မှူး ဒုတိယ ဗိုလ်မှူးကြီး မိုင်းဘုန်းကျော် ကဆိုသည်။

''စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုတွေရှိနေပေ မယ့် တစ်ဖက်မှာ တိုးတက်လာတာက ဆွေးနွေး ညှိနှိုင်းမှုတွေ ရှိလာတယ် ။ ဖြည်းဖြည်းချင်း ရွေ့ နေတယ်လို့ပြောရမယ်။ ကျွန်တော်တို့ ကတော့ ကောင်းတာ ကို ကောင်းတယ်လို့ပြောမယ်။ မကောင်း တာ မကောင်းဘူးလို့ ပြောမှာပဲ''ဟု ဒုတိယဗိုလ် မှူးကြီးမိုင်း ဘုန်းကျော်က ပြောသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here