Monday, November 4, 2013

ရှမ်းနီပါတီနှင့် ကမ္ဘာ့ဘဏ်တွေ့မည်

0 comments


နိုဝင်ဘာလ ၄ ရက် မနက်ဖြန် နေ့ခင်း ၂ နာရီခန့်တွင် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများနှင့် ရှမ်းနီပါတီခေါင်းဆောင် များ တွေ့ဆုံကြမည်ဖြစ်ကြောင်းသိရသည်။


ကမ္ဘာ့ဘဏ်မှ Ms. Edith Bowles နှင့်အဖွဲ့သည် နိုဝင်ဘာလ ၁ရက်၊ ညနေ(၅)နာရီခန့်တွင် ......ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့အား မြစ်ကြီးနားမြို့တွ့ဆုံခဲ့ရာ ခဲ့သေးသည်။

ကမ္ဘာ့ဘဏ်ခေါင်းဆောင်များကရှမ်းမျိုးနွယ်စုနှင့်တွေ့ဆုံခဲ့ရာတွင်ကချင်ပြည်နယ် မြစ်ရိုးမြေပြန့်ဒေသရှိ ရှေးနှစ်ပေါင်းများစွာကတည်းက လယ်ယာလုပ်ကိုင်စားသောက်လာကြသော ရှမ်းမျိုးနွယ်စုများအပေါ်အကူအညီပေးနိုင်မည့်အချက်များအပြင် ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများ၏ နောက်ခံသမိုင်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဖိနှိပ်ခံရမူ အကြောင်းများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။


ရှမ်းနီ
Read more...

တိုင်းရင်းသားအဖွဲ့များနှင့် အပစ်ရပ်ရေးမြစ်ကြီးနားတွင် သုံးရက်ကြာ ဆွေးနွေး

0 comments

Monday, November 4, 2013

နိုဝင်ဘာလ ၄ရက်နေ့မှစတင်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိမဂျွယ်ခန်းမတွင် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖွဲ့ ၁၃ဖွဲ့ နှင့်ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီတို့သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး ဆိုင် ရာ ကိစ္စရပ်များနှင့် စပ် လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၃ဖွဲ့ဖြစ်သည့် KIO မှ ဦးဆွမ်လွတ်ဂမ် အပါအဝင် KPC မှ ဗိုလ်မှူး စော မောင်မောင်၊WNOဦးတာ့မဟာ၊ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)မှ ဦးခွန်မြင့်ထွန်း၊ ပလောင်(တအောင်း) ပြည်နယ်လွတ် မြောက် ရေးတပ်ဦး (PSLF)မှ ဦးတာ့အိုက်ဖုန်း ၊ ALP မှ ဦးစိုင်သုခ၊ NMSP မှ ဦးနိုင်အောင်မင်း၊ RCSS မှ ဗိုလ်မှူးကြီး စိုးလှ၊ KNU မှ ဗိုလ်ချုပ် ကြီး စောမူတူးစေးဖိုး၊ ညီညွတ်သောတိုင်းရင်းသားဖက်ဒ ရယ်ကောင်စီ (UNFC)မှ ဦးနိုင်ဟံသာနှင့် ဦးခွန်အေဘယ်တွိဒ်၊ SSPP မှ ဦးစဝ်ခွန် ဆိုင်း၊ DKBA မှ ဒုတိယ စစ်ဦးစီးချုပ် စော မူရှေး၊ ANC မှ ဦးထွန်းဇော်နှင့် LDU မှ ဦးကြာခွန်ဆာတို့ တက်ရောက်ကြသည်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာမူကြမ်းနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၇ဖွဲ့သည် အောက်တိုဘာလ ၃၀ရက် နေ့မှ စတင်၍ လိုင်ဇာမြို့ရှိ ကေအိုင်အိုဌာနချုပ်တွင် နိုဝင်
ဘာလ ၂ရက်နေ့အထိ လေးရက်ကြာ ဘုံသဘောတူညီချက် ၁၂ချက်အား သဘော တူ လက်မှတ်ရေးထိုးခဲ့ကြပြီး RCSS မှ အဆိုပါ ဘုံသဘောတူညီချက်အား ရှမ်းပြည်နယ်ရှိ အဖွဲ့အစည်းများနှင့်ပြန်လည်တိုင် ပင်ညှိနှိုင်းမှု မပြုလုပ်ရသေးသည့်အတွက်လောလောဆယ်အချိန်တွင် ပါ ဝင်လက်မှတ်ရေးထိုးခြင်း မပြုလုပ်နိုင်သေးကြောင်း သိရသည်။

People power
Read more...

