Tuesday, September 25, 2012

Su-30-၃ဝ တိုက်လေယာဉ်များ အာဖရိကသို့ ရောင်းချရန် ရုရှားအသင့်ရ

0 comments
(မော်စကို စက်တင်ဘာ ၂၄)
ရုရှားနိုင်ငံသည် ၄င်းတို့၏ su-၃ဝ တိုက်လေယာဉ်များနှင့် အခြားခေတ်မီ တိုက်ခိုက်ရေး ရဟတ်ယာဉ်များအားအာဖရိက နိုင်ငံ များသို့ ရောင်းချရန် အသင့်ရှိကြောင်း နိုင်ငံပိုင် လက်နက် ထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခု ဖြစ်သည့် Roso -boronexport က စက်တင်ဘာ ၂၂ ရက်တွင် ပြောကြား ထားသည်။

ရုရှား နိုင်ငံသည် ယူဂန်ဒါ၊ အန်ဂိုလာ၊ အီသီယိုး ပီးယား အစရှိသော နိုင်ငံများနှင့် အရောင်းအဝယ် စာချုပ်များ ချုပ်ဆိုထားပြီး ၄င်းနိုင်ငံများအား စစ်လက်နက် ပစ္စည်းများကို ရောင်းချပြီး ပါကလည်း အဆိုပါ စစ်လက်နက် ပစ္စည်းများ အသုံးပြုနိုင်ရေး အတွက် လေ့ကျင့်မှု များကိုထည့်သွင်း ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း ကုမ္ပဏီ ၏ ဒုတိယ ဥက္ကဋ္ဌ အလက်ဇန်းဒါး မီခီရက်ဗ် က ပြောကြား ထားသည်။ ရုရှားနိုင်ငံသည် ယခုနှစ်အတွင်း ယူဂန်ဒါ နိုင်ငံသို့ Su-30 MK 2 တိုက်လေယာဉ် ခြောက်စီး လွှဲအပ် ပြီး ဖြစ်သလို လတ်တလောတွင်လည်းပူးပေါင်း ထုတ်လုပ်မှု များကို ပြုလုပ်နိုင် ရန်အတွက် ဆွေးနွေး မှုများ ပြုလုပ်လျက် ရှိသည်ဟု ၄င်းက ထပ်လောင်း ပြောကြား ထားကြောင်း သိရသည်။


 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here