Saturday, June 22, 2013

ဆယ်တန်းစာမေးပွဲ ဝင်ဖြေဦးမယ့် ဝါဆိုမိုးဦး

0 comments
ဇွန်လ ၂၂ ရက်
 
ဝါဆိုရတဲ့ အနုပညာကြေးနဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်တဲ့ အခါဝတ်ရတဲ့ အဝတ်အစားဖိုးတွေ နဲ့က ကာမိရဲ့လားဆိုတော့ မကာမိဘူး။ ကားစရိုက်ကတည်းက အခုထိပဲ။ ဝါဆိုက ဝတ်တယ်။ ဝါဆိုက အဝတ်အစားကို အရမ်းဦးစားပေးတယ်။ ပိုက်ဆံနဲ့ အနုပညာကိုချိန်ကိုက်ပြီး လုပ်တဲ့ အထဲမှာမပါဘူး ။အနုပညာလောကထဲ ဝင်ရောက်နိုင်ဖို့ အတွက် စွန့် လွှတ်ရတဲ့ အရာတွေရှိလားဆိုတော့ အဲဒါကတော့ ဝါဆိုရဲ့ပညာရေးပေါ့။ ဝါဆို ဆယ်တန်းမဖြေခဲ့ဘူး။ အခုပြန်ဖြေဖို့ တော့အစီအစဉ်ရှိတယ်။ ဟိုတစ်နေ့ က ဒဂုံ(၁) ရှေ့ ကဖြတ်တော့ ကားတွေကျပ်တယ်။ ဘာလုပ်တာလဲလို့ ကြည့်လိုက်တော့ ဆယ်တန်းအောင်စာရင်းထွက်တာ ။

အဲဒီအချိန်ကျမှ ကိုယ့်ရဲကျောင်းသူဘဝကို ပြန်သတိရသွားတယ်။ ကိုယ်လည်းလူငယ်တစ်ယောက်ဆိုတော့လေ ။ ဘဝမှာ ဆယ်တန်းအောင်စာရင်းထွက်တဲ့ ဖီလင်ကို တစ်ခါမှမခံစားရသေးဘူး ။ ခံစားကြည့်ချင်တာကြောင့် အိမ်က လူကြီးတွေကို ဆယ်တန်းပြန်ဖြေမယ် လို့ပြောတယ်။ ဒါပေမယ့်ပြောသာ ပြောတယ်။ တစ်နေကုန် ရှူတင်မှာ ဆိုတော့စာကျတ်ချိန်က မရှိဘူး။ ဖြေရင်လည်း အောင်မှကောင်းမှာလေ။ ဖြေဖြစ်မှာပါ ။ တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ ဝါဆိုနေရာလေး တစ်နေရာ ခိုင်ခိုင်မာမာလေးဖြစ်ပြီဆို ဝါဆိုဆယ်တန်းစာမေးပွဲပြန်ဖြေဖြစ်မှာပါ။

8 Days
Read more...

ဘရာဇီး ဆန္ဒပြပွဲ လူတစ်သန်းကျော် ပူးပေါင်း

0 comments
ဇွန်လ ၂၂ ရက်
 
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၏ အရည်အသွေး ညံ့ဖျင်းမှုနှင့် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အသုံးစရိတ် အလွန် မြင့်မားမှုတို့ကို ကန့်ကွက် ဆန္ဒပြပွဲများ ဘရာဇီးနိုင်ငံ၏ မြို့တော်ကြီးများတွင် ဖြစ်ပွားလျက်ရှိရာ ပူးပေါင်း ပါဝင်လာသူများဖြင့် အင်အား ပိုမိုကောင်းလာလျက် ရှိကာ ဆန္ဒပြသူ တစ်သန်းကျော်သွားပြီ ဖြစ်ကြောင်း Aljazeera သတင်းတစ်ရပ်က ဖော်ပြထားသည်။

နှစ်ပေါင်း ၂၀ အတွင်း ဘရာဇီးသမ္မတ ဒီလ်မာရော့စ်ဆက်ဖ် အစိုးရသည် အကြီးမားဆုံး လူထုဖိအားနှင့် ရင်ဆိုင်ရလျက် ရှိကာ ယခင်စီစဉ်ထားသော လာမည့်သီတင်းပတ် ဂျပန်သို့သွားမည့် နိုင်ငံတော် ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရသည်။

ဘရာဇီးနိုင်ငံသည် လူဦးရေ ၁၉၄ သန်းရှိပြီး ပြီးခဲ့သည့် ရက်များက သယ်ယူ ပို့ဆောင်စရိတ်ကို မြှင့်လိုက်ရာမှ စတင်သော သပိတ်မှောက် ဆန္ဒပြပွဲများတွင် ပါဝင်သော လူဦးရေ ၁ ဒသမ ၂ သန်းအထိ ရှိလာသည်။

ဘရာဇီးနိုင်ငံ မြို့တော် ရီယိုဒီဂျနေရိုး မြို့တော်ခန်းမရှေ့ လူအုပ်သည်ပင်လျှင် အင်အား သုံးသိန်းခန့် ရှိပြီး ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများသုံးကာ လူစုခွဲခဲ့သည်။
ဆန္ဒပြ လူအုပ်ထဲမှ အချို့က SBT ရုပ်သံလွှင့်ဌာန၏ ကားကို မီးတင်ရှိုခဲ့သည် ဟုလည်း Aljazeera က ရေးသား ဖော်ပြထားသည်။

ဘရာဇီလီယာ မြို့တော်တွင်လည်း နိုင်ငံခြားရေး ဝန်ကြီးရုံးကို ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားနေပြီး မီးလောင်နေသော အရာဝတ္ထုများဖြင့် ပစ်ပေါက်နေသည့် ဆန္ဒပြ လူအုပ်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံးကာ ပိတ်ဆို့ ထားခဲ့ကြရကြောင်း ယင်းသတင်းက ဆိုသည်။

မြို့တော် ဆာအိုပိုလိုတွင်လည်း လူအင်အား တစ်သိန်းတစ်သောင်းက လက်ဝဲယိမ်း အစိုးရကို လူမှုဖူလုံရေး ကဏ္ဍများ၌ ပြည်သူ့ဘဏ္ဍာများ ပိုမိုသုံးစွဲပေးပါရန် ဖိအားပေးလျက် ရှိသည်။

ဘရာဇီးသည် ကမ္ဘာ့ သတ္တမမြောက် အကြီးဆုံး စီးပွားရေးဈေးကွက်ကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ပြီး အကျင့်ပျက် လာဘ်စားမှုများ ရပ်တန့်သွားစေရန် ပြည်သူက ဖိအားပေး ဆန္ဒပြနေကြခြင်း ဖြစ်သည်။

ကွန်ဖယ်ဒရေးရှင်း ဖလားနှင့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ သုံးစွဲခြင်းက အစိုးရအပေါ် မကျေနပ်ချက်များကို မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်ပြီး ဆန္ဒပြပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

၎င်းတို့ တောင်းဆိုထားသည့် အချက်များမှာ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတို့တွင် ဘတ်ဂျက် ပိုမိုသုံးစွဲပေးရန်နှင့် ပြည်သူ့ ဝန်ဆောင်မှု အရာရှိများ၏ လုပ်ခလစာများကို လျှော့ချရန် ဖြစ်သည်။

The Voice Weekly
Read more...

ဖျားဖျား..... မိလို့ကတော့.....

0 comments
ဇွန်လ ၂၂ ရက်

ဟာသဥယျာဉ်(funny garden)
Read more...

တက်ကြွလှုပ်ရှားသူများက တရုတ်ခွေးသားစား ပွဲတော်ကို ဆန္ဒပြကန့်ကွက်ဖို့ ပစ်မှတ်ထား

0 comments
ဇွန်လ ၂၂ ရက်
 
တရုတ်နိုင်ငံ တောင်ပိုင်းမှာ ခွေးသား ချက်ပြုတ်စားသောက်ဖို့ ရည်စူးထားတဲ့ ပွဲတော် တစ်ခုကို ဒေသဆိုင်ရာ အာဏာပိုင်များထံမှ အနည်းအကျဉ်း လိုက်လျှောပေးမှုများ ရထားခဲ့တဲ့ တိရစ္ဆာန် ချစ်သူများက ဆန္ဒပြကန့်ကွက်ဖို့ ပစ်မှတ်ထား လုပ်ဆောင်နေကြကြောင်း တက်ကြွလှုပ်ရှားသူ တစ်ဦးက ဇွန်လ (၁၉) ရက် ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့တာကို ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံ ဂွမ်ရှီပြည်နယ်မှာ ခွေးသားစားပွဲတော်ကို ဇွန်လ (၂၁) ရက် သောကြာနေ့မှာ နှစ်စဉ် ပုံမှန်ကျင်းပလေ့ ရှိပေမယ့် ယခုနှစ်မှာတော့ တက်ကြွလှုပ်ရှားသူများရဲ့ ဆန့်ကျင်ဘက် ကန့်ကွက်မှုများဖြင့် တက်လာနေမှုနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာပြုလုပ်ခဲ့တဲ့ ပွဲတော်က လှောင်အိမ်ထဲရှိတဲ့ ခွေးတွေရဲ့ပုံများနဲ့ ခွေးသားချက်ပြုတ်ပြီး စားသောက်ပွဲကြီး ကျင်းပနေပုံ အစရှိတဲ့ ဓာတ်ပုံများ အင်တာနက် ဝက်ဘ်ဆိုက်ပေါ်ပျံ့နှံ့ သွားရာမှ လူထောင်ပေါင်းများစွာက အဆိုပါပွဲတော်ကို ရက်စက်ကြမ်းကြုတ်တဲ့ ပွဲတော်တစ်ခုအဖြစ် ပြစ်တင် ပြောကြားခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံမှာ ခွေးသားကို ကျယ်ကျယ်ပြန့်ပြန့် စားသုံးလေ့ မရှိသော်လည်း စားသောက်ဆိုင်တွေမှာတော့ ရရှိနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ ဂွမ်ရှီပြည်နယ် ယီလင်းမြို့ကတော့ ခွေးသားစားသုံးမှုနဲ့ ပါက်သက်လို့ နာမည်ကြီးတဲ့ မြို့တစ်မြို့ဖြစ်သလို ကြောင်သားကိုလည်း မှာယူစားသုံးနိုင်တယ်လို့ ဆိုပါတယ်။

ရတနာပုံဘာသာပြန်သတင်း
Ref;ဘန်ကောက်ပို့စ်
Read more...

မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်မှ ယခင် ပညာသင်နှစ် အမှတ်စာရင်း အတိုင်းသာ ခေါ်ယူသွားမည်

0 comments
ဇွန်လ ၂၂ ရက်
 
ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ဟာ ၂၀၁၂- ၂၀၁၃ ယခု ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စုစုပေါင်း အမှတ် ၄၅၀ နဲ့အထက် ရရှိသူများ ကိုသာ ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရေကြောင်းပညာ တက္ကသိုလ် ပထမနှစ် သင်တန်းကို လာမယ့် ဒီဇင်ဘာလ ပထမပတ်မှာ စတင် ဖွင့်လှစ်မှာဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲကို သိပ္ပံဘာသာတွဲ၊ ၀ိဇ္ဇာဘာသာတွဲနဲ့ ၀ိပ္ပံဘာသာတွဲများနဲ့ အောင်မြင် ထားသူများ လျှောက်ထား ခွင့်ရှိပြီး ကျန်းမာရေး(က)အဆင့် အရောင် ခွဲခြားနိုင်မှု စွမ်းရည် ရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၃-၁၄ ပညာသင်နှစ် အတွက် ရေကြောင်းပညာ တက္ကသိုလ်ကို ကျောင်းသား၊ ကျောင်းသူ ၃၂၀ ဦးသာ စစ်ဆေး လက်ခံမှာ ဖြစ်ပြီး အမျိုးသမီး ဦးရေ ကိုလည်း ၂၀ ရာခိုင်နှုန်း အထိသာ လက်ခံ သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ်ရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဆိုပါ တက္ကသိုလ်မှာ ရေယာဉ် တည်ဆောက်မှု ပညာ၊ ရေကြောင်းစက်မှု အင်ဂျင်နီယာနဲ့ ဆိပ်ကမ်း အင်ဂျင်နီယာ စတဲ့ အထူးပြု ဘာသာရပ် ၈ မျိုးကို သင်ကြားပေး လျက်ရှိတယ်လို့ သိရပါတယ်။

MRTV-4
Read more...

ထူးချွန်စွာအောင်မြင်သော ကျောင်းသားများကို ဆန်စပါးအသင်းချုပ် ထောက်ပံ့မည်...

0 comments
ဇွန်လ ၂၂ ရက်
 
ရန်ကုန်တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသော အသင်းဝင်မိသားစုများ၏ သားသမီးများကိုပညာသင်ထောက်ပံ့ကြေးပေးအပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းဝင်များ၏ မိသားစုဝင်များအား ပညာသင်ထောက်ပံ့ ကြေးပေးအပ်ခြင်းသည်ပထမဆုံးအကြိမ်ဖြစ်ပြီး အရေအတွက် ကန့်သတ်မထားဘဲ လျှောက်လွှာ
တင်သော ကျောင်းသား/သူ၏ အရည်အချင်းပေါ်မူတည်ပြီး စိစစ် ရွေးချယ်သွားမည် ဖြစ်သည်။

ထို့အပြင် ကျေးလက်ဒေသမှ အသင်းဝင်တောင်သူလယ်သမားများ၏ သားသမီးများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ထူးချွန်ထက်မြက်သော ကျောင်းသား/သူများကို ဘွဲ့လွန်ပညာရပ်များအတွက် ပြည်ပနိုင်ငံများသို့ စေလွှတ်ပြီးပညာသင်ကြားစေမည် ဟုသိရသည်။

ဒေသအသီးသီးရှိ အသင်းဝင်တောင်သူများအနေနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက
ဇွန် ၁၈ ရက်မှစပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဖုန်းနံပါတ်၀၁-၂၁၈၂၆၇၊ ၀၁-၂၁၈၂၆၈ ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း Zin YawNews မှသိရသည်။

SkyNet TV Browser
Read more...

မြန်မာအမျိုးသမီးများနေ့ဆိုင်းဘုတ် တာချီလိတ်၌ စိုက်ထူ

0 comments
ဇွန်လ ၂၂ ရက်
 
ဇူလိုင်လ ၃ ရက်နေ့သည် မြန်မာအမျိုးသမီးများနေ့ဖြစ်သည်။ မြန်မာအမျိုးသမီးများအနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူဖွင့်လှစ်ခြင်းအခမ်းအနားကို ဇွန် ၂၂ ရက် နံနက် ၇ နာရီက တာချီလိတ်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းရှေ့ ဗိုလ်ချုပ်လမ်းမဘေးတွင်ပြုလုပ်သည်။

အခမ်းအနားတွင်ခရိုင်/မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ဌာနဆိုင်ရာများမှ အမျိုးသမီးဝန်ထမ်းများ တက်ရောက် ကြသည်။ အစီအစဉ်အရ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်းက ဆိုင်းဘုတ်အား ကြိုးဆွဲ၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြည်သူ့ဆေးရုံဝင်းတွင် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အတူ စုပေါင်းပြီးသန့်ရှင်းရေး ဆောင်ရွက်ကြသည်။ သန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကြီးကြပ်အားပေးကြကြောင်း သိရှိရသည်။

Tachileik Online News
Read more...