အိန္ဒိယနိုင်ငံက ဂြိုဟ်နီလေ့လာစူးစမ်းရေးယာဉ် လွှတ်တင်မည်

0 comments

Monday, November 4, 2013

အိန္ဒိယနိုင်ငံကအင်္ဂါဂြိုဟ် ပေါ်သို့အာရှမှပထမဦးဆုံး ရောက်ရှိသည့်၎င်း၏နည်းပညာစွမ်းပကားကို ပြသရန်ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ လာမည့်အင်္ဂါနေ့ တွင် နိုင်ငံ၏အရှေ့တောင်ဘက် ကမ်းခြေ
မှနေ၍ လူလိုက်ပါခြင်း မရှိသော အာကာသစူးစမ်းရေး ယာဉ်ကို လွှတ်တင်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ လူလိုက်ပါခြင်း မရှိသော အာကာသလေ့လာ စူးစမ်းရေးယာဉ်သည် ၁ ဒသမ ၃၅ တန်ပမာဏအလေးချိန်ရှိကာ ကြီးမားသောရေခဲသေတ္တာ တစ်လုံး၏ အရွယ်အစားခန့်ရှိ ကြောင်း သိရသည်။ အာကာသ ယာဉ်တွင် ခေတ်မီတိုးတက်သော အာရုံခံကိရိယာ တပ်ဆင်ထားပြီး ထိုကိရိယာဖြင့် ဂြိုဟ်နီ၏လေ ထုကို တိုင်းတာနိုင်မည်ဖြစ်ပြီး အသက်ဇီဝဖြစ်တည်မှုကို သက် သေပြရာတွင် အထောက်အကူ ပြုသည့် မီသိန်းကို ခြေရာခံစစ် ဆေးနိုင်မည်ဟု မျှော်လင့်လျက် ရှိသည်။

ဂြိုဟ်နီလေ့လာစူးစမ်းရေး ကို အောင်မြင်စွာအကောင်အ ထည်ဖော်နိုင်ခဲ့ပါက အိန္ဒိယနိုင်ငံ အတွက် အမျိုးသားဂုဏ်ဆောင် နိုင်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ၂၀၀၈ခုနှစ် က လပေါ်သို့ လူလိုက်ပါခြင်း မရှိ သော အာကာသလေ့လာစူးစမ်း ရေးယာဉ်ကို စေလွှတ်၍ လပေါ် မှရေဖြစ်တည်
မှုကို သက်သေပြ နိုင်ခဲ့ရာ ဂြိုဟ်နီစူးစမ်းလေ့လာ ရေးသည် နိုင်ငံ၏ နောက်ထပ် တစ်ဆင့် ဆောင်ရွက် မှုဖြစ်ကြောင်းအိန္ဒိယနိုင်ငံအာကာသသုတေသနအဖွဲ့အစည်း(ISRO)ဥက္ကဋ္ဌ ကေရာဟာခရစ်ရှနန်က ပြောကြားခဲ့။

Yangon Media Group
Read more...

နိုက်ဂျီးရီးယား ဘုရားကျောင်းမှလူအုပ် ရုတ်တရက် ထပြေး၊ ၂၈ဦးသေ ၂၀၀ကျော်ဒဏ်ရာရ

0 comments

Monday, November 4, 2013

နိုက်ဂျီးရီးယား အန်နန်ဘရာပြည်နယ်မြောက်ပိုင်းမှ ဘုရားရှိခိုးကျောင်းဝန်း တစ်ခုအတွင်း Holy Ghost Adoration Ground တွင် မဲဆွယ်ပွဲ အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပနေစဉ် ပရိသတ်မှာ ရုတ်တရက် ထပြေးကြသဖြင့် အနည်းဆုံး ၂၈ဦးသေဆုံးပြီး လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

