Wednesday, November 6, 2013

အင်းစိန်မြို့နယ်၌ မူးယစ်ဆေးဝါးနှင့် အိမ်သုံးဆေးဝါးများအလွဲသုံးမှု အသိပညာပေးဟောပြောပွဲကျင်းပ

0 comments


ရန်ကုန်၊ နိုဝင်ဘာ ၆

၎.၁၁.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်မှ ၁၂၀၀အချိန်အထိ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ မူးယစ်ဆေးဝါးနှင့် အိမ်သုံး ဆေးဝါး အလွဲသုံးမှု အန္တရာယ်ဆိုးကျိုးများ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲသို့ရန်ကုန်မြောက်ပိုင်းခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်တားဆီး
ကာကွယ်ရေးအဖွဲ့အတွင်းရေးမှူး၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှရဲမှူး (ဦးစီး)၊ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အင်းစိန်မြို့နယ်တရားသူကြီး၊ အင်းစိန်မြို့နယ် ဒုဥပဒေအရာရှိ၊ အင်းစိန်မြို့နယ်ကျန်းမာရေးမှူး၊
မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဗဟိုမီဒီယာတာဝန်ခံ၊အင်းစိန်မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးဒုဥက္ကဌ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီးကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့် အိမ်သုံးဆေးဝါးများ အလွဲသုံးမှုအန္တရာယ် ဆိုးကျိုးများနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောခဲ့ကြကြောင်း သတင်းရရှိပါသည်။

YGN Police

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here