Thursday, September 26, 2013

မုံရွာတွင် ကားနှင့်ရထားတိုက်မိ

0 comments

26.9.2013

တင်းတိမ်ရံကျေးရွာမှ မုံရွာသို့ ထွက်လာသော ၂၁၈ အစုန် ကားရထားနှင့် အင်းရွာသစ် အောငိမင်္ဂလာလမ်းအတိုင်း ပြည်ထောင်စုလမ်းပေါ်သို့ တက်လာသော ပါဂျဲရိုးကားတစ်စီးတို့ တိုက်မှုတစ်ခု စက်တင်ဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိတော့ မြန်မာ့မီးရထားမှ လာရောက်အမှုဖွင့် တိုင်ကြားခြင်း မရှိသေးကြောင်း ဖြစ်ပွားသည့် အကြောင်းအရင်းမှာလည်း မှန်ကန်ကြောင်း မုံရွာမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။


အခင်းဖြစ်ပွားချိန်တွင် ကားမောင်းသူ မှာ ဆရာဝန်တစ်ဦးဖြစ်ပြီး စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးတစ်ချို့ထံ ဖုန်းဆက်ပြီး အကူအညီများတောင်းခံနေကြောင်း ၄င်း၏ ကားပေါ်တွင် မြေလွတ်မြေရိုင်းနေရာများ အား တိုင်းဒေသကြီးအစိုးရအဖွဲ့ထံလျှောက်ထား ထားသော စာရွက်စာတမ်း ဖိုင်များပါရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် နီးနီးစပ်စပ် ရှိသူ တစ်ဦးဖြစ်နိုင်ဖွယ်ရှိတယ်လို့ အဆိုပါ အခင်းဖြစ်နေရာသို့ မျက်မြင် ကိုယ်တွေ့ သွားရောက်ကြည့်ရှု့ခဲ့သည့် အရာရှိတစ်ဦးက သလ္လာဝတီတိုင်းမ် ကို ပြောပြခဲ့ပါသည်။

ThanLarWaddy Times

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here