Friday, November 8, 2013

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဒီဂျစ်တယ်မီတာ ခြောက်သောင်းနီးပါး ထပ်မံ တပ်ဆင်မည်

0 comments
အောင်သူရထွန်း၊ တင်နီလာဝင်း| သောကြာနေ့၊ နိုဝင်ဘာလ ၈ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ဒီဂျစ်တယ်မီတာ စုစုပေါင်း ၅၈,၁၃၇ လုံး တပ်ဆင်နိုင်ရန် သမ္မတ၏ သ၀ဏ်လွှာပေးပို့မှုကို ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာ ၇ ရက်တွင် အတည်ပြုလိုက်သည်။

အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ရယူဆောင်ရွက်မည့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးကွန်ရက်များ တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်ရေး စီမံကိန်းတွင် ယင်းသို့ ဒီဂျစ်တယ် မီတာ များ တပ်ဆင်ရန် ပါဝင်ခြင်းဖြစ်သည်။

မန္တလေးတိုင်းအတွင်းရှိ မန္တလေးမြို့၊ ကျောက်ဆည်၊ မိတ်္ထီလာ၊ မြင်းခြံမြို့၊ ညောင်ဦး၊ ပြင်ဦးလွင်၊ ရမည်း သင်းမြို့ နယ် တို့တွင် ဒီဂျစ်တယ်မီတာ အလုံးရေ ၅၅,၀၀၀ လုံး တပ်ဆင်သွားမည်ဖြစ်သည်။ မကွေးတိုင်း တွင် အလုံးရေ ၁,၉၃၇ လုံး တပ်ဆင်မည်ဖြစ်ပြီး မကွေးမြို့နှင့် အောင်လံမြို့နယ်တို့တွင်လည်း တပ်ဆင် သွားမည်ဖြစ်သည်။

စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကသာနှင့် ကလေးမြို့နယ်တို့တွင်လည်း ဒီဂျစ်တယ်မီတာအလုံးရေ ၁,၂၀၀လုံး တပ်ဆင်မည် ဖြစ်သည်။ စီမံကိန်းတွင် ဓာတ်အားခွဲစက်ရုံများ ထပ်မံ တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်း သွယ်တန်းခြင်းများလည်း ပါဝင်သည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ စတင်၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာအပြီး ဆောင်ရွက်သွားမည်ဟု သ၀ဏ်လွှာ၌ ပါရှိ သည်။ အဆိုပါလုပ်ငန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
 
Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here