Tuesday, February 18, 2014

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကို ရှမ်းပြည်နယ်လက်နက်ကိုင် အဖွဲ့ဝင်တချို့က ချုံခို တိုက်ခိုက် ခဲ့ခြင်းဖြစ်နိုင်ဟုဆို

0 comments
18.2.2014

မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ပါယာဉ်တန်းကို ဆွဲ မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းတွင် ရှမ်းပြည်နယ် ရှိ လက်နက်ကိုင်အဖွဲ့ဝင်တချို့၏ လုပ် ဆောင်ချက်များ ပါဝင်နိုင်သည်ဟု လတ် တလော သုံးသပ် ထားကြောင်း နေပြည် တော်လုံခြုံရေးနှင့် ထောက်လှမ်းရေးဌာန မှ ဒုရဲမှူးကြီးမင်းအောင်က သုံးသပ်ပြော ဆိုလိုက်သည်။

ဖေဖော်ဝါရီ ၁၄ ရက်က ဖလား ဝါးနယူးစ်ဂျာနယ်၏မေးမြန်းမှုကို နေ ပြည်တော် လုံခြုံရေးနှင့် ထောက် လှမ်းရေး ဌာနမှ ဒုရဲမှူးကြီးမင်းအောင်က ဖုန်းဖြင့် ယင်းကဲ့သို့ ပြန်လည်ဖြေ ကြားခဲ့သည်။
ဒုရဲမှုးကြီးမင်းအောင်က ''ရှမ်း ပြည်နယ်ရဲ့ လက်နက်ကိုင်အဖွဲ့တွေက အဲ ဒီအနီးတစ်ဝိုက်မှာ သွားလာ လှုပ်ရှားတတ် တယ်။ လောလောဆယ်တော့ သူတို့အဖွဲ့ ထဲက ဖြစ်နိုင်မယ်လို့ သုံးသပ်ထားတယ်။ကျန်တဲ့ စုံစမ်းထောက်လှမ်းမှုတွေလဲ လုပ် ဆောင်နေပါတယ်''ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးရဲမြင့်နှင့်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်တွင် ပြင်ဦးလွင်-မိုးကုတ် လမ်း နောင်ချို မြို့နယ် ၂၉ မိုင် ၄ ဖာလုံအရောက်တွင် ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ယာဉ်တချို့ မှာ သောင်းကျန်းသူအဖွဲ့၏ သေနတ်များ ဖြင့် ပစ်ခတ်ခြင်းကိုခံခဲ့ရကြောင်း၊ ယင်းကိစ္စ ကို သက်ဆိုင် ရာမြို့နယ်၊ တိုင်းဒေသကြီး အလိုက် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များ အပြင် စစ်တပ်အကူအညီဖြင့်ပါ တရားခံ များကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက် မှုကြောင့် မန္တလေးသတင်းထောက်တစ်ဦး၊ ဝန်ကြီး တစ်ဦး၏ကိုယ်ရေးအရာရှိ ဦးဇင်မင်းစိုး နှင့် ဗီဒီယိုကင်မရာမင်းတစ်ဦးတို့ ပြင်း ထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here