ဧပြီ(၁၀)
၉-၄-၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာအုပ်ချုပ် ရေးမှူးရုံးတွင် မူးယစ်ရမ်းကားဆဲဆို၍ ထိပ်တုံးဖြင့်ချုပ်နှောင်ထားသူ ၎င်းကျေးရွာနေ ဖိုးတော(ခ) ၀င်းထွဋ်(၃၅)နှစ် သေဆုံးသွားကြောင်း ဂျိုင်းကျေးရွာအုပ်ချုပ်ရေးမှူး မှ ဂျိုင်းရဲစခန်းသို့ လာရောက် အကြောင်းကြားခဲ့သည်။
အကြောင်းကြားချက်အရ ဂျိုင်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ဖိုးတော(ခ) ၀င်းထွဋ်အား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိ ထိပ်တုံးတွင် ချုပ်နှောင်ထားစဉ် ကျေးရွာပြည်သူ့စစ်များ ဖြစ်သည့် ဦးသိန်းမြင့်(၄၃)နှစ်၊ ဦးအေးသောင်(၄၄)နှစ်နှင့် ဦးရွှေဝါထွန်းတို့ ၃ ဦးအား ညပိုင်းတွင် စောင့်ကြပ်စေခဲ့ကြောင်း၊ ၄င်းတို့ ၃ ဦးအနက်မှ ဦးသိန်းမြင့်နှင့်ဦးအေးသောင်တို့က ဖိုးတော (ခ)၀င်းထွဋ်အား လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့်ကန်၊ ရိုက်နှက်သဖြင့် ဖိုးတောတွင် ပါးစပ်၊ နှာခေါင်းနှင့်ယာနားထင်သွေးထွက် ပေါက်ပြဲဒဏ်ရာ ၁ ချက်စီ၊ ၀ဲ/ ယာမျက်လုံးညိုမဲဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးသိန်းမြင့်နှင့်ဦးအေးသောင်တို့ ၂ ဦးအား ဂျိုင်းရဲစခန်း(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
၉-၄-၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာအုပ်ချုပ် ရေးမှူးရုံးတွင် မူးယစ်ရမ်းကားဆဲဆို၍ ထိပ်တုံးဖြင့်ချုပ်နှောင်ထားသူ ၎င်းကျေးရွာနေ ဖိုးတော(ခ) ၀င်းထွဋ်(၃၅)နှစ် သေဆုံးသွားကြောင်း ဂျိုင်းကျေးရွာအုပ်ချုပ်ရေးမှူး
အကြောင်းကြားချက်အရ ဂျိုင်းရဲစခန်းမှတပ်ဖွဲ့ဝင်များ