Wednesday, September 11, 2013
တည်ဆဲဥပဒေများ ပြန်ပြင်သင့်ရင် ပြင်ရမယ်လို့ ဦးရွှေမန်းထပ်ပြော
0 comments
မြန်မာနိုင်ငံမှာ လက်ရှိပြဌာန်းထားတဲ့ တည်ဆဲ ဥပဒေတွေဟာ ခေတ်စနစ်နဲ့ လိုက်လျောညီထွေမှု မရှိဘူးဆိုရင် ပြင်ဆင်သင့်တာကို ပြင်ဆင်ဖို့နဲ့ အသစ်ရေးဆွဲဖို့လိုအပ်ရင်လည်း အသစ်ရေးဆွဲဖို့ သူ့အနေနဲ့ တာဝန်ရှိတယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ ထပ်လောင်းပြောကြားလိုက်ပါတယ်။
မြိတ်မြို့ကမ်းနားလမ်းမှာရှိတဲ့ ဇွဲရတနာခမ်းမမှာ ဒီနေ့ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောခဲ့တာပါ။
ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ ဥပဒေတွေပြဌာန်းဖို့ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက် တင်ပြချက်တွေနဲ့တင် မလုံလောက်ဘဲ ပြည်သူတွေရဲ့ “အသံ” ကိုလည်း ထည့်သွင်းစဉ်းစားနိုင်မှ နိုင်ငံနဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းစေမယ့်ဥပဒေတွေ ပြဌာန်း နိုင်မယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် ၂ဝ၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီးနောက်ပိုင်း ပြည်တွင်းနဲ့ ပြည်ပကအဖွဲ့အစည်းတွေ လွှတ်တော်ကို လာရောက်လေ့လာကြသူတွေ ပိုများလာတယ်လို့လည်း ပြောပါတယ်။ သူရဦးရွှေမန်းဟာ မနေ့က ကော့သောင်းမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကလည်း ထားဝယ်ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
RFA
Read more...
မလေးရှား နိုင်ငံမှာ ကျင်းပတဲ့ မာဒေးကား ဖလား ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်း က စင်ကာပူအသင်း ကို ၂-၀ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွားပါတယ်။
0 comments
Read more...
ဖိလစ်ပိုင် အစိုးရတပ်နဲ့ မွတ်ဆလင်သူပုန် တိုက်ပွဲ ၃ရက် ဆက်
0 comments
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဇမ်ဘိုယန်ဂါ ဆိပ်ကမ်းမြို့မှာ အစိုးရ တပ်ဖွဲ့တွေနဲ့ မူဆလင် သူပုန်တွေအကြား တိုက်ခိုက်မှုတွေဟာ ၃ ရက် ရှိသွားပြီ ဖြစ်ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဟာ မြို့ ကနေ ထွက်ပြေးလာခဲ့ကြပါတယ်။
အစိုးရတပ်ဖွဲ့တွေဟာ ခန့်မှန်းခြေ ၁၈၀ လောက်ရှိမယ့် မွတ်ဆလင် သူပုန်တွေကို ဝိုင်းထားကြပါတယ်။
သူပုန်တွေဟာ မြို့ထဲက လူနေရပ်ကွက်တွေမှာ နေရာယူထားကြတာ ဖြစ်ပါတယ်။
အဲဒီမြို့ကို သွားတဲ့ လေယာဉ်ခရီးစဉ်တွေနဲ့ ကူးတို့ သင်္ဘော သွားလာမှုတွေကို ရပ်နားထားပြီး၊ ကျောင်းတွေ ရုံးတွေကိုလည်း ပိတ်ထားပါတယ်။
သူပုန်တွေဘက်ကတော့ နိုင်ငံတကာကနေ ကြားဝင် စေ့စပ်ပေးပါလို့ တောင်းဆိုနေပါတယ်။
သူတို့ဟာ မိုရို အမျိုးသား လွတ်မြောက်ရေး တပ်ဦး MNLF က ခွဲထွက်လာကြတဲ့ သူပုန်တွေ ဖြစ်ကြပြီး၊ MNLF ဟာလည်း အစိုးရနဲ့ တခြား ပြိုင်ဘက် မွတ်ဆလင် သူပုန်အဖွဲ့တခုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ မှာ မပါဝင်ပဲ နေနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
Read more...
ကင်ညာမှာ မြေအောက်ရေလွှာ ရှာဖွေတွေ့ရှိ
0 comments
ကင်ညာနိုင်ငံမှာ သောက်သုံးရေ လိုအပ်နေ တာကို နှစ်ပေါင်း ဆယ်စုနဲ့ချီပြီး ဖြည့်ဆည်း ပေးနိုင်မယ့် မြေအောက် ရေအောင်းလွှာ တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီလို့ ကင်ညာ အစိုးရက ကြေညာလိုက်ပါတယ်။
ဒီအတွက် ကင်ညာပြည်သူတွေရဲ့ လူနေမှု ဘဝ အခြေအနေတွေ အပြောင်းလဲကြီး ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
နိုင်ငံ အနောက်မြောက်ပိုင်း မိုးခေါင် ရပ်ဝန်းဖြစ်တဲ့ တူကာနာ ဒေသမှာ ဒီ မြေအောက် ရေကျော ရှိတယ်ဆိုတာကို သိပ္ပံ ပညာရှင်တွေကနေ ဂြိုဟ်တု နည်းပညာစနစ်နဲ့ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အလှမ်းကွာတဲ့ တောင်တန်း တစ်ခုနဲ့ တစ်ခုအကြား မြေအောက်မှာ စီးဆင်းနေတဲ့ စမ်းချောင်းကနေ ဒီရေအောင်းလွှာ ဖြစ်တည်နေတာလို့ ဆိုပါတယ်။ ဒီရေလွှာကို စနစ်တကျ အသုံးပြုတတ်မယ်ဆိုရင် ဘယ်သော အခါမှ ခန်းခြောက်သွားမယ့် ပုံမရှိဘူးလိုလည်း ပြောပါတယ်။
သန်းနဲ့ချီတဲ့ ကင်ညာ ပြည်သူတွေဟာ အန္တာရာယ် ကင်းတဲ့ သောက်သုံးရေ ပြတ်လပ်နေကြတာ ဖြစ်ပါတယ်။
ကင်ညာမှာ မိုးကလည်း ရွာတချက် မရွာတချက်နဲ့ ရာသီဥတု ဖောက်ပြန်တဲ့ ဒဏ်ကို ခံနေရတာလည်း ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
Read more...
ထိုင်းစက်ရုံမှ မြန်မာတွေ လုပ်ခငွေမရပဲ ဒုက္ခတွေ့ကြုံနေရ
0 comments
ထိုင်းနိုင်ငံတောင်ပိုင်း၊ နရသီဝပ်ခရိုင်၊ ရှန်ခိုင်းဂလုတ်မြို့ (Buketta) ဘူကစ်တာအရပ်က AEK ကုမ္ပဏီ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁ဝဝ ကျော်ဟာ မိမိတို့လုပ်အားခနဲ့ ပတ်စပို့စ်တောင်းတာကို သူဌေးဖြစ်သူက ငွေမပေးဘဲ၊ ရဲခေါ်ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး အလုပ်သမားတွေကို ရေနဲ့မီးဖြတ်ထားတယ်လို့ သိရပါတယ်။
အဲဒီလုပ်ငန်းခွင်က အမျိုးသမီး ၂ဝ ကျော်နဲ့ အသက် ၁၆ နှစ်အောက် ၂ဝ လောက်ပါဝင်တဲ့ မြန်မာအလုပ်သမား ၁ဝဝ ကျော်ဟာ ဒီသူဌေးဆီမှာ အလုပ်လုပ်ကိုင်နေလာခဲ့တာ အရင်တုန်းက အမျိုးသားတွေက ဘတ်ငွေ ၃ဝဝ ကနေ ၃၅ဝ အထိ၊ အမျိုးသမီးတွေက ဘတ်ငွေ ၂ဝဝ ကနေ ၂၃ဝ အထိ လုပ်အားခ နေ့စဉ်ပုံမှန် ရရှိခဲ့ကြပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လကစပြီး ၁၅ ရက်တစ်ခါ ငွေရှင်းရာမှာ လုပ်အားခတစ်ဝက်စီခန့်သာ ရှင်းပေးခဲ့ပြီး၊ ဒီလဆန်းကစလို့ ညနေပိုင်းမှာလည်း အချိန်ပိုထပ်မံဆင်းခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီအချိန်ပိုလုပ်အားခကိုလည်း မပေးနိုင်ဘူးလို့ သူဌေးကပြောတာကြောင့် အလုပ်သမားတွေက တနင်္လာနေ့ကစလို့ အလုပ်မဆင်းဘဲ မိမိတို့ကျန်ရှိနေတဲ့ လုပ်အားခနဲ့ ယာယီပတ်စပို့စ်တွေကို ပြန်လည်တောင်းခံနေခဲ့ကြပါတယ်၊ သူဌေးဖြစ်သူက အခုအလုပ်မဆင်းရင် ရဲခေါ်ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ပြီး ရေနဲ့မီးဖြတ်ထားတာကြောင့် ဒုက္ခရောက်နေရပုံကို အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုတင်စိုးက ပြောပါတယ်။
“သူဌေးရောက်လာတော့ ကျနော်တို့ကို လုပ်အားခက ပုံမှန်မရှင်းပေးဘူး ဖြစ်နေလို့ သွားတောင်းတော့ ပိုက်ဆံလည်းမပေးဘူးပေါ့၊ ပိုက်ဆံမပေးရင်လည်း နေပါစေ၊ ကျနော်တို့ကို ပတ်စပို့စ်လေးပေးပါဆိုပြီး တောင်းဆိုပါတယ်၊ အဲဒီတော့ ပတ်စပို့စ်ကိစ္စ ငါ့လာမပြောနဲ့ ငါဘာမှမသိဘူးတဲ့ အဲဒီလိုပြောပါတယ်၊ ပြီးတော့ လုပ်အားခလည်း မပေးဘူး၊ ပတ်စပို့စ်လည်း မပေးနိုင်ဘူးဆိုပြီးတော့ အလုပ်ဆင်းခိုင်းပါတယ်၊ နောက်တစ်ရက်နှစ်ရက်နဲ့ အလုပ်မဆင်းဘူးဆိုလို့ရှိရင် ကျနော်တို့ကို တောမောတွေ(လဝကရဲ) သွင်းပြီးတော့ အကုန်ဖမ်းခိုင်းမယ်ဆိုပြီးတော့ ကြေညာထားပါတယ်ခင်ဗျ၊ ဒီနေ့တင်ပဲပြောတာပါ ၁၂နာရီလောက်က ပြောတာပါ”
ဒီအလုပ်သမားတွေဟာ ယာယီပတ်စပို့စ် ရဖို့အတွက်လည်း ဘတ်ငွေ ၁၂ဝဝဝ စီ သူဌေးကိုပေးပြီးလုပ်ထားခဲ့တာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် နေ့ကတည်းက ရရှိထားပြီး ဒီပတ်စပို့စ်တွေကို သူဌေးဖြစ်သူက သိမ်းဆည်းထားတာ ဖြစ်ပါတယ်။ အဲဒီပတ်စပို့စ် ကုန်ကျငွေအတွက် ငွေရှင်းတဲ့ ၁၅ ရက် အပတ်စဉ်တိုင်း အနည်းဆုံးဘတ်ငွေ ၂ဝဝဝ စီကို နှစ်စကတည်းက ဖြတ်ခံနေခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့လတွေက တချို့ဆိုငွေရှင်းရင် လက်ထဲမှာ ရာဂဏန်းသာရရှိခဲ့ကြပြီး ငွေကြေးပြတ်လတ်နေကြတယ်လို့လည်း သိရပါတယ်။
အခုလို ရေ၊ မီးဖြတ်ထားတာကြောင့် အလုပ်သမားတွေက ဒီမနက်မှာ လက်ထဲရှိတဲ့ငွေစုပြီး ဆန် ၂ အိတ်နဲ့ ရေ ၁ဝ ဗူး ဝယ်ထားကြောင်းနဲ့ သူတို့အတွက် ဒီရိက္ခာကလည်း ၃ ရက်ထက် မပိုနိုင်ဘူးလို့ အလုပ်သမတစ်ဦးဖြစ်သူ မရည်မွန်ကျော်ကလည်း ရှင်းပြပါတယ်။
“ယောင်္ကျားလေးတွေက ထင်းရှာကြတယ်၊ အဲဒီထင်းမီးနဲ့ပဲ အခုချက်ပြုတ် စားသောက်နေကြတယ်၊ တချို့လည်း တောထဲဝင်ပြီးတော့ မျှစ်တူးတဲ့သူကတူးပေါ့၊ ကျမတို့နဂိုတုန်းကဆိုရင် အလုပ်ဆင်းလို့ရှိရင် သူဌေးကနေပြီးတော့ ရေကိုသူ့ဆီမှာရှိတော့ ကျမတို့ရေကို ဝယ်သောက်တာလည်းရှိတယ်၊ နောက်ပြီးတော့ အလုပ်ထဲမှာကျတော့ ပုန်းနဲ့ဆွဲ သောက်ကြတာရှိတယ်၊ သူဌေးက ရောင်းတဲ့ဆိုင်ရှိပေမယ့် ဆိုင်ကိုလည်း လုံးဝဖွင့်မပေးဘူး၊ အကုန်လုံးပိတ်ထားတဲ့အတွက် သူများကိုတဆင့် အခုမှာပြီးတော့ ရေလာပို့ခိုင်းရတယ်၊ အယောက် ၁ဝဝ ကျော်ကို ဒီရေလေး ၁ဝ ဗူးနဲ့ ဆိုတော့ သောက်ရေထီးထီး ၂ ရက်လောက်တော့ သုံးလို့ရမယ်၊ အဲဒီလောက်ပါပဲ ဆန်က ၂ အိတ်ဆိုတော့ လူအယောက် ၁ဝဝ ကျော်ဆိုရင်တော့ ၃ ရက်လောက်တော့ ကျမတို့အကုန်လုံး မျှပြီးတော့ပေါ့နော်၊ အဲဒီလိုမျိုး စားဖို့ချိန်ပြီးတော့ လုပ်ထားကြတာပေါ့နော်၊ ကျန်တဲ့သူတွေကပေါ့နော် တချို့တွေလည်း အရမ်းကြောက်နေကြပြီ၊ တချို့တွေဆိုလည်း သွားရမလား၊ လာရမလား အဲဒီလိုမျိုးတွေပေါ့၊ အဲဒီလိုတွေ ဖြစ်နေကြတယ်”
အလုပ်သမားတွေက မြန်မာသံရုံးရဲ့ လမ်းညွှန်ချက်နဲ့ ထိုင်းဆဝါဒီကမ် အလုပ်သမားရုံးကို အကူအညီတောင်းထားပေမဲ့ အခုထက်ထိတော့ ဘာမှမထူးခြားလာသေးဘူးလို့လည်း သိရပါတယ်။
RFA Burmese
Read more...
မြန်မာ မင်းသမီးများ ထဲတွင် ပထမဆုံး ရင်သား ခွဲစိတ်ပြုပြင် မှုကို နန်းဆုရတီစိုး မှ စတင်ပြုလုပ်.....
0 comments
မြန်မာမင်းသမီးတစ်ဦးဖြစ်သော နန်းဆုရတီစိုးသည် ဂျပန်နိုင်ငံတွင် ရင်သားခွဲစိတ်မှုပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။ယခင်က နန်းဆုရတီစိုးမှာ ရင်သားကြီးမားခြင်းမရှိပဲ ယခုကဲ့သို့ ခွဲစိတ်ပြုပြင်လိုက်သော အခါမှ ကမ္ဘာ့အဆင့်မီ ခန္ဓာကိုယ်ဖြစ်သွားခဲ့ကြောင်း ပရိသတ်များက ဆိုသည်။
သူ့ကြည့်ရတာ ဆီလီကွန်ထည့်လိုက်တယ်နဲ့တူတယ်။ ချက်ချင်းကြီးကို ထွားတက်လာတာဟု နန်းဆုရတီစိုး အား မိတ်ကပ်ပြုပြင်ပေးခဲ့ဖူးသူ အလှဖန်တီးရှင်တစ်ဦးမှ ပြောကြားသည်။
ကမ္ဘာကျော်မင်းသမီးများကြားတွင် ယင်းကဲ့သို့ ရင်သားလှပစေရန် ခွဲစိတ်ပြုပြင်မှုမှာ မဆန်းပြားတော့သော် လည်း ယခုကဲ့သို့ မြန်မာမင်းသမီး တစ်ဦး၏ ရင်သားပြုပြင်မှုမှာမူ ပထမဆုံးအကြိမ်ဖြစ်၍ ကြားသိရသူများအဖို့ အထူးအဆန်း သတင်းတစ်ခုသဖွယ် ဖြစ်လျက်ရှိသည်။
Credit : စိုးမိုး
Myanmar News
Read more...
