Thursday, November 28, 2013

ရန်ကုန်တက္ကသိုလ်တွင် အဆောင်နေ ပထမနှစ်ကျောင်းသား တစ်ထောင်ကျော် လက်ခံမည်

0 comments

28.11.2013

လာမည့် ပညာသင်နှစ်တွင် စတင်လက်ခံမည့် ရန်ကုန်တက္ကသိုလ် အဆောင်များတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ နေထိုင်သူ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ ၁၄၀၀ ဦးကို လက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်၏ သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက The Voice သို့ ပြောကြားသည်။

အဆောင် လက်ခံထားသည့် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ် ပရိဝုဏ်အတွင်း အဆောင် ခုနစ်ဆောင်တွင် ထားရှိမည် ဖြစ်ပြီး ဖွင့်လှစ်မည့် အဆောင်များမှာ အင်းဝ၊ ပင်းယ၊ ပဲခူး၊ သထုံ၊ ရွှေဘိုနှင့် ဒဂုံဆောင်တို့ ဖြစ်ကြောင်း သင်တန်းရေးရာ ဌာနထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အဆောင်နေ ကျောင်းသားများသည် အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာ၊ သိပ္ပံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြောင်း ဒေါက်တာလှဆွေက ထပ်လောင်း ရှင်းပြ သည်။

လက်ရှိ ရန်ကုန်တက္ကသိုလ် ပထမနှစ် သင်တန်းတွင် ဝင်ခွင့်ရရှိသူ ၁၇၆ ဦးရှိပြီး ထိုထဲက ကျောင်းသား ၊ ကျောင်းသူ ၈၀ ဦးကျော်မှာ အဆောင်လျှောက်ထားခွင့် ရှိကြောင်း၊ ထပ်မံတိုးခေါ်မည့် ကျောင်းသား များထဲက ရန်ကုန်မြို့တော် ဧရိယာပြင်ပ ကျောင်းသား များလည်း လျှောက်ထားနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

အဆောင်နေ ကျောင်းသား တစ်ဦးလျှင် လစဉ်အဆောင်ခ ကျပ်တစ်သောင်းခွဲနှင့် စားသောက်စရိတ် ကျပ်ခြောက်သောင်း သတ်မှတ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာနကအဆင့်မြင့်ပညာဦးစီးဌာနလက်အောက်တက္ကသိုလ်တိုင်းတွင်အဆောင်နေ ကျောင်း သား၊ ကျောင်းသူများကို ယခုနှစ် ပညာသင်နှစ်တွင် စတင်လက်ခံရန် တရားဝင် အကြောင်း ကြားထားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here