Friday, April 25, 2014

မိုးကုတ်တွင် နေအိမ်အချို့ကို မီးလိုက်ရှို့သူများ ရှိနေ

0 comments

25.4.2014

ယခုရက်ပိုင်း အတွင်း မိုးကုတ်မြို့၌ လူတစ်စုက လူနေအိမ်များကို လူခြေ တိတ်သော ညဥ့်သန်းခေါင်ကျော် အချိန်များတွင် လိုက်လံ မီးရှို့နေသောကြောင့် ဒေသခံများ ထိတ်လန့် နေကြကြောင်း မိုးကုတ်မြို့ခံ များ ကပြောသည်။

‘‘မီးကဆက်တိုက်လိုလို လိုက်ရှို့နေတော့ အခုဆို ဒေသ ခံတွေ ကြောက်နေကြတယ်။ အရင်ကလည်း မီးရှို့မှုတွေ ဖြစ်ခဲ့ဖူးတော့ ညဘက်တွေမှာ ကောင်းကောင်းတောင် မအိပ်ရဲကြဘူး ဖြစ်နေတယ်’’ဟု မိုးကုတ် မြို့ခံတစ်ဦး ကပြောသည်။

နှစ်ရက်ဆက်တိုက် ရှို့မီးနှစ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် မီးသတ်ဌာန၊ ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာ ဒေသ အာဏာပိုင် များ ပူးပေါင်းပြီး ၀န်ထမ်း အင်အား သုံးကာ နေ့၊ ညနှစ်ဆိုင်းခွဲ၍ လုံခြုံရေးလုပ်ငန်းများ လုပ်ကိုင်နေ ရကြောင်း အဆိုပါဌာနများမှ တာဝန်ရှိသူများကပြောသည်။

‘‘ရှို့မီးလောင်တာ နှစ်ခါရှိ သွားပြီ။ ညဥ့်နက်ချိန်တွေမှာ လိုက်ပြီး မီးရှို့နေတာဆိုတော့ အခုရဲ ဌာနကိုလည်း အကြောင်းကြားပြီး လှည့်ကင်းအနေနဲ့ လုပ်နေရတယ်’’ဟု မိုးကုတ်မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဈေးအတွင်း ဓားပြတိုက်၊ လူသတ်မှု မတိုင်မီကလည်း ရှို့မီးဖြစ် ခဲ့ပြီး နောက်ပိုင်းတွင် ဖြစ်ခဲ့သောကြောင့် ဒေသခံများမှာ နောက်ဆက် တွဲဖြစ်ရပ် များဖြစ်လာ မည်ကိုပါ စိုးရိမ်နေရကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူက ဆက်လက်ပြောသည်။

ဧပြီ ၂၂ ရက် ည ၁ နာရီတွင် အောင်နန်းရပ်ကွက်၌ ရှိသော ဆေးခန်းနှင့် တွဲလျက် ရှိဒေါက် တာအောင်မြင့် နေအိမ်တံခါး၌ အင်္ကျီကို ကျစ်၍ မီးရှို့ခဲ့မှုဖြစ်ပွားခဲ့သည်။

ထို့နောက် ဧပြီ ၂၃ ရက် နံနက် ၃ နာရီခွဲကလည်း မြို့မရပ်ကွက် တွင်ရှိသော နေအိမ်တံခါးဝ၌ ကတ်ထူစက္ကူများ ကိုစုပုံကာ ဖယောင်းတိုင်းထွန်း မီး ရှို့ထားခဲ့မှုများဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်မှုနှစ်ခုလုံး သည် နေအိမ်တွင် ရှိနေသူများ နိုးသွားခြင်းနှင့် နီးစပ်ရာလူများ အသိစောပြီး မီးသတ်ကို အ ကြောင်းကြားနိုင် ခဲ့ခြင်းကြောင့်ကြီးမားသော ဆုံးရှုံးမှုများမဖြစ်ပွားခဲ့ကြောင်း မိုးကုတ်မြို့ မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

‘‘ဒီအမှုနှစ်ခုလုံးကို အမှုဖွင့် ထားတယ်။ ရှို့မီးဆိုတော့ တရား ခံတွေကတော့ ရှာနေတုန်းပဲ။ ၀န် ထမ်းတွေကို နေ့၊ ည အလှည့်ကျနဲ့ လှည့်ကင်းတွေ လှည့်နေရတယ်’’ ဟု မိုးကုတ်မြို့ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နောက် ဆက်တွဲ များဖြစ်မလာနိုင်ရန် ပြင်ဆင်ထားပုံကို ပြောသည်။။

Author: သိမ့်သိမ့်စိုး

#7Day Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here