Wednesday, December 18, 2013

လုပ်အားတန်ဘိုး အသီးအပွင့်များ ခံစားရတော့မည်ဖြစ်သော်လည်း မပျော်ရွင်နိုင်

0 comments


18.12.2013

သျှမ်းပြည်(တောင်ပိုင်း)၊လင်းခေးမြို့ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများအနေဖြင့် ၄င်းတို့စိုက်ပျိုးထားသော သီးနှံများ ရိတ်သိမ်းရန် ရာသီ ရောက်ရှိလာပြီဖြစ်၍ အကျိုးအမြတ် အသီးအပွင့် လုပ်အားတန်ဘိုးများကို ခံစားရတော့ မည်ဖြစ်ပြီး ကျေနပ်ဝမ်းသာပီတိဖြစ်ရမည် ဖြစ်သော်လည်း စိတ်မချမ်းမြေ့နိုင်စရာများ ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

လင်းခေးမြို့နယ်၊နောင်လုံကျေးရွာအုပ်စု၊နမ့်တင်ကျေးရွာသို့ ရှမ်းပြည်(တောင်ပိုင်း)တပ်မတော်မှ ဆန်တိခေါင်းဆောင်သော အင်အား(၁၅)ဦးခန့်သည် ဒီဇင်ဘာ(၈)ရက်နေ့ညပိုင်းတွင် ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအားခေါ်ယူတွေဆုံကာ ဆန်တိမှ တောင်းဆိုထားသော လူသစ်နှင့်ဆက်ကြေး ငွေများ ပေးဆောင်ရမည့် အခြေအနေနှင့် အမြန်ဆုံးပေးဆောင်နိုင်ရေးတို့ကို အဓမ္မတိုက်တွန်းပြောကြားခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ယခုကာလမှ သီးနှံပေါ်ချိန်ဖြစ်၍ ရိတ်သိမ်းခူးဆွတ်နေရသော ကာလဖြစ်ကြောင်း၊ဒေသခံများမှာ စိုက်ပျိုးရေးကိုသာ အဓိကထားပြီး ၀မ်းရေးအတွက် ၀မ်းရေးအတွက် အသက်မွေး ၀မ်းကြောင်း ပြုနေကြရကြောင်း၊ သီးနှံများ ရိတ်သိမ်းထွက်ရှိပြီးမှ သာ တောင်းခံထားသော လူသစ်နှင့် ဆက်ကြေးငွေ များကို ပေးဆောင်ပါမည်ဟု စိုးရိမ်ထိတ်လန့်စွာဖြင့် ကတိပေးခဲ့ရပါသည်။

ဆန်တိမှ စုဆောင်းရရှိသော လူသစ်များအား လွယ်တိုင်းလျှံတွင် (၆)လခန့်သင်တန်းပေးမည် ဖြစ်ပြီး သင်တန်းတက်ရောက်သည့် ကာလတွင် ၄င်းသင် တန်း သားများ၏ မိသားစုများအား ရွာမှလစဉ် ၂သိန်း၅သောင်းကျပ် ထောက်ပံပေး ရမည် ဟု ပြော ၍ ပြန်လည်ထွက်ခွာသွားကြောင်း သိရပါသည်။

အလားတူပင် အခြားကျေးရွာများတွင်လည်း ၄င်းတို့အဖွဲ့မှပင် သျှမ်းလူမျိုး၊ သျှမ်းပြည်နယ်ကောင်းစားရေး အတွက် ဟု ကြွေးကြော်ပြိး ကျေးရွာလူထုကိုအတင်းအဓမ္မ စည်းရုံးသိမ်းသွင်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးတောင်း ခံ ခြင်းများ ကို ကျေးရွာများအလိုက် အချိုးကျစနစ်ဖြင့် ယနေ့အချိန်ထိ ကောက်ယူ စုဆောင်းလျက် ရှိသောကြောင့် ဒေသ ခံပြည်သူများမှာ စိတ်မချမ်းမြေ့စရာများဖြင့် တွေ့ကြုံခံစားနေရပါကြောင်း သိရပါသည်။

နန်းလောင်ခမ်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here