စည်ပင်မှ ငှားရမ်းထားသော ညကလပ်၊ ကေတီဗွီနှင့် ဟိုတယ်များကြောင့် ဘေးပတ်ဝန်းကျင် ပြည်သူများ စိတ်အနှောက်အယှက်ဖြစ်
0 comments
ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် တာမွေပလာဇာ၌ ဖွင့်လှစ်ထားသော ညကလပ်၊ ကေတီဗွီနှင့် ဟိုတယ်များသို့ လာရောက်သော လူငယ်များ၏ မူးယစ်ရမ်းကားမှုကြောင့် ဘေးပတ်ဝန်းကျင် ပြည်သူများ စိတ်အနှောက်အယှက် ဖြစ်ရကြောင်း တာမွေပလာဇာအနီးနေ ပြည်သူတစ်ဦးက စက်တင်ဘာ ၉ ရက်နေ့ တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ယခင်အစိုးရလက်ထက်မှ စတင်ဖွင့်လှစ်ခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် တာမွေပလာဇာ အဆင့် မြှင့်တင်ရန်အတွက် ပလာဇာအတွင်း ဖွင့်လှစ်ထားသော ဈေးများအားလုံးကို ခေတ္တ ပိတ်ထားခဲ့ပြီးနောက် ယခု အချိန်အထိ ဆက်လက် ဖွင့်လှစ်ခြင်းမရှိတော့ဘဲ တာမွေပလာဇာအတွင်းရှိ အချို့ဆိုင်ခန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာမှ ဟိုတယ်၊ ညကလပ်၊ ကေတီဗွီ လုပ်ငန်းများသို့ ငှားရမ်းလုပ်ကိုင်စေခဲ့သည့် အတွက် ၄င်း ဒီဂျေကလပ်နှင့် ကေတီဗွီများ ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် ရပ်ကွက်အတွင်း ပြည်သူများ သွားရေး၊ လာရေးခက်ခဲမှုများရှိပြီး ခိုက်ရန်ဖြစ်ပွားမှုများလည်း မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။
တာမွေပလာဇာအတွင်း ဖွင့်လှစ်ထားသော ညကလပ်၊ ကေတီဗွီ၊ ဟိုတယ်များ အကြောင်း ပြောရမည်ဆိုလျှင် နေ၀င်သွားသည်နှင့် မိကောင်းဖခင် သားသမီးများ ဖြတ်မလျှောက် ရဲလောက်အောင်ပင် ဖြစ်နေကြောင်း၊ တာမွေ ပလာဇာရှေ့၌ရှိသော ကားမှတ်တိုင်တွင် မိန်းကလေးများကို ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိပါးပြောဆိုမှုများ ရှိကြောင်း ညကလပ်သို့ လာရောက်သည့် လူငယ်များသည် ရန်ပွဲများ မကြာခဏ ဖြစ်ပွားကာ ယင်းကဲ့သို့ ဖြစ်ပွားပါက ရပ်ကွက်ထဲသို့ ပြေးဝင်လာသောကြောင့် ရပ်ကွက်နေပြည်သူများ အိပ်စက်အနားယူချိန် အထိတ် တလန့်ဖြစ်ရကြောင်း၊ အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုများကို အရေးယူခြင်းမရှိသည့်အတွက် ယခုကဲ့သို့ မကြာခဏ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း၊ မြို့တော်စည်ပင်အနေဖြင့် ဤကဲ့သို့ နေရာ၌ ညကလပ်၊ ကေတီဗွီနှင့် ဟိုတယ်ဖွင့်ရန် ငှားသင့်သည်၊ မငှားသင့်သည် စဉ်းစားသင့်ကြောင်း၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ မျက်နှာ ထောက်ထားသင့်ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
အဆိုပါ တာမွေပလာဇာရှေ့ လမ်းမတစ်ဖက်ခြမ်းရှိ အ.မ.က (၁၅) ကျောင်းအုပ်ဆရာကြီးက ၄င်းညကလပ် ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ နေ့ခင်းဘက်ဆိုလျှင် ပြဿနာမရှိကြောင်း၊ ညဘက်ဆိုလျှင် အမြင်မတော်သည်များ သိပ်များပြားကြောင်း၊ မကြားဝံ့မနာသာ စကားများ၊ ဈေးစကားများ အင်မတန် ကြားနေရကြောင်း၊ မကောင်းသော မိန်းမများနှင့် လူငယ်များ ပြဿနာ တက်သည်ကိုလည်း ခဏခဏ တွေ့မြင်နေရကြောင်း၊ အရက်မူးပြီး ရမ်းသော ကိစ္စများ၊ ရန်ဖြစ်သော ကိစ္စများအား ပတ်ဝန်းကျင်နှင့် စုပေါင်းကာ တိုင်သော်လည်း အကျိုးထူးမှု မရှိကြောင်း၊ ကျောင်းတွင်း ထုတ်ထားသော စည်းကမ်းများ အနက် ကိုက် (၁၀၀)အတွင်း အရက်သေစာ မသောက်စားရဟူသော အချက်သည် ကျောင်းနေကလေးများကို နမူနာပေးရန် ခက်ခဲကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
တာမွေပလာဇာရှိ ဒီဂျေညကလပ်ရှေ့တွင် ကားမောင်းလာသော ရေကြောင်း အရာရှိလူငယ် ၂ ဦးကို ကားလမ်းပိတ်၍ ဖယ်ခိုင်းရာမှ ညကလပ်သို့လာသော လူငယ် ၇ ဦးက ၀ိုင်းဝန်းရိုက်နှက်မှု စက်တင်ဘာလ ၄ ရက်နေ့၊ ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်က ၄င်းညကလပ်မှ အပြန်တာမွေ အ၀ိုင်းထိပ်တွင် လူငယ်တစ်ဦး ခိုက်ရန်ဖြစ်ပွား သေဆုံးမှု ရှိခဲ့သော်လည်း ၄င်းညကလပ်များကို ဆက်လက် ဖွင့်လှစ်ထားဆဲ ဖြစ်သည်။
တာမွေပလာဇာအတွင်း အောက်မျက်နှာစာနှင့် အပေါ်ထပ်များတွင် ဖွင့်လှစ်ထားသော ဆိုင်ခန်းများသည် စည်ပင်ပိုင် နယ်မြေဖြစ်ပြီး မည်သည့်အချိန်မှစ၍ မည်သို့ စာချုပ်ချုပ်ဆိုထားကြောင်းကို အသေးစိတ် မသိ ရှိရကြောင်း၊ အငှားစာချုပ်တွင် နှစ်ဦးနှစ်ဖက် စည်းကမ်းချက်ပါ သဘောတူညီမှုများဖြင့် ချုပ်ဆိုခြင်းဖြစ်ကြောင်း၊ ချမှတ်ထားသော စည်းကမ်းချက်များ၊ ဥပဒေမလွတ်ကင်းမှုများ ချိုးဖောက်ပါက ၄င်းမြေများကို ဆက်လက် ငှားရမ်းခြင်း ရှိ၊မရှိကို တာဝန်ရှိသူများက စဉ်းစား ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းတို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။
From: မြန်မာသံတော်ဆင့်
ဘကြီးသက်
Read more...
အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၁၈၀ကျော်အတွက် ညှိနှိုင်းဆွေးနွေးမှု ၇၀ရာခိုင်နှုန်းခန့် အောင်မြင်သော်လည်း စက်ရုံပိတ်ရက်အတွင်း စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေ
0 comments
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နမ်းကျန်းရပ်ကွက်ရှိ Prove Garment ကုမ္ပဏီ အမည်ရှိ အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမား ၁၈၀ ကျော်တို့၏ ဖြစ်ပေါ်နေသော အခက်အခဲများအား ဖြေရှင်းနိုင်ရန်အတွက် စက်တင်ဘာလ ၇ ရက်နေ့က တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ဦးစည်သူမှ အခြေအနေအား သွားရောက် ကြည့်ရှု့ခဲ့ပြီး အခြေအနေများအား တာချီလိတ်အွန်လိုင်းတွင် စက်တင်ဘာလ ၇ ရက်နေ့က ဖော်ပြခဲ့ပြီးနောက် ချင်းရိုင်းခရိုင် အလုပ်သမားများ ကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာနမှ အဆိုပါကိစ္စ နှင့် ပတ်သက်၍ ထိုင်းဘက် တာဝန်ရှိသူများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူတို့ စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၉နာရီ ၁၅မိနစ်အချိန်က ဖြေရှင်းဆွေးနွေးကြရာ ချင်းရိုင်းခရိုင် အလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှူးရုံးမှ ၎င်းတို့အနေဖြင့် ယခုလို ဆွေးနွေးမှုများကို ပြုလုပ်ရာ အလွတ်သဘောအရ လာရောက် နားထောင်နိုင်ရန်အတွက် မြန်မာဘက်မှ ဦးစည်သူနှင့် တာချီလိတ်အွန်လိုင်းသတင်းဌာနမှ ဦးဇော်အောင် နှင့် မကဖ(၈)မှ ဦးစီးအရာရှိ ဦးဝင်းအောင်တို့အား ဖိတ်ကြားလာရာ ခရိုင် အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် သွားရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ချင်းရိုင်းခရိုင်အလုပ်သမားစောင့်ရှောက်ရေးအဖွဲ့ရုံးမှ ဥက္ကဋ္ဌ Mr.Seehasak Phalajivin နှင့် အဖွဲ့ဝင်များ၊ ချင်းရိုင်းခရိုင် အလုပ်အကိုင်ရှာဖွေရေးနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr.Chatchai Rayavong နှင့် အဖွဲ့ဝင်များ၊ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် လူမှုဖွံ့ဖြိုးရေးအဖွဲ့ မှ အဖွဲ့ဝင်များ နှင့် မယ်ဆိုင်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr.Wiwat Jeansawan အပါအ၀င်  Prove Garment Co.,Ltd မှ မန်းနေဂျင်းဒါရိုက်တာ Mr.Stephen Falkiner နှင့် အဖွဲ့ဝင်များ၊ မြန်မာဘက်အနေဖြင့် အထည်ချုပ်စက်ရုံမှ အလုပ်သမားများကိုယ်စားလှယ် ဦးအောင်အောင်၊ တာချီလိတ်မြို့မှ  ဦးစည်သူ၊ တာချီလိတ်အွန်လိုင်းသတင်းဌာနမှ ဦးဇော်အောင် နှင့် မကဖ(၈)မှ ဦးစီးအရာရှိ ဦးဝင်းအောင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုများပြုလုပ်ရာတွင် ချင်းရိုင်းခရိုင်အလုပ်သမားစောင့်ရှောက်ရေးအဖွဲ့ရုံးမှ ဥက္ကဋ္ဌ Mr.Seehasak Phalajivin က "ယခုလို အလုပ်သမားများရဲ့ အရေးကို အလွတ်သဘောအရ ၎င်းတို့နှင့်တွေ့ဆုံ၍ ဆွေးနွေးတဲ့အတွက် ၀မ်းမြောက်ပါကြောင်း၊ မိမိ၏ ရည်ရွယ်ချက်မှာလည်း အနာဂတ်မှာ နှစ်နိုင်ငံအတွက် အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေးအသင်းအဖွဲ့တစ်ခုအဖြစ် ထိုင်းနိုင်ငံနည်းတူ တာချီလိတ်ဘက်မှာလည်း ရှိသင့်တယ်လို့ အကြံပြုလိုကြောင်း၊ အလုပ်ရှင် နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက် မျှမျှတတဖြစ်နေတာကိုပဲ မြင်လိုကြောင်း နှင့် ကုမ္ပဏီဘက်မှ မန်းနေဂျင်း ဒါရိုက်တာ တစ်ဦးဖြစ်သူ Mr.Steve Falkiner အား ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တစ်ပတ်အတွင်း အလုပ်သမားများ၏ တောင်းဆိုချက်များအား ဖြေရှင်းသည့် အစီရင်ခံစာ တင်ပြပေးသွားရန်လိုကြောင်း" အဖွင့်စကား ပြောကြားလာသည်။
"အလုပ်သမားများရဲ့ သဘောတူညီချက်ကို ရယူပြီး လုပ်အားခနှင့် အချိန်ပိုကြေးများကို ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေအတိုင်း ဖြေရှင်းဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေ နှင့် ပတ်သက်သည့် အကြောင်းအရာများကို နားမလည်ပါက ၎င်းထံ လာရောက်
ဆွေးနွေးတိုင်ပင်စေလိုကြောင်း နှင့် ၎င်းတို့အနေနှင့် အလုပ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးများနှင့် မရရှိသေးသော လုပ်အားခများအတွက် အမှုမှန်ပေါ်ပေါက်စေရန် တာဝန်ရှိသူများနှင့် ပူးပေါင်းကာ စုံစမ်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ချင်းရိုင်းခရိုင် အလုပ်အကိုင်ရှာဖွေရေးနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr.Chatchai Rayavong က ပြောကြားသည်။
ဆက်လက်၍ မယ်ဆိုင်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr.Wiwat Jeansawan က "အလုပ်သမားများအား နံနက် ၇ နာရီမှ ည ၇ နာရီထိ ခိုင်းစေမှုကိစ္စ အပါအ၀င် ပတ်စပိုစ့်များအား ကုမ္ပဏီမှ သိမ်းဆည်းထားသည်မှာ ဥပဒေနှင့် မညီညွှတ်ကြောင်း၊ အလုပ်သမားများ၏ လက်ဝယ်သို့ ကိုယ်စီကိုယ်စီ ပြန်လည်အပ်နှံပေးစေလိုကြောင်း" အထူးတလည်တိုက်တွန်းပြောကြားသွားသည်။
တာချီလိတ်ဘက်က တက်ရောက်လာသူ ဦးစည်သူ မှလည်း "ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကုမ္ပဏီမှ ထုတ်ပြန်ထားသည့် စည်းကမ်းအတိုင်း စက်ချုပ်သည့် အလုပ်မှလွဲ၍ သက်သာလွယ်ကူသော လုပ်ငန်းများကိုသာ လုပ်ဆောင်စေရန် သတ်မှတ်ထားသော်လည်း လက်ရှိအခြေအနေတွင် စည်းကမ်းနှင့် ကိုက်ညီမှုမရှိသော အလုပ်များ လုပ်နေရသည်ကို တွေ့ရှိရကြောင်း၊ ကုမ္ပဏီမှ အလုပ်သမားများ၏ ပတ်စပိုစ့်များအား သိမ်းဆည်းထားခြင်းကြောင့် ရံဖန်ရံခါ အပြင်သို့ ဈေးဝယ်ထွက်သည့်အခါတွင် ထိုင်းလှည့်ကင်းရဲများ၏ စစ်ဆေးမှုများကို ကြုံတွေ့ရပြီးနောက် ဒဏ်ငွေများပေးဆောင်ရသည့် ကိစ္စအပြင် အလုပ်ရှင် နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိစေလိုပဲ အဆင်ပြေစေရန် အတွက် အောက်ခြေကတည်းက ညှိနှိုင်းဆွေးနွေးစေလိုကြောင်း"ကို တင်ပြဆွေးနွေးသွားခဲ့သည်။
ယင်းနောက် မဲခေါင်မြစ်ဝှမ်းတစ်လျှောက် လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အလုပ်သမားများ နှင့် ပတ်သက်သည့် ရပိုင်ခွင့်များနှင့် အခွင့်အရေးများကို ရရှိစေရန်အတွက် တင်ပြဆွေးနွေးသွားခဲ့သည်။
ဆက်လက်၍ Prove Garment Co.,Ltd မှ မန်းနေဂျင်းဒါရိုက်တာ Mr.Stephen Falkiner က "ထိုင်းတစ်နိုင်ငံလုံးရှိ ၎င်းတို့၏ စက်ရုံများတွင် အလုပ်သမား ၄၀၀၀ ကျော်ရှိကြောင်း၊ ဒီလို ပြဿနာတွေဖြစ်ပေါ်နေတာကိုလည်း ၎င်းအနေဖြင့် မသိရှိကြောင်း၊ ချင်းမိုင်သို့ တာဝန်ရှိသူများမှ စာဖြင့် ဆင့်ခေါ်၍ အလုပ်ရုံသို့ ရောက်ရှိလာချိန်တွင် အလုပ်သမားများ၏ အခက်အခဲများနှင့် တောင်းဆိုချက်များကို ၎င်းအနေဖြင့် တွေ့ရှိလိုက်ရချိန်တွင် များစွာ အံ့သြသွားမိကြောင်း နှင့် ယခု လက်ရှိဖြစ်ပေါ်နေသော အလုပ်သမားများ၏ အခက်အခဲများအား အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းသွားမည်ဖြစ်ပြီး၊ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်သဘောတူညီမှု စာချုပ်အသစ် ပြင်ဆင်ချုပ်ဆိုသွားမည်ဟု ကတိပေးပြောကြားခဲ့ကြောင်း သိရသည်။
မယ်ဆိုင်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr.Wiwat Jeansawan က " ယနေ့ အောက်ခြေကစပြီး ဆွေးနွေးတဲ့ ကိစ္စမှာ မြန်မာအလုပ်သမားများအတွက် ၇၀ရာခိုင်နှုန်းခန့် အောင်မြင်တယ်လို့ မြင်တယ်"ဟု သုံးသပ် ပြောကြားလာသည်။
ယခုလို အလုပ်ရှင် နှင့် အလုပ်သမားကိစ္စများကို နံနက် ၉း၁၅နာရီမှ နေ့လည် ၁၂နာရီ ၃၀မိနစ်အချိန်ထိ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးနောက် မယ်ဆိုင်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr.Wiwat Jeansawan အပါအ၀င် တာချီလိတ်မှ အဖွဲ့သည် အလုပ်သမားများအား အားပေးနှစ်သိမ့်ရန်အတွက် Prove Garment ကုမ္ပဏီ အထည်ချုပ်စက်ရုံသို့ ထွက်ခွာလာခဲ့ကြသည်။
အဆိုပါ အဖွဲ့မှ အထည်ချုပ်စက်ရုံသို့ ရောက်ရှိသောအခါ မြန်မာအလုပ်သမားများက ယခုလို လာရောက် ကူညီသည့်အဖွဲ့အား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနေကြစဉ် ကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာ Mr.Stephen Falkiner က နံနက်ပိုင်းက တင်ပြဆွေးနွေးခဲ့သည့် အချက်အလက်များအတိုင်း ၎င်းတို့ဘက်မှ ကုမ္ပဏီ၏ အကြီးအကဲထံ ဆက်လက်တင်ပြနိုင်ရန်နှင့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် လတ်တလောတွင် ကုမ္ပဏီအား ၇ ရက် သို့မဟုတ် ၁၀ ရက်ခန့် ပိတ်ထားရမှာ ဖြစ်ကြောင်း၊ ထိုသို့ ပိတ်ထားစဉ်ကာလအတွင်း အလုပ်သမားများအား လုပ်အားခပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းများကို ၎င်းတို့အနေဖြင့် လိုက်လျောရန် အစီအစဉ်မရှိကြောင်း စသည်တို့ကို ပြောကြားလာသည်။
"ကျွန်မတို့ အတွက် ဂရုစိုက်ပြီး အောက်ခြေအထိ လာရောက်ပြီးတော့ ညှိနှိုင်းပေး တဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ အားလည်းကိုးပါတယ်ရှင်"ဟု မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးမှ
 ပြောကြားလာသည်။
အဆိုပါကိစ္စ နှင့် ပတ်သက်၍ မြန်မာအလုပ်သမား ၁၈၀ ကျော် အနေဖြင့် စက်ရုံပိတ်သည့် ကာလအတွင်း စားဝတ်နေရေးကိစ္စအား ဖြေရှင်းပေးနိုင်ရန်အတွက် အကူအညီလိုအပ်နေကြောင်း သိရသည်။
ယင်းကိစ္စအတွက် တာချီလိတ်ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး တို့မှ အစည်းအဝေးပြုလုပ်၍ စေတနာရှင်များ၊ အလှူရှင်များနှင့် ပူးပေါင်းကာ မြန်မာအလုပ်သမားများ၏ လတ်တလော လိုအပ်ချက်များကို
ဖြည့်ဆည်းပေးနိုင်ရန် အစီအစဉ်ရှိကြောင်းနှင့် ထိုသို့ကူညီရာမှာလည်း စားစရာများဖြစ်သည့် ဆန် နှင့် အခြား စားစရာများကို ထောက်ပံ့နိုင်ကြောင်း သိရသည်။
မယ်ဆိုင်မြို့ရှိ အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမားများ ၁၈၀ ကျော်ရှိသည်ဖြစ်ရာ အများဆုံးမှာ မြ၀တီ-မဲဆောက်ဘက်မှ  ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တစ်ခု၏ အဆက်အသွယ်ဖြင့် ရောက်ရှိလာကြတာဖြစ်ကြောင်း သိရသည်။
တာချီလိတ်သတင်းဌာန
Read more...
မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းက မိဇျိမ္မ သတင်းဌာနမှ ဦးစိန်ဝင်းကို ထုတ်ပယ်ပေးရန် (ပေးစာ)
0 comments
သြဂုတ်လ-၁၁-ရက် ၂၀၁၂-ခုနှစ်မှာ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းကို အောင်မြင်စွာ ဖွဲ့ စည်းနိုင်ခဲ့ သည်ဆိုသော သတင်းကို ဖတ်ရ ကြားရသည် ။
 ဥက္ကဋ္ဌ အဖြစ် မောင်ဝံသက ရွေးချယ်ခံရပြီး ဗဟိုဦးစီးအဖွဲ့ ဝင် ( ၅၅ ) ဦးရွေးချယ်ကာ အလုပ်အမှုဆောင် ( ၂၁ ) ဦးဖြင့် အောင်မြင်စွာဖွဲ့ စည်းခဲ့ သည်ဟု ကြေညာထားသည် ။ Online ကိုယ်စားပြု ဗဟိုဦးစီးဝင် ( ၃ ) ဦး ရွေးချယ်ထားရာ ဦးနေဘုန်းလတ် ၊ ဦးစိန်ဝင်း ၊ ဦးအေးချမ်းဟိန်းတို့  ကို ရွေးချယ်ခဲ့ သည်ဟု ဖေါ်ပြကြေညာထားသည် ။
 မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၏ ဗဟိုဦးစီးအဖွဲ့ ဝင်များ ဓါတ်ပုံကို စုရိုက်ထားပြီး ဖေါ်ပြထားရာ -Onlie ကိုယ်စားပြု ဗဟိုဦးစီးဝင် ဦးစိန်ဝင်း ဆိုသူကို တွေ့ ရတော့သည် ။
ဦးစိန်ဝင်းမှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ သို့  အကိုဖြစ်သူ ဦးစိုးနိုင် ( ဒေါက်တာဇေါ်ဝင်းအောင် ( ( DVB –FTUB အတွင်းရေးမှူး ) ၏ မိန်းမဖြစ်သူ ဒေါ်သင်းသင်းအောင် ( WLB- မိဇျိမ္မ အုပ်ချုပ်ရေးမှူး ) ကို ကြာခို ခိုးယူ ပေါင်းသွားသူအား အကြောင်းပြု၍ ရောက်ရှိလာသူဖြစ်သည် ။ ဦးစိန်ဝင်းမှာ ရဖျူဂျီအဖြစ် နေလာရာက မိဇျိမ္မ၀င်းဋ္ဌါန လုပ်ကြစဉ် အင်တာနတ်မှ သတင်းတင်ရုံသူအဖြစ်သာ လုပ်ကိုင်နေခဲ့ သူဖြစ်သည် ။
၂၀၀၀-ခုနှစ် လောက်မှာ သတင်းများကို အင်တာနတ်မှ တင်ပေးနေသော်လည်း ဦးစိန်ဝင်းမှာ မည်သည့် သတင်း တပုဒ် ၊ ဆောင်းပါးတပုဒ် ၊ ကဗျာတပုဒ် ၊ ၀တ္ထုတပုဒ် ၊ သီချင်းတပုဒ် ၊ ရေးသားခဲ့ သူ မဟုတ်ချေ ။ သို့  အတူ စာအုပ်တအုပ်လည်း ရေးသားဖြန့် ချီခဲ့ သူ မဟုတ်သလို နယူးဒေလီမြို့ ရှိ စာပေသမား ဖွဲ့ စည်းခဲ့ သော ပန်းစကား ဂျာနယ် ၊ စာပန်းအိမ် စာရေးဆရာများအဖွဲ့ ၌ ပါဝင်နိုင်ခဲ့ ခြင်း မရှိခဲ့  ။
 အထူးသဖြင့် -DVB- အသံလွှင့်အစီစအဉ်တွင် ဇတ်လမ်းပမာများကို အပတ်စဉ် စနေနေ့ တိုင်း ရေးသား ထုတ်လွှင့်ခြင်း ၊ ဆောင်းပါးများ ထုတ်လွှင့်ခြင်းတို့ ၌ မည်သည့် ဇတ်လမ်းပမာ ၊ မည်သည့်ဆောင်းပါး တပုဒ်တလေကိုမျှ မရေးသားခဲ့ သော မိဇျိမ္မအယ်ဒီတာဟု နာမည်ခံသည့်  ဦးစိန်ဝင်းဖြစ်သည် ။
ကွန်ပြူတာကနေပြီး သတင်းတင်ခြင်းနှင့် အင်တာနတ်မှ သတင်းများကို ကူးယူဖေါ်ပြနေသူလောက်ကို မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းတွင် သတင်းစာဆရာကြီးလို လို စာရေးဆရာကြီးလို ကဗျာဆရာကြီးလိုလို အနုပညာရှင်များကြီးများနှင့်အတူ ဓါတ်ပုံတွဲ ရိုက်ခြင်း ။ အဖွဲ့ အစည်းတွင် ဗဟိုဦးစီး
အဖွဲ့  ၀င်အဖြစ် ခန့် အပ်ထားခြင်းမှာ လွန်စွာ အကျည်းတန်စေလှပါသည် ။
ကွန်ပြူတာမှ အင်တာနတ်သတင်းတင်ခြင်းမှာ လူတိုင်းတတ်ကြရာ စာမဖွဲ့ လောက်သော အတတ်ပညာသာ ဖြစ်ပါသည် ။ ထို့ ကြောင့် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း၏ ဂုဏ်သိက္ခညိုးနွမ်းစေမည့် ၄င်းဦးစိန်ဝင်းအား ဗဟိုဦးစီး အဖွဲ့ ဝင်အဖြစ်မှ၎င်း ၊ မြန်မာနိုင်ငံစာရေးဆရာများ အသင်းအဖွဲ့ ဝင်များ အဖြစ်မှ၎င်း အမြန်ဆုံးထုတ်ပယ်ရန် လိုအပ်နေပါသည် ။
 မြန်မာနိုင်ငံသတင်းစာဆရာများအသင်းသည် သမိုင်းတခေတ်တွင် ဂုဏ်ကြက်သရေရှိသူများသာ ပါဝင်ပတ်သက်သော စာပေအနုပညာရှင်များ ဖြစ်ကြပါ၍ စာတလုံး ၊ ကဗျာတပုဒ် ၊ ဆောင်းပါးတပုဒ် ၊ ကဗျာတပုဒ် ၊ အယ်ဒီတာအာဘော် စာညွန် ၊့ လေးချိုး ၊ ကာချင်း ၊ တြာချင်း ၊ ရတု ၊ ၊ ရကန် ၊ ဒွေးချိုး ၊
တကြောင်းတလေမျှ မရေးသားတတ်သူကို ယခုကဲ့ သို့  ဗဟိုဦးစီးအဖွဲ့ ဝင်အဖြစ်မှ မထုတ်ပယ်ဘဲထားပါက မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းအနေဖြင့် အဖတ်ဆည်မရသော ဂုဏ်သိက္ခာများ ကျဆင်းနိုင်ဘွယ်ရာသာ ရှိပါကြောင်း အသိပေးအပ်ပါသည် ။
 By ကျော်ခဏ်းနွယ်
sandar thuria ark.sandarthuria@gmail.com
""အရှင် စန္ဒသူရိယ ""အီးမေးဖြင့် ပို့ ပေးသည်။
ရွှေမြန်မာ
Read more...
ကိုယ်ဝန်ဆောင် မိခင်လောင်းများ မေးလေ့ရှိသော မေးခွန်းများ
0 comments
မေး - ကိုယ်ဝန်ဆောင်စဉ်မှာ ဘာကြောင့် ကောင်းမွန်ပြည့်ဝစွာ စားသောက်ဖို့ လိုအပ်တာပါလဲ။
ဖြေ - ကျန်းမာရေးနှင့်ညီညွတ်တဲ့ စားသောက်မှုဟာ ကိုယ်ဝန်ဆောင်ကိုရော သန္ဓေသားကိုပါ ကျန်းမာစေတာ ကြောင့် အရေးကြီးပါတယ်။ မိခင်ရဲ့စားသောက်တဲ့ အစားအစာများကြောင့်သာ သန္ဓေသားက ကြီးထွားရတာ ဖြစ်သလို၊ သူကျန်းကျန်းမာမာရှိစေရန် လိုအပ်တဲ့အာဟာရတွေရဖို့ကိုလည်း မိခင်စားသောက်တဲ့ အစားအစာ တွေပေါ်မှာပဲ မှီခိုရတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တိုင်း အစားအသောက်မှရတဲ့စွမ်းအင်၊ အာဟာရနဲ့ ရေ ဓါတ်တွေပိုပြီး လိုအပ်ပါတယ်။ ဒီအချိန်မှာ ကိုယ်စားနေကျပမာဏထက် ပိုပြီးတိုးတက်စားသောက်ပေးဖို့လိုအပ် ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အထူးအရေးကြီးတာကတော့ ကိုယ်ခန္ဓာအတွက်လပ်တဲ့ ကယ်လ်ဆီယမ် မါတ်၊ သံဓါတ်နှင့် ဖောလစ်အက်ဆစ်လို့ခေါ်တဲ့ အာဟာရဓါတ်တွေ လုံလုံလောက်လောက်ရနိုင်ဖို့ပဲ ဖြစ်ပါတယ်။
မေး - ကိုယ်ဝန်ဆောင်စဉ်မှာ ဗီတာမင်နှင့်သတ္တုဓါတ်တွေ ဖြည့်စွက်စားသောက်ပေးဖို့ လိုပါသလား။
ဖြေ - အဓိကလိုအပ်တဲ့ ဗီတာမင်နှင့်သတ္တုဓါတ်များကို နေ့စဉ်စားသုံးတဲ့အစာအာဟာရများမှ ရရှိအောင် စားသုံး ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ မျှတတဲ့စားသောက်မှုပုံစံဖြစ်အောင် စီစဉ်စားသုံးပါ။ အဓိကလိုအပ်တဲ့ သံဓါတ်၊ ဖောလစ်အက်ဆစ်ဓါတ်၊ ကယ်လ်ဆီယမ်နှင့် အမျှင်ဓါတ်တို့ကို နှံစားသီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၊ နို့နှင့် နို့ထွက်ပစ္စည်းများအပြင် အသားများစားသုံးခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တို့ အ တွက် အထူးစီစဉ်ထုတ်လုပ်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။ ကိုယ် ၀န်ဆောင်အားဆေးများနှင့် အခြားအားဆေးများကိုတော့ ဆရာဝန်၊ သားဖွားဆရာမများကို တိုင်ပင်ပြီးမှ သုံးစွဲ သင့်ပါတယ်။
မေး - ကိုယ်ဝန်ဆောင်ကာလမှာ ခန္ဓာကိုယ်အလေးချိန် မည်မျှတက်လာပါသလဲ။
ဖြေ - ကိုယ်အလေးချိန်တက်နှုန်းဟာ ကိုယ်ဝန်ဆောင်ရဲ့ အရပ်အမြင့်နဲ့လည်း ဆိုင်ပါတယ်။ ယေဘူယျ အား ဖြင့်တော့ ၁၅ပေါင်မှ ၄၀ပေါင်အထိ တက်လာပါတယ်။
မေး - နို့မကြိုက်တဲ့ ကိုယ်ဝန်ဆောင်တွေအတွက် တစ်နေ့ကို ၃-၄ကြိမ် နို့သောက်ဖို့အတွက် ဘယ်လိုစီစဉ်နိုင် ပါသလဲ။
ဖြေ - နို့အစား ဒိန်ခဲ၊ ပူတင်းနှင့် ဒိန်ချဉ်များကိုလည်း စားသုံးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ဖြစ်လေ့ရှိသော ဝေဒနာများ (Common Complaints)
ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမဆုံးရက်သတ္တပါတ်များမှာ စိုးရိမ်စရာမလိုတဲ့ ဝေဒနာလေးတွေ ခံစားရတတ် ပါတယ်။
ခါးနာခြင်း (Backache)
ကြီးထွားလာတဲ့ ကိုယ်ဝန်ရဲ့အလေးချိန်ကြောင့် ခါးရိုးမှာ အားသက်ရောက်မှုဖြစ်လာရတာကြောင့် ခါးနှင့် ခါး အောက်ပိုင်း အရိုးအဆစ်တွေ နာကျင်မှုဖြစ်တတ်ပါတယ်။
ဘယ်လိုသက်သာအောင်လုပ်မလဲ (What to do to avoid ...)
- ခါးနှင့်ကိုယ်ကို ဖြောင့်ဖြောင့်နေပါ။
- ဖိနပ်အနိမ့်များကိုသာ စီးပါ။
- တစ်ခုခုကို မယူမည်ဆိုလျှင် ဒူးကိုသာကွေးပါ။ ခါးကိုမကုန်းပါနှင့်။
- ထိုင်ရာမှ ထချင်လျှင် လက်ကိုပေါင်ပေါ်တွင်ထောက် အားယူပြီးထပါ။
- အိပ်နေရာမှ ထလိုလျှင် ဘေးတစောင်းဖြစ်အောင် ပြုပြင်ပြီး လက်မောင်းများအားကို အသုံးပြုရ်ျထပါ။
သွားဖုံးများ သွေးထွက်ခြင်း (Bleeding Gum)
ကိုယ်ဝန်ဆောင်စဉ်မှာ နုနယ်လာတဲ့သွားဖုံးများ သွေးထွက်လွယ်ပါတယ်။ ဂရုပြုပြီး သွားတိုက်ခြင်း၊ ခံတွင်း စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့သည် သွားများ ပျက်စီးမှုကို အကာအကွယ်ဖြစ်စေပါသည်။
အသက်ရှူမ၀ခြင်း (Breathlessness)
ကိုယ်ဝန်ဆောင်နေစဉ် အသက်ရှူမမှုတွေ ဖြစ်တတ်ပါတယ်။ ကြီးထွားလာတဲ့ သားအိမ်က ရင်ခေါင်း တွင်းက အမြှေးပါးလေးကို တွန်းပင့်ထားသလို ဖြစ်လာခြင်းကြောင့် ဖြစ်ပါတယ်။ ပက်လက်နေလျှင် ပိုပြီးအဆင် မပြေ ဖြစ်တတ်ပါတယ်။ အိပ်တဲ့အခါ ခေါင်းအုံးများ ပိုအသုံးပြုပြီးအိပ်စက်ပါ။ ကိုယ်ဝန်နောက်ဆုံးလမှာတော့ ဒီပြဿနာပျောက်သွားမှာ ဖြစ်ပါတယ်။
ဝမ်းချုပ်ခြင်း (Constipation)
ကိုယ်ဝန်ဆောင်နေချိန်တွင် ခန္ဓာကိုယ်တွင်းအူလမ်းကြောင်းများ ပုံမှန်ထက် နှေးကွေးစွာ အလုပ် လုပ် သောကြောင့် ၀မ်းချုပ်ခြင်း မကြာခဏဖြစ်တတ်ပါသည်။
သက်သာအောင် ဘာတွေလုပ်ရမည်လဲ (What to do to ...)
- အမျှင်ဓါတ်များများပါတဲ့အစာများ၊ သစ်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များစားသုံးပြီး ရေများများ သောက် ပေးပါ။
- ၀မ်းသွားလိုပါက ချုပ်တည်းမထားပါနှင့်။
- ၀မ်းချုပ်တာ ဆက်တိုက်ဖြစ်နေလျှင်တော့ ၀မ်းပျော့ဆေး၊ ၀မ်းနုတ်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်ပြီး သောက် သုံးပါ။
ကြွက်တက်ခြင်း (Cramp)
တစ်ချို့သော ကိုယ်ဝန်သည်များဟာ ခြေထောက်နှင့် ခြေသလုံးကြွက်သားတက်သည့် ဝေဒနာများ ခံစားရ တတ် ပါတယ်။ ညဘက်တွေမှာ ပိုပြီးဖြစတ်ပါတယ်။ ခြေထောက်အကြောလျှော့ခြင်း၊ ဆေးလူးခြင်း၊ ခေတ္တလမ်းလျှောက် ပေးခြင်းဖြင့် သက်သာအောင် လုပ်ပေးနိုင်ပါတယ်။
ခေါင်းမူးခြင်း (Dizziness)
ခန္ဓာကိုယ်အတွင်း ဟိုမုန်းဓါတ်များပြောင်းလဲမှုကြောင့် ပက်လက်နေထိုင်စဉ်၊ ရုတ်တရက်ထလိုက်စဉ်၊
အချိန်ကြာကြာရပ်နေစဉ် စတဲ့အခြေအနေတွေမှာ ခေါင်းမူးတတ်ပါတယ်။ ဒီလိုမူးဝေလာလျှင် ထိုင်ချလိုက်ပါ၊ ဦးခေါင်းကို ငုံ့ထားပါ။ ပက်လက်မနေပါနှင့်။
မကြာခဏဆီးထွက်ခြင်း (Frequent Urination)
မကြာခဏဆီးထွက်မှုကတော့ ကိုယ်ဝန်ဆောင်အစောပိုင်းကာလများနှင့် နောက်ပိုင်းကာလတွေမှာ
အဖြစ်များပါတယ်။ ညဘက်အိပ်ယာဝက်ခါနီး ရေများများမသောက်ရန် လိုအပ်ပါတယ်။
ရင်ပူတဲ့ဝေဒနာ (Heartburn)
အစာအိမ်ထဲက အက်ဆစ်ဓါတ်တွေဟာ ရင်ခေါင်းပေါ်တက်လာတတ်တာမို့ ရင်ပူတဲ့ဝေဒနာကို ကိုယ် ၀န်ဆောင် တွေခံစားရတတ်ပါတယ်။ ပက်လက်အိပ်နေရင် ပိုဆိုးတတ်တာမို့ ခေါင်းအုံးမြင့်မြင့်ထားပြီးအိပ်ပါ။
အစာကိုနည်းနည်းနှင့် အကြိမ်များများစားသုံးပါ။ အိပ်ယာဝင်ခါနီး (၄)နာရီအလိုမှာတော့ ဘာမှမစားသင့်တော့ ပါဘူုး။ အစာအိမ်ဆေးဖြစ်တဲ့ Antacid ဆေးတွေကိုတော့ ကိုယ်ဝန်ဆောင်ပထမ ၁၂ပတ်မှာ လုံးဝမစားသင့်ပါဘူး။
ယားယံခြင်း (Itching)
ကိုယ်ဝန်ဆောင်စဉ်မှာ ၀မ်းဗိုက်အကြောတွေ ဆန့်ထွက်ရတာကြောင့် ယားယံ(နာကျင်ကိုက်ခဲ)မှု ကလေးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မွေးဖွားခါနီး သုံးလလောက်အထိ ဒီပြဿနာဖြစ်နေရင်တော့ ဆရာဝန် နှင့် ပြသသင့်ပါတယ်။ ဒါဟာ အသည်းရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်တတ်ပါတယ်။
မူးဝေအော့အန်ခြင်း (Nausea and Morning Sickness)
မူးဝေအော့အန်တာကတော့ ကိုယ်ဝန်ရှိခြင်းရဲ့ ဦးဆုံးလက္ခဏာပဲ ဖြစ်ပါတယ်။ ဆိုးဆိုးဝါးဝါး နံနက်ပိုင်း မှာ ဖြစ်တတ်သလို တစ်နေ့လုံးလည်း ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်၁၂ပတ်လောက်ရောက်ရင်တော့ ပျောက်သွား တတ်ပါတယ်။
ဝမ်းသွားလျှင်နာကျင်သည့်ရောဂါ (Piles)
ကိုယ်ဝန်ဆောင်ကာလမှာ ၀မ်းသွားတဲ့အခါ နာကျင်တာ၊ ၀မ်းသွားလျှင်သွေးပါတာတွေ ဖြစ်တတ် ပါ တယ်။ ၀မ်းချုပ်လျှင် ပိုဖြစ်တတ်ပါတယ်။
ဘယ်လိုကာကွယ်မလဲ (What to do ...)