တာချီလိတ်မြို့နယ်၌ "ဦးတင်မောင် ပညာသင်ဆု" လျှောက်ထားနိုင်

0 comments
ဇွန်လ ၂၂ ရက်
 
တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၁၂-၂၀၁၃ခုနှစ် ပညာသင်တွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး ၂၀၁၃-၂၀၁၄ပညာသင်နှစ် ဆေးတက္ကသိုလ်၊ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် တစ်ခုခုတို့တွင် ပညာသင်ကြားခွင့်ရရှိသူများအား တက္ကသိုလ်ပညာ သင်ကြားနိုင်ရေးအတွက် ဦးတင်မောင်ပညာသင်ဆု ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

'ဦးတင်မောင် ပညာသင်ဆု' အစီအစဉ်အား (၂၀၀၅)ခုနှစ်ကတည်းက စတင်၍ ပညာသင်ဆုများ ချီးမြှင့်ပေးခဲ့တာဖြစ်ပြီး ပညာသင်ဆုလျှောက်ထားမည့်သူသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်ခဲ့သူ၊ စီးပွားရေး ချို့တဲ့ပြီး မိဘနှစ်ပါး စလုံး မရှိသောသူ၊ သို့မဟုတ် မိဘတစ်ပါးပါး မရှိသူ၊ မိဘနှစ်ပါးရှိသော်လည်း စီးပွားရေးချို့တဲ့သူ၊ ၀န်ထမ်းသားသမီး ဖြစ်ပါက လစာနည်း ၀န်ထမ်းသားသမီး ဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်း၊ ပညာသင်ကြားစဉ်အတွင်း ကျောင်း စည်းကမ်း မလိုက်နာခြင်း၊ ကျောင်းမှ ထုတ်ပယ်ခံရခြင်း၊ စာမေးပွဲ ကျရှုံးခြင်းဖြစ်ပါက ပညာသင်ဆု ရပ်ဆိုင်းမည်ဟု စည်းကမ်းချက် ထုတ်ပြန်ထားကြောင်း နှင့် လျှောက်ထားသူသည် နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူ၊ လျှောက်ထား သူ၏ ကာလာဓာတ်ပုံလေးပုံ၊ တက္ကသိုလ် ၀င်တန်းအောင် အမှတ်စာရင်း မိတ္တူ၊ သက်ဆိုင်ရာ တက္ကသိုလ်တွင် တက်ရောက်သင်ကြားနေကြောင်း ထောက်ခံစာ မူရင်းတို့ လိုအပ်မည် ဖြစ်ကြောင်း မြန်မာတိုင်း(မ်)၏ ဖော်ပြထားချက်အရသိရသည်။

တာချီလိတ်မြို့နယ်မှ ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် တာချီလိတ်မြို့ ပညာရေးမှူးရုံးသို့ သွားရောက် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။


Tachileik Online News
Read more...

အမေရိကန် သမ္မတ အိုဘားမားအား လုပ်ကြံရန် X-Ray ရောင်ခြည်သုံး လက်နက်များ လျှို့ဝှက် တီထွင်ခဲ့သူအား ဖမ်းဆီး

0 comments
ဇွန်လ ၂၂ ရက်
 
အမေရိကန် သမ္မတ ဘားရက် အိုဘားမားအား လုပ်ကြံရန် X-Ray ရောင်ခြည်သုံး လက်နက် များလျှို့ဝှက် တီထွင်ခဲ့သည့် အမေရိကန် နိုင်ငံသား တစ်ဦးကို FBI အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

နယူးယောက်မြို့မှ အသက် ၄၉ နှစ် အရွယ်ရှိ ဂလန်ဒန် စကော့တ် ခရောဖို့ဒ်ဆိုသူ အမျိုးသား တစ်ဦးသည်
X-Ray ရောင်ခြည်သုံး လက်နက် များ တီထွင်မှုကို ရှစ်လကြာ အချိန်ယူခဲ့ရပြီး ၄င်းလက်နက်များသည် သေစေနိုင်သော ဓာတ်ရောင်ခြည်များကို ထုတ်လွှတ်နိုင်ပြီး အဝေးမှ လှမ်း၍ ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်နိုင်ကြောင်း FBI အဖွဲ့က ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ လက်နက်များ တီထွင်မှုတွင် နယူးယောက်မြို့ အသက် ၅၄ နှစ်အရွယ်ရှိ အဲရစ်ဂျေ ဖိတ်ဆိုသူ အမျိုးသား တစ်ဦးလည်း ပူးပေါင်း ပါဝင်ခဲ့ပြီး ၄င်းတို့နှစ်ဦးကို ဇွန် ၁၈ ရက်က ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း FBI အဖွဲ့က ပြောကြားထားသည်။

မြ၀တီ
Read more...

ဆီးရီးယားနိုင်ငံ အတွင်းရှိ ရှေးဟောင်း အဆောက်အအုံ ခြောက်ခုကို ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ အဖြစ် သတ်မှတ်

0 comments
ဇွန်လ ၂၂ ရက်
 
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ရှေးဟောင်း အဆောက်အအုံ ခြောက်ခုကို ပျက်စီး ဆုံးရှုံးမည့် အန္တရာယ်နှင့် ရင်ဆိုင် နေရသော ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ထားသော ရဲတိုက်များ အနက် တစ်ခုအပါ အဝင်ဖြစ်သော ကာရက်စ်ဒက်စ် ချီဖာလီအာ၊ ပဲလ်မာရာ အိုအေစစ် အပျက်အစီးများ၊ အလက်ပို၊ ဘို့စ်ရာ၊ ဒမတ်စကပ်မြို့ရှိ ရှေးဟောင်းမြို့များ အပါအဝင် အဆောက်အအုံ များသည် နှစ်နှစ်ကျော် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကြီးမားသော ပျက်စီးမှုများ ကြုံတွေ့ ခဲ့ရကြောင်း UNESCO အဖွဲ့က သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် နိုင်ငံမြောက်ပိုင်းရှိ ရှေးဟောင်း ကျေးရွာများသည်လည်း ဘေးအန္တရာယ် ကျရောက် နိုင်သော အဆောက်အအုံများ အဖြစ် သတ်မှတ်ခဲ့သည်။

ဆီးရီးယား နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ ခြောက်ခုကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာတွင် ကြာရှည်ခံနိုင်မည် မဟုတ်ကြောင်း သိရသည်။

ကမ္ဘောဒီးယား နိုင်ငံ ဖနောင်ပင်မြို့တွင် ပြုလုပ်သော UNESCO အဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးပွဲတွင် ယင်းအဆောက် အအုံများကို ပျက်စီးမှု အန္တရာယ်နှင့် ကြုံတွေ့နေ ရသည့် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ အဖြစ် UNESCO အဖွဲ့က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

မြ၀တီ
Read more...

ရွှေ ခူကောင်

0 comments
ဇွန်လ ၂၂ ရက်

ရုတ်တရက်ပဲ ကြည့်ကြည့် သေချာပဲ စိုက်ကြည့်ကြည့် အကောင်လို့ လုံးဝ ထင်ရက်စရာ မရှိပါဘူး။ အနီးစပ်ဆုံးကတော့ ဆံပင်တု တစ်ခု ချထားတယ်လို့ ပဲ ထင်ကြမှာ ဖြစ်ပါတယ်။ အမှန်တော့ ယင်းမှာ ပိုးကောင် တစ်မျိုး (ခူကောင်) ဖြစ်ပါတယ်။

Caterpillar (ခူကောင်) အမျိုးစားထဲက ဖြစ်ပြီး သူ့ရဲ့ မျိုးစိတ်ကတော့ Megalopygidae ကနေ ခွဲထွက်တာ ဖြစ်ပါတယ်။ သိုးမွေးလို နူးညံ့တဲ့ အမွေးများ ရှိတဲ့အတွက် Flannel Moth လို့ လူသိများပါတယ်။ ယခု မြင်ရတဲ့ Flannel Moth ကတော့ တောင်အမေရိက တိုက် အနောက်ပိုင်း ပီရူးနိုင်ငံ မှာပဲ တွေ့ရှိတာ ဖြစ်ပါတယ်။ ပီရူးနိုင်ငံမှာကိုမှ Tambopata ပြည်နယ် က တောမှာပဲ ရှိတာ ဖြစ်ပါတယ်။

ခူကောင် Flannel ( ရွှေခူကောင်) ကို ရွှေရောင် အမွေးအမျှင်များနဲ့ ယခု လို မြင်တွေ့ ရပါတယ်။

ရိုးရာလေး ဗဟုသုတ
Read more...

ပညာတတ် အမျိုးသမီးများက အရက်ပိုမို သောက်သုံး

0 comments
ဇွန်လ ၂၂ ရက်
 
၁၉၇၀ လောက်ကတည်းက လန်ဒန်မှာ စစ်တမ်းကောက်ပြီး လေ့ လာတွေ့ရှိထားတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ ပညာတတ်အမျိုးသမီးများက သာမန် အမျိုးသမီးများထက် အရက်ပိုမို သောက်သုံးကြတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

တက္ကသိုလ်တက်ပြီး ပညာတတ်မြောက်တဲ့ အမျိုးသမီးများဟာ ဘွဲ့မရတဲ့ အမျိုးသများထက် ၂ ဆ လောက် အရက်ပိုသောက်နိုင်ကြပါတယ်။ ထိုနည်းတူ စွာ စာသင်ခန်းမှာ အဆင့်ကောင်းပြီး စာပိုတော်တဲ့ အမျိုးသမီး များဟာ အဆင့်နည်းတဲ့ စာညံ့တဲ့ မိန်းကလေးများထက် အရွယ်ရောက် ရင် ၁.၇ ဆလောက် အရက် ပိုမို သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။ အကြောင်းပြချက်က ယခုလို ဖြစ်ပါတယ်။

ပညာတတ်အမျိုးသမီးများဟာ လုပ်ငန်းခွင်ကို ထိုးဖောက်နိုင်ပြီး အမျိုးသား များနဲ့ တန်းတူ ပြောဆိုဆက်ဆံရပါတယ်။ ဒီလို အတူ ပူးပေါင်း လုပ်ကိုင်ရာ မှာ လုပ်ကိုင်နိုင်စွမ်းရည် တန်းတူညီမျှ ရှိပြီး အမျိုးသားများနဲ့ ယှဉ်ဘောင် တန်း လုပ်ကိုင်နိုင်ကြောင်း စိတ်က အလိုအလျောက် အသိပေး တိုက်တွန်းနေလို့ ဖြစ်ပါတယ်။

ဒါကြောင့် ယင်းအမျိုးသမီးများဟာ အမျိုးသားများကဲ့သို့ အရက်၊ ဘီယာများ ကို သောက်သုံးတယ်လို့ သိရပါတယ်။

ရိုးရာလေး
Read more...

ဟိုင်းဘရစ် ဟွန်ဒါ Accord ကား စတင်ဖြန့်ချိ

0 comments
ဇွန်လ ၂၂ ရက်
 
ဂျပန် Honda မှ ပထမဆုံး Honda Accord ဆလွန်းကားကို စတင် ဖြန်ချိ လိုက်ပြီ ဖြစ်ပါတယ်။ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဒီဇိုင်းအပိုင်းမှာ ဘာမှပြောစရာ မရှိပါဘူး။ ထူးခြား လာတာ တစ်ခုကတော့ ဟိုင်းဘရစ်ကား ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဒီတော့ ဆီစားနှုန်း သက်သာ လာမှာပါ။ တစ်ဂါလံကို ပျှမ်းမျှ ၄၉ မိုင် မောင်းနှင်နိုင် မယ့် ၂၀၀၀ စီစီ DOHC အင်ဂျင်နဲ့ လျှပ်စစ်မော်တာ တစ်လုံး တွဲပေး ထား ပါတယ်။

အခြား ဟိုင်းဘရစ်တွေလောက် ဆီအစား အရမ်းကြီးသက်သာနဲ့ ကားတော့ မဟုတ်ပါဘူး။ သူ့ဟာနဲ့သူကတော့ အဆင်ပြေနေပါတယ်။ လေးဘီးမောင်း စနစ် အသုံးပြုတဲ့ကားပါ။ သာမန်ထုတ်လုပ်နေကျ Honda Accord ကို Green Tech အမျိုးအစားသို့ စတင် ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၇၂၆၀ သတ်မှတ်ပြီး ကမ္ဘာအနှံ့ စတင်ဖြန့်ချိရောင်းချတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

ColayAutomobile.
Read more...

မသေနိုင်သော သတ္တဝါ - Immortal Jellyfish

0 comments
ဇွန်လ ၂၂ ရက်
 
ဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ Turritopsis nutricula အမည်ရ သတ္တဝါ ဖြစ်ပြီး သူ့ကို Immortal Jellyfish လို့လည်း ခေါ်ပါတယ်။တကယ်မသေနိုင်ပါဘူး။ ဇီဝဗေဒပညာရှင်တို့ လက်တွေ့ကျကျ လေ့လာမှု အရ ဓာတ်ခွဲခန်းမှာ စောင့်ကြည့်တာတောင် တစ်ကောင်မှ မသေဖူးပါတယ်။ အရွယ်အစားလည်း သေးပါတယ်။ အချင်း ၀.၁၈ လက်မ က အကြီးဆုံးပါပဲ။ အငယ်ဆုံးကတော့ ၂ မီလီမီတာလောက်ထိ ရှိနိုင်ပါတယ်။ ပင်လယကြမ်းပြင် မှာ လင်းလိုက်၊ မိန်လိုက်နဲ့ သွားနေတဲ့အထဲမှာ ယင်း ဂျယ်လီ ငါးသေးသေးလေးများ ပါဝင်နေမှာ ဖြစ်ပါတယ်။

စတင်ပေါက်ဖွားရာကတော့ ကာရေးဘီးယမ်းပင်လယ်က ဖြစ်ပေမယ့် ကမ္ဘာ့ ဘယ်ပင်လယ်ရေ ဘယ်နေရာမှာမဆို ပြန့် နှံ့တတ်တဲ့ ဂျယ်လီငါး ဖြစ်ပါတယ်။ အစုအဖွဲ့လိုက် နေတတ်ပါတယ်။ အကောင်ပေါက် ပြီးချိန် ရေအောက်မှာ သန္တာကျောက်တန်းကို တွယ်ညှိနေတတ်ပြီး sexual reprodutuction process ကိုကျော်လွန်ပြီး နောက် ဂျယ်လီငါးလို သွားလာနေထိုင်နိုင်ပါတယ်။ ဆဲလ် အဟောင်းနဲ့ ဆဲလ်အသစ် အမြဲ လဲလှယ်နေတတ်ပြီး ဘယ်တော့မှ မသေသတ် ပါဘူး။

သေမယ်ဆိုရင်တောင် ငါးစားလို့ သို့မဟုတ် အခြား ပယောဂများကြောင့် သာ ဖြစ်ပြီး ကိုယ်တိုင်သာ နေထိုင်ရင် ဘယ်လိုမှ မသေနိုင်ဘူး လို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့်လည်း Immortal jellyfish လို့အမည်ပေးထားပါတယ်။ သေပြီးသွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ် ပြန်ပြန်အစားထိုးသွားတဲ့ ဖြစ်စဉ်ကို ဆေးပညာရှင်နဲ့ သိပ္ပံပညာရှင် တို့ လေ့လာပြီး လူသားများအတွက် အသုံးပြုရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရပါတယ်။

ရိုးရာလေး ဗဟုသုတ
Read more...