မည်သည့်ထိတ်လန့်မှုကြောင့်ယခုကဲ့သို့ထပြေးသည်ကိုမသိရသေးသော်လည်းယင်းဖြစ်ရပ်မှာ နိုင်ငံရေးအသွင်ဘက်သို့ လှည့်သွားခဲ့သည်။

ယခုဖြစ်ရပ်အတွက် မြို့တော်ဝန် ပီတာအိုပိုင် နှင့် လွှတ်တော်အမတ် ခရစ်ငိုက်တို့ကို လူထုက ပြစ်တင် မဆုံးဖြစ်နေကြသည်။

ထိုနှစ်ဦးသည် ဘုရားရှိခိုးကျောင်းတွင် ညလုံးပေါက်ပြုလုပ်ခဲ့သည့် အခမ်းအနားအတွက် တာဝန်အရှိဆုံး သူများ ဖြစ်သလို လူ ၅၀၀၀ သာဆန့်သော ဘုရားကျောင်းဝန်းအတွင်း လူတစ်သိန်းခန့်ကို ကျပ်သိပ်စွာ နေရာကျခဲ့သဖြင့် ယခုလို အမှားမျိုး မကြုံသင့်ဘဲ ကြုံရသည်ဟု စွပ်စွဲ ပြောဆိုထားကြသည်။

ဒဏ်ရာရသူများကို အိုနစ်ရှာနှင့် နက်တာမြို့ရှိ့ ဆေးရုံများသို့ တင်ပို့ကာ ဆေးကုသမှု ခံယူစေခဲ့သည်။ မြို့တော်ဝန် အိုဘိုင်က ဆေးရုံများသို့ သွားရောက်ကာ ယခုဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံး ပြုလုပ်ပေး မည်ဟု ကတိပြုခဲ့သည်။

The Myanma Age
Read more...

ရခိုင်၊ကချင်၊မိတ္ထီလာမှ ဒုက္ခသည်များအတွက် ပညာရေးရန်ပုံငွေ ဂီတပွဲတော်ပြုလုပ်မည်

0 comments
4.11.2013

ရခိုင်၊ ကချင်၊မိတ္ထီလာမှ ဒုက္ခသည်ကလေး များအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲပြုလုပ်မည် ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်း ရန်ကုန်မြို့ တာမွေ မြို့နယ်ရှိ အလိုတော်ပြည့်ကျောင်း၌ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် ရခိုင်အမျိုးသား လူမှု ကယ်ဆယ်ရေးအဖွဲ့အတွင်းရေးမှူး ဦးကျော်အေး မောင်ကပြောသည်။ ရခိုင်အမျိုးသား လူမှု ကယ်ဆယ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ယခုလ ၂၄ရက် ည ၇ နာရီမှ ၁၂ နာရီအထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် ရှိ အမျိုးသားကဇာတ်ရုံတွင်ပြုလုပ်သွားမည်ဟု သိရသည်။

''ပဋိပက္ခဒေသတွေက ကလေးတွေအနေနဲ့ ပညာရေးအတော့်ကို ချို့တဲ့နေတာတွေ့ရပါတယ်။ အဲဒီ့အတွက် ဒီပွဲကိုစီစဉ်ရတာပါ။ ရရှိလာတဲ့ အမြတ်အစွန်းတွေကို ရခိုင်၊ ကချင်၊မိတ္ထီလာက ဘာသာမရွေး အမှန်တကယ် လိုအပ်တဲ့ ကျောင်း တွေကကလေးတွေကိုကူညီပေးမှာပါ''ဟု ဒေါက်တာအေးမောင်ကပြောသည်။

ထို့ပြင် အလှူရှင်များရှိပါကလည်း ပဋိပက္ခ ဒေသမှကလေးများအတွက် ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းများ ပို့ချရန်လည်း စီစဉ်ထား ကြောင်းသိရသည်။

အဖွဲ့ဒုတိယဥက္ကဋ္ဌ သရုပ်ဆောင် ဦးအောင် လွင်က '' ပြည်နယ်/တိုင်းဒေသကြီးအားလုံးမှာ ခုချိန်ထိ မဖြစ်မနေလိုအပ်နေတာ ပညာရေးပါ။ ပဋိပက္ခဒေသက လူတွေအနေနဲ့လဲ နံပါတ် (၁) လုံခြုံရေး၊ အစားအစာနဲ့ ပညာရေးပါပဲ''ဟု ပြောကြားသည်။