- ၀မ်းမချုပ်အောင် ဂရုစိုက်ပါ။ အမျှင်ဓါတ်များများပါတဲ့အစာတွေ စားပေးပါ။
- ကြာကြာမတ်တပ်မရပ်ပါနှင့်။
- မိမိအိပ်ယာခြေရင်းပိုင်းကို မြင့်မြင့်ရှိပါစေ။
- စအိုအတွင်းပိုင်း ကျွံထွက်လာပါက လက်ဖြင့်အသာအယာ ပြန်လည်ထိုးသွင်းပါ။
အအိပ်ခက်ခြင်း (Difficulty in Sleeping)
ကိုယ်ဝန်ဆောင်များ မွေးခါနီးလေ အအိပ်ခက်တဲ့ ပြဿနာပိုဆိုးလေ ဖြစ်တတ်ပါတယ်။ သန္ဓေသား ကလည်း ညဖက်များမှာ ပိုလှုပ်ရှားတတ်ပြီး ကိုယ်တွင်းဇီဝကမ္မလုပ်ငန်းများကလည်း တစ်ခါတစ်ရံပုံမှန် မရှိတာ ကြောင့် အအိပ်ခက်တတ်ပါတယ်။ အိပ်ဆေးများ မသုံးပါနှင့်။ ညဘက်အိပ်ယာဝင်ခါနီး ရေနွေးဖြင့် ရေချိုးခြင်း၊ ထိုင်လျက် မကျတကျအနေအထားဖြင့် အိပ်စက်ခြင်း၊ ၀မ်းဗိုက်နံဘေးတွင် ခေါင်းအုံးထားပြီး တစောင်း အိပ်စက် ခြင်းတို့ကို ပြုလုပ်ကြည့်သင့်ပါတယ်။
အရေပြားနှင့် ဆံပင်များတွင် ဖြစ်လာသော အပြောင်းအလဲ များ (Skin and Hair Change)
ကိုယ်ဝန်သည် မိခင်များတွင် အရပြားအရောင်ပြောင်းလာခြင်း ၊ ဦးခေါင်းမှ ဆံပင် တိုးပွားခြင်းများ
ဖြစ်တတ်ပါသည်။ ဆံပင်များ အဆီပိုထွက်လာတတ်ပါသည်။ မီးဖွားပြီးနောက် မကြာမီ အရေပြားအရောင် နဂို အတိုင်းပြန်ဖြစ်လာပြီး ဆံပင်များ ပြန်ကျွတ်သွားတတ်ပါသည်။
ကိုယ်တွင်အစင်းရာကဲ့သို့ အမာရွတ်များ ဖြစ်လာခြင်း (Stretch Mark)
ကိုယ်ဝန်ဆောင်ကာလ အတွင်း အချို့သော ကိုယ်ဝန်သည်များသည် ပေါင်၊ ၀မ်းဗိုက်၊ ရင်သားများတွင် အနီရောင်အမှတ်များ ပေါ်လာတတ်ပါသည်။။ မီးဖွားပြီးနောက်ပိုင်း တဖြည်းဖြည်းမှေးမှိန်သွားတတ်ပါသည်။
အဖြူဆင်းခြင်း (Thrush)
မွေးလမ်းကြောင်းထိပ်ဝ တွင် မှိုကြောင့် ကူးစက်နာဖြစ်ရခြင်း ဖြစ်သည်။ ကိုက်ခဲခြင်း၊ နာကျင်ခြင်း၊ စ သည့် ဝေဒနာများ ခံစားရတတ်ပါသည်။ ၀မ်းတွင်းမှ ကလေးငယ်၏ပါးစပ်သို့ ကူးစက်တတ်သောကြောင့် ဆရာဝန် နှင့် ပြသ၍ ကုသမှုခံယူရပါမည်။
မောပန်းနွမ်းနယ်ခြင်း (Tiredness)
ကိုယ်ဝန်အစပိုင်း ရက်သတ္တပတ်များတွင် မောပန်းနွမ်းနယ်မှုများ ခံစားရတတ်ပါသည်။ ကိုယ်ဝန် ၁၄ ပတ် လောက်မှာတော့ ပျောက်သွားတတ်ပါသည်။ ကိုယ်ဝန်သည် တစ်ဦး အနေဖြင့် မောပန်းလာပါက အနားယူပါ။
Dr. ဇီဝက
Read more...
စက်တင်ဘာ ၁၅ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား နိုင်ငံရေးပါတီ များမှ နှစ်ဦးစီတက်ရောက်မည်
0 comments
စက် တင်ဘာ ၁၅ရက်တွင်ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီ များမှ တစ်ပါတီလျှင်နှစ်ဦးစီတက် ရောက်မည်ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာဒီမိုက ရေစီနေ့အခမ်းအနားကို စက်တင် ဘာ ၁၅ရက်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံသဘင် ဆောင်တွင် ကျင်းပမည်ဖြစ်ပြီး လွှတ်တော်တွင်းနှင့် လွှတ်တော် ပြင်ပ နိုင်ငံရေးပါတီများသို့ဖိတ် ကြားစာပို့ခဲ့သည်။
ခေတ်သစ်ပြည်သူ့ပါတီမှ လည်း အလုပ်အမှုဆောင်အဖွဲ့ ဝင်နှစ်ဦးတက်ရောက်ကာ ဒီမို ကရေစီနှင့်သက်ဆိုင်သော စာ တမ်းတစ်ရပ်ကို ဖတ်ကြားမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအင် အားစုပါတီမှလည်း လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး တက်ရောက် မည်ဖြစ်ပြီး ပါတီ၏သဝဏ်လွှာကို ဖတ်ကြားမည်ဖြစ်သည်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ အတွင်းရေးမှူးဦးဂင်ကမ်း လျန်က ''ကျွန်တော်တို့ကတော့ တက်ဖြစ်မှာမဟုတ်ဘူး။ ကိုယ့် စရိတ်နဲ့ကိုယ် လဲဖြစ်တယ်။ ဘာမှ ထူးခြားတဲ့ပွဲလဲမဟုတ်ဘူး။ စာ တမ်းတွေဖတ်ရင်လဲ သူတို့မွေး ထားတဲ့လူတွေကပဲဖတ်သွားတယ်'' ဟုပြောသည်။
ပြည်ထောင်စုဒီမိုကရေစီ ပါတီမှ ဦးသောင်းဝင်းကလည်း အဆိုပါအခမ်းအနား သို့ တက်ဖြစ် မည်မဟုတ်ကြောင်း၊ အရေးကြီး သည့်အခမ်းအနားများမှသာ တက် ဖြစ်ကြောင်း၊ ဖိတ်ကြားသည့်အခမ်း အနားတိုင်း တက်ရန်အတွက် နိုင်ငံ ရေးပါတီများအနေဖြင့် အဆင် မပြေကြောင်း ပြောသည်။
အပြည်ပြည်ဆိုင်ရာဒီမိုက ရေစီနေ့အခမ်းအနားကို နှစ်စဉ် စက်တင်ဘာ ၁၅ရက်တွင်ကျင်းပ ပြီး လွှတ်တော်တွင်းနိုင်ငံရေးပါတီ များနှင့် လွှတ်တော်ပြင်ပနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ က ဒီမိုကရေစီနှင့်သက်ဆိုင်သော စာတမ်းများကို ဖတ်ကြားခြင်း၊ နှင့်ဟောပြော ပွဲများပြုလုပ်ကြောင်း သိရသည်။
ယခင်နှစ်များက အခမ်းအ နားဖိတ်ကြားသည့် နိုင်ငံရေးပါတီ များသည် မိမိအစီအစဉ်ဖြင့် နေ ပြည်တော်သို့သွားရပြီး ဘူတာတွင် လာရောက်ကြိုဆို ကာ စည်ပင်သာ ယာဟိုတယ်တွင် တစ်ညတည်းခို ရန်စီစဉ်ပေးကြောင်း၊ အစားအ သောက်ကိုမူ မိမိအစီအစဉ်ဖြင့် စားသောက်ရကြောင်း သိရသည်။
YMG
Read more...
စစ်မှုမထမ်းမနေရ ပြဌာန်းဖို့ ကျားဖြူပါတီ သဘောတူ
0 comments
ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် (ကျားဖြူ)ပါတီ ခေါင်းဆောင်တွေနဲ့ အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေအားလုံး နှစ်နှစ်ကြာ စစ်မှုမထမ်းမနေရ ပြဌာန်းချက်ကို ထည့်သွင်းရေးဆွဲဖို့ သဘောတူညီခဲ့တယ်လို့ ပါတီခေါင်းဆောင်တစ်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
ကျားဖြူပါတီ ခေါင်းဆောင်တွေဟာ တောင်ကြီးမြို့မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၉ ရက်နေ့ကနေ ဒီနေ့အထိ ကျင်းပခဲ့တာပါ။ စစ်မှုမထမ်းမနေရ ပြဌာန်းချက်ကို ထည့်သွင်းစေလိုတဲ့ အကြောင်းကိုတော့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်(ကျားဖြူ)ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က အခုလိုပြောပါတယ်။
“တပ်နဲ့ ပြည်သူ တသားတည်းကျအောင်ဆိုပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ်ရောက် အမျိုးသားတွေ အနည်းဆုံး စစ်မှုနှစ်နှစ်ထမ်းစေချင်တဲ့ဆန္ဒရှိတယ်လေ၊ နိုင်ငံတကာမှာလည်း ဒီလိုကျင့်သုံးနေတာရှိတယ်လေ၊ အခုက တပ်ကသီးခြားဖြစ်နေတယ်၊ ကျနော်တို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရဆိုရင် တော်တော်လေးကင်းကွာကြတာပေါ့နော်
ဒါ့အပြင် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ဆိုင်ရာခွဲဝေမှုအပြင် မြေပေါ်မြေအောက် သယံဇာတ ခွဲဝေရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း ပြောသွားပါတယ်။ ဒါပေမယ့် အသေးစိတ်ကို သူကထုတ်ပြန်ပြောဆိုခြင်း မရှိပါဘူး။
RFA
Read more...
လွမ်းမိပါတဲ့ လားရှိုးကေ၇ာင်စုံ သစ်သီးလေးများ...
0 comments
Read more...
အံ့သြဖွယ်ရာ သခွါးသီး အစွမ်းများ
0 comments
၁။ သခွားသီးဟာ နေ့တိုင်းလိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်းနိုင်ပါတယ်။ သခွားသီးတစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင်ပါတယ်။
၂။ နေ့လည်နေ့ခင်း မောပန်းနွမ်းနယ်နေရင် ကဖင်းဓါတ်ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် လန်းဆန်းမှုကို မြန်မြန်ရစေပါတယ်။
၃။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန်ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင်သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။
၎။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီးနေပါသလား။ ဒါဆိုရင်တော့ သခွားသီးစိတ်လေးတွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ်ပေးခြင်းကြောင့် ဖြစ်ပါသည်။
၅။ အရေပြားမှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီးကွင်းနဲ့ အဆီများတဲ့နေရာတွေကို မိနစ်အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါးစေပါတယ်။ ပါးရည်တွန့်ခြင်းကိုလည်း ထိရောက်စွာ ကုသပေးနိုင်ပါတယ်။
၆။ ဆိုးဝါးသော ခေါင်းကိုက်ဝေဒနာကို သက်သာလိုရင်တော့ အိပ်ယာဝင်ခါနီးမှာ သခွားသီးအနည်းငယ်ကို စားပြီးမှ အိပ်ယာဝင်ပါ။ အိပ်ယာထလာတဲ့အခါမှာ ခေါင်းကိုက်သက်သာပြီး လန်းဆန်းမှုကို ခံစားရနေမှာ ဖြစ်ပါတယ်။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင် ဘီ၊ လျှပ်လိုက်ရည် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အဟာရဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးကာ အားလုံးကို သမမျှတနေစေပြီး ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။
၇။ တံခါးပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိမြည်သံ ပျောက်သွားပါလိမ့်မယ်။
၈။ သခွားသီးကို လှီးပြီး ရေနွေး ဆူဆူထဲ ထည့်လိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အဟာရတွေဟာ ရေနွေးနဲ့ ဓါတ်ပြုပြီး ထွက်လာတဲ့ ရေနွေးငွေ့ဟာ ပင်ပန်းမှုကို ပျောက်စေတဲ့ ရနံ့ဖြစ်ပြီး မီးဖွားပြီးစ မိခင်တွေနဲ့ အတန်းတင် စာမေးပွဲကို ဖြေရမယ့် ကျောင်းသားတွေကို စိတ်ပင်ပန်း ဖိစီးမှု လျှော့ကျစေပါတယ်။
၉။ အစားအစာ စားပြီးလို့ ခံတွင်းနံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ပါ။ ပါးစပ်ထဲက ခံတွင်းနံ့ ဆိုးခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားတွေကို သေဆုံးသွားစေပါတယ်။
၁၀။ ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင်နည်းလမ်းကို ရှာဖွေနေပါသလား။ သခွားသီးနဲ့ ပွတ်သပ်ပေးလိုက်ပါ။ သန့်ရှင်းတောက်ပြောင်စေနိုင်ပါသည်။ အစင်းရာတွေလည်း မကျန်ခဲ့စေပါ။ လက်နဲ့ လက်သည်းတွေကိုလည်း မထိခိုက်စေပါ။
၁၁။ ဖောင်တိန်သုံးပြီး အမှားရေးခြစ်မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေးပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ရပါတယ်။
Read more...
ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လုပ်ကိုင်သည့် Day Club အား စစ်ဆေးကာ ပိတ်သိမ်း
0 comments
ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ကမ္ဘောဇလမ်း၊ အမှတ်(၁၅) တွင် (Black & White)အမည်ဖြင့် Day Club ဖွင့်လှစ်ထားပြီး ဆယ်ကျော် သက် အရွယ် ကျား/မ လူငယ်များ အရက်သေစာ
သောက်စား ကာ ဆူ ညံ စွာ ကခုန်လျက်ရှိသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများစိတ် အနှောက်အယှက်ဖြစ်ရကြောင်း၊
Club မှထွက်လာသည့် လူငယ်များသည် မူးယစ်နေကြ၍ ယာဉ်များအား အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ မကြာခဏ
ဖြစ်ပေါ်လေ့ရှိကြောင်း သတင်းရရှိသဖြင့် ၉.၉.၂၀၁၃ ရက်နေ့
၁၆၀၀ အချိန်တွင် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာလက်ထောက်အုပ်ချုပ်ရေးမှူး တို့ပါဝင်သောအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာ ဆိုင်နှင့်ပတ်သက်သည့် ယစ်မျိုးလိုင်စင်၊ လုပ်ငန်းလိုင်စင်၊ ဗီဒီယိုလိုင်စင်များ မရှိသဖြင့် ၁၀.၉.၂၀၁၃ရက်နေ့
၁၀၀၀ အချိန် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင်
ဆိုင်မန်နေဂျာ ကိုအောင်ကိုခိုင်အားခေါ်ယူ၍ ယစ်မျိုးရောင်းချခြင်း၊
Day & Night Club ဖွင့်လှစ်ခြင်းတို့မပြုရန်၊ ဆိုင်အားပိတ်ထားရန် ၀န်ခံကတိပြုလက်မှတ်ရေးထိုးထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
Read more...
အင်းစိန်က ဟွားဝေဖုန်းဆိုင် ဖောက်ထွင်းခံရမှု ကျပ်သိန်း ၁၈၀ ကျော်ဖိုး ဆုံးရှုံး
0 comments
အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ဟွားဝေလက်ကိုင်ဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင်တစ်ခု စက်တင်ဘာ ၈ ရက် ညက ဖောက်ထွင်းခံလိုက်ရသဖြင့် ကျပ်သိန်း ၁၈၀ ကျော် ဆုံးရှုံးခဲ့ ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
အဆိုပါ ဖုန်းဆိုင်မှာ ဖော့ကန်ရပ်ကွက် အောက်မင်္ဂလာဒုံလမ်းမရှိ အမှတ် ၁၅၉၆ တွင် ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။
ဖုန်းဆိုင်ဖောက်ထွင်းခံရမှုကို စက်တင်ဘာ ၉ ရက် နံနက်တွင် ဆိုင်ဖွင့်ရန် လာရောက်သော ဆိုင်တာဝန်ခံ မသူဇာက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူမက ဆိုင်အတွင်းသို့ သော့ဖွင့်၍ ၀င်ရောက်စဉ် ဆိုင်နောက်ဖက် ပြူတင်းတံခါးများ ပွင့်နေပြီး ပစ္စည်းများပျံ့ကျဲနေသည်ကို တွေ့ရှိခဲ့သဖြင့် ဆိုင်ရှိပစ္စည်းများကို စစ်ဆေးခဲ့ သည်ဟုလည်း ရဲစခန်းတွင် ထွက်ဆိုထားသည်။
စစ်ဆေးချက်အရ ဆိုင်နောက်ခန်း ဗီရိုအတွင်း ထည့်ထားသည့် ဟွားဝေနောက်ဆုံးပေါ် လက်ကိုင်ဖုန်းများ အပါအ၀င် ဟန်းဆက် ၁၂၀ ကျော်၊ ကျပ်တစ်သောင်းတန် ငွေဖြည့်ကတ် ၆၀ ခန့်နှင့် ကျပ်ငါးထောင်တန် ငွေဖြည့် ကတ် ၆၆ ကတ်တို့ ခိုးယူခံရသည်ဟုဆိုသည်။
ထိုပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ၁၈၄ သိန်းကျော်ရှိကြောင်း ဆိုင်တာဝန်ခံက ပျောက်ဆုံးစာရင်းနှင့် တကွ ရဲစခန်းတွင် ပေးပို့တိုင်တန်းထားသည်။
ယင်းတိုင်တန်းမှုကို အင်းစိန်ရဲစခန်းက အမှုအမှတ် (ပ)၉၇၄/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးအတွက် ရဲများက စုံစမ်းရှာဖွေလျက်ရှိပြီး ဖမ်းဆီးရမိပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ ဖြင့် တရားစွဲမည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။
ဟာဝေးဖုန်းဟန်းဆက် အရောင်းပြခန်းများနှင့် ဟာဝေးနောက်ဆုံးပေါ်ဟန်းဆက် ဖုန်းအရောင်းဆိုင်များကို
မြန်မာနိုင်ငံတွင် မေလအတွင်းက စတင်ဖွင့်လှစ်ရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုလက်ကိုင်ဖုန်းများသည် ရောင်းအား ကောင်းသည်။
Mizzima
Read more...
"ဆီးဂိမ်းပြိုင်ပွဲ အတွက် သီချင်းရွေးချယ်မှု အကြောင်း Lခွန်းရီ ရှင်းပြ"
0 comments
၂ဝ၁၃ ခုနှစ် မြန်မာပြည်တွင် ပြုလုပ်မည့် ဆီးဂိမ်း ပြိုင်ပွဲကို အားကစား သမား နဲ့ မိဘ ပြည်သူ တစ်ရပ်လုံးက စိတ်ဝင်တစား ရှိကြသလို အနုပညာ ရှင် များကလည်း မိမိတို့ တတ်စွမ်း တဲ့ အနုပညာ နဲ့ ကျရာ ကဏ္ဍမှာ ဆီးဂိမ်း လှုံ့ ဆော်မှုများကို အင်တိုက် အားတိုက် ပါဝင်ခဲ့ပါ တယ်။ ဆီးဂိမ်း သီချင်း ရွေးချယ်မှု ပိုင်းမှာ တေးရေး မြင့်မိုးအောင် က ဥက္ကဋ္ဌ အဖြစ် ပါဝင်ပြီး အဖွဲ့ဝင် ၁၃ယောက် နဲ့ ဖွဲ့စည်းထားပါတယ်။ အဖွဲ့မှာ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ တေးသံရှင် Lခွန်းရီက ဆီးဂိမ်း သီချင်း နဲ့ ပတ်သက်ပြီး..