အားကစားဘက်တွင် ထူးချွန်ပါက အမေရိကန် navitas တက္ကသိုလ်မှ ပညာသင်ဆုရနိုင်

0 comments
ဇွန်လ ၂၂ ရက်

အမေရိကန်နိုင်ငံ အခြေစိုက် navitas တက္ကသိုလ်မှ ပညာသင်ဆု လျှောက်ထားရာတွင် အားကစား ဘက်၌ ထူးချွန်သူများလည်း ပညာသင်ဆု ရရှိနိုင်ကြောင်း navitas တက္ကသိုလ် တာဝန်ရှိသူ တစ်ဦးက ရန်ကုန်မြို့ကုန်သည်ကြီးများ ဟိုတယ်၌ ယမန်နေ့က ပြောကြားခဲ့သည်။ ယင်း navitas တက္ကသိုလ်ကြီး အတွင်းတွင် ဘောလုံး ကစားကွင်းကြီးများ၊ ဘေ့ဘော ကစားကွင်း၊ ဘတ်စကက်ဘော ကစားကွင်း များလည်း ရှိပြီး ပညာသင်ကြားခြင်း အပြင် အားကစား ပွဲများတွင်ပါ ပါဝင် ကစားကြရပြီး ကျောင်းသားများကို ဘက်စုံထူး ချွန် ကျောင်းသားများဖြစ်အောင် သင်ကြားပေးနေသော နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကြီး တစ်ခုဖြစ် ကြောင်း သိရသည်။

အဆိုပါ navitas အမေရိကန် အခြေစိုက် တက္ကသိုလ်သို့ ပညာသင်ဆု လျှောက်ထားရာတွင် အချက်အ လက် အထောက်အထား ပြည့်စုံသော သူများသည်လည်း ပညာသင်ဆု လျှောက်ထား နိုင် သလို ကျောင်း၏ လိုအပ်နေသော အားကစား နည်းများတွင် ထူးချွန်သော သူများသည်လည်း navitas တက္ကသိုလ်သို့ ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း သိရသည်။

ထို navitas တက္ကသိုလ် သို့ တက်ရောက်ခွင့် ရသူများ ကိုလည်း ယင်းတက္ကသိုလ်မှ အထူး အခွင့်အရေး အနေဖြင့် ပညာသင် ကျောင်းသားများ၏ လိုအပ်သော တတ်ကျွမ်းမှုနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကို လိုအပ်သလို ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက ဖြည့်ဆည်း သင်ကြား ပေးနေကြောင်း သိရသည်။

ထို navitas တက္ကသိုလ်သည် အမေရိကန် အခြေစိုက် ဖြစ်ပြီး မြန်မာ ကျောင်းသားများကို ယင်း တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ သင်တန်းများသို့ တက်ရောက်နိုင် ရန် ပညာပေး ဆွေးနွေးခဲ့ပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ အဓိက စိတ်ဝင်တစား လာရောက် နားေ ထာင်ခဲ့ကြကြောင်း သိရသည်။

မြ၀တီ
Read more...

အရပ်ရှစ်ပေလေးလက်မ မြင့်သောလူထူးကလေး ကိုဝင်းဇော်ဦး

0 comments
ဇွန်လ ၂၂ ရက်
 
မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ် ထုံးပေါက်ချိုင်း ကျေးရွာတွင် အရပ်အမြင့် ရှစ်ပေလေးလက်မရှိ လူငယ်တစ်ဦး ကို ထူးဆန်းစွာ တွေ့  မြင်ခဲ့ရသည်ဟု တဆင့် စကား တဆင့်ကြားမိရာမှ အဖြစ်အပျက်အကြောင်းစုံများအား အမှန်အတိုင်း တင်ပြ နိုင်ရေး အတွက် ကျောက်ခဲ လျိုမျှောင် သဲတောများကြားမှ ခက်ခဲပင်ပန်းစွာ သွားရောက်လေ့လာ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ပူပြင်းလှသော နေအပူရှိန်ကိုပင် သတိမပြုနိုင်ကြပဲ နတ်မောက်မြို့  နှင့် ခရီးမိုင် ၁၅ မိုင်ခန့်  ဝေးကွာသော ထုံးပေါက်ချိုင်း ကျေးရွာသို့  အရောက်သွားကာ မေးမြန်း လေ့လာသိရှိရသမျှ တင်ပြနိုင်ရေး အပြေးအလွှားကြိုး စားခဲ့ရသည်။

အရပ်ရှစ်ပေလေးလက်မ မြင့်သောလူထူးကလေး ကိုဝင်းဇော်ဦးသည် ထုံးပေါက်ချိုင်းရွာ ဇာတိဖြစ်ပြီး အသက်(၃၆)နှစ်၊ အဘဦးအောင်လှ၊ အမိဒေါ်မောက်တင်တို့ ၏ သားကြီးဖြစ်သည်။ မွေးချင်းလေးယောက်ရှိသော်လည်း အခြားသူများမှာ ပုံမှန်အနေအထားသာဖြစ်ပြီး ကိုဝင်းဇော်ဦး တစ်ယောက်သာလျှင် ထူးခြားစွာထွားကြိုင်းနေခြင်း ဖြစ်ကြောင်းတွေ့ ရသည်။

''ကျွန်တော်က (၈၈)မှာလေးတန်းနဲ့ ကျောင်းထွက်ပြီး မိဘတွေက အဆင်မပြေတော့ ၁၅နှစ်သားအရွယ်မှာပဲ ရန်ကုန်ကို အလုပ်လုပ်ထွက်ခဲ့တယ်။ ရန်ကုန်ရောက်တော့ လသာမြို့ နယ်၂၄လမ်းမှာရှိတဲ့ ဒိန်ချဉ်ဆိုင်မှာ အလုပ်ဝင်လုပ်တယ်။ အဲဒီအချိန် အထိပုံမှန်ပဲ ရှိသေးတယ်။ ထူးခြားတာဆိုလို့  ကျွန်တော်က ဒိန်ချဉ်ကြိုက်တယ်၊ နွားနို့ အလွန်အကျွံသောက်တယ်။ ဒါလောက် တော့ရှိခဲ့တယ်။ အဲ ရန်ကုန်က အပြန်အသက်(၁၈)နှစ်လောက်မှာဖြစ်မယ်။ အဲဒီအချိန်ကစပြီးတော့ တစတစနဲ့ တနှစ်နဲ့တနှစ် ခန္ဓာကိုယ်ကကြီးလာတာ အခု(၃၆)နှစ်အထိပဲ''ဟု ကိုဝင်းဇော်ဦးကပြောသည်။

''အရင်နှစ်က နတ်မောက်က ကျောင်းဆရာကြီး တိုင်းထားတာ ရှစ်ပေတစ်လက်မပဲရှိတာ။ အခုတိုင်းတော့ ရှစ်ပေလေး လက်မ ဆိုတော့ နှစ်နှစ်အတွင်းမှာ သုံးလက်မလောက်ထပ်တိုးလာတာပဲ။ သူကရှက်တတ်တယ်။ အစားအသောက်ကလည်း ပုံမှန်သူလိုကိုယ်လိုပါပဲ။ ကွမ်းယာတော့ သူကကြိုက်တယ်။ အဝတ်အစားကျတော့လည်း ပုဆိုးက ကွင်းကျဉ်းနေ တိုနေပေ မယ့်သူက ဖြစ်သလိုဝတ်တယ်။ အင်္ကျီကိုတော့ အဝတ်စဝယ်ပြီး ဦးလေးဖြစ်သူက တိုင်းထွာပြီးချုပ်ပေးတယ်။ အမေအို အဖေအို တွေနဲ့ နေရတာဆိုတော့ သူ့နောင်ရေးတွေးကြည့်ရင်တော့ စိတ်မကောင်းဖြစ်မိတယ်''ဟုကျေးရွာအထောက်အကူပြု ကော်မတီဝင်တစ်ဦးကရှင်းပြသည်။

ကျန်းမာရေးနှင့် ပါတ်သက်၍ ဒေါက်တာဇော်လင်းအောင် မကွေးမှာရှိစဉ်က စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြောင်း၊ မျက် စေ့ မှုံမှာတော့ စိုးရိမ်ကြောင်း၊ ကျန်သည့်ရောဂါလက္ခဏာမတွေ့ ရကြောင်း ရှင်ပြခဲ့သည်ဟုဆိုသည်။

အခုအထိလည်းမျက်စေ့ မှုံ ခြင်းမရှိသေးကြောင်း၊ သိုသော်လည်း ဖိနပ်အခက်အခဲကြောင့် မစီးရတာများသည့်အတွက် ခြေထောက်တွေကကြာရှည် မထောက်နိုင်တော့သည့်အပြင် ကြီးထွားလာသည့်ခန္ဓာကိုယ်ကြီးကို သယ်၇သည့် ဒုက္ခကကြီးလာကြောင်း၊ ဘယ်ကိုမှလည်း မသွားချင်တော့ကြောင်း ကိုဝင်းဇော်ဦးက စိတ်လိုလက်ရရှင်းပြသည်။

ကိုဝင်းဇော်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်လှက''ရွာထဲဟိုဟိုဒီဒီသွားတိုင်းစိတ်မချဘူး။ မတော်တဆလဲမှာကြောက်လို့ ပါ။ သူ့ခန္ခာကိုယ်ကြီးနဲ့ လဲလိုက်ရင်မလွယ်ဘူးလေ။ နောင်ရေးကိုတွေးပြီးတော့လည်းစိတ်ထဲမှာမကောင်းဘူး။ အခုဆို ခါးကကုန်းလာတာကို သတိထားမိတယ်။ ခန္ဒာကိုယ်ကြီးက ပုံမှန်မဟုတ်တော့စိုးရိမ်မိတယ်။ အခုဆိုရင်ဘာအလုပ်မှလည်း မလုပ်နိုင်တော့ သူ့နောင်ရေး ရင်လေးတာပေါ့''ဟုပူပန်စွာပြောပြသည်။

ကိုဝင်းဇော်ဦးမှာ အိမ်အောက်သို့ ဝင်လျှင်လည်း ခေါင်းငုံ့ဝင်ရပြီး အရပ် ငါးပေရှစ်လက်မရှိ ကိုဝင်းဇော်ဦးနှင့် ညီအစ်ကိုတော်သူမှ ကိုဝင်းဇော်ဦး၏ အရပ်ကို တိုင်းရန်အတွက် ခုံပေါ်သို့ တက်မှမှီသည်ကို ကြည့်ကာ အခြားသူများ ဝိုင်းပြီးရယ်ကြတော့ ကိုဝင်းဇော်ဦး မှာရှက်သလိုလိုဟန်ပန်ကို အတိုင်းသားမြင်ခဲ့ရသည်။ လူမသိ သေးသောကိုဝင်းဇော်ဦးတယောက် အကယ်၍များ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုမှာဆိုလျှင်……---

ပေါ်ဦး(နတ်မောက်)
thithtoolwin
Read more...

သင့်အကောင့်ရဲ့ Password တွေလုံခြုံရဲ့လား

0 comments
ဇွန်လ ၂၂ ရက်
 
Facebook အကောင့် Password, Gmail အကောင့် Password တွေ လူတိုင်း ရှိတယ်ဟုတ်။
ကိုယ့်ဟာ ကိုယ်တော့ စိတ်ချရတယ် ထင်ကြတာပဲ။ ဒါပေမယ့် ကိုယ့် Password ကိုယ် ပြန်ဆန်းစစ်ကြည့်ကြပေါ့ဗျာ…အောက်မှာ ရေးထားတဲ့အတိုင်း။ ပြီးအောင်ဖတ်ပြီးရင် သင့် အကောင့်ကို Hack ခံရဖို့ လွယ်လွယ်လေးဆိုတာ နားလည်လာမှာပါ။

၂၀၁၂ တုန်းက စစ်တမ်းတစ်ခု ကောက်ခဲ့ဖူးတယ်။ ပြီးတော့ Most Popular Password in 2012 ဆိုတဲ့ စာရင်းထွက်လာပါတယ်။ သန်းနဲ့ချီတဲ့ Password တွေကို Hacker တွေဆီကနေစာရင်းကောက်ထားတာပါ။ အဲ့ဒီ စာရင်းမှာ အများဆုံးပါလာတာကတော့ “123456” , “123456789” , “welcome”, “password”, “welcome” ဆိုတဲ့ စာသားတွေ၊ နံပါတ်တွေပါ။ ကျွန်တော်လဲ အရင်က အဲ့ဒီ အုပ်စုထဲမှာ ပါဘူးတယ်ဗျ။ ကဲဗျာ အောက်က အချက်တွေကြည့်ရအောင်။

(၁) Password ရဲ့လုံခြုံမှု အတိုင်းအတာကို မစစ်မိခြင်း (Strength)

Gmail အကောင့်တို့ Facebook အကောင့်တို့ဖွင့်တုန်းက တွေ့ဖူးမှာပေါ့။ Password Strength ဆိုတဲ့စာသားလေး။ အဲ့ဒါလေးက သင့် Password ရဲ့ လုံခြုံမှု အတိုင်းအတာကိုပြပါတယ်။ ဒါကိုမှ မကြည့်မိဘူးဆိုရင် ကျနော် စိတ်ချရတဲ့ Link လေးတစ်ခုပေးလိုက်ပါမယ်။ အဲ့ဒီမှာ ကိုယ့် Password ရဲ့ လုံခြုံမှု အတိုင်းအတာကို သွားရောက်တိုင်းတာနိုင်ပါတယ်။
http://www.passwordmeter.com/


(၂) Account အားလုံးအတွက် Password တစ်ခုတည်းသာ ထားရှိခြင်း

အဲ့ဒီဟာတော့ ကြောက်ဖို့ကောင်းပါတယ်။ ကျနော်တို့မှာ အနည်းဆုံး အကောင့် ၂ခုတော့ ရှိမယ်ဗျာ။ Gmail နဲ့ Facebook။ တစ်ချို့ဆို Facebook အကောင့် ၂ခု၊၃ခု။ Twitter သုံးတဲ့လူရှိကောင်းရှိမယ်ဗျာ… အဲ့ဒါတွေ အကုန်လုံးကို Password တစ်ခုတည်းထားတတ်တာ…တစ်ခုသာ Hack ခံရလို့ကတော့ ရှိသမျှ အကုန် ပွဲသိမ်းဘဲ။ မတူအောင်ထားနိုင်ရင်တော့ အကောင်းဆုံးပေါ့။

(၃) Security Question

အကောင့်တစ်ခု Lock ကျတာပဲဖြစ်ဖြစ်၊ Hack တာပဲဖြစ်ဖြစ်၊ Password မေ့တာပဲ ဖြစ်ဖြစ် Security Question တောင်းတတ်ပါတယ်။ Facebook ဆိုရင်တော့ သူပေးထားတဲ့ Security ဟာ ၂ခါဖြေခွင့် မပေးပါဘူး။ Facebook အသုံးပြုသူတွေအတွက် Security Question ဆိုတာ အသက်ပါပဲ။ တချို့ဆို Security Question ခံတောင်မခံထားတတ်ကြပါဘူး။ username ကိုသိနေပြီဆိုရင် facebook အကောင့်ဆိုတာ hack ဖို့လွယ်လွယ်လေးပါ။ Security Question မခိုင်မာရင်ပေါ့။ Security Question တွေကို ကိုယ်ပဲသိသာစေမယ့်ဟာမျိုးတွေ ထားသင့်ပါတယ်။


(၄) SpaceBar သုံးပါ

တချို့သော Site တွေနဲ့ programs တွေက Password အတွက် Spacebar ကိုလက်မခံတတ်ကြပါဘူး။ ဒါပေမယ့် သင့် Password တွေကြားမှာ Space Bar ညှပ်သုံးခြင်းက ပိုမိုလုံခြုံစေပါတယ်။

(၅) တတ်နိုင်သလောက် Password ကိုရှည်ရှည်ထားပါ

တချို့သော လုံခြုံရေး ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်ပါ။ Character အရေအတွက် ၁၂ မှ ၁၄ အထိရှိတတ်တဲ့ password တွေဟာ ထိုးဖောက်ရခက်တတ်ပါတယ်။ ရှည်လွန်းလို့ မေ့တော့လည်း ဒုက္ခ..


