Wednesday, November 6, 2013

Apple ၏ iPad Mini ကို ယှဉ်ပြိုင်ရန် Google စီစဉ်

0 comments

Wednesday, November 6, 2013

Googleသည် (၈)လက်မအရွယ် Displayကို အသုံးပြုထားသည့် Nexus 8 အမျိုးအစား Tabletကို စတင် ဖန်တီးနေပြီဟု ယုံကြည်ရကြောင်း မကြာသေးမီက ထွက်ပေါ်လာသည့် ဓာတ်ပုံများကို ကိုးကားပြီး နည်းပညာ ကောလဟလ ဝက်ဘ်ဆိုက်များက ရေးသားလာခဲ့

Google အနေဖြင့် မဟာပြိုင်ဘက်ကြီး Apple၏ Tablet အသေးစားဖြစ်သော iPad Miniကို ယှဉ်ပြိုင်ရန် ခြေလှမ်းပြင်နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ Googleသည် (၈)လက်မအရွယ် Displayကို အသုံးပြုထားသည့် Nexus 8 အမျိုးအစား Tabletကို စတင်ဖန်တီးနေပြီဟု ယုံကြည်ရကြောင်း မကြာသေးမီက ထွက်ပေါ်လာသည့် ဓာတ်ပုံများကို ကိုးကားပြီး နည်းပညာ ကောလဟလ ဝက်ဘ်ဆိုက်များ က ရေးသားလာ ခဲ့သည်။ Googleသည် Nexus 5 အမျိုးအစား စမတ်ဖုန်းသစ်ကို စတင်ထုတ်လုပ် ရောင်းချပြီး တစ်ပတ်အတွင်း မှာပင် ယခုသတင်း ပျံ့နှံ့လာခြင်း ဖြစ်သည်။ Googleထုတ် Nexus 7ထက် ထောင့်ချိုးဒီဇိုင်းများ လေးထောင့်ပို ဆန်ပြီး နောက်ဘက်ကိုယ်ထည် ပိုမိုမာကျောကျစ်လစ်သည့် Nexus 8သည် Apple၏ iPad Miniကို တိုက်ရိုက် ယှဉ်ပြိုင်လာဖွယ် ရှိနေသည်။

အကယ်၍ သတင်းများသာ အမှန်ဖြစ်ပါက Screenအရွယ်အစား (၇.၉)လက်မ ကျယ်သည့် iPad Miniနှင့် Nexus 8တို့သည် iOSနှင့် Android OSသုံး Tabletများကြား တိုက်ပွဲသစ် တစ်ခုကို အစပြုလာစေဖွယ် ရှိနေသည်။ Googleသည် ၎င်းတို့၏ နောက်ဆုံးထုတ် Android OSဖြစ်သည့် Kit Katကို Nexus 8တွင် စတင်အသုံးပြုလာဖွယ် ရှိနေပြီး Hardware စွမ်းဆောင်ရည်တွင်လည်း လက်ရှိဈေးကွက်ထဲမှ Nexus 7များထက် မြှင့်တင်လာမည်ဟု ယုံကြည်ရသည်။ Googleသည် လတ်တလောတွင် Tablet နှစ်မျိုးအဖြစ် Nexus 7နှင့် Nexus 10တို့ကို ရောင်းချနေသော်လည်း Nexus 8နှင့် ပတ်သက်၍ မည်သည့် တရားဝင် မှတ်ချက်မျိုးမျှ မပေးသေးဘဲ နှုတ်ဆိတ်နေသည်။

အသစ်ထွက်ပေါ်လာသော ဓာတ်ပုံများသည် Nexus 8၏ ပုံပြင်ကို တစ်ကျော့ပြန် သက်ဝင် လာစေခြင်းလည်း ဖြစ်သည်။ ယခုနှစ် အစပိုင်းက Googleသည် (၈)လက်မအရွယ် Tabletများကို ထုတ်လုပ်မည်ဟု သတင်းကြီးခဲ့သော်လည်း Asusက Hardwareပိုင်း တာဝန်ယူသည့် Nexus 7ကိုသာ ကုမ္ပဏီက ထုတ်လုပ်ခဲ့သည်။ ယခုအသစ်ထွက်ပေါ်လာသော ဓာတ်ပုံများကိုမူ The Verge နည်းပညာ ဖိုရမ်တွင် Britoidဟု အမည်ပေးထားသည့် Userတစ်ဦးက စတင်လွှင့်တင်လာခြင်း ဖြစ်သည်။ Googleသည် Nexus ခေါင်းစဉ်အောက်မှ ထုတ်ကုန်များကို Hardwareပိုင်း တာဝန်ယူလေ့မရှိဘဲ Softwareပိုင်းကိုသာ တာဝန်ယူသည်။ Nexusမျိုးနွယ် ဖုန်းများကို LGက ထုတ်လုပ်ပြီး Tabletများကိုမူ Asusက ဖန်တီးလေ့ ရှိကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here