“ကိုယ့်နိုင်ငံမှာ လုပ်တယ် ဆိုတော့ ဆီးဂိမ်း သီချင်းကို ပေါက်သီချင်း လိုချင် တယ်။ ဆီးဂိမ်း များ ရွေးချယ် စီစဉ်ဖန်တီးရေး ကော်မတီ ဆိုပြီး ၁၃ ယောက် နဲ့ ဖွဲ့စည်း ထားတယ်။ ဆရာ မြင့်မိုးအောင်က ဥက္ကဋ္ဌပေါ့။ ဂီတ ကဏ္ဍအစုံ ထည့်ထားတယ်။ ဝန်ကြီး ဌာနက တောင်းလိုက်တဲ့ တစ်ပြည်လုံး ဆီးဂိမ်း သီချင်း ၉၇ ပုဒ်မှာ ၃ ပုဒ် က ဘောင်မဝင်တော့ ၉၄ ပုဒ်ရတယ်။ ပထမဆုကို သိန်း ၂ဝ၊ ဒုတိယဆုကို ၁၅သိန်း၊ တတိယ ဆုကို ၁ဝသိန်း နဲ့ နှစ်သိမ့်ဆု ၅ သိန်းပေးတယ်။ ဒါပေမဲ့ အန်တီတို့ လိုချင်တဲ့ ပြည်သူလူထုတွေ လိုက်ဆို နိုင် တဲ့ အနေအထားမျိုး ပေါက်သီချင်း မရဘူး ဖြစ်နေတယ်။ စိတ်တိုင်း မ ကျတော့ ဒုတိယ အကြိမ် ထပ်ခေါ် တယ်။ ပေါက် သီချင်း လိုချင်တယ်၊ ထပ်လာတယ်။ ၁၇၅ ပုဒ် ရောက်လာတယ်။ စိတ်ကြိုက် ပေါက်သီချင်း မရပြန်ဘူး။ ဂီတလောကမှာ တကယ့်ပညာရှင် တွေဖြစ်ကြတဲ့ လေးဖြူတို့၊ အငဲတို့ ၊ဇော်ဝင်းထွဋ် တို့ကို ခေါ်ပြီးတော့ ရေးကြ ပါလို့ တောင်းဆိုတော့ ဂီတပညာရှင် အသိုင်းအဝိုင်းက အဆိုရှင်တွေကလည်း သီချင်းတွေ ဆက်ပေး ပါတယ်။ ဒါပေမဲ့ ပေါက် သီချင်း ပုံစံကို မရပြန်ဘူး။ သီချင်းပုဒ်ရေ ၃ဝ၇ ပုဒ် ရထားတယ်။ EC ကော်မတီက ၃ဝ၇ ပုဒ်ကို ၃၁ ပုဒ်ရွေးတယ်။ ပြီးတော့ ဂီတအစည်းအရုံး ကို ရွေးပေး ဖို့ ပေးလိုက် တဲ့အခါမှာ ၁ဝ ပုဒ်ထွက် လာတယ်။ ၁ဝပုဒ်ကို တိုင်းနဲ့ ပြည်နယ်တွေ ဆီကို မဲ စောင်ရေ တစ်သောင်း ဖြန့်လိုက်တယ်။ မဲပေး စနစ်မှာ စီဒီ နဲ့ သီချင်း ၁ဝပုဒ်ကို နား ထောင် ခိုင်းပြီးတော့ စိတ်ကြိုက် ရွေးခိုင်းတယ်။ ပြီးတော့ စီဒီကို ပြန်လာပေးရင် ဇီးကွက်ရုပ် သော့ချိတ်ပေးမယ်။ တစ်ခါတည်း ဘယ်သူရမှာလဲ ဆိုတဲ့ အဖြေ လွှာခန့်မှန်းခိုင်း ပြီး တော့ မဲနှိပ် စနစ်နဲ့ အဖြေ လွှာမှန်တဲ့ သူကို ဆုငွေ ၁ဝ သိန်းပေးမယ် ဆိုပြီး လုပ်လိုက်တယ်။ အခု မျှော်လင့်တာထက် မဲစောင်ရေ တစ် သောင်းမလောက်လို့ ထပ် ရိုက်ပြီး ပို့ရတဲ့ အဆင့် ကိုရောက်လာတယ်။ အခု မဲတွေပြန်ရောက် နေလို့ စိစစ်နေပါတယ်” လို့ ပြောပြခဲ့ပါတယ်။
စီဒီ သီချင်း ၁ဝပုဒ်ကို ဗီစီဒီ အဖြစ် ရိုက်ကူးပြီး ပြည် သူတွေ ကြား ဖြန့်ဦးမှာလား၊ ဆုကိုရော ဘယ်နေ့ကြေညာမှာလဲ လို့ မေးကြည့်တော့..
“သီချင်း ၁ဝပုဒ် ကို ဗီစီဒီ ရိုက်ပြီးရင် တရုတ် ကိုပို့မယ်။ ယိုးဒယားကတော့ ကုန်ကျ စရိတ်များ တဲ့ အတွက် ပြန်ရောင်းရင် အခက်အခဲ ဖြစ်မှာ စိုးရိမ် တာနဲ့ တရုတ်ပြည် မှာ လုပ်ပြီး အဲဒီ ဗီစီဒီ သီချင်း ၁ဝပုဒ်ကို ပြည်သူ ကြားရောက်အောင် လုပ်မယ်။ ကွာလတီ ကောင်းကောင်း နဲ့လုပ် ပြီးရင် မီးပွိုင့်၊ လမ်းတွေမှာ ၅ဝဝကျပ် နဲ့ ရအောင် လုပ်ပေးမယ်။ ပြီးတော့ ပထမဆု၊ ဒုတိယ၊ တတိယ ဆု အသီးသီးကို ဆီးဂိမ်း ကျင်းပဖို့ ရက်တစ်ရာ အလိုပြည့် တဲ့နေ့မှာ ကြေညာမှာပါ” လို့ တာဝန်ရှိသူ Lခွန်းရီ က ပြော ပြခဲ့ပါတယ်။
P066
Read more...
ရေနည်းငါးတို့ ပြေးနိုင်ပါ့မလား . . .
0 comments
အော်ပရာစီ စစ်ဆင်ရေး တစ်ကျော့ ပြန်စပြီ။
မေလကုန်နှင့် ဇွန်လဆန်းတို့တွင် မြန်မာနိုင်ငံသား ခြောက်ဦးခန့်
သေဆုံးခဲ့သည့် အကြမ်းဖက်မှု ဖြစ်ပွားစဉ်က တရားမဝင် နိုင်ငံခြားသား
များကို ဖမ်းဆီးခဲ့ရာ မြန်မာ ၁၀၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး
နှစ်လကျော်အကြာ တစ်ကျော့ပြန်လာသည့် စစ်ဆင်ရေးသည် သိန်းဂဏန်းခန့် ရှိသည့် တရားမဝင် မြန်မာလုပ်သားများ၏ ဘဝလုံခြုံရေးအတွက် နောက်ထပ် ထိုးနှက်ချက် တစ်ရပ် ဖြစ်
လာသည်။
အဖမ်းအဆီးကြမ်းမည်ဟု သတိပေးထားသည့် ယင်းစစ်ဆင်ရေးကို
Ops 6p ဟု အမည်ပေးထားပြီး စက်တင်ဘာလ ၁ ရက် နေ့မှ စတင်ကာ ကွာလာလမ်ပူ၊ ဂျိုဟိုး၊ ပီနန်း၊ ဆလမ်ဂေါ အပါအဝင် တရားမဝင်
နိုင်ငံခြားသားများ နေထိုင်ရာနေရာများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် နေရာ
အနှံ့တွင် ပိုက်စိပ်တိုက်ပြုလုပ်ခဲ့ရာ မြန်မာ အလုပ်သမား ၆၀၀ နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း စက်တင်ဘာလ ၄ ရက်နေ့က မလေးရှား နိုင်ငံသတင်း
များတွင် ဖော်ပြသည်။
ယင်းစစ်ဆင်ရေးကို လူဝင်မှုကြီး ကြပ်ရေးက ဦးဆောင်၍ ရဲတပ်ဖွဲ့၊ စစ်တပ်၊ ပြည်သူ့စစ်၊ မီးသတ် စသည့် အင်အား ၁၃၅,၀၀၀ အသုံးပြု၍ စစ်ဆင်ရေး ဆင်နွှဲခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင် ရာဇဝတ်မှုများ ဖြစ်ပွားနှုန်း မြင့်တက်လာပြီး ယင်း ရာဇဝတ်မှုများတွင် တရားမဝင် နိုင်ငံခြားသားများ ပါဝင်မှု မြင့်တက်
လာကြောင်း၊ တရားမဝင်လုပ်သားအရေအတွက်လည်း မြင့်မား
လာခြင်းကြောင့် လုံခြုံရေး အခြေအနေအရ စိုးရိမ်မှတ်ကို ရောက်ရှိလာခြင်း တို့ကြောင့် တရားမဝင် နိုင်ငံခြားသားများကို နှိမ်နှင်းခြင်းဖြစ်ကြောင်း မလေးရှားအစိုးရက ပြောဆိုထားသည်။
အော်ပရာစီကို တစ်နှစ် တစ်ကြိမ်ထက်မနည်း လုပ်ဆောင်လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မည် သတင်းများ ထွက်ပေါ်နေပြီး ဖမ်းဆီးရမိသူများကို တရားမဝင် နိုင်ငံခြားသားများ ထိန်းသိမ်းရေးစခန်းများသို့ တိုက်ရိုက်ပို့မည်ဖြစ်ကာ ယင်းမှတစ်ဆင့် နေရပ်
ကို ပြန်ပို့မည်ဖြစ်ကြောင်း မလေးရှားအစိုးရက ကြေညာထားသည်။
ယခုနှစ် အကုန်ထိ ပြုလုပ်မည့် ယင်း စစ်ဆင်ရေးတွင် တရားမဝင် နိုင်ငံခြား
သား လေးသိန်းကို ဖမ်းဆီးသွားမည်ဖြစ်ပြီး ယင်း နိုင်ငံခြားသားများကို လက်ခံထားသည့် အလုပ်ရှင် ၄၅,၀၀၀ ကို ဖမ်းဆီးအရေးယူ နိုင်ရန် ရည်မှန်းထားကြောင်း မလေးရှား သတင်းများတွင် ဖော်ပြသည်။
မလေးရှားနိုင်ငံရောက် မြန်မာ လုပ်သားများ အရေးကို နှစ်နိုင်ငံ ညှိနှိုင်း ဖြေရှင်းရန် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ဦးဆောင်ကာ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ လူဝင်မှုကြီးကြပ်
ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့က တာဝန်ရှိသူများ ပါဝင်မည့် အထူး ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံသို့ လာမည့်ရက်ပိုင်း
အတွင်းသွားရောက်မည် ဖြစ်သည်။
မလေးရှားနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်တွင် နှစ်နိုင်ငံ ညှိနှိုင်းမည့်ကိစ္စ များနှင့် ပတ်သက်၍ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးသော်လည်း ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများကို အထောက်အထား ထုတ်ပေးသကဲ့သို့ မလေးရှားရောက် မြန်မာများကိုလည်း တရားဝင် အထောက်အထား ရရှိရန် ဆွေးနွေးမည့်ကိစ္စများ ပါဝင်ကြောင်း အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်က
ပြောကြားသည်။
"အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ အတတ်နိုင်ဆုံး ညှိနှိုင်းသွား
မှာပါ" ဟု ၄င်းက ဆိုသည်။
အထူးကိုယ်စားလှယ် အဖွဲ့သည် တရားမဝင် မြန်မာအလုပ်သမားအများ၏ ကျီးလန့်စာစား အခြေအနေကို မည်မျှ ဖြေရှင်းနိုင်မည်နည်း။ နိုင်ငံတော်
သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံ
ရသည့် မြန်မာနိုင်ငံသားဟု ဆိုသူများကို အမှန်တကယ် နိုင်ငံသား ဟုတ်မဟုတ် စိစစ်ကာ မြန်မာနိုင်ငံသား ဖြစ်သူများကို မြန်မာနိုင်ငံသို့ ပြန်
လည် ခေါ်ယူနိုင်ရန် ဆောင်ရွက်နေသည်ဟုနိုင်ငံခြားရေးဝန်ကြီးဌာန မှ
တစ်ဆင့် သိရှိရကြောင်း ပြောဆိုထားသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် နှစ်နိုင်ငံ သံတမန်ရေးရာအရ ညှိနှိုင်းကာ လုပ်ဆောင်နိုင်သည့် နည်းလမ်းအမျိုးမျိုး ရှိသည်။ ဖမ်းဆီးခံရသည့်
မြန်မာများကို ထောင်ဒဏ်၊ ကြိမ်ဒဏ် စသည့် ပြစ်ဒဏ် မကျခံရဘဲ
နေရပ်ပြန်ခေါ်ရေး၊ တရားဝင် အထောက်အထားများ ရရှိအောင် ဆောင်ရွက်
ကာ အလုပ်ဆက်လက် လုပ်ကိုင်ခွင့်ရရှိရေး ကိစ္စများကို နှစ်နိုင်ငံအစိုးရ သံတမန် နည်းလမ်းအရ ညှိနှိုင်းကာ ဖြေရှင်းပေးနိုင်ရန် မျှော်လင့်ကြောင်း မလေးရှားရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်သူများ က ပြော
ကြားသည်။
မလေးရှား နိုင်ငံရောက် တရားမဝင် နိုင်ငံခြားသားများကို တရားဝင် မှတ်ပုံတင်ပေးသည့် နိုင်ငံခြား လုပ်သားများ စီမံခန့်ခွဲရေး အစီအစဉ် (6p) စနစ်ဖြင့် တရားဝင် ပြုလုပ်ရာတွင် ပွဲစားများ၏ လိမ်လည်မှုကြောင့် မြန်မာ
လုပ်သားများစွာ တရားဝင် အထောက်အထား မရရှိခဲ့သည့် ပြဿနာများ
ဖြစ်ပေါ်ခဲ့ကြောင်း အလာတူပြဿနာမျိုး ထပ်မံမဖြစ်စေရန် နှစ်နိုင်ငံ အစိုးရ အနေဖြင့် သေချာလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း မလေးရှားနိုင်ငံအခြေ
စိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်းမှ မူဝါဒရေးရာ
ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်ကြီးက ဆိုသည်။
မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက် လုပ်ကိုင်နေကြသည့် အဓိက ပြဿနာများ၊ တရားဝင် သွားရောက် လုပ်ကိုင်သည့် လုပ်သားများလည်း အိုသမား (တရားမဝင်) ဖြစ်နေရသည့် ပြဿနာ အဓိကရင်းမြစ်များကို ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်ရေးမှာ အထူးအရေးကြီးကြောင်း မလေးရှားရောက် မြန်မာများက ပြောကြား
ကြသည်။
မလေးရှား အလုပ်ရှင်များက အလုပ်သမား ဥပဒေများကို မလိုက်နာခြင်း၊ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ အလုပ်ရှင်က နိုင်ငံကူး
လက်မှတ် များကို သိမ်းဆည်းထားခြင်း စသည့် ကိစ္စရပ်များကြောင့် မြန်မာ
လုပ်သား အများစု တရားမဝင် ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း ၄င်းတို့က ပြော
ဆိုကြသည်။
"မြန်မာ အစိုးရက သံတမန် နည်းလမ်းအရ လုပ်ဆောင်တာ အားနည်းတယ်။ သံရုံးကလည်း အားနည်းတယ်" ဟု မလေးရှားနိုင်ငံတွင် ၁၅ နှစ်ခန့် ကြာမြင့်ပြီ ဖြစ်သည့် ဦးထွန်းအောင်က ပြောကြားသည်။
အဖမ်းအဆီးများ ငါးရက်မြောက်နေ့ ရောက်ရှိသည့်နေ့တွင် အဖမ်းအဆီး အနည်းငယ် အသံတိတ်နေသည်ဟု ဦးအောင်ကြီးက ပြောဆိုသည်။
တရားမဝင် နိုင်ငံခြားသားများ ရှိသည့် နေရာများတွင် အဖမ်းအဆီးများ ကြမ်းတမ်းခဲ့ပြီး မျက်နှာကြက်၊ ကြမ်းခင်းအောက်တွင် ပုန်းအောင်းနေသူ
များကိုပါ ဖမ်းဆီးခဲ့ရာ အဖမ်းအဆီး လေးရက်မြောက် နေ့ထိ တရားမဝင်
နိုင်ငံခြားသားပေါင်း ၂,၅၈၆ ဦးအနက် မြန်မာ ၅၇၉ ဦး ပါဝင်ခဲ့သည်။
ဖမ်းဆီးခံရပါက ထိန်းသိမ်းရေး စခန်းများကို တိုက်ရိုက် ခေါ်ဆောင်သွားမည် ဆိုသဖြင့် အမျိုးသားများထက် အမျိုးသမီးများ အတွက် ပိုမိုစိုးရိမ်ရကြောင်း၊ ဖမ်းဆီးခံရပါက နေရပ်ပြန်မပို့ဘဲ နယ်စပ်တွင် ပစ်ထားပါက ပိုမို အန္တရာယ်
ရှိကြောင်း မလေးရှားရောက် တရားမဝင် အမျိုးသမီး လုပ်သားများကို
မေးမြန်းချက်အရ သိရှိရသည်။
အဖမ်းအဆီးများ စိတ်လာသဖြင့် တရုတ်လုပ်ငန်းရှင်များက တရားမဝင် လုပ်သားများကို အလုပ်စဖြုတ်နေကြပြီ ဖြစ်ရာ အချို့တရားမဝင် မြန်မာ
များသည် လုံခြုံမည်ဟု ယူဆရသည့် နေရာများတွင် ပုန်းအောင်းနေကြပြီး ယခုအချိန်တွင် တောအုပ်များထဲတွင် ပုန်းအောင်းနေ ကြပြီဖြစ်ကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။
"စာအုပ် (နိုင်ငံကူးလက်မှတ်) မရှိတဲ့သူတွေ မအိပ်နိုင် မစားနိုင် ဖြစ်နေ
ကြတယ်" ဟု ဆလင်ဂေါတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။
တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးမည့် အပြင် ၄င်းတို့ကို အကာ
အကွယ်ပေးသူ၊ အကူညီပေးသူ၊ အလုပ်အကိုင်ပေးသူ များကိုပါ မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ဒဏ်ငွေ ငါးသိန်းနှင့် ထောင်ဒဏ် ငါးနှစ်၊ ကြိမ်ဒဏ် ခြောက်ချက် သို့မဟုတ် ပြစ်မှုအားလုံးကို ချမှတ်နိုင်ကြောင်း ရာဇသံပေးထားသည့် တစ်ကျော့ပြန် အော်ပရာစီတွင် ရေနည်းငါး
ဖြစ်နေသော တရားမဝင် မြန်မာအလုပ်သမား များ၏ ကျီးလန့်စာစား ဘဝကို မြန်မာအစိုးရ အနေနှင့် မည်မျှ အကာအကွယ် ပေးနိုင်မည်နည်း
ဆိုသည်ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။
(သတင်းဆောင်းပါး- အောင်မြင့်ထွန်း)
The Voice Weekly
Read more...
အန္တရာယ်ပေးနိုင်တဲ့ ရန်ကုန်မြို့ထဲက ခုံးကျော်တံတား
0 comments
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပန်းဆိုးတန်း ခုံးကျော်တံတား
ပုံတွေ ဖြစ်ပါတယ်။
တံတားကြီးက ကားတွေအတွက် အဆင်ပြေဖွယ် ရှိပေမယ့် တံတားအောက် ပလက်ဖောင်းပေါ် လမ်းလျှောက်သူများအတွက် အန္တရာယ်ကြီးပါတယ်။
ပုံမှာ တွေ့ရတဲ့အတိုင်း တံတားအဆင်းအတက်လှေခါးက ပလက်ဖောင်းပေါ်
မှာ နေရာ အတော်လေး ယူထားတာပါ။
ပလက်ဖောင်းမှာ နေရာများများယူထားတဲ့ အုတ်လှေခါးကို လမ်းလျှောက်
တဲ့အရှိန်နဲ့ ၀င်တိုက်မိရင် သွေးထွက်သံယိုဖြစ်ဖွယ်ပါပဲ။ အုတ်ခုံကို မျက်နှာနဲ့ နဖူးနဲ့ မကြာခဏ တိုက်မိကြတယ်လို့ ဆိုသူက ဆိုပါတယ်။ ဒီစကား
အတည်ပြုဖို့ ထိုင်စောင့်ကြည့်ရင် ရပါတယ်။ သို့သော်လည်း သွေးထွက်
သံယိုဖြစ်ရပ်ကို စိမ်ပြေနပြေ စောင့်ကြည့်ဖို့ ဆိုတာ အင်း .. မဖြစ်သေးပါဘူး။
တံတားအောက် ဖြတ်လျှောက်တဲ့အခါ အုတ်ဘောင်နဲ့ မတိုက်မိအောင်
ရှောင်တိမ်း လမ်းလျှောက်ကြသူတို့ကို အဲဒီနေရာမှာ တွေ့ရပါလိမ့်မယ်။
ရှောင်ဖို့ မေ့သွားသူ သို့မဟုတ် ဟိုဟိုဒီဒီငေးနေတဲ့အတွက် မမြင်လိုက်မိ
သူများလည်း ရှိကောင်း ရှိပါလိမ့်မယ်။ ထိခိုက်မိရင်တော့ အရှိန် အနည်းအများပေါ် မူတည်ပြီး ဒဏ်ရာအမျိုးမျိုး ရသွားနိုင်ပါတယ်။
တံတား အလယ်အောက်ခြေတိုင်ကြီးကတော့ ကနုတ်ပန်းတွေနဲ့ သေသေ
ချာချာ အလှဆင်ထားတဲ့အတွက် သားနား ခမ်းနားလွန်းလှတယ်လို့ ယူဆကြမှာပါ။
ဒီမနက်တော့ ပလက်ဖောင်းကို ပြုပြင်မယ့် အနေအထားတချို့ တွေ့ခဲ့ရ
ပါတယ်။
အန္တရာယ်ရှိတဲ့ အနေအထားကို ပြုပြင်ဖို့လား၊ မြောင်း/ပလက်ဖောင်း
ကိစ္စ ပြင်ဆင်စရာတခုခု ရှိလို့လား ဆိုတာတော့ မသိရသေးပါ။
လမ်းတံတားစီမံကိန်းတွေဟာ ကားပေါ်ကသူတွေအတွက်သာမကဘဲ လမ်းလျှောက်သူများအတွက်လည်း ထည့်တွက် စဉ်းစားပေးသင့်ပါတယ်။
ဧရာဝတီblog
Read more...