နိဂုံးချုပ်
တစ်ခြား အရေးကြီးတဲ့ အချက်တစ်ချို့ကတော့ လူရှေ့မှာ Password မရိုက်မိစေဖို့နဲ့၊ ကိုယ့်ရဲ့ အရေးကြီးတဲ့ အကောင့် -ဥပမာ facebook username သုံးထားတဲ့ gmail တို့ကို လူသိပ်မသိစေတာ ပိုကောင်းပါတယ်။

အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ
ref- Pyae Phyo Naing (SQUAR Team)

Computerproblemhelper
Read more...

လျှပ်စစ်ကား တကြိမ်အားဖြည့်ရုံနဲ မိုင် ၂၀၀ ကျော်မောင်းနှင်နိုင်

0 comments
ဇွန်လ ၂၂ ရက်
 
အင်တာနက်ကနေ စီးပွားရေးဝန်ဆောင်မှုလုပ်နေတဲ့ Pay Pal ကုမ္ပဏီကို ပူးတွဲတည်ထောင်သူလည်းဖြစ်၊ လျှပ်စစ်ကားထုတ်လုပ်တဲ့ Tesla ကားကုမ္ပဏီပိုင်ရှင် ဘီလီယံနာသူဋ္ဌေးကြီး Elon Musk က ခရီးရှည်သွားနိုင်လာနိုင်တဲ့လျှပ်စစ်ကား ပြုလုပ်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေပါတယ်။

Los Angeles မြို့မှာရှိတဲ့ Tesla ကုမ္ပဏီရဲ့ ဒီဇိုင်းထုတ်လုပ်တဲ့ စတူဒီယိုမှာ ကြာသာပတေးနေ့က ပြုလုပ်တဲ့အခမ်းအနားမှာ Musk က အားကုန်သွားတဲ့ ဘက်ထရီနေရာမှာ အားအပြည့်ဖြည့်ထားတဲ့ ဘက်ထရီနဲ့ အစားထိုးထားတဲ့ ဘက်ထရီလဲတဲ့စနစ် အသစ်ကို ကြေညာခဲ့ပါတယ်။ အဲဒီ ဘက်ထရီအသစ်လဲတဲ့စနစ်က ဓာတ်ဆီလီတာ ၅၀ လဲတာနဲ့ အချိန်အတူလောက်ပဲရှိမှာဖြစ်သလို တန်ဖိုးအားဖြင့်လည်း အတူတူလောက်ပဲရှိမှာဖြစ်ပါတယ်။

Tesla’s က ဘက်ထရီအားအသစ် ပြန်သွင်းတဲ့နေရာမှာ ဘက်ထရီကို အလကား ပြန်သွင်းနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဘက်ထရီ အားပြန်သွင်းဖို့အတွက်ဆိုရင်တော့ နာရီဝက်လောက်ကြာမှာ ဖြစ်ပါတယ်။ ဘက်ထရီ အားအပြည့်ရှိတဲ့ကားတစင်း ပျမ်းမျှအားဖြင်တော့ မိုင် ၂၅၀ ကျော်ကျော်လောက် သွားနိုင်မှာဖြစ်ပါတယ်။

Tesla ကုမ္ပဏီဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဘက်ထရီအားဖြည့်နိုင်တဲ့ နေရာ ၈ နေရာရှိပြီး နောက်ထပ်လည်း ထပ်ပြီးတော့ ဖွင့်သွားဖို့ အစီအစဉ်တွေရှိတယ်လို့ ဆိုပါတယ်။ လာမယ့် နှစ်အကုန်မှာတော့ အမေရိကန်ပြည်ထောင်စု အနောက်ဘက်အခြမ်းကနေ အရှေ့ဘက်အခြမ်းအထိ သွားနိုင်အောင် လုပ်လာဖို့ အလားအလာရှိနေပါတယ်။

VOA Burmese
Read more...

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ ပဋိပက္ခ ရိုက်ခတ်ခံရသူများ အတွက် ဗြိတိန်နိုင်ငံက စတာလင်ပေါင် သန်း ၁၈၀ ကျော် ကူညီမည်

0 comments
ဇွန်လ ၂၂ ရက်
 
၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ ပဋိပက္ခ ရိုက်ခတ်ခံရသူများ အပါအ၀င် နယ်ပယ်ပေါင်းစုံအတွက် ဗြိတိန်နိုင်ငံက စတာလင် ပေါင်သန်း ၁၈၀ ကျော် လှူဒါန်းရန် စီ စဉ်ထားကြောင်း ဖွံ့ဖြိုးရေးဝန်ကြီး အလယ်(န်)ဒန်ခင်(န်)က ဇွန် ၂၀ ရက်က နေပြည်တော်တွင် ပြောကြား သည်။

''ဒီငါးနှစ် စီမံကိန်း အတွင်းမှာ ကျန်းမာရေး၊ ပညာရေး၊ ကြွယ်ဝမှု ဖန်တီးခြင်းသာမက ပဋိပက္ခ၏ ရိုက်ခတ် မှုကို ခံရသူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ များကဲ့သို့သော နယ်ပယ်တွေကို အလေးထား ဆောင်ရွက်ဖို့ လှူဒါန်းတာပါ။ ရခိုင်နဲ့ ကချင်ပြည်နယ်တွေမှာ ရေလွှမ်းမိုးခြင်း၊ ရောဂါဘယ ဒဏ်ကြောင့် ဘေးအန္တရာယ် ကျရောက်နေသူတွေကို ကူညီပံ့ပိုးမှု ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်'' ဟု ဗြိတိန် ဖွံ့ဖြိုးရေး ၀န်ကြီးက ပြောကြားသည်။

ကချင်ပြည်နယ် အတွင်းမှ ဒုက္ခသည်ပေါင်း ၈၀၀၀၀ ခန့် ကြုံတွေ့နေရသည့် ဒုက္ခများကို ကူညီဖြေ ရှင်း ပေးနိုင်ရန် ရည်ရွယ်ကြောင်း၊ ရခိုင်ပြည်နယ်မှာ ဆိုရင်လည်း မိုးရာသီ စတင်လာပြီ ဖြစ်သည့်အတွက် အချို့ မိသားစုများသည် ယာယီတဲများဖြင့်သာ နေထိုင်နေရကြောင်း၊ ကျန်းမာရေးအတွက် ဂရုစိုက်ရန် လိုအပ်ကြောင်း၊ လူသားချင်းစာနာ ထောက်ထားပြီး အကူအညီများ ပေးရန် လိုအပ်နေကြောင်း ၎င်းက ပြောကြားသည်။

ဗြိတိန်နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်တွင် စတာလင်ပေါင် ၆ ဒသမ ၄ သန်း ထောက်ပံ့ပေးထားကြောင်း၊ လူပေါင်း ရှစ်သောင်းအတွက် ရေကောင်းရေသန့်၊ ယင်လုံအိမ်သာ၊ မွေးကင်းစမှ ၅၉ လသားအထိ အာဟာ ရ ချို့တဲ့သည့် ကလေးများကို ကုသပေးနေကြောင်း သိရသည်။

ထို့အပြင် ကချင်ပြည်နယ် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူများ အတွက် စတာလင်ပေါင် ၃ ဒသမ ၅ သန်း ကူညီထားကြောင်း၊ လက်ရှိတွင် ကချင်ပြည်နယ်အတွက် ကုလသမဂ္ဂမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉ သန်းကို ရရှိထားကြောင်း ဖွံ့ဖြိုးရေးဝန်ကြီး၏ ပြောပြချက်အရ သိရသည်။

Eleven
Read more...

အိန္ဒိယမှာ ရေကြီးလို့ လူ ၅၀၀ ကျော်သေဆုံး

0 comments
ဇွန်လ ၂၂ ရက်

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ရေကြီးလို့ သေကြေတဲ့လူ အရေအတွက်ဟာ ၅၀၀ ကျော်လာပြီလို့ အစိုးရက ထုတ်ပြန်ပါတယ်။ ဒီထက်လည်း လူ အသေအပျောက် များနိုင်သေးတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ ပရဟိတ အဖွဲ့တစ်ခုဖြစ်တဲ့ Action Aid ကလည်း ပျောက်ဆုံးနေသူ အရေအတွက်ဟာ ငါးထောင် ကျော်နေတယ်လို့ ပြောပါတယ်။

သည်းထန်တဲ့ မုတ်သုန်မိုးကြောင့် အွတ်တရာခန်းပြည်နယ်က လမ်းတွေနဲ့ အိမ်တွေ ပျက်စီးခဲ့လို့ လူ ၅ သောင်းကျော်ဟာ မိုးထဲမှာပဲ ရှိနေသေးတယ်လို့ အစိုးရက ကြေငြာပါတယ်။

မွန်ဘိုင်းမြို့မှာတော့ အိမ်တလုံးပြိုလို့ လူ ၁၀ ဦး သေဆုံးပြီး အများအပြား ပိတ်မိနေဆဲလို့ ယူဆရကြောင်း ရဲက ပြောပါတယ်။ မွန်ဘိုင်းမှာလည်း ဒီရက်ပိုင်းအတွင်း မိုးသည်းထန် နေပါတယ်။

BBC
Read more...

အမေရိကန်-တာလီဘန် ရက်ပိုင်းအတွင်း ဆွေးနွေးမည်

0 comments
ဇွန်လ ၂၂ ရက်
 
လာမယ့်ရက်တွေအတွင်း ဒိုဟာမှာ တာလီဘန်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာလိမ့်မယ် လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒိုဟာဆွေးနွေးပွဲဟာ နဂိုရ်တုန်းက မနေ့က ကြာသာပတေးနေ့မှာ စတင်ကျင်းပဖို့ ပြင်ဆင်ထား တာဖြစ် ပြီးတော့ အဲဒီမှာ တာလီဘန်ကိုယ်စားလှယ်တွေရော အမေရိကန်အဆင့်မြင့်အရာရှိတွေပါ တက်ရောက်ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒါပေမဲ့လို့ ဒိုဟာမြို့မှာ တာလီဘန် နိုင်ငံရေးရုံး ဖွင့်ခဲ့တာနဲ့ပတ်သက်ပြီးတော့ စိတ်အနှောင့်အယှက်ဖြစ်နေပုံ ရတဲ့ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းကတော့ ဒီဆွေးနွေးပွဲကို သူတို့အစိုးရအနေနဲ့ မထောက်ခံဘူး ဆို ပြီးတော့ ကန့်ကွက်ခဲ့ပါတယ်။ ဒိုဟာမှာ အခု သီတင်းပတ်အစောပိုင်းတုန်းက "Office of the Islamic Emirate of Afghanistan," အာဖဂန်နစ္စတန်ရဲ့ အစ္စလာမ်ဘာသာရေးရုံးဆိုပြီးတော့ တာလီဘန်ဘက်က ရုံးခန်းဖွင့်လိုက်တဲ့အပေါ်မှာ ကန့်ကွက်မှု တစိတ်တပိုင်းလည်း ပါပါတယ်။

အရင်တုန်းကတုန်းကတည်းက အာဖဂန်-တာလီဘန်တွေရဲ့နိုင်ငံရေးရုံးဖွင့်ဖို့ဆိုတဲ့ သဘောတူညီချက်က ရှိပြီးသားဖြစ်တယ်လို့ တာဝန်ရှိသူတွေဘက်ကတော့ ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့် ရ သူ Jen Paski ကတော့ နိုင်ငံရေးအရ အဖြေထုတ်ဖို့နဲ့ နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေးနဲ့ အကောင်း ဆုံးနည်းလမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လုပ်သွားနိုင်ဖို့ အမေရိကန်ဘက်ကနေပြီးတော့ အာရုံ ထား အလေးပေးဆဲဖြစ်တယ်ဆိုပြီးတော့ ပြောသွားပါတယ်။

တာလီဘန်တွေအနေနဲ့ အကြမ်းဖက်မှုတွေကို စွန့်လွှတ်ဖို့ အပါအဝင် ကိစ္စရပ်အတော်များများကို အမေရိ ကန်ပြည်ထောင်စုအနေနဲ့တာလီဘန်တွေနဲ့ဆွေးနွေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။အမေရိကန်နိုင် ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာလည်း အခု သောကြာနေ့မှာ ဒိုဟာကို သွားဖို့ ရှိနေပါတယ်။ ဒါပေမဲ့ တာလီဘန်ကိုယ်စားလှယ်တွေနဲ့တွေ့ဖို့ အစီအစဉ်မရှိပါဘူးလို့ ပြောခွင့်ရသူ ပက်စ်ကီးက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကယ်ရီဟာ အခု စနေနေ့မှာလုပ်မယ့် ဆီးရီးယားအရေးကိစ္စ ဆွေးနွေးပွဲကို တက်ရောက်မယ်လို့ သိရပါတယ်ခင်ဗျား။

VOA
Read more...

သတင်းအရ လားရှိုးမြို့ ရပ်ကွက်(၉)တွင် မူးယစ်ဆေးဝါး သိန်း ၁၅၀၀ ကျော်ဖိုး သိမ်းဆည်းရမိ

0 comments
ဇွန်လ ၂၂ ရက်
 
ဇွန်လ၂၁ရက်နေ့ကလားရှိုးမြို့ ရပ်ကွက် (၉)နယ်မြေ(၆အင်ကြင်းလမ်းသွယ်(၁နှင့်အင်ကြင်းလမ်းဒေါင့်ရှိ ဦးမြခင်မှ၎င်း၏နေအိမ်အတွင်မင်္သကာဖွယ်မူးယစ်ဆေးဝါးပစ္စည်းများပါဝင်သည့်ဆာလာအိတ်(၁)လုံး တွေ့ရှိကြောင်းသတင်း ပို့ချက်အရ လားရှိုးမူးယစ်အထူးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍သက်သေ များနှင့်အတူသွားရောက်စစ်ဆေးရာနေအိမ်ခြံစည်းရိုးအတွင်းJASMINEတံဆိပ်ပါဆာလာအိတ်အတွင်းမှစိတ်ကြွဆေးပြား (၈၇၈၀၀)ပြားကာလတန်ဖိုးကျပ်သိန်း(၁၇၅၆)သိန်းဖိုသိမ်းဆည်းရမိကြောင်းသိရသည်။

တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးလားရှိုးအမှတ်(၂)ရဲစခန်းရဲအုပ်ဇော်လင်းကျော်မှတရားလိုပြု အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

လားရှိုးသား
Read more...

ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်အဖွဲ့နှင့် အရေးတယူ ငြိမ်းချမ်းရေး ဆွေးနွေးခြင်းမှာ '၀' အဖွဲ့ကို ချုပ်ကိုင်လို၍ နိုင်ငံရေး ကစားကွက်ရွှေ့ခြင်း မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း ပြောကြား

0 comments
ဇွန်လ ၂၂ ရက်
 
နေပြည်တော်တွင် ဇွန် ၁၀ ရက်က သမ္မတဦးသိန်းစိန်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS\SSA) ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့အား တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်အဖွဲ့နှင့် အရေးတယူ ငြိမ်းချမ်းရေး ဆွေးနွေးခြင်းမှာ '၀' အဖွဲ့ကို ချုပ်ကိုင်လို၍ နိုင်ငံရေး ကစားကွက်ရွှေ့ခြင်း မဟုတ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင် ပင်ခံ ဦးအောင်သောင်းက ပြောကြားသည်ဟု မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ ၂၊ အမှတ် ၁၅ တွင် ဖော်ပြထားသည်။

အစိုးရက ဘိန်းသောင်းကျန်းမှုကို လျစ်လျူရှု၍ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့်အဖွဲ့ကို အရေးတယူ ငြိမ်းချမ်းရေး ဆွေးနွေးနေသည်မှာ '၀' အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ် တောင်းဆိုသည့် ကိစ္စကို ချုပ်ကိုင်ချင်လို၍ နိုင်ငံရေး ကစားကွက်ရွှေ့သည် ဆိုခြင်း ဖြစ်နိုင်၊ မဖြစ်နိုင်ဟူသော မြန်မာ သံတော်ဆင့် အပတ်စဉ် သတင်း၏ မေးမြန်းမှုကို ဦးအောင်သောင်းက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ရွက်ဆစ်ကို ကိုင်လို့ ရရ၊ မရရ'၀' နဲ့ ယှဉ်လို့ မရဘူး။ လုံးဝယှဉ်လို့ မရဘူး။ သို့သော် ရွက်ဆစ်နဲ့ ဆိုင်တာကတော့ '၀' ရှိပါ တယ်။ '၀' တပ်ဖွဲ့လေးတွေရှိတယ်။ ဟို ယခင်တုန်းက အကြောင်း အမျိုးမျိုးကြောင့် ဥပဒေပြုပေး ခဲ့တာလေးတွေ ရှိတယ်'' ဟု ဦးအောင်သောင်း၏ ပြောကြားချက်ကို ဖော်ပြထားသည်။

လက်နက်ကိုင် အဖွဲ့များတွင် '၀' သည် အင်အားအကြီးဆုံး ဖြစ်သောကြောင့် ရွက်ဆစ်ကို ရခြင်း၊ မရခြင်းနှင့် ပတ်သက်၍ Balance လုပ်လို့ မရကြောင်း၊ သို့သော် ကျန်တာအားလုံး ရပြီဆိုပါက '၀' အနေဖြင့်နေ သာ တော့မည် မဟုတ်ကြောင်း၊''၀''ကလည်း မတော်လှန်ကြောင်းနှင့် မည်သည့်အခါမှ ခွဲထွက်မည်ဟု မထင်ကြောင်းလည်း ဦးအောင်သောင်း၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ဇွန် ၁၀ ရက်က ရောက်ရှိပြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်နိုင်ရန် နယ်မြေသတ်မှတ် ပေးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကို ဆွေးနွေးခဲ့ကာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်ဖက် တပ်များ နေရာ ချထားရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

'၀' ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်မှ ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် ပြီးခဲ့သည့် မေ ၁၀ ရက်က '၀' အထူးဒေသ (၂) ပန်ဆန်းမြို့တွင် ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံပွဲတွင် '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးရှောင်းမီလျံ က တောင်း ဆိုခဲ့သည်။


ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်အဖွဲ့မှာ အင်အားအနည်းငယ်သာ ရှိသော်လည်း အရေးတယူ လုပ်ရန် လိုကြောင်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ခေါင်းဆောင်ဟောင်း ဦးအောင်သောင်း က ပြောကြားသည် ဟုလည်း အဆိုပါ မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း တွင် ဖော်ပြထားသည်။

''အစိုးရအနေနဲ့ကတော့ သဘောထား ကြီးစွာနဲ့ မသိချင်ယောင်ဆောင်ပြီးတော့ စိတ်ထားကောင်းကောင်းနဲ့ ညှိညှိနှိုင်းနှိုင်းလေးနဲ့ ငြိမ်းချမ်းရင်ပြီးရော သူလည်း လက်နက်ကိုင်ပဲ။ အင်အားလည်း အနည်းအကျဉ်း ရှိတယ်ဆိုတော့ ဒီအင်အားလေးလည်း ငြိမ်းချမ်းအောင် ဆိုပြီးတော့ ပထမဦးဆုံး အင်အားနည်းတဲ့ အဖွဲ့ချင်း လို အင်အားနည်းတဲ့ အဖွဲ့တောင် သူတို့က အရေးတယူ လုပ်တာကိုး။ သူတို့ အဖွဲ့ကတော့ အဲဒီထက် အရေးတယူလုပ်ဖို့တော့ လိုတာပေါ့'' ဟု ဦးအောင်သောင်းက မြန်မာသံတော်ဆင့် အပတ်စဉ် သတင်း သို့ ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ရန်ကုန်မြို့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တာဝန်ခံ၊ နိုင်ငံရေးပါတီများနှင့် လူထုအဖွဲ့အစည်းများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်လည်း တွေ့ဆုံ ခဲ့ကာ လက်ရှိနိုင်ငံရေး အခြေအနေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး ကိစ္စများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာများ ဆွေးနွေး ခဲ့သည်။ မန္တလေးမြို့နှင့် ကျောက်မဲမြို့တို့တွင် လူမှုအဖွဲ့အစည်းများ၊ လူထုနှင့် တွေ့ဆုံခဲ့သည်။

From.EMG
Read more...

မလေးရှားရှိ ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၁၇၅ ဦးကို စင်းလုံးငှား လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်

0 comments
ဇွန်လ ၂၂ ရက်
 
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများတွင် လူဝင်မှု ကြီးကြပ်ရေး ဥပဒေများဖြင့် ရောက်ရှိနေသူ မြန်မာနိုင်ငံသား ၃၀၀၀ ကျော်အနက် ပြစ်ဒဏ် သက်တမ်း စေ့ပြီး မြန်မာနိုင်ငံသို့ ပြန်လိုသူ ၁၇၅ ဦးကို စင်းလုံးငှား လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း မလေးရှား နိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းထောက်က သတင်းပေးပို့ပါသည်။

ဧရာဝတီ ဖောင်ဒေးရှင်းနှင့် မလေးရှား နိုင်ငံရှိ မြန်မာသံရုံးတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်လက်မှတ် အခက်အခဲ ရှိနေသူများ၊ မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိသူများအနက် မြန်မာနိုင်ငံသို့ ပြန်လိုသူများကို ကနဦး အစီအစဉ် အနေဖြင့် လေယာဉ်စင်းလုံးငှားပြီး ပို့ဆောင်ရန် စီစဉ်နေခြင်းဖြစ်သည်။

''နောက်တစ်ပတ် စနေနေ့ (ဇွန် ၂၉ရက်)မှာ ပြန်ပို့နိုင်ဖို့ စီစဉ်နေပါတယ်'' ဟု မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ဧရာဝတီ ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့ကို ဦးဆောင်သူ ကိုရဲမျိုးဟိန်းက ပြောကြားသည်။

မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာန၏ လုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းရေး စခန်းများမှ ပြန်လိုသူများကို စနေနေ့တွင်သာ ပြန်လည်ပို့ဆောင်ခြင်း ဖြစ်ပါသည်။ ထိုသို့ ပို့ဆောင်ရာတွင် ထိန်းသိမ်းရေး စခန်းများမှ လေဆိပ်သို့ ပို့ဆောင်ခြင်းကို မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနက တာဝန်ယူပြီး လေယာဉ်ပေါ်သို့ တိုက်ရိုက်ပို့ဆောင်သည့် အချိန်အထိ လက်ထိပ်ခတ် ခေါ်ဆောင်မည် ဖြစ်သည်။

ထိန်းသိမ်းရေး စခန်းသို့ ရောက်ရှိနေသူများသည် မလေးရှား နိုင်ငံသို့ တရားမ၀င် ၀င်ရောက်ပြီး နယ်စပ်၌ပင် အဖမ်းခံခဲ့ရသူများ၊ အော်ပရာစီဖြင့် အဖမ်းခံခဲ့ရ သူများဖြစ်ကာ မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေများအရ ထောင်ဒဏ် အသီးသီး ကျခံခဲ့ပြီးသူများ ဖြစ်ကြသည်။

ထိန်းသိမ်းရေး စခန်းတွင် ရောက်ရှိနေသူများအနက် အများစုမှာ မြန်မာနိုင်ငံသို့ မပြန်လိုဘဲ ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည် ကတ်ပြားရရှိရန် စောင့်ဆိုင်းလျက် ရှိနေပါသည်။ ထိုသို့ ရရှိရန်မှာ ခက်ခဲသော်လည်း ထိုကတ်ပြား ရရှိပါက မလေးရှားနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့် ရရှိသည့်နည်းတူ တတိယနိုင်ငံများသို့လည်း သွားရောက်ခွင့် ရမည်ဖြစ်သောကြောင့် စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

ယခုပြန်လည် ပို့ဆောင်ပေးမည့် သူများကို ဧရာဝတီ ဖောင်ဒေးရှင်းက အခမဲ့အနေဖြင့် ကူညီခဲ့ခြင်း ဖြစ်သည်။

Eleven Media Group
Read more...

ကမ္ဘာ့ရန်ပုံငွေအဖွဲ့ HIV တိုက်ဖျက်ရေးအတွက် ဒေါ်လာသန်း ၁၆၀ ကျော် ကူညီမည်

0 comments
ဇွန်လ ၂၂ ရက်
 
မြန်မာနိုင်ငံအတွင်း ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် HIV/AIDS တိုက်ဖျက်ရေး ဆောင်ရွက်နေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်း များအတွက် လေးနှစ်တာ စီမံကိန်းကာလ ထောက်ပံ့ကြေးအဖြစ် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ကြီး (Global Fund) က အမေရိကန် ဒေါ်လာ သန်း ၁၆၀ ကျော် ကူညီမည်ဖြစ်ကြောင်း ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်သည်။

ယခု ရရှိသောထောက်ပံ့ငွေကြေးများ သညှ်ုံဠ။ဗှီု နှင့် နေထိုင်သူများ အတွက် ဆေးဝါးနှင့် အခြား ထောက်ပံ့မှုများ တိုးမြှင့်ရာတွင် အသုံးပြု သွားမည့်အပြင် နှစ်သိမ့် ဆွေးနွေးမှုနှင့် HIV ပိုး စမ်းသပ် စစ်ဆေးမှုများ အလွယ်တကူ ပြုလုပ်ရာ၌လည်း အသုံးချသွားရန် ရည်ရွယ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းတွင် ကမ္ဘာ့ရန်ပုံငွေ အဖွဲ့၏ ထောက်ပံ့ကြေးများကို နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သော Save The Children နှင့် ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုဖြစ်သော UNOPS တို့က ခွဲဝေ ပေးလျက်ရှိကြောင်း၊ ယင်းကြောင့် ကျန်းမာရေး ဝန်ကြီးဌာန၏ အမျိုးသား ခုခံအား တိုက်ဖျက်ရေး စီမံချက်အတွက် ထောက်ပံ့ငွေ ပမာဏကို မသိရှိရသေးကြောင်း အဆိုပါ စီမံချက် ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ရွှေက The Voice သို့ ပြောကြား သည်။

"သာမန်အားဖြင့်တော့ INGO တွေက ၆၀ ရာခိုင်နှုန်းလောက်ပဲရတယ်။ အမျိုးသား AIDS စီမံချက်နဲ့ သူနဲ့ တွဲဖက်လုပ်တဲ့ အဖွဲ့အစည်းတွေက ၄၀ ရာခိုင်နှုန်းရတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ထောက်ပံ့မှုများပေါ် မူတည်ကာ ရှေ့ဆက် ဆောင်ရွက်သွားမည့် စီမံချက် များအတွက် လာမည့် တစ်ပတ်အတွင်း အစည်းအဝေး ပြုလုပ်ကာ လုပ်ငန်း ဆောင်ရွက်ချက်များ ချမှတ်သွားရန်ရှိကြောင်း ဒေါက်တာမြင့်ရွှေက ဆိုသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲသူများ၊ လိင်လုပ်သားနှင့် လိင်တူ ဆက်ဆံသူတို့ထံတွင် HIV ပိုးအသစ် ကူးစက်မှုနှုန်းသည် တဖြည်းဖြည်း လျော့ကျလာသည့်အပြင် ART ဆေးရရှိသူ အရေအတွက် လည်း နှစ်စဉ် တိုးတက်လာကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

The Voice Weekly
Read more...

