Tuesday, September 25, 2012

ပြခန်း(၁၆၄) ခန်းဖြင့် Yangon Lifestyle Furniture ပြပွဲ ကျင်းပမည်

0 comments


Yangon Lifestyle Furniture Fair ကို မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း၏ ကြီးကြပ်မှုဖြင့် Thousand Islands Business Group မှ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပြ သရောင်းချ သွားမည်ဖြစ်ပြီး ပြပွဲတွင် ပြခန်းပေါင်း (၁၆၄) ခန်းဖြင့် အိမ်သုံးပရိဘောဂပစ္စည်းများ ပြည်တွင်း ဈေးကွက်အတွင်းနှင့် သုံးစွဲသူ တို့ကြား တိုက်ရိုက် ရောင်းချနိုင်စေရန်၊ ပရိဘောဂပစ္စည်းများအား ယှဉ်ပြိုင်ရောင်းချခြင်း၊ ကုန်ပစ္စည်း၏ အားနည်းချက်၊ အားသာချက်ကို သိရှိရန်၊ ပစ္စည်းအရည်အသွေးကို ပိုမိုမြှင့်တင်နိုင်စေရန်၊ ဈေးနှုန်းများယှဉ်ပြိုင်ပြီး ဈေးကွက်စီးပွားရေး စနစ်ကို တစ်စိတ်တစ်ပိုင်း အထောက်အပံ့ ဖြစ်စေရန်နှင့် နိုင်ငံတကာအဆင့်မီ ပရိဘောဂပြပွဲကြီး ဖြစ်လာစေရန် ရည်ရွယ်ပြီး ပြပွဲ ခင်းကျင်း ပြသသည့် အပြင် ကုမ္ပဏီများအား ဆုများချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် ကျွန်းနှင့်သစ်မာ၊ အခြားသား များဖြင့် ပြုလုပ်သောအဆင့်မြင့် Luxury Furniture များ၊ အိမ်သုံးပရိဘောဂများ၊ ကြမ်းခင်းများနှင့် ခေတ် မီပရိဘောဂ များကို မြန်မာ့သစ်လုပ်ငန်းနှင့် Sinma, Casabella ကုမ္ပဏီအပါအဝင် အခြားကုမ္ပဏီနှင့် လုပ်ငန်းများ စွာတို့ ပြသရောင်း ချသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ တွင် ဖော်ပြထားပါသည်။  

From : ခေတ်လူငယ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here