Thursday, April 10, 2014

ယူနိုက်တက်ကို အနိုင်ကစားပြီး ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့သည့် ဘိုင်ယန်

0 comments
ဘိုင်ယန်မြူးနစ် အသင်းသည် ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရသော်လည်း မန်ချက်စတာ ယူနိုက်တက် ကို နောက်မှလိုက် ကစားပြီး အနိုင်ရလဒ် ပြန်လည်ယူဆောင်ကာ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

ဘိုင်ယန်အသင်းတွင် မာရီယိုမန်ဇူကစ်၊ ဖရန့်ခ်ရစ်ဘာရီ၊ အာယန်ရော်ဘန်၊ မာရီယိုဂေါ့ဇီ၊ သောမတ်စ်မူလာ၊ တိုနီခရူးစ်၊ ဒေးဗစ်အလာဘာ၊ ဘွန်ဖင်မ်ဒန်တီ၊ ဂျရိုမီဘိုတန်၊ ဖိလစ်လမ်းတို့ ပါဝင်ကစားခဲ့ကြသည်။ ယူနိုက်တက်ဘက်တွင်မူ ဒန်နီဝဲလ်ဘက်၊ ဝိန်းရွန်နီ၊ ရှင်ဂျီကာဂါဝါ၊ အန်တိုနီယို ဗလန်စီယာ၊ မိုက်ကယ်ကာရစ်၊ ဒါရင်ဖလက်ချာ၊ ပက်ထရစ်အီဗရာ၊ ခရစ်စမောလင်း၊ နီမန်ယာဗီဒစ်နှင့် ဖီးလ်ဂျုံးစ်တို့ ပွဲထွက်လာသည်။

ပထမပိုင်းတွင် ယူနိုက်တက်အတွက် ရွန်နီ ဂိုးသွင်းခွင့်အချို့ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ နှစ်သင်းလုံး ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။ (၅၇)မိနစ်တွင် ညာခြမ်းမှ ဗလန်စီယာ ဖြတ်တင်ပေးသော ဘောလုံး ကို နောက်မှ ပြေးတက်လာသည့် အီဗရာက ဘီးကုပ်ထိပ်နားမှ မနားတမ်း အပြင်းကန်သွင်းပြီး ယူနိုက် တက်တို့ ပွဲကို ဦးဆောင်သည်။ သို့သော်လည်း အင်္ဂလန် ကလပ်အနေဖြင့် ကြာကြာပင် မပျော်လိုက်ရဘဲ ဘိုင်ယန်က (၁)မိနစ်အတွင်း ချေပဂိုး ပြန်ရသွားသည်။

ဘယ်ခြမ်းမှ ရစ်ဘာရီ ကန်တင်ပေးသော ဘောလုံးကို မန်ဇူကစ်က အီဗရာနှင့်အပြိုင် ယှဉ်ခုန်ကာ အနီးကပ် ခေါင်းတိုက် သွင်းယူသွားခဲ့သည်။ (၆၇)မိနစ်တွင် ညာခြမ်းမှ ရော်ဘန် အနိမ့်ဖြတ်ပို့ လိုက်သည့် ဘောလုံးကို ယူနိုက်တက် ခံစစ်မှူးများကြားမှ မန်ဇူကစ်က အရပိတ်သွင်းနိုင်ခဲ့ပြီး ဘိုင်ယန်တို့ ပွဲကို တစ်ကျော့ပြန် ဦးဆောင်သည်။ (၇၆)မိနစ်တွင်မူ ရော်ဘန် တစ်ကိုယ်တော် ဆွဲပြေးပြီး ဧရိယာ ထိပ်နားမှ ကန်သွင်းသည့်ဘောလုံး ဗီဒစ်ကိုထိကာ လမ်းကြောင်းအတန်ငယ်ပြောင်းပြီး ဂိုးဝင်သွား သည့်နောက် ပွဲအဖြေ ပြတ်သားသွားပြီး ဘိုင်ယန်တို့ ရလဒ်ကို ထိန်းကစားကာ အကြိုဗိုလ်လုပွဲအဆင့် တက်ရောက်သွားခဲ့သည်။

Soccer Myanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here