ကျိုင်းတုံမြို့ ခေမဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူနိုင်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်းမှ သွားရောက်ကာ ရွှေသင်္ကန်း(၈၁)ချပ် လှူဒါန်း

0 comments
ဇွန်လ ၂၂ ရက်


ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ခေမဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီးအား ကိုယ်လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူပူဇော်မည်ဖြစ်ရာ တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အသင်းသား/သူ (၂၇)ဦးတို့ ရွှေပြား(၈၁)ချပ်ကို ဇွန်လ(၂၁)ရက်နေ့က သွားရောက်လှူဒါန်းကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာမှာ ဇွန်လ(၁၉)ရက်နေ့က ပြုလုပ်သော မဇ္ဈိမလူမှုကူညီရေးအသင်း၏ (၆)လပြည့် ဂုဏ်ပြုညစာ စားပွဲတွင် တက်ရောက်လာသည့် အသင်းသား/သူ (၆၅)ဦးအတွက် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တစ်ဦးလျှင် ရွှေပြားတစ်ချပ်နှုန်းဖြင့် စုစုပေါင်း ကျပ်နှစ်ဆယ့်နှစ်သိန်း ခုနှစ်သောင်းငါးထောင်ကျပ်(၂၂၇၅၀၀၀) တန်ဖိုးရှိသော ရွှေပြား(၆၅)ချပ်အား လှူဒါန်းပေးပြီး အဆိုပါအသင်းသူ/သားများနှင့် တာချီလိတ်မြို့ရှိ အလှူရှင်များမှ စုပေါင်း၍ ကောက်ခံရရှိသော ရွှေပြား(၁၆)ပြား တန်ဖိုးရှိသည့် အလှူငွေ (၄၆၈၀၀၀)ကျပ်နှင့် (၂၅၉၀)ဘတ်တို့အား လှူဒါန်းရာ စုစုပေါင်း ရွှေပြား(၈၁)ချပ်အား ဥက္ကဌ ဦးတင့်ဆွေမှ ဂေါပက ဦးတင်မောင်အေး ထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။

တစ်ဆက်တည်းမှာပင် တရားတော်ဟောကြားရန်ကြွတော်မူလာသည့် ဆရာတော်များ သီတင်းသုံးနိုင်ရန်အတွက် ရပ်တော်မူကုန်း တောင်တန်း သာသနာပြုကျောင်း၌ ဆောက်လုပ်နေဆဲဖြစ်သည့် ကျောင်းဆောင်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ကျပ်ငွေသိန်း(၂၀)ကို ကျောင်းထိုင်ဆရာတော် ထံ ဆက်ကပ်လှူဒါန်းခဲ့သည်။

ခေမဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီးအား ကိုယ်လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူပူဇော်မည်ဖြစ်ရာ ရွှေသင်္ကန်းတစ်ချပ်လျှင် (၃၅၀၀၀)ကျပ် ဖြစ်ပြီး ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုသူများအနေဖြင့်လည်း ရပ်တော်မူကုန်းရှိ ဂေါပက အဖွဲ့ထံသို့ သွားရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆက်လက်ပြီး မဇ္ဈိမလူမှုကူညီရေးအသင်းမှ ထိုင်းဘတ်ငွေ (၂၁၀၀၀)တန်ဖိုးရှိသော စတီးအခေါင်းတစ်လုံးအား ကျိုင်းတုံမြို့ရှိ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်းသို့ ပံ့ပိုး လှူဒါန်းခဲ့ကြောင်းလည်း သိရှိရသည်။

Tachileik Online News
Read more...

တောင်ငူကွမ်း တစ်ပိဿာ တစ်ထောင်ကျော် မြင့်တက်

0 comments
ဇွန်လ ၂၂ ရက်
 
တောင်ငူမြို့ ကွမ်းပွဲရုံများတွင် ဇွန်လ ပထမပတ်တွင် ကွမ်းတစ်ပိဿာလျှင် ကျပ် ၁၅၀၀ ခန့်ဖြင့် အရောင်းအဝယ် ဖြစ်နေရာမှ ကွမ်းအထွက် နည်းနေ၍ ဇွန်လ ၂၁ ရက်နေ့ တွင် ယခင်ဈေးထက် ကျပ်တစ်ထောင်ကျော် မြင့်တက် ခဲ့ပြီး ကျပ်၂၅၀၀ အထိဖြစ်လာကြောင်း တောင်ငူမြို့ ကွမ်းပွဲရုံများနှင့် ကွမ်းယာ ရောင်းချသူများထံမှ စုံစမ်းသိရှိရသည်။

တောင်ငူမြို့နယ်တွင် ကျောက်ဆည်၊ တံတားဦးဒေသထွက် ကွမ်းများကို သုံးလေ့ မရှိဘဲ ဧရာဝတီတိုင်း ဟင်္သာတကွမ်းကိုသာ အသုံးပြုကြကြောင်း၊ မိုးရာသီအစ ကွမ်းရွက်နု ထွက်ချိန်တွင် ဈေးကောင်းရသဖြင့် ဟင်္သာတတွင် ကွမ်းခူးရောင်းချမှု မြင့်မားပြီး လက်ကျန် နည်းလာခြင်းကြောင့် ဈေးမြင့် တက်ရခြင်း ဖြစ်ကြောင်း တောင်ငူမြို့ ကွမ်း လက်လီလက်ကား ဖြန့်ချိရေး လုပ်ကိုင်သူ အချို့က သုံးသပ်ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ကွမ်း တစ်ပိဿာလျှင် ကျပ် ၁၂၀၀ ခန့် ဈေးပေါက်ပြီး ၂၀၁၃ ခုနှစ် ဇွန်လ ပထမအပတ်အတွင်း ၁၅၀၀ ကျပ်ဖြင့်သာ ရောင်းချ ပေါက်ဈေး ရှိသော်လည်း လက်ရှိတွင် ကွမ်းတစ်ပိဿာလျှင် ၂၇၀၀ ကျပ်ခန့်ဖြင့် ရောင်းချလျက် ရှိကြောင်း တောင်ငူမြို့နယ် စတီးလမ်းရှိ စိုးလတ်ကွမ်းနှင့် ကွမ်းယာပစ္စည်း ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူ ဦးစိုးလတ်က ပြောကြားသည်။

တောင်ငူမြို့တွင် ၂၀၀၈ ခုနှစ်က ဟင်္သာတကွမ်း တစ်ပိဿာလျှင် ကျပ် ၈၀၀၀ မှ ၁၀,၀၀၀ ကျပ်အထိ ဈေးအမြင့်ဆုံး ဖြစ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ထူးထူးခြားခြား မြင့်တက်ခြင်း မရှိဘဲ ယခုမှဈေးတက် သည်ဆိုသည်မှာ ၂၀၀၈ ခုနှစ်ကို မကျော်သေးကြောင်း ကွမ်းနှင့် ကွမ်းယာပစ္စည်းများ လက်လီလက်ကား ဖြန့်ချိရေး ဆိုင်ပိုင်ရှင်များက ပြောကြားသည်။

မိုးရာသီတွင် ဟင်္သာတမြို့နယ်ဒေသ ထွက်ကွမ်းများကို ရန်ကုန်မြို့ ကွမ်းဒိုင်များမှ တစ်ဆင့် တောင်ငူမြို့ရှိ ကွမ်းပွဲရုံများကို နေ့စဉ် ဆယ်ဘီးယာဉ် နှစ်စီးမှ သုံးစီးအထိ၊ ကွမ်း ပိဿာချိန် ၅၀၀၀ နီးပါး ဝင်ရောက်လေ့ ရှိကြောင်း တောင်ငူမြို့ကွမ်းနှင့် ကွမ်းယာပစ္စည်းများ လက်လီလက်ကား ဖြန့်ချိရေး ဆိုင်ပိုင်ရှင်များထံမှ သိရှိရသည်။

The Voice Weekly
Read more...

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်တွင် မြန်မာနှင့် ဂျပန်တို့ တစ်အုပ်စုတည်း ကျရောက်နေ

0 comments
ဇွန်လ ၂၂ ရက်
 
လာမည့် စက်တင်ဘာလအတွင်း မန္တလေးမြို့တွင် ကျင်းပမည် ဖြစ်သည့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်တွင် မြန်မာ လက်ရွေးစင် အမျိုးသမီး အသင်းသည် ဧည့်သည် အသင်းတစ်သင်း ဖြစ်သည့် ဂျပန်အမျိုးသမီး ယူ-၂၃ အသင်းနှင့် အုပ်စု(ခ)တွင် တစ်အုပ်စုတည်း ကျရောက်နေကြောင်း သိရသည်။

2013 Asean Women's Championship ကို စက်တင်ဘာလ (၉)ရက်မှ (၂၂)ရက်ထိ မန္တလေး မြို့တွင် ကျင်းပမည် ဖြစ်သည်။ ယခုနှစ်တွင် အဆိုပါ ပြိုင်ပွဲသို့ ဧည့်သည် အသင်းများ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ဂျပန်၊ သြစတြေးလျနှင့် ဂျော်ဒန်နိုင်ငံများမှ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ဧည့်သည့် နိုင်ငံများအနက် ဂျော်ဒန်နိုင်ငံ တစ်နိုင်ငံတည်းသာ လက်ရွေးစင် အသင်းကို စေလွှတ်ယှဉ်ပြိုင်မည် ဖြစ်ပြီး ဂျပန်နိုင်ငံက ယူ-၂၃ အသင်း၊ သြစတြေးလျ နိုင်ငံက ယူ-၁၉ အသင်းများကိုသာ စေလွှတ်မည် ဖြစ်သည်။ အုပ်စုခွဲဝေမှုများ အရ မြန်မာအသင်းသည် အုပ်စု(ခ)တွင် လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂျပန် ယူ-၂၃ အသင်းများနှင့် အတူကျရောက် နေပြီး အုပ်စု(က)တွင် သြစတြေးလျ ယူ-၁၉၊ ထိုင်း၊ လက်ရှိ ချန်ပီယံ ဗီယက်နမ်၊ မလေးရှားနှင့် ဂျော်ဒန် အသင်းများ ပါဝင်နေကြောင်း သိရသည်။ ယခုတစ်ကြိမ်တွင် ဧည့်သည်အသင်း (၃)သင်း ပါဝင်ခဲ့သောကြောင့် သမိုင်းတစ်လျှောက် ဧည့်သည်အသင်း အများဆုံး ၀င်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သော်လည်း အာဆီယံ ဒေသတွင်း အသင်းများ ဖြစ်သည့် ဘရူနိုင်၊ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ စင်ကာပူ အစရှိသည့် အသင်းများမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတွင် (၂)ကြိမ်တိုင် ဗိုလ်စွဲထားခဲ့သောကြောင့် သြစတြေးလျ၊ ဗီယက်နမ်တို့နှင့် အတူ အအောင်မြင်ဆုံး အသင်းများ စာရင်းတွင် ပါဝင်လျှက် ရှိရာ ယခုနှစ်တွင်သာ ဗိုလ်စွဲနိုင်မည် ဆိုပါက အအောင်မြင်ဆုံး အသင်းအဖြစ် လွတ်လွတ်ကျွတ်ကျွတ် ရပ်တည် နိုင်မည် ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် လက်ရှိတွင် အဆိုပါ ပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံ၌ လေ့ကျင့်လျှက် ရှိနေပြီး နောက်ဆုံး ကစားခဲ့သည့် ခြေစမ်းပွဲတွင် ဆီရီဇို အိုဆာကာ လူငယ်အသင်းကို ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ကြောင်း သိရသည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် လက်ရှိတွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့်(၄၃)၌ ရပ်တည်လျှက် ရှိသည်။

အုပ်စု(က) ထိုင်း၊ ဗီယက်နမ်၊ သြစတြေးလျ ယူ-၁၉၊ မလေးရှား ၊ဂျော်ဒန်
အုပ်စု(ခ) မြန်မာ၊အင်ဒိုနီးရှား၊ လာအို၊ ဂျပန် ယူ-၂၃၊ ဖိလစ်ပိုင်

soccermyanmar
Read more...

ချင်းနှင့် နာဂဒေသ ဖွံ့ဖြိုးရေး ငါးနှစ်ဆက်တိုက် အိန္ဒိယ ထောက်ပံ့မည်

0 comments
ဇွန်လ ၂၂ ရက်
 
အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု နိမ့်ကျနေသောဒေသ များဖြစ်သည့် ချင်းပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသတို့တွင် ပညာရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိ ဘဏ္ဍာနှစ် မှစတင်ကာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကို ငါးနှစ် ဆက်တိုက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မန္တလေး အိန္ဒိယကောင်စစ်ဝန် ရုံးထံမှ သိရသည်။

ယခုနှစ်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ချင်းပြည်နယ်နှင့် နာဂဒေသအတွက် သက်ဆိုင်ရာ နယ်စပ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးကို စုစုပေါင်း အမေရိကန်ဒေါ်လာ တစ်သန်း ပေးအပ်ထား ပြီးဖြစ်ကြောင်း အဆိုပါရုံးမှ ထပ်မံ သိရသည်။

နာဂဒေသတွင် ကျေးရွာအချို့မှာ သောက်သုံးရေ လုံလောက်စွာ မရခြင်းနှင့် ဒေသဖွံ့ဖြိုးရေး အားနည်းခြင်းတို့ကြောင့် ကျေးရွာသုံးရွာ တွင် နေအိမ် ပြောင်းရွှေ့ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း နယ်စပ် တောင်တန်းနှင့် ကမ်းရိုးတန်းဒေသ ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေး အသင်းထံမှ သိရသည်။

ယင်းကဲ့သို့ ပြောင်းရွှေ့သည့် အိမ်ထောင်စု ၄၅ စုအတွက် အိမ်မိုးသွပ်များနှင့် အခြား ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အသင်းထံမှ ထပ်မံ သိရသည်။

The Voice Weekly
Read more...

အထက်တန်းအောင် ရွှေ့ပြောင်းမြန်မာကျောင်းသားများ ထိုင်းတက္ကသိုလ်သို့ တိုက်ရိုက် တက်ရောက်ရန် ညှိနှိုင်း

0 comments
ဇွန်လ ၂၂ ရက်
 
ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ အခြေခံ ပညာ အထက်တန်းအဆင့် ပြီးဆုံးပါက ထိုင်းတက္ကသိုလ်များသို့ တိုက်ရိုက် တက်ရောက်နိုင်ရန် ထိုင်း-မြန်မာ နယ်စပ် ရွှေ့ပြောင်းဒေသ ဆရာများနှင့် ချင်းမိုင်မြို့ရှိ တက္ကသိုလ်များ ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း မဲဆောက် ရှိ ရွှေ့ပြောင်း စာသင်ကျောင်းမှ ဆရာ တစ်ဦးဖြစ်သူ ဦးနိုင်နိုင်ထွန်းက The Voice သို့ ပြောကြားသည်။

လတ်တလော လာရောက် ညှိနှိုင်းထားသော ထိုင်းတက္ကသိုလ် နှစ်ခုရှိသည့် အနက် ချင်းမိုင်မြို့ရှိ Payap University သည် နယ်စပ်ဒေသ ရွှေ့ပြောင်း ကျောင်းများ၏ ဝန်ထမ်းများနှင့် အလုပ်သင် ၁၀၀ ကျော်ကို ဝင်ခွင့်စာမေးပွဲများ စစ်ပေးကာ ဖွံ့ဖြိုးရေး ဘာသာများ သင်ကြားပေးရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ထို့အပြင် ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ၏ ပံ့ပိုးမှုဖြင့် အင်ဂျင်နီယာ ဘာသာရပ်များ အထူးပြု သင်ကြားသော Learner University နှင့် တာ့ခ်ခရိုင် အတွင်းရှိ Children Development Center (CDC) အထက်တန်းကျောင်း တို့ ချိတ်ဆက် တိုက်ရိုက် တက်ရောက်ရန် ညှိနှိုင်းလျက်ရှိကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသ တစ်လျှောက် ရွှေ့ပြောင်းလုပ်သား ကလေး များသည် အထက်တန်းအဆင့် ပြီးဆုံးပါက အမေရိကန် အသိအမှတ်ပြု ဂျီအီးဒီ စာမေးပွဲနှင့် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု ကော်ဆော်နော အောင်လက်မှတ် စာမေးပွဲတို့ကို ထပ်မံဖြေဆိုပြီးမှသာ တက္ကသိုလ်ပညာရေး သင်ယူနိုင်ကြောင်း၊ မြန်မာ တက္ကသိုလ်များသို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း အဆိုပါဒေသရှိ ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

"နှစ်နိုင်ငံ အသိအမှတ်ပြု ပညာရေးဖြစ်ဖို့ဆို သင်တဲ့ဆရာတွေ ကိုယ်တိုင် က နိုင်ငံအားလုံးရဲ့ ပညာရေးကို ကျွမ်းကျင်သူတွေ ဖြစ်ရမယ်" ဟု ချင်းမိုင် အခြေစိုက် Thinking Classroom Foundation တာဝန်ခံ ဒေါက်တာ သိန်းလွင်က The Voice သို့ ပြောကြားသည်။

ထို့အပြင် ယင်းဒေသရှိ အထက်တန်း အောင်မြင်ပြီးသူများ မြန်မာနိုင်ငံတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်များသို့ တက်ရောက်နိုင်ရန် မူဝါဒများ ချမှတ်ပေးသင့်ကြောင်း ၎င်းက ဖြည့်စွက် အကြံပြုသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် အထက်တန်းလွန် အဆင့်ထိ သင် ကြားနိုင်သော ရွှေ့ပြောင်းကျောင်း ရှစ်ကျောင်းရှိပြီး နှစ်စဉ် အထက်တန်း အောင်မြင်သော ကျောင်းသား ကျောင်းသူ သုံးရာ ဝန်းကျင် ရှိသော်လည်း နိုင်ငံတကာ၏ အသိအမှတ်ပြုမှု မရရှိသောကြောင့် တက္ကသိုလ် ပညာရေး ဆက်လက် သင်ကြားရန် အခက်အခဲများ ကြုံတွေ့လျက်ရှိသည်။

The Voice Weekly
Read more...