အဆိုတော် N ကိုင်ရာ သီတင်းကျွတ်မှာလက်ထပ်မယ်
0 comments
အဆိုတော် N ကိုင်ရာဟာ သူမရဲ့ ချစ်သူနဲ့ လာမယ့် အောက်တိုဘာ 25မှာေ၇ွှလက်တွဲတော့မှာဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကို ကချင်
ဘုရားကျောင်းမှာကျင်းပမှာဖြစ်ပြီး အောက်တိုဘာ 30 မှာတော့ ဆီဒိုးနားဟိုတယ်မှာ ညစာစားပွဲကျင်းပသွားမယ်လို့ သိရပါတယ်။
သူငယ်ချင်းတွေကတော့ ဒီအရွယ်နဲ့အိမ်ထောင်ပြုတာ မစောဘူးလား လို့ မေးကြတယ်။ ပရိသတ်တွေကတော့ ဘယ်လိုမျိုး ဝေဖန်ကြမလဲဆိုတာ မပြောတတ်သေးပါဘူး။ အိမ်ထောင်ရှင်မကောင်းတစ်ဦးဖြစ်ဖို့ အမေက အကုန်သွန်သင်ပေးပါတယ်။
အိမ်ထောင်ကျပြီးရင်လည်း အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာ
ပါလို့ sunday ဂျာနယ်ကို ပြောပြခဲ့ပါတယ်
Read more...
မစ်စတာဘင်းက ပေးသာ သင်ခန်းစာ
0 comments
မစ်စတာဘင်း ခေါ် Rowan Atkinson ဟာ လန်ဒန် အောက်စဖို့ (Queen's College) ကနေ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ပြီး မာစတာဘွဲ့ နဲ့ အောင်မြင်ထားပါတယ်။ အောက်စဖို့ တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဘွဲ့အချို့ကိုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ တက္ကသိုလ်မှာ အချိန်ပိုင်း လက်တွေ့ဆရာတောင် လုပ်ခဲ့ပါသေးတယ်။
သို့ပေမယ့် သူဟာ လူတွေကိုဖျော်ဖြေရတဲ့ လူရွှင်တောင်ဘဝမှာ ပဲ ပျော်မွေ့ သူ ဖြစ်ပါတယ်။
သင်ခန်းစာ
ဒီလိုပါပဲ။ လက်ရှိ မြန်မာပြည်မှာပေါ့။ ကိုယ်က တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့တစ်ခုခုကို ရထားတယ်။ သို့ပေမယ့် ယင်းပညာရပ်ကို စိတ်မဝင်စားဘူး ဆိုရင် ကိုယ်စိတ်ဝင်စားတဲ့ လမ်းကြောင်းကို ရဲရဲဆုံးဖြတ်လို့ ပြောင်းနိုင် ပါတယ်။ သို့ပေမယ့် လေထဲမှာ တိုက်ဆောက်သလို စိတ်ကူးနဲ့တော့ မရ ပါဘူး။ စိတ်ဓာတ်လည်း ခိုင်မာသလို လက်တွေ့မှာလည်း တကယ် လုပ်နိုင် ကြောင်း ခိုင်မာတဲ့ စီမံကိန်းတော့ ရှိဖို့လိုအပ်ပါတယ်။
ဥပမာ - အင်ဂျင်နီယာနဲ့ဘွဲ့ရတယ်။ သို့ပေမယ့် ပရိုဂမ်မာပဲ ဖြစ်ချင် တယ်ဆိုရင် လည်း သဘောပါ။ အပြောင်းအလဲ ကာလကတော့ အခက် အခဲ သေချာ တွေ့မှာပါ။ စီမံကိန်းချ ပြီး ကြိုးစား လုပ်ယူ ရမှာပါ။ အလုပ် မှာပျော်မှ အောင်မြင်မှာ့ပါ။ ကိုယ်ရွေးလိုက်တဲ့ အသက်မွေး ဝမ်းကျောင်း ပညာတစ်ခုမှာ မပျော်ဘူး။ ဝါသနာ မပါဘူးဆိုရင် ဘယ်တော့ မှ အောင်မြင်မှာမဟုတ်ပါဘူး။ ဒီလိုပါပဲ။ ကွန်ပြူတာ တက္ကသိုလ်ကနေ ဘွဲ့ရတယ်။ ပရိုဂမ်းမင်း ဘာသာရပ် တစ်ခုကို လေ့လာ လိုက်စားဖြစ်တယ်။ သို့ပေမယ့် တကယ်စိတ်ဝင်စားတာက ဖက်ရှင်ဒီဇိုင်းဖြစ်နေလို့ ပရော်ဖက်ရှင်နယ်လိုင်းပြောင်းလိုက်တာ အချိန်တို အတွင်းအောင်မြင်သွားသူ တစ်ယောက် မိတ်ဆွေထဲမှာ ရှိပါတယ်။
အိုင်တီကို စိတ်ဝင်စားရင် အိုင်တီကိုလုပ်၊ စိတ်မဝင်စားရင် အခြား စိတ်ဝင်စားရာ တစ်ခုခုကို သေချာရင်လုပ်နိုင်ပါတယ်။ မဟုတ်ရင် ကိုယ့် ဘွဲ့လက်မှတ်က ထမင်းစားလက်မှတ်ပဲ ဖြစ်နေမှာပါ။ ထမင်းစားဖို့ ရရုံလေး ဖြစ်ပြီး အောင်မြင်မှု မှတ်တိုင်ဆိုက်ထူဖို့ လှံတစ်ချောင်း ဖြစ် မလာ နိုင်ပါဘူး။
မိမိ ဝါသနာ၊ ပညာကို ကွဲကွဲပြားပြားသိလို့ ကြိုးစားနိုင်ကြပါစေ။
-
International news for myanmar
Read more...
မြန်မာ အာဆီယံ ထိပ်သီးအစည်းအဝေး ၂၀၁၄ မေလဆန်းတွင် ကျင်းပမည်
0 comments
အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရမည် ဖြစ်သော မြန်မာနိုင်ငံသည် အာဆီယံ ထိပ်သီး အစည်းအဝေး ၂၀၁၄ ကို ၂၀၁၄ ခုနှစ် မေလဆန်းတွင် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ တွဲဖက်အထွေထွေ ဒါရိုက်တာ ဦးအောင်ထူးက ပြောကြားသည်။
အာဆီယံထိပ်သီး အစည်းအဝေး များကို ဧပြီသို့မဟုတ် မေနှင့် နိုဝင်ဘာလ သို့မဟုတ် အောက်တိုဘာလတို့တွင် အနည်းဆုံးနှစ်ကြိမ် ကျင်းပလေ့ရှိပြီး တစ်နှစ်လျှင် မြန်မာနိုင်ငံက ပထမနှစ်ဝက် ထိပ်သီးအစည်းအဝေးကို
မေလတွင် ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။
အဆိုပါအာဆီယံထိပ်သီး အစည်းအဝေးကို မေလ ၄ ရက် သို့မဟုတ် ၅ ရက်နေ့ တွင် ကျင်းပရန် စီစဉ်နေပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ညှိနှိုင်းလျက်ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
"ညှိလို့အဆင်ပြေရင် မေလထဲပဲ ဖြစ်အောင် လုပ်မှာပါ" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။
မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရမည့် နိုင်ငံဖြစ်သောကြောင့် (၂၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး အပါအဝင် အခြားထိပ်သီး အစည်းအဝေး
လေးခုထက်မနည်း ကျင်းပမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြော
ကြားသည်။
(၂၃) ကြိမ်မြောက် အာဆီယံဥက္ကဋ္ဌ အဖြစ် ထိပ်သီးအစည်းအဝေးကို ဘရူနိုင်း နိုင်ငံတွင် အောက်တိုဘာလ ၉ ရက် နှင့် ၁၀ ရက် နေ့တို့တွင် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ နိုင်ငံ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရန် ၂၀၁၁ ခုနှစ်
နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသည့် အာဆီယံထိပ် သီးအစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံက တာဝန် ယူခဲပြီး ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံက တာဝန်ယူခဲ့သည်။ ပထမဦးဆုံးသော အာဆီယံထိပ်သီး အစည်းအဝေးကို ၁၉၇၆ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပခဲ့သည်။
The Voice Weekly
Read more...
ကားဆင်းတွန်းခိုင်းပြီး သိန်း ၁၂၀ ငွေထုပ်ကို ယူပြေးသည့် ယာဉ်မောင်း
0 comments
တက္ကစီယာဉ်မောင်းက ခရီးသည်ကို ကားဆင်းတွန်းခိုင်းပြီး ခရီးသည်၏ ကျပ်သိန်း ၁၂၀ ပါ ငွေထုပ်ကို မောင်းယူပြေးသည်ဟုဆိုကာ အမှုဖွင့်တိုင်တန်းမှုတစ်ခုအား အင်းစိန်ရဲစခန်းက စက်တင်ဘာ ၉ ရက်တွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
ယခုအမှုကို တိုင်တန်းသူမှာ အသက် ၄၀ နှစ်အရွယ် ကိုအောင်မိုးဆိုသူဖြစ်ပြီး ၎င်းသည် အုတ်သဲကျောက် ရောင်း ၀ယ်ရေး လုပ်ကိုင်သူဖြစ်ကြောင်း ရဲဌာနကအတည်ပြုထားသည်။
၎င်းသည် ထိုနေ့မွန်းလွဲ ၁ နာရီခန့်က နေအိမ်မှ ဘုရင့်နောင်ပွဲရုံဝင်းရှိ ကမ္ဘောဇဘဏ်မှ ငွေလွှဲရန် ငွေကျပ် သိန်း ၁၂၀ ကို အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်း ထည့်လျက် အင်းစိန်ဈေးရှေ့မှ နံပါတ်မမှတ်မိသည့် အဖြူရောင် ပရိုဘောက်အငှားကားကို ငှားစီးခဲ့သည်ဟု တရားလိုက ရဲကိုထွက်ဆိုထားသည်။
ထို့နောက် ဘုရင့်နောင်သစ်တောရုံးရှေ့အရောက်တွင် တက္ကစီယာဉ်မောင်းက ကားပျက်သွားသဖြင့် ဆင်းတွန်းပေးရန် ပြောသဖြင့် ကားငှားစဉ်ကတည်းက ကားပေါ်၌ ပါလာသော ယာဉ်မောင်း၏ အဖော်က ဆင်းတွန်းပေးခဲ့ကြောင်း၊ ထိုသူ ဆင်းတွန်းသော်လည်းမရသဖြင့် ၎င်းကလည်း ငွေထုပ်ကို ကားပေါ်တွင် ထားခဲ့ကာ ကူတွန်းပေးရန် ဆင်းခဲ့ကြောင်း တရားလိုက ရဲကို ဆက်ပြောထားသည်။
ယင်းသို့ တရားလိုက ဆင်းတွန်းပေးမည်ဟု ကားပေါ်မှ ဆင်းလိုက်ချိန်တွင်ပင် ကနဦးက ကားတွန်းပေးနေသော အငှားယာဉ်မောင်း၏ အဖော်က ကားပေါ်ကို ပြေးတက်ကာ ကားမှာမောင်းထွက်ပြေးသွားပြီး ငွေထုပ်လည်း ပါသွားကြောင်း တရားလိုက ထွက်ဆိုထားသည်။
ထို့ကြောင့် ငွေကျပ်သိန်း ၁၂၀ ကို ခိုးယူထွက်ပြေးသွားသူ နှစ်ဦးကို ဖမ်းဆီးအရေးယူပေးပါရန် တရားလို ကိုအောင်မိုးက တိုင်တန်းသဖြင့် အင်းစိန်ရဲစခန်းကလည်း အမှုအမှတ် (ပ)၉၇၅/၂၀၁၃ဖြင့် အမှုဖွင့် ထားပြီး
ငွေခိုးပြေးသွားသူများကို လိုက်လံရှာဖွေနေသည်။
တရားလို၏ အဆိုအရ ယာဉ်မောင်းသည် ဆံပင်တို၊ မျက်နှာဝိုင်း၊ ခန္ဓာကိုယ်ဝ၊ အသားဖြူသူဖြစ်ပြီး၊ ကားဆင်းတွန်းယောင်ဆောင်သော ယာဉ်မောင်း၏ အဖော်မှာ ဆံပင်တို၊ မျက်နှာသွယ်၊ ခန္ဓာကိုယ်ပိန်၊ အသားမဲပြီး အရပ်ခြောက်ပေခွဲခန့်ရှိကြောင်း ရဲမှတ်တမ်းတွင်တွေ့ရသည်။
ထိုသူများကို ဖမ်းမိလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ဖြင့် တရားစွဲဆိုမည်ဟု ရဲဌာနက ဆိုထားသည်။ ယခု နှစ်ဆန်းပိုင်းတွင်လည်း ဘဏ်မှထုတ်လာသော ကျပ်သိန်း ၄၀၀ ပါသည့် ငွေထုတ်ကို တက္ကစီယာဉ်မောင်းက
မောင်းယူထွက်ပြေးသည့် အမှုတစ်ခုဖြစ်ပွားခဲ့ဖူးပြီး နောင်တွင် ရဲများက ခိုးယူသွားသည့် ယာဉ်မောင်းကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
Mizzima
Read more...
MNL Cup ပြိုင်ပွဲအတွက် ကမ္ဘောဇအသင်း တောင်ကြီးတွင် လေ့ကျင့်လျက်ရှိ
0 comments
MNL Cup ၂၀၁၃ ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မည့် ကမ္ဘောဇအသင်းသည် စက်တင်ဘာ ၈ ရက်မှစတင်ကာ တောင်ကြီးကွင်း၌ စတင်လေ့ကျင့်ပြင်ဆင်လျက် ရှိသည်။
ကမ္ဘောဇအသင်းသည် MNL Cup တွင် အုပ်စု(ဃ) ၌ မကွေး၊ ဆောက်သမ်း၊GFA အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုပွဲစဉ်များအား တောင်ကြီးကွင်း၌ ကစားမည် ဖြစ်သည်။
ကဗ္ဘောဇအသင်း ကစားသမား များဖြစ်ကြသည့် စိုးမင်းဦး၊ မိုင်း အိုက်နိုင်၊ နေဇော်ထက်၊ ဥာဏလွင်၊ ၀င်းမင်းထွဋ်၊ ကျော်ဇင်ထက်တို့မှာ ဟောင်ကောင်အသင်းနှင့် မြန်မာ အသင်း ခြေစမ်းပွဲကြောင့် အစောပိုင်း အသင်းလေ့ကျင့်ရေး အစီအစဉ်များတွင် မပါဝင်ခဲ့သော်လည်း လက်ရှိ အချိန်တွင် အသင်း နှင့် ပြန်လည်ပူးပေါင်း လေ့ကျင့်လျက်ရှိသည်။
ကမ္ဘောဇအသင်း အုပ်ချုပ်သူ ဦးသန်းထိုက် ယခုပြိုင်ပွဲ၌အုပ်စု ပထမနေရာဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ရန် မျှော်မှန်းထားကြောင်းဆို ခဲ့သည်။
Mizzima
Read more...
Apple iPhone အသစ်တွင် လက်ဗွေဖတ်သည့် စနစ် ပါရှိမည်
0 comments
မကြာမီ စတင်ရောင်းချတော့မည်ဟု မျှော်လင့်ထားသည့် Apple iPhone တွင် လက်ဗွေဖတ်သည့် စနစ်ပါရှိလိမ့်မည်ဟု The Wall Street Journal မှ ဖော်ပြထားသည်။
ဤသတင်းမှန်ကန်ပါက iPhone ကို အသုံးပြုရန်အတွက် ဂဏန်းလေးလုံးပါသည့် စကားဝှက်အား အသုံးပြုသည့် နေ့ရက်များ ကုန်ဆုံးသွားတော့မည်ဖြစ်ပြီး နည်းပညာသစ်၏ အကျိုးကျေးဇူးကြောင့် စမတ်ဖုန်းမျက်နှာပြင်အား လက်ဖြင့်ထိလိုက်ရုံဖြင့် အလုပ်ဖြစ်တော့မည်ဖြစ်သည်။
ယင်းသို့ဆောင်ရွက်ရခြင်းမှာ သူခိုးများ၊ ဖောက်ထွင်းဝင်ရောက်သူများအား အခက်တွေ့စေရန်အတွက် ဖြစ်သည်။
Apple အနေဖြင့် လက်ဗွေဖတ်သည့် စနစ်ကို အသုံးပြုရန် ကြိုးပမ်းနေသည့် သက်သေအထောက် အထားများမှာလည်း တောင်လိုပုံနေပြီဖြစ်သည်။
ယမန်နှစ်အတွင်း iPhone ပြုလုပ်သူ Apple က လက်ဗွေအာရုံခံစနစ်နှင့် အမှတ်လက္ခဏာစီမံခန့်ခွဲရေးပြု လုပ်သော ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုကို ၀ယ်ပြီးနောက်မှာ အသစ်ထွက်ရှိလာမည့် iPhone တွင် နည်းပညာသစ် အသုံးပြုရန် ရည်ရွယ်နေသည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်လာခဲ့သည်။
ယခုနှစ်ဇူလိုင်လတွင်လည်း Apple မှ အမေရိကန်မူပိုင်ခွင့်နှင့် ကုန်တံဆိပ်ရုံးတွင် လျှောက်ထားခဲ့သည့် မူပိုင်ခွင့်လျှောက်လွှာတွင် အာရုံခံနည်းပညာဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏လက်နှင့် လက်ဗွေယာ တို့ဖြစ်ပြီး ၎င်းတို့အပေါ်တွင် အခြေခံကာတစ်စုံတစ်ဦးတွင် တရားဝင်ပိုင်ဆိုင်ခွင့်ရှိ၊ မရှိအား ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အတူ လွန်ခဲ့သောသီတင်းပတ်အတွင်း ပျံ့နှံ့ခဲ့သည့်ဓာတ်ပုံများတွင် Apple iPhone အသစ်၏ Home Button ပေါ်တွင် လက်ဗွေဖတ်သည့်
စနစ်ထားရှိမည်ဟု ဖော်ပြထားသည်။
အကယ်၍ Apple အနေဖြင့် ထွက်ရှိလာတော့မည်ဟု ကောလာဟလဖြစ်နေသည့် iPhone 5S တွင် လက်ဗွေဖတ်သည့် နည်းပညာပါရှိလာပါက တခြားစမတ်ဖုန်းပြုလုပ်သူများမှာလည်း အလားတူ ကြိုးပမ်းမှုများရှိ လာလိမ့်မည်ဖြစ်သည်။
လောလောဆယ်တွင် Google Android စနစ်သုံး စမတ်ဖုန်း ကုမ္ပဏီနှစ်ခုမှာ Apple ကဲ့သို့သော ကြိုးပမ်းမှုများ ပြုလုပ်နေသည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။ သို့သော် ယင်းကုမ္ပဏီမှာ မည်သည့်ကုမ္ပဏီများဖြစ်သည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လာမည့်အင်္ဂါနေ့တွင် Apple အနေဖြင့် iPhone 5S ESifh iPhone 5C တို့အား စတင် ရောင်းချလိမ့်မည်ဟု ခန့်မှန်းထားကြသည်။
အောင်မင်း ဘာသာပြန်သည်။
Read more...
