Tuesday, November 12, 2013

ကုလသမဂ္ဂက အငြင်းပွားဖွယ် ဟင်ဒီဘုရားကျောင်းနယ်မြေကို ကမ္ဘောဒီယားပိုင်အဖြစ် အမိန့်ချ၊ နှစ်နိုင်ငံအကြား တင်းမာမှုများ တိုးပွားနေ

0 comments


နိုဝင်ဘာ ၁၂။

ကုလသမဂ္ဂက ကမ္ဘောဒီးယာနှင့် ထိုင်းနယ်စပ်ရှိ အငူတစ်ခုတွင် တည်ဆောက်ထားသော အနှစ် ၉၀၀ သက်တမ်း ရှိ ဟင်ဒီဘုရာကျောင်းသည် ကမ္ဘောဒီယားအပိုင်ဖြစ်သည်ဟု အမိန့်ချမှတ်ခဲ့သည်။ ထို့အတွက် ယင်းနယ်နိမိတ် အနီး တပ်စွဲထားသော ထိုင်းစစ်သားများနှင့်ရဲတပ်ဖွဲ့ဝင်များကို ရုပ်သိမ်းပေး ရမည်ဖြစ်သည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်သည်နှစ်နိုင်ငံအကြား တင်းမားမှုကို ပိုမိုတိုးပွား လာစေခဲ့သည်။

နိုဝင်ဘာ ၁၁ရက်က ကုလသမဂ္ဂက ပရီယာဝီဟာဘုရားကျောင်းသည် ကမ္ဘောဒီးယားက ပိုင်ဆိုင်ကြောင်း၊ နိုင်ငံ၏ ၁၉၆၂ခုနှစ် တရားစီရင်မှုအောက်တွင် ရှိကြောင်း အမိန့် ချလိုက်ခြင်းဖြစ်သည်။ ထိုင်းတို့သည် ဘုရားကျောင်း တည်ရှိရာ တောင်ကုန်းမှ ၄ဒဿမ၆ ကီလီုမီတာ အကျယ် အ၀န်း ရှိသော နေရာများကို သူတို့၏ အပိုင်အဖြစ် သတ်မှတ်ခဲ့ကြသည်။

နိုင်ငံတကာတရားရေးဌာနမှ ဥက္ကဌဖြစ်သူ ပီတာတွန်ကာက ပရီယာဝီဟာ ဘုရားကျောင်းကို ကမ္ဘောဒီဟား ၏အချုပ်အခြာအာဏာပိုင် နေရာတစ်ခုအဖြစ်သတ်မှတ်လိုက်ကြောင်းကြေညာပြီးနောက် ဖြစ်ပေါ်လာသည့် တင်းမာမှုများကြောင့် ယင်းဒေသအနီးမှ ဒါဇင်နှင့်ချီ၍ ရှိနေသော ထိုင်းစာသင်ကျောင်းများ ပိတ်လိုက်ကြသည်။ နှစ်၉၀၀ကျော် သက်တမ်းရှိ ဟင်ဒီဘုရားကျောင်း ပိုင်ဆိုင်မှုကိုအကြောင်းပြု၍
၂၀၁၁ခုနှစ်မှ စတင်ခဲ့သော အကြမ်းဖက်မှုမျထားကြောင့် အနည်းဆုံး လူ၂၈ဦး သေဆုံးခဲ့ပြီး လူတစ်သောင်းတို့မှာ အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရကြောင်း ကမ္ဘောဒီယားအာဏာပိုင်များက ဆိုသည်။

အမိန့်ချမှတ်ခဲ့သည့် တနင်္လာနေ့နံနက်ပိုင်းက နှစ်နိုင်ငံဘက်တွင် တင်းမာမှုများကို သိသိသာသာမြင် ခဲ့ရပြီး ဘုရားကျောင်းကို လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများသည် ကမ္ဘောဒီယားဘက်မှသာ ၀င်ရောက်ခွင့်ပြုခဲ့သည်။ သို့သော်လည်း သတင်းထောက်များကိုမူ ကန့်သတ်တားမြစ် ထားကြောင်း သိရသည်။

ယခုအမိန့်အပေါ် တစ်စုံတစ်ရာတုံ့ပြန်မှုပြုလိုသည့် ထိုင်းနိုင်ငံဘက်မှ တက်ကြွလှုပ်ရှားသူများက နယ်စပ်အနီး ဒေသဆိုင်ရာ ခန်းမတစ်ခုတွင် စုရုံးခဲ့ကြကြောင်း၊ သူတို့၏ အသွင်မှာ လှုပ်ရှားမှုတစ်ရပ်ပြုလုပ်မည့် အသွင် ဆောင်နေပြီး အချိန်နှင့်အမျှ တစ်စုံတရာ ဖြစ်ပွားတော့မည့် အနေအထားတွင် ရှိကြောင်း အယ်လ်ဂျားစီးယား သတင်းထောက် စကော့ဟိုက်လာက
ဆိုသည်။

ဒေသခံ ကမ္ဘောဒီယားနိုင်ငံသား အချို့ တိုက်ပွဲများဖြစ်လာလျှင် အသင့်ပုန်းခိုနိုင်ရန် ကတုတ်ကျင်းများ တူးကာ အသင့် ပြင်ထား ကြကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဆိုသည်။ ဒေသအတွင်းရှိ မီဒီယာများက ကမ္ဘောအစိုးရကရ စစ်တပ်အင်အား ထပ်ဖြည့် ထားသည်ဟု ကြေညာသော်လည်း အာဏာပိုင်များကမူ ထိုသို့ ပြုလုပ်ခြင်း မရှိဟု ငြင်းဆိုထားသည်။

Ref: Al jazeera, AFP

The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here