ဝန်ထမ်းတစ်ဦး၏ လိမ်လည်မှုအတွက် Max မှ ပေးလျော်မည်မဟုတ်

0 comments
ဇွန်လ ၂၂ ရက်
 
လှိုင်သာယာစက်မှုဇုန်(၃)ရှိ Max ကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးသည် မြို့နယ်အချို့ရှိ အရောင်းဆိုင်အများစုမှ ငွေလိမ်လည်သွားမှုအပေါ် မက်စ်အချိုရည်ကုမ္ပဏီအနေဖြင့် ဇူလိုင်လ၌ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ပေးမည်ဟု သိရှိရသည်။

“ဇူလိုင်လလောက်ကို အမှုဖွင့်အရေးယူပေးဖို့ ဆောင်ရွက် နေပါတယ်။ အခု စားရင်းစစ်တွေ စလုပ်နေပါပြီ ဇွန်လမှာက ကိုကာကိုလာနဲ့လည်း ပူးပေါင်းပြီးလုပ်နေတဲ့ ကိစ္စတွေရှိနေသေးတော့ အကုန်လုံးကလည်း အလုပ်ရှုပ်နေတယ်၊ ဒါပေမဲ့လည်း ဒီဝန်ထမ်းကို အရေးယူမှာပါ “ ဟု Max ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Max ကုမ္ပဏီအနေဖြင့် ငွေလိမ်ခံရသည့်ဆိုင်ရှင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး မည်သည့်ဆိုင်ရှင်များ အလိမ် ခံရသည်ကို စစ်ဆေးသွားမည်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

“ကျွန်တော်တို့က လိမ်တာ မဟုတ်တော့ ကျွန်တော်တို့အနေနဲ့ လျော်ကြေး မပေးနိုင်ပါဘူး ၊ ၀န်ထမ်းက လိမ်ခဲ့တာဆိုတော့ ၀န်ထမ်းကိုဘဲ အမှုဖွင့်အရေး ယူနိုင်အောင် ကျွန်တော်တို့ လုပ်ပေးနိုင်ပါတယ်” ဟု Max ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

Max ကုမ္ပဏီဝန်ထမ်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်ရှိ ဆိုင်အချို့ကို ကုမ္ပဏီမှ Promotion ကာလရှိသည်ဟုဆိုကာ ငွေကြိုသွင်းခိုင်းခဲ့ခြင်းဖြစ်သည်ဟု မှော်ဘီမြို့နေ ဆိုင်ရှင် တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့က ပစ္စည်းပျက်မှာ စိုးလို့ ကြိုပြီးမှာ လိုက်တာ အဲ့ဒီဝန်ထမ်းကလည်း ကုမ္ပဏီက ဘယ်လဆိုရင် Promotion ကာလရှိတယ် အဲ့ဒါဆိုရင် ဈေးသက်သက်သာသာရမယ်ဆိုလို့ ငွေကြိုပေးလိုက်တာ” ဟု မှော်ဘီမြို့၌ ကုန်စုံဆိုင်ဖွင့်ထားသူ ကိုမြတ်ညီညီက လိမ်လည်ခံရမှုနှင့်ပတ်သက်၍ ပြောသည်။

အဆိုပါဆိုင်ရှင်မှာ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၂၅)ရက်နေ့တွင် Max အချိုရည်ဗူး ၁ကဒ် (၁၂)ဗူးပါသည့် ကဒ် (၂၀၀)အတွက် ငွေကျပ် ၇၁၅၀၀၀(ခုနှစ်သိန်းတစ်သောင်းငါးထောင်) ၊ Max အချိုရည် ကော်ဗူး ကဒ်(၁၃၀) အတွက် ကျပ် ၃၇၄၄၀၀(သုံးသိန်းခုနှစ်သောင်းလေးထောင့် လေးရာ) ၊ Max ပုလင်း (၁၁၈)ကဒ်အတွက် ကျပ် ၅၃၁၀၀၀ (ငါးသိန်းသုံးသောင်းတစ်ထောင်) စုစုပေါင်း ၁၆၂၀၄၀၀ခန့်ကို Max ကုမ္ပဏီမှ ၀န်ထမ်းအား လက်ငင်း ပေးချေခဲ့ကြောင်းကိုလည်း သိရသည်။

တိုက်ကြီးမြို့နယ်ရှိ နေရှင်နယ် ဆိုင်ရှင်မှ Max Plus ဗူး ကဒ်(၂၀၀၀)ဖိုး ငွေကျပ် ၅၇၆၆၀၀၀ (ငါးဆယ့်ခုနှစ်သိန်း ခြောက်သောင်းခြောက်ထောင်) ၊ Max power ပုလင်းအတွက် ငွေကျပ် ၁၃၁၆၀၀ (တစ်သိန်းသုံးသောင်း တစ်ထောင့်ခြောက်ရာ)ခန့် လိမ်ယူသွားကြောင်းကိုလည်း သိရသည်။

“ဒီနှစ် တစ်လပိုင်းမှာ တစ်ကြိမ်ဖြစ်တယ်။ သူက နှစ်စဉ်လာပို့နေကျဆိုတော့ ယုံပြီး နေနေတာ။ အခု ၆လပိုင်း ၄ရက်နေ့က တစ်ကြိမ် ငွေကြိုသွင်းဖို့ပြောလာတော့ သွင်းလိုက်တယ်။ အခုလိုဖြစ်တော့ ကုမ္ပဏီကို သွားပြော တော့ သူတို့ပြန်တော့ မလျော်ပေးနိုင်ဘူး ဒါပေမဲ့ အဲ့ဒီဝန်ထမ်းကို အရေးယူဆောင်ရွက်ပေးမယ်ပဲ ပြောလို့ ဒီအတိုင်း စိတ်လျော့လိုက်ရတယ် “ ဟု တိုက်ကြီးမြို့နယ်ရှိ နေရှင်နယ် စတိုးဆိုင်မှ ဒေါ်ပြုံးကြည်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး ၊ မှော်ဘီ ၊ ထောက်ကြံ့ မြို့နယ်များရှိ ဆိုင်များအားလုံး ငွေစုစုပေါင်း သိန်း (၃၅၀)ကျော် အလိမ်ခံခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်မျိုး အခြားသောတိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဖြစ်ပေါ်ခဲ့သော်လည်း ငွေလိမ်လည် ရယူခဲ့ သည့် ၀န်ထမ်းကိုသာ အမှုဖွင့်၍ အရေးယူဆောင်ရွက်ခြင်းမျိုးသာရှိကြောင်းကိုလည်း Max ကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

Myanmar Online News
Read more...

စာကြည့်တိုက် (၃၅)ခု၌ အင်တာနက် wifi အခမဲ့ အသုံးပြုနိုင်

0 comments
ဇွန်လ ၂၂ ရက်
 
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နေပြည်တော် အပါအ၀င် ပြည်နယ်နှင့် တိုင်း (၁၃) ခုရှိ ခရိုင်ပြန်/ဆက် စာကြည့်တိုက် (၃၅)ခု၌ ဇွန်လနောက်ဆုံးပတ်မှစတင်၍ အင်တာနက် wifi များ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။

တနင်္ဂနွေနေ့မှ လွှဲ၍ တစ်ပတ်လျှင် (၆)ရက် ဖြစ်ပြီး နံနက် (၇)နာရီမှ ည (၇)နာရီ အထိ အခမဲ့ အသုံးပြုနိုင်ခြင်းဖြစ်သည်။

“အစကတော့ password ခံထား သေးတယ်။ ဒီလ အလယ်လောက်က စပြီး အကုန်လုံး သုံးနိုင်ဖို့ ဖွင့်ချ လိုက်တာ။ ဒီမှာ သုံးလို့ရတာ မသိကြတော့ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ လာသုံးကြသေးတယ်။ ဖွင့်ပွဲ လုပ်ဖို့တော့ အစီအစဉ်ရှိတယ်။ ညှိုတော့ မညှိရသေးဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့နှင့် ခရိုင်အုပ်ချုးပ်ရေးမှုး ရုံးတို့မှ အခမဲ့ wifi သုံးနိုင်ရန် စက်နှင့် ဆက်စပ် ပစ္စည်းများ ပံပိုးပေးခဲ့ပြီး ခရိုင်ပြန်ဆက်ရုံးမှ အဆောက်အဦးနှင့် အခြားမွန်းမံကုန်ကျ စရိတ်များကို ကျခံရမည်ဟု သိရသည်။

“ရန်ကုန်တောင်ပိုင်းနဲ့ အနောက်ပိုင်း ခရိုင်တို့က ADSL လိုင်းနဲ့ဆိုတော့ ဖုန်းလိုင်းမကောင်းရင် လိုင်းမကောင်း ဘူးပေါ့။ wifi သုံးတဲ့ စရိတ်ကို ရုံးက ဖုန်းဘေလ်ထဲကပဲ ကျခံတယ်။ စာကြည့်တိုက်ထဲမှာပဲ သုံးလို့ရတာ မဟုတ် ဘူး။ ၀ိုင်ဖိုင်မိတဲ့နေရာတွေ အားလုံးမှာ သုံးလို့ရပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်မှ ဦးစီး အရာရှိ ဦးလှမျိုးအောင်က ပြောသည်။

ခရိုင်ပြန်/ဆက် စာကြည့်တိုက်များတွင် အင်တာနက် wifi အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့မှ စ၍ လျှို့ဝှက်နံပါတ် (password) ဖြင့် အသုံးပြုနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လ (၁၈)ရက်နေ့တွင် password များ ဖြုတ် ပေးကာ သုံးစွဲသူများ လွတ်လွတ်လပ်လပ် အသုံးပြုစေရန် ဖွင့်ပေးခဲ့ကြောင်း သိရသည်။

“wifi သုံးတာက မြို့ကြီးတွေမှာ ရှိတဲ့ ဈေးဝယ်စင်တာတို့ ကော်ဖီဆိုင်တို့မှာပဲ သုံးလို့ရတာ။ အခု ပြန်ဆက်က လုပ်ပေးတာ နယ်တွေပါ ပါတယ်ဆိုတော့ ကောင်းတယ်။ လိုင်းကောင်းဖို့ပဲ လိုတာ။ နိုင်ငံတကာမှာဆို wifi free လွင့်ပေးထားတဲ့ နေရာတွေ အများကြီးပဲ။ အခုလိုဌာနဆိုင်ရာတွေမှာ သုံးလို့ရတော့ အဆင်ပြေတာပေါ့။” ဟု အလုံမြို့နယ်တွင် နေထိုင်သူ အသက်(၂၂)နှစ်အရွယ် မကျော့ကေခိုင်မှ ပြောသည်။

ခရိုင် ပြန်/ဆက် စာကြည့်တိုက်ရှိသည့် နေရာများမှာ ကချင်ပြည်နယ်တွင် ဗန်းမော်ခရိုင်၊ ကယားတွင် လွိုက်ကော်၊ ကရင်တွင် ဘားအံ၊ မွန်ပြည်နယ်တွင် မော်လမြိုင်၊ ရခိုင်တွင် စစ်တွေ၊ ရှမ်းတွင် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ နှင့် စစ်ကိုင်းတွင် မုံရွာ၊ တနင်္သာရီတွင် ထားဝယ်၊ ပဲခူးတိုင်းတွင် ပဲခူး၊ ပြည်၊ တောင်ငူ၊ မန္တလေးတိုင်းတွင် မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ရမည်းသင်း၊ ညောင်ဦး၊ မိတ္ထီလာ၊ မကွေးတိုင်းတွင် မကွေး၊ ရန်ကုန်တိုင်းတွင် အရှေ့ပိုင်း သင်္ဃန်းကျွန်း၊ အနောက်ပိုင်းတွင် ကျောက်တံတား၊ ပန်းဆိုးတန်း (e-library)၊ မြောက်ပိုင်းခရိုင်တွင် အင်းစိန်၊ တောင်ပိုင်းတွင် သန်လျှင်၊ ဧရာဝတီတိုင်းတွင် ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဟင်္သတ၊ ဖျာပုံ၊ လပွတ္တာ၊ နေပြည်တော် ကောင်စီနယ်မြေတွင် ဒက္ခိဏသိရိခရိုင်ရှိ ပျဉ်းမနား ပြည်သူ့စာကြည့်တိုက်တို့ ဖြစ်သည်။

ကျန်ရှိသည့် ပြန်/ဆက် ခရိုင်စာကြည့်တိုက်များ၌လည်း အင်တာနက်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

Myanmar Online News
Read more...

"ကော်ဖီအတွက် ပရင်တာဝန်ဆောင်မှု"

0 comments
ဇွန်လ ၂၂ ရက်
 
ထိုင်ဝမ်က Lets Caffe ဆိုတဲ့ ကော်ဖီဆိုင် တစ်ခုရဲ့ ဝန်ဆောင်မှု က ထူးခြားပါတယ်။ကော်ဖီ သောက်တဲ့ မည်သူမဆို မိမိ ရုပ်ပုံ ရိုက်နှိပ်ထားတဲ့ ကော်ဖီ တစ်ခွက် ကိုထူးခြားတဲ့ ခံစားမှု နဲ့ သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။

မိမိကိုယ်တိုင် ဖုန်းနဲ့ ဖြစ်စေ ၊ ကင်မရာနဲ့ ဖြစ်စေ ဓာတ်ပုံရိုက်ကာ ကော်ဖီပရင်တာနဲ့ ဆက်သွယ်ပေးလိုက်ရင် မိမိရုပ်ပုံ ပါဝင်တဲ့ ကော်ဖီ
တစ်ခွက် ကို ကော်ဖီပရင်တာ စက်က ထုတ်ပေးပါတယ်။

ကော်ဖီပရင်တာဆိုတာကလည်း Cappuccino လို အမြုပ်ပါတဲ့ ကော်ဖီ
အပေါ် မှာ ကော်ဖီမှုန့်  ဒါမှမဟုတ် ချောကလတ်မှုန့် တို့ ကို စက်နဲ့ ဖြူးကာ ပုံဖော်ပေးတာ ဖြစ်ပါတယ်။

လာရောက် သုံးဆောင်တဲ့ ကော်ဖီချစ်သူများကလည်း သဘောကျ ကြပါတယ်။မိမိတို့  ကိုယ်တိုင် စိတ်ကြိုက်ဓာတ်ပုံရိုက်ပြီး ကော်ဖီခွက်မှာ ပုံဖော်ရတဲ့ ထူးခြားတဲ့ ၀န်ဆောင်မှုကို နှစ်သက်ကြတယ်လို့ ဆိုပါတယ်။

ပြီးတော့ ထိုပုံဖော်ထားတဲ့ ကော်ဖီခွက်များကိုလည်း မိမိတို့ အသုံးပြုတဲ့
Social Network များမှာ တင်ပြီး မျှဝေကြပါတယ်။

ဒါကတော့ ထိုင်ဝမ်က ကော်ဖီဆိုင်တစ်ဆိုင်ရဲ့  ကော်ဖီချစ်သူများအတွက် ဖန်တီးမှု တစ်ခုပါ။

စိတ်ဝင်စားတဲ့ မိတ်ဆွေများလည်း လေ့လာနိုင်ဖို့  အောက်မှာ YouTube ဖိုင်လေး ချိတ်ပေးလိုက်ပါတယ်။

Stuff Myanmar Magazine
Read more...