အဆိုပါဂီတပွဲတော်တွင် တူးတူး၊ဆောင်းဦး လှိုင်၊ စည်သူလွင်၊ထူးအယ်လင်း၊ Lလွန်းဝါ၊ နေ ထက်လင်း၊ သူထူးစံ၊ နေမျိုးအောင်၊ စိုးရန်အောင်၊ သားစစ်၊ဂျက်ဆန်ထွန်း၊လင်းယံ၊ မြတ်ခိုင်ကျော်၊ Lကိုလင်း၊ ကိုသန်းဆွေ၊ ဒေါင်းဝေ၊ ကျော်သီဟ၊ Kဂျာ နူး၊ Lခွန်းရီ၊ မေခလာ၊ချောစုခင်၊ခွန်းဆင့်နေခြည်၊ ချစ်စနိုးဦး၊ ဆုပန်ထွာ၊ ပုလဲဝင်း၊ ရှင်ဖုန်း၊ Lဆိုင်း ဇီ၊ ရတနာမိုင်၊ ရတနာ၊ အိမ့်ချစ်၊ ဂျေညီမလေး၊ ရှုတိုင်းယဉ်သာ၊ Blue Berry၊မားဂရက်၊Mဆိုင်း လာ၊ Mဆိုင်းနော်၊ ဆူးဆူးဇော်ဝင်း၊ ဆုမြတ်ထက် နှင့် မမများအဖွဲ့မှ ပါဝင်ကူညီသွားမည်ဟု သိရသည်။

ဦးကျော်အေးမောင်က ''လက်မှတ်တွေကို မရောင်းဘူး။ အလှူငွေအနေနဲ့ပဲသတ်မှတ်မယ်'' ဟုပြောသည်။ အဆိုပါအဖွဲ့မှ ယခင်ကလည်း ရခိုင်၊မန္တလေး၊ကချင်မှ ဒုက္ခသည်များနှင့် မလေး ရှားပြန်ဒုက္ခသည်များ ၊ တောင်ဒဂုံမီးဘေးဒုက္ခ သည်များကိုလည်း အစားအစာ၊ဆေးဝါး၊ အဝတ် အထည်တို့ ကူညီပေးခဲ့ကြောင်းသိရသည်။


TUD
Read more...

အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှအဟုံသျှမ်း A-hom shan နှင့်မန္တလေးမြို့ သျှမ်းအဖွဲ့အစည်းတွေ့ဆုံ

0 comments
4.11.2013

အိန္ဒိယနိုင်ငံ အာသံပြည်နယ် ASSAM ,INDIA မှ အဟုံသျှမ်း A-hom shan အဖွဲ့ဝင် (၄)ဦးသည်
မန္တလေးမြို့ သျှမ်းအဖွဲ့များနှင့် ၁ နိုဝင်ဘာလ ၂၀၁၂ ခုနှစ် ည ၆ နာရီတွင် မန္တလေးမြို့
ငွေနှင့်းဖြူစားသောက်ခန်းမတွင် တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင်
မိမိတို့အဟုံသျှမ်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံမှသျှမ်းတိုင်းရင်းသားများအလုံးနင့် အမြဲတမ်း
အဆက်အသွယ် ကူးလူးဆက်ဆံချင်ပါကြောင်း ၊ မြန်မာနိုင်ငံမှ သျှမ်းတိုင်းရင်းသားလူငယ်
မောင်မယ်များကို မိမိတို့ Dibrugarh University တွင် စရိပ်ငြိမ်းလာရောက်၍
ပညာတင်ကြားနိုင်ပါကြောင်း ၊ ထို့နှောက် မန္တလေးမြို့မှ သျှမ်းအဖွဲ့အစည်းမှ
ကိုစိုင်းအောင်မိန်း(မိုတိုင်း) က အဟုံသျှမ်းအဖွဲ့အစည်းအား မန္တလေးမြို့သျှမ်းအဖွဲ့အစည်းကြီးက
ကြိုဆိုပါကြောင်း Dibrugarh University ကိုသျှမ်းတိုင်းရင်းသားများ တက်ရောက်ရန် ဖိတ်ကြား
ခြင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ၊ ထိုသျှမ်းအဖွဲ့အစည်းမှ တိုင်းလျှမ် (သျှမ်းနီ)လူငယ် နှစ်
ဦးလည်း တက်ရောက် ဆွေးနွေးခဲ့ပြီး ထိုတက္ကသိုလ်သို့ တက်ရောက်ရန် အတွက် လိုအပ်သော
အချက်အလက်များကို လည်း အသေးစိတ်မေးမြန်ခဲ့ပါကြောင်း ထို့နောက် ညစာစားပွဲဖြင့်တည်ခင်း
ဧည့်ခံပြီး ည ၁၀ ခန့်တွင် တွေ့ဆုံမှူပြီးခဲ့ပါကြောင်း သတင်းရရှိပါသည်။