ဖုန်းကင်မရာ 13 MP နဲ့ LG Optimus G Pro
0 comments
ဖုန်းဖြင့်ဓာတ်ပုံရိုက်လိုသူတွေ အဆင်ပြေစေမည့် ကင်မရာ 13 MP နဲ့ LG Optimus G Pro ဖုန်း ပြည်တွင်း ဈေးကွက်ကို ၀င်ရောက်လာပြီဖြစ်သည်။ ကင်မရာပိုင်းတွင်လည်း 13.0 MP ကင်မရာတစ်လုံးနှင့် ရှေ့ကင်မရာ 2.1MP ဖြစ်သည်။
LG Optimus G Pro သည် မျက်နှာပြင် အကျယ် ၅ ဒသမ ၅ လက်မကျယ်ပြီး အလွန်မြန်ဆန်သော 1.7 GHz Quad-core CPU နှင့် 320 GPU ပါဝင်သည့် Qualcomm Snapdragon 600 Processor ကို တပ်ဆင် ပေးထားသည်။ ထို့ပြင်အရည်အသွေးမြင့် Resolution 1920-1080 pixel ရှိသောကြောင့် ကြည်လင်သည့် ရုပ်ထွက်ကိုရရှိနိုင်မည့်အပြင် စွမ်းဆောင်ရည်မြင့်မားသော Hardware features များနှင့်အတူ ထူးခြားသော Features များလည်း ပါဝင်သည်။
Smart Video တွင်လည်း ကြည့်ရှုသူ၏ မျက်လုံးအနေအထားကို မှတ်မိနိုင်မည်ဖြစ်ကာ အသုံးပြုသူသည် Video ကို နှိပ်ဖွင့်လုပ်ရန် မလိုဘဲ အလိုအလျောက် ပြုလုပ်ပေးခြင်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
Read more...
ခြေရာကောင်းများ ချန်ခဲ့စေချင်
0 comments
(မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လားရှိုး-နမ္မတူ ကားလမ်းမပေါ်ရှိ အီနိုင်းကျေးရွာ စက်တင်ဘာ ဒုတိယအပတ်က ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်)
  "လူဆိုတာ ဘယ်လောက်ပဲ မစွမ်းနိုင်ဘူးဆိုဆို ကိုယ်နေတဲ့နေရာ၊ ကိုယ့်အရပ်၊ ကိုယ့်မိဘ၊ ကိုယ့်ဆရာသမား၊ အတူနေဖက်မိတ်ဆွေ သင်္ဂဟတွေက အမှတ်တရ ဖြစ်စေလောက်တဲ့ ခြေရာကောင်းတစ်ခုကျန်အောင် လုပ်ခဲ့ရမယ်"
(တောင်မြို့၊ ည၀ါအကျော်ဆရာတော်ကြီး)
အထက်ပါ အဆုံးအမ သြ၀ါဒလေးကို ဓမ္မဘေရီ အရှင်ဝီရိယရဲ့ "လျှောက်တတ်ရင်လမ်း" ဆိုတဲ့ စာအုပ်လေးထဲက ဖတ်ခဲ့ဖူးခဲ့တာ နှစ်အတော် ကြာခဲ့ပါပြီ။ တန်ဖိုးရှိတဲ့ အဆိုအမိန့် တစ်ခုဆိုတာကို ဖတ်မိသူတိုင်း သိကြမှာပါ။ "အသိဥာဏ်" ဆိုတဲ့ စွမ်းအင်တစ်ခု ပိုင်ဆိုင်ထားကြတဲ့ ကျွန်တော်တို့ လူသားတွေ လောကအတွက်၊ နောက်လာနောက်သားတွေအတွက် "ခြေရာကောင်းလေး" တွေ မချန်ထားခဲ့လို့ မဖြစ်တော့ပါဘူး။ ခြေရာတိုင်းချင်တဲ့သူတွေသာ များနေပြီး ခြေရာကောင်း ချန်ခဲ့သူတွေ ရှားပါးနေခြင်းက သတိပြုစရာပါ။
ပြီးခဲ့တဲ့ တစ်ပတ်က အလှူတစ်ခုမှာ မိတ်ဆွေတစ်ယောက်နဲ့ အမှတ်မထင် ဆုံဖြစ်ခဲ့တယ်။ ထိုမိတ်ဆွေက ပြည့်စုံတဲ့ မိသားစု အသိုင်းအ၀ိုင်းနဲ့ တင့်တောင့်တင့်တယ် နေနိုင်တဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့အပြုအမူအချို့က ထူးဆန်းနေလေရဲ့။ သူ့ကားနဲ့ သွားလေရာမှာ ဘယ်နေရာဖြစ်ဖြစ် "စွန့်ပစ်ပစ္စည်း" တွေတွေ့ရင် ကိုယ်တိုင်ဆင်းကောက်ပြီး သူ့ကားနောက်ခန်းမှာ ထည့်တော့တာပါပဲ။ သူ့အပြုအမူ အချို့ကို မြင်တွေ့ရတဲ့သူ အချို့က စိတ်မှနှံ့လေရဲ့လားလို့ တွေးကြမှာပါ။ ဒါက လမ်းသွားရင်းနဲ့ပါ။
အိမ်မှာနေရင်လည်း မနက်ဆိုရင် စက်ဘီးနင်းပြီး ရပ်ကွက်ထဲမှာ စွန့်ပစ်ထားတဲ့ အသုံးဝင် ပြန်ရောင်းလို့ရတဲ့ ပစ္စည်းတွေကို သူလိုက်ကောက်ပါတယ်။ ပြန်လည်ဆေးကြော သန့်စင်ပြီး စုပေါင်းရောင်းချတယ်။ အဲဒီစွန့်ပစ်ပစ္စည်း ရောင်းရငွေနဲ့ သူတို့အဖွဲ့အစည်းက လိုအပ်တဲ့ နေရာဒေသမှာ လူမျိုးဘာသာမရွေး လှူဒါန်းပါတယ်။ သူတို့ရဲ့ အဖွဲ့အစည်းက ထင်ပေါ်ကြော်ကြားမှုကို ဦးစားမပေးဘဲ အများအကျိုးအတွက် အလေအလွင့်တွေကို အသုံးချခဲ့တာပါ။
ထိုမိတ်ဆွေက "သွေးမြေကျခဲ့သူများအတွက် ချွေးမြေကျ ပေးဆပ်ကြပါလိမ့်မယ်" ဆိုတဲ့ "လက်ကမ်းစာစောင်" လေးတစ်ရွက် လက်ဆောင်ပေးခဲ့ပါတယ်။ ပဒေသာပင် ပေါက်ချင်ရင် အလုပ်လုပ်ရမယ်ဆိုတဲ့ "ဗိုလ်ချုပ်အောင်ဆန်း" ရဲ့ မိန့်ခွန်းတစ်ခုနဲ့ သူ့ရဲ့လက်ကမ်းစာစောင်မှာ အစပျိုးထားပါတယ်။ "လမ်းပေါ်မှာ ငွေတွေပြန့်ကျဲနေတယ်" ဆိုတဲ့ လက်ကမ်းစာစောင်ထဲက စကားရပ်လေးကတော့ သတိပြု မှတ်သားစရာလေးပါပဲ။
"လိုအပ်လို့ လုပ်လို့ရတဲ့ အလုပ်မှန်သမျှဟာ အောက်မကျပါဘူးဆို" တဲ့ နိုင်ငံခြား စကားပုံ ရှိပါတယ်။ လမ်းပေါ်က အလေအလွင့်တွေကို "ဂုဏ်သိက္ခာတွေ၊ ရှက်ခြင်း၊ ကြောက်ခြင်း" တွေကို ရှေ့တန်းမတင်ပါဘဲ အကျိုးရှိရှိ အသုံးချခဲ့တဲ့ မိတ်ဆွေနဲ့ သူ့အဖွဲ့အစည်းရဲ့ လုပ်ရပ်တွေဟာ ချီးကျူးစရာပါ။ သူတို့တွေဟာ နောင်လာနောက်သားတွေအတွက် ခြေရာကောင်းလေးတွေ ချန်နေကြတာပါ။ လူတိုင်းမလုပ်နိုင်သေးတဲ့ သူတို့ရဲ့လုပ်ရပ်ဟာ ပတ်ဝန်းကျင်အတွက် လွန်စွာအထောက်အကူ ပြုပါတယ်။
အစိမ်းရောင် ချစ်သူများအဖွဲ့ကို ဖွဲ့စည်းပြီး နေရာအနှံ့ သစ်ပင်စိုက်ပျိုးနေကြတဲ့ ဆရာဦးအုန်း စတဲ့ "မြေကမ္ဘာ ချစ်သူများ" ဟာလည်း လောကကြီးအတွက်၊ ကမ္ဘာကြီးအတွက် ခြေရာကောင်းတွေ ချန်နေကြတာပါ။ သစ်ပင်တွေကို အကြောင်းမဲ့သက်သက် မဖျက်ဆီးပါဘဲ စွမ်းနိုင်သမျှ သစ်ပင်တွေကို ချစ်မြတ်နိုးပြီး သစ်ပင်တွေကို စိုက်ပျိုးကြမည်ဆိုလျှင် လောကမြေကမ္ဘာအတွက် ခြေရာကောင်း ချန်ထားခဲ့ခြင်း ပါပဲ။ "ရယူခြင်းတွေနဲ့ ပျော်ရွှင်နှစ်သက်နေခဲ့တဲ့" ကျွန်တော်တို့တစ်တွေအားလုံး ပေးဆပ်ခြင်းတွေနဲ့လည်း ပျော်မွေ့နှစ်သက်တတ်ဖို့ လိုအပ်လာပါပြီ။
တခြားတခြားသော လူမှုအဖွဲ့အစည်းတွေဟာလည်း လောကကြီးအတွက်၊ ကမ္ဘာကြီးအတွက် ခြေရာကောင်းတွေ ချန်နေကြတာပါ။ ယနေ့ မျက်မှောက်ခေတ်မှာ "Environmentalist ခေါ်သော ပတ်ဝန်းကျင်ကို ထိန်းသိမ်းသူတွေ" များစွာလိုအပ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလေအလွင့် စွန့်ပစ်ပစ္စည်း နည်းပါးအောင်လည်း ပြုမူကျင့်ကြံ ကြရပါမယ်။ ပေါ်ထွက်လာခဲ့တဲ့ အလေအလွင့်တွေကို ဘေးထွက်ဆိုးကျိုး မဖြစ်အောင် အကျိုးရှိရှိ ပြန်လည်သုံးစွဲတတ်အောင်လည်း သတိပြုရမှာပါ။
"သဘာဝဘေးတွေနဲ့" ခုနောက်ပိုင်း နှစ်တွေမှာ ခဏခဏ ကြုံခဲ့ရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို သတိမပြုလို့ မရတော့ပါဘူး။ ငါတစ်ယောက်တည်းနဲ့တော့ ကမ္ဘာလောကကြီး ဘာမှမဖြစ်သွားလောက်ပါဘူးဆိုတဲ့ အတွေးမျိုး မ၀င်သင့်ပါဘူး။ အဲဒီတစ်ယောက်တွေ များလာခဲ့ရင်တော့။
ကျွန်တော်တို့ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ မူလတန်း ပုံပြင်လေးတစ်ပုဒ်ကို သတိရကြဦးမှာပါ။ တောကစားထွက်ခဲ့တဲ့ မင်းသားတစ်ယောက်ဟာ သစ်ပင်စိုက်နေတဲ့ အဘိုးအိုတစ်ယောက်ဆီမှာ ရေတောင်းသောက်ခဲ့တယ်။ အဘိုးအိုက မင်းသားကို ရေလည်းတိုက်တယ်။ ခြံထွက်သရက်သီးတွေလည်း ကျွေးခဲ့တယ်။ အမောပြေသွားတဲ့ မင်းသားက အဘိုးအိုကို ဘာအပင်တွေ စိုက်တာလဲလို့ မေးကြည့်ပြီး သရက်ပင် စိုက်နေမှန်း မင်းသားက သိသွားခဲ့တယ်။
ဒါပေမဲ့ မင်းသားရဲ့အသိက အပြစ်တင်ချင်တဲ့ အသိပါ။ "အဘိုးက အသက်ကြီးနေပြီ။ အခုစိုက်နေတဲ့ သရက်ပင်ဟာ အဘိုးအတွက် ဘာမှ အကျိုးမရှိတော့ပါဘူး" တဲ့။ အဘိုးအိုက "မင်းသား ဒီသရက်ပင်က သရက်သီးတွေကို အဘိုးမမျှော်လင့်ပါဘူး။ နောင်လာနောက်သားတွေအတွက် အဘိုးအပင်စိုက်နေတာပါ။ အခု အသင်မင်းသား စားနေတဲ့ သရက်သီးတွေဟာလည်း ရှေးကဘိုးဘွားတွေ စိုက်ခဲ့လို့ အခုစားနေရတာပါ" လို့ အဘိုးအိုက မင်းသားရဲ့ အမြင်တွေကို တည့်မတ်ပေးခဲ့ပါတယ်။ တကယ်တော့ သရက်ပင်စိုက်ခဲ့တဲ့ အဘိုးအိုဟာ နောင်လာနောက်သားတွေအတွက် ခြေရာကောင်းတွေ ချန်ထားခဲ့တာပါ။ ကျွန်တော်တို့တွေ အားလုံးဟာလည်း "ကြည့်တတ်မှမြင်ရတဲ့ လောကကြီးထဲမှာ" ခြေရာကောင်းတွေ ချန်ထားနိုင်ရပါမယ်။ လောကနဲ့ ပတ်ဝန်းကျင်ကို အတွင်းကျကျ ကြည့်တတ်အောင် ကြိုးစားကြရပါမယ်။ လောကကို အရှည်တည်တံ့နိုင်စေမယ့် အပျက်အစီး နည်းစေနိုင်မယ့် အမြင်မျိုးရှိဖို့ လိုအပ်သလို "လောကကောင်းစားရေး" ကို ပြုမူပေးနိုင်သူတွေအဖြစ် တတ်အားသရွေ့ ပါဝင်စွမ်းဆောင် ကြရပါမယ်။
ကျွန်တော်တို့တွေ လွယ်လွယ်လေးနဲ့ သေလို့မဖြစ်သေးပါဘူး။ အသိဥာဏ်မဲ့ သေဆုံးလို့ မဖြစ်သေးပါဘူး။ သေရင်ပြီးတာပဲ။ ငါလည်းသိနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အတွေးမျိုးလည်း မထားသင့်ပါဘူး။ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေကို ကြည့်မယ်ဆိုရင် သူတို့နိုင်ငံက လူသားတွေဟာ အနာဂတ်မျက်လုံး အားကောင်းကြတယ်ဆိုတာ သိကြမှာပါ။ ကျွန်တော်တို့တွေလည်း အနာဂတ် မျက်လုံးတွေနဲ့ လောကနဲ့နိုင်ငံကို စူးစူးစိုက်စိုက်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လောကကြီး ကောင်းမွန်စေဖို့ ခြေရာကောင်းလေးတွေ ချန်ထားကြရပါမယ်။ နိုင်ငံတော်ကြီး တိုးတက်သာယာစေဖို့ ခြေရာကောင်းလေးတွေ ချန်ထားကြရပါမယ်။ ကျွန်တော်တို့အားလုံးရဲ့ ခြေလှမ်းတွေဟာ အနာဂတ်အတွက် အသုံးဝင်ပါစေလို့ ဆုတောင်းမိပါတယ်။
EMG
Read more...
ကာကွယ်ရေး ဝန်ထမ်းများ ရရှိထားသော တောင်ဒဂုံမြေ ကွက် ၁၅ နှစ်ကျော် ကြာသည့် တိုင် နေထိုင်လို့ မရသေး
0 comments
ကာကွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းအချို့အ တွက် နေရာချထားပေးသည့် တောင်ဒဂုံမြေကွက် များမှာ ၁၅ နှစ်ကျော်ကြာသည့်တိုင် သွား ရောက်နေထိုင်ရန် အဆင်သင့် မဖြစ်သေးကြောင်း သတင်းရရှိသည်။
၁၉၉၆ ခုနှစ် ဝန်းကျင်က ကာကွယ်ရေးဝန် ကြီးဌာနမှ လုပ်သက် ၂ဝ အထက်ဝန်ထမ်းများကို တောင်ဒဂုံ ၁၄၅ တွင် အကွက်များရိုက်၍ နေရာ ချထားပေးခဲ့သော်လည်း ယနေ့အချိန်အထိ လျှပ် စစ်မီးမရရှိသေးခြင်းနှင့် လမ်းမကောင်းခြင်းများ ရှိနေသေးသည့်အတွက် သွားရောက်နေထိုင်ရန် အခက်အခဲများရှိနေသေးကြောင်း ၄င်းမြေကွက် ရရှိထားသူအချို့က ဆိုသည်။
”ကျွန်တော်ဒီအကွက်ကို ရထားတာ ကြာ နေပါပြီ။ ဒါပေမဲ့ ဒီနေ့ထက်ထိ မီးမရှိ၊ ဘာမရှိနဲ့ လူနေထိုင်လောက်အောင်မှ မဖြစ်သေးတာ။ ဘယ်လိုသွားနေမလဲဗျာ”ဟု ကာကွယ်ရေးဝန် ကြီးဌာနမှ အငြိမ်းစားဝန်ထမ်းတစ်ဦးက မြေ ကွက်အခြေအနေကို ပြောသည်။
သို့အတွက် အမှန်တကယ်နေထိုင်ရန် အိမ် ရာအခက်အခဲရှိသူများပင် သွားရောက်နေထိုင် ခြင်းမရှိကြဘဲ အဆိုပါ နေရာများကို ရောင်းချ၍ အခြားနေရာတစ်ခု တွင် ပြန်လည် ဝယ်ယူခဲ့ရ ကြောင်း မြေကွက်ပိုင်ရှင်တစ်ဦးက ပြောသည်။
အထက်ပါပုဂ္ဂိုလ်က ”နေစရာလည်း မရှိ ဘူး။ ရှိတဲ့ဒီ ၁၄၅ က အကွက်ကလည်း ဘယ် လိုမှ နေလို့မှမရတော့ ရောင်းပြီး တစ်နေရာပြန် ဝယ်ရတာပေါ့”ဟု ပြောသည်။
တောင်ဒဂုံရှိ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကလည်း ၄င်းနေရာနှင့်ပတ်သက်၍ လူ နေထိုင်ရန် အဆင်သင့်မဖြစ်သေးသည့် အနေအ ထားများကြောင့် လက်ရှိတွင် နေ ထိုင်သူဦးရေ အလွန်နည်းပါးပြီး အဝယ်မှာလည်း အေးကာ ရောင်းချရန်အတွက် လာရောက်အပ်နှံသူသာ များကြောင်း ပြောသည်။
”ပိုက်ဆံရှိတဲ့သူ အချို့လောက်သာ ဒီနေရာ ဆင်းပြီး ဝယ်တာရှိတယ်”ဟု အောင်ရွှေရည်ထွန်း အိမ်ခြံမြေအကျိုးဆောင်က ဆိုသည်။
အဆိုပါ ၁၄၅ အကွက်များကို ၁၉၉၆ ခုနှစ် ဝန်းကျင်က ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်း များကို ပေ ၄ဝ x ပေ ၆ဝ အကွက်များရိုက်၍ ကျပ်နှစ်သောင်း သွင်းစေ ပြီး နေရာချ ထားပေးခဲ့ ခြင်းဖြစ် သည်ဟုလည်း မြေကွက်ရရှိထားသူများ ထံမှ သိရသည်။
”အခုဆို ကျွန်တော့်အဖေက အသက် ၇ဝ ပြည့်တော့မယ်။ အဖေရထားတဲ့ မြေကွက်မို့ ပြီးခဲ့ တဲ့ ၁ဝ ရက်က သွားကြည့်တာ။ အဲဒီအကွက်ထဲကို ဝင်လို့မရလို့ ကွန်ကရစ် လမ်းပေါ်ကနေ ပွဲစား ပြောတဲ့နေရာကို မှန်းကြည့်ပြီး ပြန်လာခဲ့ရတယ်”ဟု မြေကွက်ပိုင်ရှင်တစ်ဦး၏ သားဖြစ်သူက ပြောသည်။
လက်ရှိတွင်အဆိုပါ မြေကွက်များသည် ပေ ၄ဝ x  ပေ ၆ဝ တစ်ကွက်လျှင် ဖြစ်ပေါ်နေသော ဈေးမှာ အတည်တကျပြောရန်ပင် ခက်ခဲကာ ကြိုက်ရောင်းကြိုက်ဝယ် စနစ်ဖြင့် ဈေးသတ်မှတ် ကြကြောင်း၊ သို့သော် ဝယ်လိုအားထက် ရောင်း လိုအားများက အချို့နေရာများတွင် ခေါ်ဈေး အနေဖြင့် သိန်း ၅ဝဝ ကျော်အထိရှိေ နကြောင်း   တောင်ဒဂုံ အိမ်ခြံမြေအကျိုးဆောင်အချို့ထံမှ သိရသည်။ ၁၄၅ ကဲ့သို့ပင် ပြည်ထဲရေးဝန်ကြီးဌာန မှ ဝန်ထမ်းများအတွက် နေရာချထားပေးသည့် မြေကွက်များမှာလည်း ယနေ့အချိန်ထိ လျှပ်စစ် မီး မရရှိသေးကြောင်းနှင့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှုမရှိသေးကြောင်း ၄င်းနေရာများရှိ အကျိုး ဆောင်တို့ထံမှ သိရသည်။
လက်ရှိတွင်အကွက်ပေါင်း ၂ဝဝဝ ကျော် ရှိသော ၁၄၅ ရပ်ကွက်တွင် အိမ်ခြေ သုံးလေး ဆယ်ရှိကာ အကွက်ပေါင်း ၂ဝဝဝ ကျော်ရှိသည့်  ၁၄၆ တွင် အိမ်ခြေပေါင်း ၅ဝ ဝန်းကျင်ခန့်သာ ရှိသေးကြောင်း အထက်ပါပုဂ္ဂိုလ်တို့ထံမှသိရသည်။
အိမ်စည်စိုးစံ
Read more...
