Wednesday, November 6, 2013

7DAY DAILY သတင်းစာပါ “ ဟင်္သာတမြို့တွင် ပဋိပက္ခဖြစ်ပွားမည့် အခြေအနေကို အချိန်မှီ ထိန်းသိမ်း ” သတင်းတွင် ပါဝင်သော အကြောင်း အရာအများစု မှားယွင်းနေ

0 comments

Wednesday, November 6, 2013

နိုဝင်ဘာလ ၅ ရက်နေ့ထုတ် 7DAY DAILY သတင်းစာပါ “ ဟင်္သာတမြို့တွင် ပဋိပက္ခဖြစ်ပွားမည့်အခြေအနေကို အချိန်မှီ ထိန်းသိမ်း ” သတင်းတွင် ပါဝင်သော အကြောင်းအရာအများစု မှားယွင်းနေကြောင်း မြို့ခံများ က ပြောကြားသည်။ သတင်းစာပါ “စစ်တပ်အကူအညီဖြင့် အခြေအနေကို အချိန်မှီထိန်းသိမ်းခဲ့ရကြောင်း ဟင်္သာတမြို့ အမှတ် (၁) ရဲစခန်းမှ သတင်းရရှိသည်” ဟု ရေးသားဖော်ပြချက်မှာ လုံးဝ လွဲမှားနေကြောင်း သိရသည်။ မည်သည့် စစ်တပ်အကူအညီကိုမျှ မယူရသလို၊ အမှတ် (၁) ရဲစခန်းသို့ မည်သည့်သတင်းထောက်မှ လာရောက်မေးမြန်းခြင်းမရှိခဲ့ကြောင်း ဟင်္သာတမြို့ မြို့နယ်ရဲစခန်းမှူးက အခိုင်အမာပြောကြားသည်။ အရိုက်ခံရသူ ဆေးရုံတက်နေရသည်ဆိုခြင်းမှာလည်း မမှန်ကန်ပဲ မြို့ထဲတွင် သွားလာလျှက်ရှိကြောင်း သိရသည်။

ထို့အတူ လူစုလူဝေး ဖြစ်ပေါ်ခဲ့ခြင်းလည်း မရှိပဲ၊ သာမန် ရန်ဖြစ်သည့် အမှုကို လူမျိုးရေးပဋိပက္ခ ဖြစ်ပေါ်နိုင် သယောင် သတင်းလွှင့်ခဲ့သည့် လူတစ်ချို့၏ လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့် သာမန်အသေး အဖွဲကိစ္စမျိုးအား ဘာသာရေးပဋိပက္ခဖြစ်ပေါ်အောင် လှုံ့ဆော်နေသူများအား ထိထိရောက်ရောက် အရေးယူသင့်သည်ဟု ထင်မြင်မိပါသည်။

Hinthata HumanRights

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here