Wednesday, November 13, 2013

ဆီးဂိမ်းစ်အမီ မြန်မာ-ထိုင်း ဗီဇာကင်းလွတ်ခွင့် ရရှိရန် နိုင်ငံခြားရေးရာ ကောင်စစ်ရုံးမှ ညှိနှိုင်းနေ

0 comments
                            ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဗီဇာလျှောက်ထားမှုကို တွေ့ရစဉ်

13.11.2013
 
ဆီးဂိမ်းစ်အမီ မြန်မာ-ထိုင်း ဗီဇာကင်းလွတ်ခွင့် ရရှိရန် နိုင်ငံခြားရေးရာ ကောင်စစ်ရုံးမှ ညှိနှိုင်းနေကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံများ အစည်းအဝေးတွင် မြန်မာနိုင်ငံက ထိုင်းနိုင်ငံ သို့ တောင်းဆို ထားခဲ့သော နှစ်နိုင်ငံအတွင်း ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ နှစ်ပတ်ကြာ လည်ပတ်ခွင့်ကို ထိုင်းနိုင်ငံ၏ သဘောတူညီမှု ရရှိခဲ့ပြီး လက်ရှိတွင် ညှိနှိုင်းဆဲသာဖြစ်ကြောင်း ထိုင်းနိုင်ငံသံရုံးက မကြာသေးမီက ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံဘက်က ယင်းကိစ္စကို ဆောင်ရွက်နေသည့် နိုင်ငံခြားရေးရာ ကောင်စစ်ရုံး၏ တာဝန်ရှိ သူ ပြောကြားချက်အရမူ ဆီးဂိမ်းစ်အမီ လက်မှတ်ရေးထိုး နိုင်ရန်အတွက် ကြိုးပမ်းဆောင် ရွက်နေကြောင်း နိုဝင်ဘာ ၁၂ ရက်က ပြောကြားသည်။

"ကျွန်မတို့ အနေနဲ့က ထိုင်းသံရုံးက ထုတ်ပြန်တဲ့အတိုင်း ညှိနှိုင်းမှု ပြုလုပ်နေဆဲပါပဲ။ ဒါပေမဲ့ ဆီးဂိမ်းစ်အမီ လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင် နေပါတယ်" ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ကောင်စစ်ရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သဘောတူညီချက်ကို လက်မှတ်ထိုးပြီးမှသာ အသက်ဝင် မည်ဖြစ်ပြီး လက်မှတ်ရေးထိုးပြီး အသက်ဝင်သည်နှင့် တစ်ပြိုင်နက် အသေးစိတ် တရားဝင် ကြေညာချက် ထုတ်ပြန်သွားမည်ဟု သိရသည်။

ယင်းအပြင် ထိုင်းနိုင်ငံ သတင်းစာများတွင် ဖော်ပြချက်အရ အဆိုပါ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် ကို လာမည့် ဒီဇင်ဘာတွင် ထိုင်းဝန်ကြီးချုပ် ယင်လက်မြန်မာနိုင်ငံသို့ လာရောက်ချိန်တွင် လက်မှတ်ရေး ထိုးမည်ဖြစ်ကြောင်း သိရသည်။

ယခင်က မြန်မာ-ထိုင်းနယ်စပ် ဖြတ်ကျော်ဒေသဖြစ်သော တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ-မဲဆောက် ၊ ကော့သောင်း-ရနောင်းနှင့် ထီးခီး-စူနာရွန်တို့ထိကို မြန်မာနိုင်ငံဘက်မှ ကရင်ပြည်နယ်အထိ ခွင့်ပြုပေး သွားမည် ထုတ်ပြန်ထားပြီး ထိုင်းနိုင်ငံ ဘက်ကလည်း လက်ရှိထိ ပိုမိုဖြတ်သန်းနိုင်ရန် စီစဉ်မှု များ ပြုလုပ်နေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာနမှ သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here