သတိ ကိုယ်ပျောက်လူသတ်သမား ဣတ္ထိယတို့အနားတွင်ရှိသည်
0 comments
သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်၏ တိုက်တွန်းမှုကြောင့်သာ ဆေးစစ်ခံခဲ့သည့် အသက် ၃၅ နှစ် အရွယ် မသန်းဌေး (နာမည်လွှဲ) သားအိမ်ခေါင်းကင်ဆာ ပထမအ ဆင့် ဖြစ်နေပြီဆိုသည့် ဆေးစစ်ချက် အဖြေရရှိချိန်တွင် ပြောစရာ စကားမရှိတော့အောင် တိတ်ဆိတ်သွားသည်။
”အဲ့လိုရောဂါရှိနေမယ်လို့ တစ်ခါ မှ မတွေးခဲ့ဖူးဘူး။ ကိုယ့်အနေအထိုင် ကြောင့်လည်း ဒီလိုရောဂါဖြစ်စရာ အ ကြောင်း မရှိဘူးလို့ပဲ ထင်တာပေါ့” ဟု သူမက ပြော သည်။ အမျိုးသားဖြစ်သူမှာ အလွန်ရှုပ် ပွေသည့်အတွက် မသန်းဌေး တစ်ယောက် သည်းမခံနိုင်ဖြစ်ကာ လွန်ခဲ့ သည့် ငါးလခန့်က တရားဝင် ကွာရှင်း ပစ်နိုင်ခဲ့သော်လည်း ထိုအမျိုး သားထံမှ ကူးစက်ခံခဲ့ရသည့်ရောဂါကိုတော့ လက် မခံချင်၍ မရတော့။ နိုင်ငံတကာစစ်တမ်းများအရ အ မျိုးသမီးများတွင် အဖြစ်အများဆုံး ကင် ဆာမှာ ရင်သား ကင်ဆာပြီးလျှင် သား အိမ်ခေါင်းကင်ဆာပင်ဖြစ်ပြီး သေ ပျောက်မှုနှုန်းမှာတော့ သားအိမ်ခေါင်း ကင်ဆာက အများဆုံးဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် နှစ်စဉ် အမျိုးသမီး ၆၄ဝဝ ကျော် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားနေပြီး ၃၅ဝဝ ကျော်နှစ်စဉ် သေဆုံးနေသည်။
သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေအဆင့်များတွင် ရောဂါလက္ခဏာ ဘာမှမပြတတ်၍ ကမ္ဘာပေါ်တွင် အမျိုး သမီး ၁ဝ ဦး တွင် ၈ ဦးမှာ မသိဘဲ ရောဂါပိုးမှာ ကိုယ်ဆီတွင်ရောက်နေတတ် သည်ဟု မီးယပ်နှင့် သားဖွား ဆိုင်ရာအထူးကု ဒေါက်တာစိုးလွင်က ပြောသည်။ သားအိမ်ခေါင် ကင်ဆာ အဓိက ဖြစ်ပွားရသည့်အကြောင်းရင်းမှာ HPV (Human Papilloma Virus)ပိုးကြောင့် ဖြစ်ပြီး ထိုပိုးသည် လိင်မှတစ် ဆင့်ကူးစက်တတ်သောရောဂါများတွင် အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ် သည်။ HPV ပိုးအမျိုးပေါင်း ၄ဝ ကျော် ရှိသည့်အနက် ပိုးမျိုးကွဲ ၁၆ နှင့် ၁၈မှာ သားအိမ်ခေါင်းကင်ဆာရောဂါ ၇ဝ ရာ ခိုင်နှုန်းဖြစ်စေနိုင်ပြီး ကျန်ပိုးမျိုးကွဲများ မှာ ၃ဝ ရာခိုင်နှုန်း သားအိမ်ခေါင်းကင် ဆာရောဂါ ဖြစ်စေနိုင်သည်ဟု သိရ သည်။
HPV ပိုးမျိုးကွဲတချို့သည် သား အိမ်ခေါင်းထဲ ဝင်ရောက်ပြီးနောက် ၅၄ ရာခိုင်နှုန်းမှာ တစ်နှစ်အတွင်း၊ ၉၁ ရာ ခိုင်နှုန်းမှာ နှစ်နှစ်အတွင်း ရောဂါဖြစ်ပွား ခြင်းမရှိဘဲ ခန္ဓာကိုယ်ခုခံအားက ပိုးကို တိုက်ခိုက်နိုင်ကြောင်း သို့သော်ပိုးမျိုးကွဲ ၁၆ နှင့် ၁၈ မှာ တခြား မျိုးကွဲများထက် သားအိမ်ခေါင်းအတွင်း ဆက်လက် တည်ရှိနေပြီး သားအိမ်ခေါင်း ကင်ဆာ ရောဂါအထိ ဖြစ်စေနိုင်ကြောင်း၊ HPV ပိုး သားအိမ်ခေါင်း အတွင်း ဝင်ရောက်ပြီး ရောဂါလက္ခဏာမပြသည့် အမျိုးသမီး မှာ ၂ ရာခိုင်နှုန်းမှ ၄၄ ရာခိုင်နှုန်း အထိရှိကြောင်း သုတေသန တွေ့ရှိဖော် ပြချက်များအရ သိရသည်။
ထိုသို့ ကြိုတင်မသိရှိနိုင်ခြင်းနှင့် ကျန်းမာရေးအသိ အလွန်နည်းခြင်း ကြောင့် မသန်းဌေးကဲ့သို့ပင် ဆရာဝန် က တိုက်တွန်းမှသာ ဆေးစစ်ကြသလို ထိုရောဂါဖြစ်သူ မိမိပတ် ဝန်း ကျင် တွင်တွေ့ရှိမှလည်း ကြောက်ရွံ့ပြီး ရောဂါ စစ်ဆေးသူတို့ ရှိသည်။ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဒေါ်အေးအေးမူက တစ်လင် တစ်မ ယားစနစ်ကျင့်သုံးလျှင် သားအိမ် ခေါင်းကင်ဆာ မဖြစ်နိုင်ဟု ယူဆချက် မှာ ယခင်က မှန်နိုင်သော်လည်း ယခု အချိန်တွင် အမျိုးသားနှင့် ကာမဆက် ဆံဖူးသူ တိုင်း ဖြစ်နိုင်သည့် အခြေအနေ ရှိနေသည်ဟု ပြောသည်။သားအိမ်ခေါင်းကင်ဆာနှင့် ပတ် သက်၍ယနေ့အချိန်အထိရောဂါ အစစ် ဆေးခံ သည့် နှုန်းမှာ မြန်မာနို င်ငံတွင် အလွန် နည်းနေသေးသည်ဟု ၎င်းက ဆက်ပြောသည်။ မကြာခင်က မြောက်ဥက္ကလာ မြို့ နယ်မှ လမ်းတစ်လမ်းတည်းနေ အမျိုး သမီး အယောက်အစိတ်ခန့် တစ်ပြိုင် တည်း ဆေးစစ်မှု ခံယူခဲ့သည်ကိုတော့ ဒေါက်တာ ဒေါ်အေးအေးမူ မမေ့။ တစ်လမ်းတည်းနေအသက် အစိတ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် လေးဆယ် ကျော် အမျိုးသမီးတစ်ဦးတို့ သားအိမ် ခေါင်းကင်ဆာဖြစ်သည်ကို သိရှိပြီး နောက် ထိုအမျိုး သမီးများတစ်ပြိုင်တည်း ဆေးစစ်ခံခဲ့ခြင်းဖြစ်ပြီး ည ၁၂ နာရီ အထိ ကြည့်ပေးခဲ့ရကြောင်း ၎င်းက ပြောပြသည်။ ရောဂါဖြစ်သည့်အမျိုးသမီး၂ ဦး အနက် အသက်လေး ဆယ်ကျော် အမျိုး သမီးမှာ ရောဂါဖြစ်ကြောင်း သိရှိပြီး မကြာခင် ဆုံးပါးခဲ့၍ သူတို့ ပိုကြောက် လန့်ကာ ထိုသို့ လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင် သည့် အကြောင်းအရာများတွင် သား အိမ်ခေါင်းတွင် အနာရှိခြင်း၊လိင်မှ တစ်ဆင့် ကူးစက် တတ်သောရောဂါရှိခြင်း၊ လိင်စတင် ဆက်ဆံသည့် အသက်အ ရွယ်ငယ်ရွယ်ခြင်း၊ ကိုယ်တိုင်သော် လည်းကောင်း ခင်ပွန်းသော်လည်းကောင်း လိင်ဆက်ဆံဖက် များခြင်း၊ ကိုယ်ဝန် ဆောင် ချိန် များခြင်း၊ ဆေး လိပ်စီးကရက် သောက်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိခြင်း၊ မိခင်နှင့် ဆွေမျိုးများတွင် သား အိမ်ခေါင်းကင်ဆာဖြစ်ဖူးခြင်း စသည် အချက်များ အဓိက ပါဝင် သည်။ရောဂါဖြစ်ပွားလျှင်တော့ အနံ့အ သက်ရှိသောအဖြူ ဆင်းခြင်း၊ လိင် ဆက်ဆံပြီးလျှင်သွေးဆင်းခြင်း၊ သွေးဆုံး ပြီး မှသွေးပြန်ဆင်းခြင်း၊ လိင်ဆက်ဆံရာ တွင်နာကျင်ခြင်း၊ ကိုယ်အလေး ချိန် လျော့ကျခြင်း တို့ ဖြစ် တတ်သည်ဟု သိ ရသည်။ သားအိမ်ခေါင်းကင်ဆာနှင့် ပတ် သက်ပြီး ကျန်းမာရေးစစ်ဆေးရန်နှင့် ကာကွယ်ဆေးထိုးနှံရန် လွန်ခဲ့သည့် ၇ နှစ်ခန့်မှ စ၍ မြန်မာနိုင်ငံ အတွင်း အသိ ပေးလှုံ့ဆော်မှုများ စတင်ခဲ့ပြီး နိုင်ငံအနှံ့ မဟုတ်သော်လည်း မြို့နယ်ရပ်ကွက် အ ချို့၌ အခမဲ့ ကာကွယ်ဆေးထိုးနှံပေး ခြင်းတို့ ထိုအချိန် က ဆောင်ရွက် ခဲ့သည်။ ထိုနောက်တွင်တော့ ထိုကျန်းမာ ရေး အသိပေးလှုံ့ဆော်ခြင်းများ သိပ် မတွေ့ရတော့။ ထိုရောဂါမှာ ဖြစ်ပွား လျှင်ဖြစ်ပွားချင်း မသိနိုင်၍ အမျိုးသမီး အများစု မှာ ဆေးစစ် ရန်စိတ်ကူးပင်သိပ် မရှိသလို ထိုရောဂါ၏ သေဆုံးနိုင်ခြင်း ကိုလည်း မသိရှိကြပေ။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ အမျိုးသမီးတစ်ဦးကတော့ မိသားစုထဲတွင်ဖြစ်ပွားဖူးသူမရှိသော်လည်း သ တင်းစာထဲတွင် သားအိမ်ခေါင်း ကင် ဆာ ရောဂါအကြောင်း ဖတ်မိ၍ ထို ရောဂါ ရှိမရှိသိနိုင်ရန် ရန်ကုန်ရှိ ဗဟို အမျိုးသမီးဆေးရုံ၌ လာရောက် ဆေး စစ်ခဲ့သည်။ ကျန်းမာရေး အသိရှိသော်လည်း စစ်ဆေးမှုခံယူနိုင် သည့် ရောဂါ စမ်းသပ် ပေးသော အစိုးရဆေးရုံမှာ လက်လှမ်း မီရာတွင် မရှိ၍ ရန်ကုန်သို့ တကူးတက လာရောက်၍ သူမ ဆေးစစ်ခဲ့ခြင်းဖြစ် သည်။ ထိုသို့ ဆေးသွား စစ်ရန်လည်း အမျိုးသားဖြစ်သူက တိုက်တွန်းခဲ့သည် ဟု အိမ်ထောင်သက် ဆယ်နှစ်ရှိပြီဖြစ် သည့် ထိုအမျိုးသမီးက တက်တက် ကြွကြွ ပြောသည်။ ဆေးစစ်ပြီးသော် လည်း အဖြေချက် ချင်းမရ၍ နောက် တစ်ပတ်အကြာတွင် စိုးရိမ်စိတ်ဖြင့် ဘီးလင်းမှ သူမက ပြန်လာရမည်ဟုဆိုသည်။ သားအိမ်ခေါင်ကင်ဆာကို ဗဟို အမျိုးသမီးဆေးရုံ (ရန်ကုန်)၌ တစ်ပတ် လျှင်နှစ်ကြိမ် အခမဲ့စစ်ဆေးပေးနေပြီး သားဖွားနှင့်မီးယပ် ဆရာဝန်များရှိသည့် မြို့နယ်ကျန်းမာရေး ဆေးခန်းများတွင် လည်း စစ်ဆေးပေး လျက် ရှိကြောင်း သိရသည်။ ပုဂ္ဂလိက ဆေးရုံကြီးများ တွင်တော့ စစ်ဆေးခ နှစ်သောင်းကျပ် ခန့်ဖြင့် အချိန်မရွေးစစ်ဆေးနိုင်ကာ ရောဂါ မရှိက ကာကွယ်ဆေး လွယ်ကူ စွာ ဝယ်ယူထိုးနှံနိုင်သည်။ ကာကွယ် ဆေးမှာ နှစ်မျိုးရှိပြီး တစ်လုံးလျှင် သုံး သောင်း ခုနစ်ထောင်ခန့် ဈေးရှိသည်။
”သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးတဲ့ အရွယ်အပေါ်ကာ ကွယ်နိုင်စွမ်းက မူတည်တယ်။ ပုံမှန် အားဖြင့် ကာကွယ်ဆေးက ကာကွယ်မှု ရာခိုင်နှုန်း ၉၃ ဒသမ ၂ ရာခိုင်နှုန်း ရှိတယ်”ဟု ဒေါက်တာစိုးလွင်က ပြော သည်။ ယင်းကာကွယ်ဆေးမှာ Side Effect  မရှိဘဲတစ်ခါထိုးပြီးလျှင် ကိုးနှစ်၊ ၁ဝ နှစ်ခန့် ပြန်ထိုးစရာမလိုကြောင်း သိ ရသည်။ဒေါက်တာ ဒေါ်အေးအေးမူက လည်း အပျိုမိန်းကလေးများအနေဖြင့် ကာကွယ်ဆေး ကြိုတင်ထိုးထားသင့်ပြီး အိမ်ထောင်ပြုပြီးကလည်း ရောဂါကူး စက် နိုင်ခြေများသည့်အတွက် ကင်ဆာ ဖြစ်နိုင်ခြေ ရှိမရှိ စစ်ဆေးသင့်သည်ဟု သတိပေးသည်။
သားအိမ်ခေါင်းကင်ဆာဖြစ်စေ နိုင်သည့် HPV ပိုးကို အသက် ၄ဝမှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများတွင် အများဆုံး တွေ့ရပြီး အသက် ၂ဝနှစ်မှ ၂၉ နှစ်ရှိအမျိုး သမီးငယ်များတွင်လည်း တွေ့ရှိရသည်ဟု စစ်တမ်းများ ကဆို သည်။၂ဝဝ၆ ခုနှစ်ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏လမ်းညွှန်ချက်အရ အသက် ၂၅ နှစ်မှ ၄၉နှစ်အတွင်းရှိ အိမ်ထောင်သည် အမျိုးသမီးများသည် သုံးနှစ်လျှင် တစ် ကြိမ် သားအိမ်ခေါင်း ချွဲ စစစ်ဆေးသင့် ပြီး အသက် ၅ဝ နှစ်အထက် အမျိုးသမီး များမှာ ငါးနှစ်လျှင်တစ်ကြိမ် စစ်ဆေး သင့်ကြောင်း ညွှန်ကြားထားသည်။ သားအိမ်ခေါင်း ကင်ဆာ ပထမ အဆင့် ဖြစ်နေပြီဟု ဆေးစစ်ချက်အရ သိခဲ့ရသည့်မသန်းဌေးနှင့်ဆေးအတူ အစစ်ဆေးခံခဲ့သည့် အမျိုးသမီး၁ဝဦးခန့်တွင် ရောဂါတွေ့ရှိသူ
 နောက်တစ်ဦး ရှိခဲ့သည်။
”သူသိပ်ကြောက်သွားတာ။ ကိုယ် လိုပဲ မဖြစ်နိုင်ဘူးလို့ သူတွေးထားတာ ကိုး။ ရောဂါတွေက သိပ်ဆန်းပြားလွန်း တယ်။ ခုလို စောစော သိလိုက်ရတာ ကံကောင်းတယ်လို့ မှတ်ရတော့မှာပဲ” ဟု မသန်းဌေးက ပြောသည်။
မြတ်စုငြိမ်း
Read more...
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings
You can add link or short description here