ဂျပန် ယာကူဇာဟောင်းများအတွက် လက်ချောင်းများ ဖန်းတီးပေးသည့် ပညာရှင်

0 comments
ဇွန်လ ၂၂ ရက်
 
အမှားတစ်ခုခု ကျူးလွန်တိုင်း လက်တစ်ဆစ် ဖြတ်လေ့ရှိတဲ့ နာမည်ကျော် ယာကူဇာ ဂိုဏ်းရဲ့ အပြစ်ပေးပုံစံကြောင့် လက်ရှိအချိန်မှာ လက်ချောင်းတွေဆုံးရှုံး ထားတဲ့ ယာကူဇာ ဂိုဏ်းဝင်ဟောင်းတွေအတွက် လက်ချောင်းအတုတွေကို ဂျပန်ခြေတု လက်တု ပညာရှင်ဖြစ်သူ Shintaro Hayashi က ဖန်တီးပေးလိုက် ပါပြီ။

Hayashi ရဲ့ ရည်မှန်းချက်ကတော့ ယာကူဇာ ဂိုဏ်းဝင်တွေအနေနဲ့  သူတို့ ရဲ့ အတိတ်ကနေ ရုန်းထွက်နိုင်ပြီး အလုပ်အကိုင် သစ်တွေကို ပိုမိုရရှိလာဖို့ ရည် ရွယ်ပါတယ်။ ယာကူဇာ ဂိုဏ်းရဲ့တင်းကျပ်တဲ့ အပြစ်ပေး နည်းကိုတော့ " yabitsume" လို့ ခေါ်ပြီး၊ ဂိုဏ်းက သတ်မှတ်ထားတဲ့ စည်းကမ်းကို ချိုးဖောက် ခဲ့ရင်တော့ လက်တစ်ဆစ် ဖြတ် အပြစ် ပေးတာပါ။ အမှားတစ်ခု အတွက် လက်တစ်ဆစ် ဆိုပေမယ့် အချို့ ဂိုဏ်းဝင်တွေက အမှားထပ်ကာ ထပ်ကာ ကျူးလွန်တာကြောင့် လက်ဆစ်တော်တော်များများ ဆုံးရှုံး ထားပါတယ်။

ယာကူဇာ ဂိုဏ်းဆိုတာက ဂျပန်နိုင်ငံမှာ ကြောက် ရွံမုန်းတီးစရာအကောင်းဆုံး လူဆိုးဂိုဏ်းတစ်ဂိုဏ်းဖြစ်တာကြောင့် ယာကူဇာ ဂိုဏ်းဝင်တွေသာ အများစု ဖြစ် နေလေ့ရှိတဲ့ လက်ချောင်းမရှိသူတွေဟာ အလုပ်အကိုင်ရှာဖွေဖို့  ခက်ခဲပါတယ်။ ဒါကြောင့် ဒီလိုလူတွေကို အလုပ်အကိုင်တွေ ရရှိလာပြီး၊ သာမန် လူပတ်ဝန်းကျင်ကို ပြန်လည် ၀င်ရောက်နိုင်ဖို့ အတွက် ယာကူဇာ ဂိုဏ်းဝင်ဟောင်းတွေကို လက်ချောင်းတုတွေ တပ်ဆင်ပေးနေတာ ဆယ်စုနှစ် တစ်စု ရှိနေပါပြီ။

(စည်သူနေနိုင်)
Guide
Read more...

ပါကစ္စတန်ရှိ ရှီယာမွတ်ဆလင်များဗလီတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၁၄ ဦးသေဆုံး

0 comments
ဇွန်လ ၂၂ ရက် 
 
ပါကစ္စတန်မြောက်ပိုင်းမြို့တော်ပက်ရှဝါတွင် ရှီယာမွတ်ဆလင်များ၏ဗလီတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆု့းလူ ၁၄ ဦး သေဆုံးခဲ့ကြောင်း ရဲများနှင့် အရာရှိများက ပြောကြားသည်။

ဗုံးကွဲမှုကြောင့် လူအယောက် ၂၀ ကျော်ဒဏ်ရာရရှိသွားပြီး သောကြာနေ့ဗလီတက်ဝတ်ပြုစဉ်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
မည်သည့်အုပ်စုကမျှ ဤအမှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း မပြောကြားသေးပေ။

တောင်ပိုင်းမြို့တော်ကရာချီတွင်လည်း ဒေသဆိုင်ရာလွှတ်တော်အမတ်နှင့် သားဖြစ်သူသည်လည်း ဗလီမှ ထွက်လာစဉ် အမည်မသိသည့် သေနတ်သမားများပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

သေဆုံးသူ လွှတ်တော်အမတ်သည် ၁၉၄၇ ခုနှစ်အိန္ဒိယမှ ခွဲထွက်ချိန်မှစ၍ ပါကစ္စတန်သို့ပြောင်းရွှေ့လာကြသည့် မွတ်ဆလင်များကို ကိုယ် စားပြုသည့် ပါတီဝင်တစ်ဦးဖြစ်သည်။

ရဲများအဆိုအရ ပက်ရှဝါတိုက်ခိုက်မှုတွင် လူသုံးဦးပါဝင်ခဲ့ပြီး အသေခံဗုံးခွဲသူတစ်ဦးနှင့် ဗလီဝင်းသို့ဝင်ရောက်ရန်ကြိုးပမ်းစဉ် ရဲတစ်ဦးကို ပစ်ခတ်ခဲ့သည့် လက်နက်ကိုင်အဖော်နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

မျက်မြင်များက ဗုံးကွဲစဉ် လူ ၂၀၀ခန့် ဗလီထဲတွင်ရှိကြောင်း ပြောကြားကြသည်။

ရဲများက အဖော်နှစ်ဦးသည် အသေခံဗုံးခွဲသူ ဗုံးခွဲပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြပြီး ပက်ရှဝါရှိ ချန်ခါနီတဝိုက်တွင် လိုက်လံဖမ်းဆီး နေကြောင်း ပြောကြားသည်။
နိုင်ငံတွင်း တီဗီသတင်းတွင်လည်း ဗလီ၏သွေးစွန်းနေသောနံရံများနှင့် ကြမ်းပြင်များပါပုံများကို ထုတ်လွှင့်ပြသခဲ့သည်။

ဗုံးဒဏ်ကြောင့် ဖြစ်ပေါ်လာသော နံရံများနှင့် မျက်နှာကြက်ရှိအပေါက်များကို ရှင်းလင်းစွာတွေ့မြင်ရသည်။အဝတ်အစားများသွေးရွှဲနစ်နေသည့်ဒဏ်ရာရသူများကို ဆေးရုံသို့သယ်နေကြပုံများလည်း မြင်ရသည်။ပါကစ္စတန်ရှီယာလူနည်းစုသည် ဆွန်နီစစ်သွေးကြွများပစ်မှတ်ထားတိုက်ခိုက်မှု မကြာခဏခံနေရပြီး ဆွန်နီတို့က ရှီအိုက်များသည် ပုံမှန်ယုံကြည်ရာကိုဆန့်ကျင်ယုံကြည်သူများဟု ယူဆကြသည်။

ဗလီများနှင့် စုဝေးရာနေရာများသည် ပက်ရှဝါရှိ ရှီယာလူများစုနေထိုင်ရာ ဂတ်ရှန်တွင်ရှိသည့် တိုက်ခိုက်ခံရရာနေရာများဖြစ်ကြသည်။

ပက်ရှဝါသည် အာဖဂန်နယ်စပ်တွင်ရှိ ပြီး အနောက်မြောက်ဘက် စစ်သွေးကြွများခြေကုတ်ယူထားသည့် နေရာအနီးတွင် ရှိသည်။စနေနေ့တွင်လည်း ကက်တာမြို့တွင်စစ်သွေးကြွတို့၏ တိုက်ခိုက်မှုနှစ်ခုကြောင့် လူ ၂၅ ဦးသေဆုံးခဲ့သည်။တိုက်ခိုက်မှုများကို မည်သူပြုလုပ်ကြောင်းမသိသေးသော်လည်း ဆွန်နီစစ်သွေးကြွများကို ပြစ်တင်မှုများရှိနေသည်။

မြန်မာ့ခေတ်
Read more...

မူးယစ်ဆေးမှုဖြင့် မြန်မာတစ်ဦးကို ထိုင်း ပြည်နှင်ဒဏ်ပေး

0 comments
ဇွန်လ ၂၂ ရက်

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုကြောင့် ၂၀၁၃ ခုနှစ် ဇွန်လ ၂ ရက်နေ့ က မြန်မာဘက်က ဖမ်းဝရမ်း ထုတ်ခံထားရသည့် ထိုင်းနိုင်ငံတွင် နေထိုင် သူ မြန်မာနိုင်ငံသား ရွှေနုကို ထိုင်းနိုင်ငံ အစိုးရက ပြည်နှင်ဒဏ်ပေး လိုက်ကြောင်း The Nation အွန်လိုင်းသတင်း စာမျက်နှာတွင် ဇွန်လ ၂၁ ရက်နေ့က ဖော်ပြထားသည်။

အသက် ၄၆ နှစ်အရွယ်ရှိ ရွှေနု ဆိုသူမှာ ရှမ်းပြည်နယ်ရှိ ၎င်း၏ နေအိမ်တွင် မူးယစ်ဆေးဝါး တစ်မျိုးဖြစ်သည့် (Methamphetamine) ဆေးပြား အမြောက်အမြား တွေ့ရှိမှုကြောင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ထားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၏ တောင်းဆိုချက် အရ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မှုခင်းလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှု များအရ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် အလုပ် လုပ်ကိုင်နေသော အဆိုပါ ရွှေနုဆိုသူကို ထိုင်း အစိုးရက ဖမ်းဆီး၍ ပြည်နှင်ဒဏ် ပေး လိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာန၏ မှတ်တမ်းများအရ ၎င်းသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းဖြင့် တရားဝင် ၁၉ ကြိမ်တိုင်တိုင် သွားရောက်ခဲ့ဖူးကြောင်း ယင်းသတင်း စာမျက်နှာတွင် ဖော်ပြ ထားသည်။
The Voice Weekly 
Read more...

လူမှောင်ခိုကူးမှုအများဆုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံကို အဆင့်လျော့ချ

0 comments
ဇွန်လ ၂၂ ရက်
အမေရိကန်အစိုးရက ထုတ်ပြန်သော လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ၂၀၁၂ခုနှစ် အစီရင်ခံစာတွင် ယခင်လူကုန် ကူးမှုဖြစ်ပွားမှု အဆိုးဝါးဆုံး အဆင့်Tier 3 ရှိခဲ့သောမြန်မာ နိုင်ငံအားစောင့်ကြည့်အဆင့် Tier 2 သို့အဆင့်လျော့ချလိုက် ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဌာနက ဇွန်လ၂၀ရက်နေ့ ထုတ်ပြန်သော ၂၀၁၂ ခုနှစ်လူ ကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ် ရင်ခံစာအရသိရသည်။

၂၀၁၂ခုနှစ်အတွင်းအရေး ယူဆောင်ရွက်နိုင်ခဲ့သော လူကုန် ကူးမှုများတွင်းလက်ထပ်ထိမ်း မြားမှု(၇၉) မှု၊ပြည့်တန်စာမှု ၂၃မှု၊ အဓမ္မခိုင်းစေမှု (၁၆)မှု ကလေး သူငယ်ကုန်ကူးမှု(၂)မှု စုစုပေါင်း (၁၂၀)တို့အား အရေးယူဆောင် ရွက်ခဲ့ကြောင်းသိရသည်။

““လူကုန်ကူးတာကို တိုက် ဖျက်တယ်ဆိုတာ ကျွန်တော်တို့ ကြီးဘဲလုပ်လို့မရဘူး။ ကာယကံ ရှင်တွေက ထုတ်ပြောမှတိုင်ကြား မှကျွန်တော်တို့က သိမှာတစ်ချို့ တွေဆိုရင် ငါးဖမ်းစက်လှေ တွေ ပေါ်မှာ လူကုန်ကူး ခံရပြီး အလုပ် လုပ်နေရတယ်””ဟု လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့မှကိုကျော်စွာ က ပြောသည်။
မြန်မာနိုင်ငံမှ လူကုန်ကူးခံ ရသူအများစုမှာ အမျိုးသမီးများ ဖြစ်ပြီး အသက်အရွယ်အရ ၁၆ နှစ်အောက် ၂၁ဦး ၁၆နှစ်မှ ၆၀ ကြား၁၈၃ဦးအထိရှိကြောင်းသိရ သည်။

““အရင်ကမြန်မာနိုင်ငံကို လူကုန်ကူးမှုအဆိုးဝါးဆုံး သတ် မှတ်တဲ့ အဆင့် Tier 3 ကနေအခုTier 2 စောင့် ကြည့်အဆင့်ကို ပြောင်းလဲ ပေးရတဲ့ အကြောင်း ကတော့ မြန်မာနိုင်ငံမှာ အစိုးရ ကပြီးခဲ့တဲ့နှစ်က အဖွဲ့ အစည်း၁၆ ခုနဲNGO တွေပါတဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးဗဟို ဌာနကို ဖွဲ့စည်းပေးပြီးတော့ ကလေးစစ် သားတွေအပါအ၀င်လူကုန်ကူးခံ ရသူတွေ အတွက် ကာကွယ်မှု များ တိုးပြီး လုပ်ဆောင်ခဲ့တာ ကြောင့် အသင့်လျော့ချပေးတာ ပါ””ဟုနိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကပြောသည်။

လက်ရှိအချိန်တွင် လူကုန် ကူးခံရဆုံးနိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်ပြီး အမှု(၈)မှု ၆၈ရာခိုင်နှုန်း ဒုတိယလူကုန်ကူးမှုအများဆုံး နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး ၁၄မှု ရာခိုင်နှုန်းအားဖြင့် ၁၁.၃ရာ ခိုင်နှုန်းတို့ဖြစ်ကြောင်းသိရသည်။

Hot News
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here