ရှမ်းနီသတင်းဌာန
Read more...

ဘဏ်တိုးနှုန်း ပုံသေသတ်မှတ်ထားခြင်းသည် စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးစေ

0 comments

Monday, November 4, 2013

ဗဟိုဘဏ်အနေဖြင့် ဘဏ်အတိုးနှုန်းကိုအပြောင်းအလဲမရှိ ပုံသေသတ်မှတ်ထားခြင်းသည် အခြေခံစီပွားရေး လုပ်ငန်းများသို့ ငွေကြေးစီဆင်းမှုခက်ခဲစေသဖြင့် တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးမှုကို အားနည်းစေကြောင်း စီးပွားရေးပညာရှင်များက ပြောကြားသည် ဟုသိရသည်။

ယင်းသို့ဘဏ်အတိုးနှုန်းများအားပုံ သေသတ်မှတ်ထားခြင်းကြောင့် ပြင်ပတွင်ပြန်လည်ငွေချေးခြင်း၊ သက်သာသည့် နေရာမှချေးငွေယူပြီးဘဏ်တွင် ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်ခြင်းကြောင့် ပြည်တွင်း ငွေကြေးလည်ပတ် စီဆင်းစေသည့် လုပ်ငန်းများ ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေကြောင်း ရန်ကုန်စီပွားရေး တက္ကသိုလ် အငြိမ်းစားပါမောက္ခဦးမောင်မောင်စိုးက နိုဝင်ဘာ ၃ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင်ကျင်းပသော စီးပွားရေးပညာရှင်များစွာ ပါဝင်သည့် စီပွားရေးဆိုင်ရာ ဆွေးနွေးပွဲ တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ စီးပွားရေး တက္ကသိုလ်ဘွဲ့ရများ အသင်းဥက္ကဌ ဦးတင်ဝင်းအောင်ကလည်း ဘဏ်တိုးနှုန်း ဆိုတာတိုင်းပြည်၏စီးပွားရေးအခြေအနေပေါ်မူတည်ပြီးအလျှော့အတင်းကစားပေးဖို့လိုကြောင်း ပြောကြားသည်ဟု သိရသည်။

Myanmar ICT
Read more...

ပုဒ်မ ၁၈ ဖြင့် အကျဉ်းချခံရသူများ ပြန်လွှတ်ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြ

0 comments

Monday, November 4, 2013

စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရာတွင် ခွင့်ပြုချက် မယူသည့်အတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် အကျဉ်းချခံရသူများ ပြန်လွှတ်ပေးရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ဆေးရေး ကော်မတီက တင်ပြထားကြောင်း အဆိုပါ ကော်မတီဝင် ဦးရဲအောင်က ပြောကြားသည်။

ပုဒ်မ ၁၈ ဖြင့် အကျဉ်းချခြင်း ခံထားရသော အကျဉ်းသား ၂၀ ကျော် ရှိပြီး ၎င်းတို့ကို လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားကြောင်း ၎င်းက ရှင်းပြသည်။
“ဒီဇင်ဘာမှာ အကုန်လုံး လွှတ်ပေးမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား မှန်သမျှ ပါဖို့လိုတယ်” ဟု ၎င်းကပြောကြားသည်။

အဆိုပါ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ အကျဉ်းသားများကို နိုင်ငံရေး အကျဉ်းသားများအဖြစ် စိစစ်နိုင်ရေး အောက်တိုဘာ ဒုတိယပတ်အတွင်းပြုလုပ်ခဲ့သော လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

