Monday, November 25, 2013

အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေး ညှိနှိုင်းမှုဖြင့် မအောင်မြင်၍ စစ်တမ်းကောက်ယူ သတ်မှတ်မည်

0 comments
ထင်လင်းအောင်| တနင်္လာနေ့၊ နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၁၃ ခုနှစ်

အလုပ်သမားများ၏ အခြေခံလစာ သတ်မှတ်နိုင်ရေးအတွက် အလုပ်ရှင်အလုပ်သမားညှိနှိုင်းမှုဖြင့် မအောင်မြင်၍ အဖွဲ့ အစည်းနှစ်ခုနှင့် ပူးပေါင်းကာ ဖြစ်သင့်သောနှုန်းထားတစ်ခုအား စစ်တမ်းကောက်ယူ သတ်မှတ်ဆောင်ရွက်မည်ဟု အလုပ် သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးအောင်က နိုဝင်ဘာ ၂၄ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

ထိုသို့ စစ်တမ်းကောက်ယူမှုအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း (MDRI) တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အနည်းဆုံး အခ ကြေးငွေနှင့် သက်ဆိုင်သော အချက်အလက်များကို ရှာဖွေရန်လိုအပ်နေခြင်းကြောင့် စစ်တမ်းကောက် ယူမှု စတင်မည့်အချိန်ကိုမူ ထုတ်ဖော်ပြောရန် မဖြစ်နိုင်သေးဟုပြောသည်။

အနည်းဆုံး အခကြေးငွေ နည်းဥပဒေထွက်ရှိပြီးနောက် အလုပ်သမားများ၏အခြေခံလစာနှုန်းထား သတ် မှတ်နိုင်ရန် အစိုးရအနေဖြင့် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တို့အား သီးခြားတစ်လှည့်စီ တွေ့ ဆုံခဲ့သည်။

အနည်းဆုံးအခကြေးငွေနှုန်းထား သတ်မှတ်နိုင်ရေးအဆင့်ဖြစ်သော လုပ်ငန်းတူမှ အလုပ်ရှင်အလုပ် သမားကိုယ်စား လှယ် များတွေ့ဆုံရာတွင် လက်ခစား (CMP) လုပ်ငန်းများကို ပထမဆုံးတွေ့ဆုံခဲ့ပြီး အလုပ်ရှင်အလုပ်သမား သဘောညီမျှမှု မရရှိခြင်းကြောင့် နှုန်းထားသတ်မှတ်နိုင်ခြင်းမရှိခဲ့ပေ။

နိုဝင်ဘာ ၂၂ ရက်ကပြုလုပ်ခဲ့သည့် အထည်ချုပ်လုပ်ငန်းများမှ အလုပ်ရှင်နှင့် အလုပ်သမားများ တွေ့ဆုံ ရာတွင် အလုပ်သမား များက အခြေခံလစာအား တစ်ရက်လျှင် ကျပ် ၅,၀၀၀ သတ်မှတ် ပေးရန်တောင်း ဆိုခဲ့ပြီး အလုပ်ရှင်များက တစ်ရက်လျှင် ကျပ် ၂,၀၀၀ သာပေးရန် ဆန္ဒပြုခဲ့သည်။

နိုဝင်ဘာ ၂၃ရက်က ပြုလုပ်ခဲ့သည့် အအေးခန်း၊ ဖိနပ်၊ ဆံပင်တုစသည့် စက်ရုံများမှ အလုပ်သမား အများစုကလည်း တစ်ရက် လျှင် ၄၅၀၀ မှ ၅၆၀၀ ကျပ် တောင်းဆိုခဲ့ပြီး အလုပ်ရှင်များက ၃၀၀၀ကျပ် ၀န်းကျင်ပေးရန် ဆန္ဒပြု၍ ပြေလည်မှု မရခဲ့ဟု ယင်းကဆိုသည်။

“အလုပ်သမားတွေ တောင်းဆိုတာက အလုပ်ရှင်တွေပေးနိုင်တာထက်များနေတော့ ညှိနှိုင်းလို့မရဘူး။ ဒါကို စစ်တမ်းကောက် ဖို့ဆိုတာက အချက်အလက်တွေစုဆောင်းရမယ်။ ပြီးတော့မှ ဘယ်လောက်ဖြစ် သင့်တယ် ဆိုတာ ကို လေ့လာပြီး စစ်တမ်းကောက်ရမှာဆိုတော့ လုပ်ငန်းစဉ်တွေကများတဲ့အတွက် ဘယ် အချိန်စမလဲ ဆိုတာ ပြောရ ခက်ပါတယ်” ဟု ဦးမျိုးအောင်က ဆိုသည်။

ထို့သို့ စစ်တမ်းကောက်ယူရာတွင် လက်ရှိလုပ်သားများရရှိနေသည့် လုပ်ခလစာဝင်ငွေနှုန်းနှင့် တစ်နေ့ ကုန်ကျလျက်ရှိသည့် ကုန်ကျစရိတ်များကို လေ့လာကာ ဖြစ်သင့်သည့်နှုန်းထားအား သတ်မှတ်ဆောင် ရွက်မည်ဖြစ်ကြောင်း ယင်းကဆိုသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုများကြောင့် ဖြစ်ပေါ်နေသောစီးပွားရေးကျပ်တည်းမှုပြေလည်စေရန် ပြည်တွင်းရှိ တစ်ဦးချင်း ရရှိသော ၀င်ငွေပမာဏတိုးမြင့်ရန်လိုအပ်သည်။ ကုန်ဈေးနှုန်းမြင့်လာသော် လည်း တစ်ဦးချင်းဝင်ငွေမြင့်နေလျှင် အလိုက် အထိုက် အဆင်ပြေသည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဦးမောင်မောင်စိုးက မဇ္ဈိမသို့ ပြောထားသည်။

မတ်လ ၂၃ ရက်က အနည်းဆုံး အခကြေးငွေ ဥပဒေထုတ်ပြန်လိုက်ခြင်းဖြစ်ကာ နည်းဥပဒေအား သြဂုတ်လ အတွင်း ပြဋ္ဌာန်းခဲ့သော်လည်း သုံးလတာအချိန်အထိ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးမှာ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here