ပုဒ်မ ၁၈ ဖြင့် အကျဉ်းကျ ခံရသူများအပြင် ယင်းပုဒ်မဖြင့် အမှုရင်ဆိုင်နေရသူ ၂၃၂ ဦးရှိပြီး ၎င်းတို့ အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်နိုင်ရေးအတွက်လက်ကျန် နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီတွင် ဆွေးနွေးမည်
ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးဘိုကြည်က ပြောကြားသည်။

အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ယခု နှစ်ကုန်တွင် အကြွင်းမဲ့ လွှတ်ပေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားထားသော်လည်း အစိုးရသစ် လက်ထက်တွင်
နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးမှုများ ရှိနေသောကြောင့်နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် မဖြစ်နိုင်သေးကြောင်း နိုင်ငံရေး လေ့လာသူများမှ သုံးသပ်ပြောဆိုထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၁၂ ကြိမ်လွှတ် ပေးခဲ့ကာ အကျဉ်းသား ၁၂၀၀ ကျော် လွတ်မြောက်ခဲ့ပြီး အကျဉ်းထောင်များအတွင်း ၂၀၀ ကျော် ကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly
Read more...

အရပ်သားတစ်ဦးကို အမည်မသိ လက်နက်ကိုင်နှစ်ဦး သေနတ်ဒင်ဖြင့် ဝင်ရိုက်

0 comments
4.11.2013

မွန်ပြည်နယ် မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် မဟာမြိုင် (၉) လမ်းထိပ်တွင် အမည်မသိ လက်နက်ကိုင်နှစ်ဦး က ယင်းရပ်ကွက်နေ ဦးသင်းကိုကိုကို နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် သေနတ်ဒင်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဦးသင်းကိုကို၏ ဇနီးဖြစ်သူ ဒေါ်ဇာခြည်က ပြောကြားသည်။

အဆိုပါ လက်နက်ကိုင် နှစ်ဦးသည် မြေနီကုန်းရပ်ကွက် မဟာမြိုင် (၉) လမ်းထိပ်တွင် ဦးသင်းကိုကိုနှင့် ဦးကျော်ကိုကိုတို့ ညီအစ်ကိုနှစ်ဦး ထိုင်နေစဉ် သေနတ်ဖြင့် ခြိမ်းခြောက် ပစ်ခတ်ခဲ့ပြီး သေနတ်ဒင်ဖြင့် ထုသွားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ “သင်းကိုကိုက လမ်းထိပ်မှာ ထွက်ထိုင်နေတာကို ဆိုင်ကယ် စီးပြီး သေနတ်ကိုင် ထားတဲ့သူတွေ ရောက်လာပြီး သူကို့ထိုးတယ် အဲဒါကို သူ့ညီကျော်ကိုကို လိုက်သွားတာ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ခေါင်းကို သေနတ်ဒင်နဲ့ ထုသွားတယ်” ဟု ၎င်းတို့၏ ဖခင်ဖြစ်သူ ဦးသာစိန်က ဆိုသည်။

သေနတ်ဒင်ဖြင့် ရိုက်နှက်ခံရသည့် ဦးသင်းကိုကိုကို မော်လမြိုင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်သို့ ပို့ဆောင်ထားရကြောင်း ဦးသာစိန်က ထပ်လောင်း ပြောကြားသည်။

အဆိုပါ လက်နက်ကိုင်နှစ်ဦး ပစ်ခတ်ခဲ့သည့် ကျည်ဆန် အခွန်နှစ်ခုကို မွန်ပြည်နယ် ရဲတပ်ဖွဲ့က ရရှိထားပြီး ယင်းကျည်ဆန်များကို စစ်ဆေးဆဲ ဖြစ်ကြောင်း အဆိုပါ လက်နက်ကိုင်များသည် မည်သူဖြစ်သည်ကို မသိရှိရသေးကြောင်း မော်လမြိုင် ဒိုင်းဝန်ကွင်း ရဲစခန်းမှ စခန်းမှူးအောင်ကျော်ထွေးက ဆက်လက်ရှင်းပြသည်။

အဆိုပါ လက်နက်ကိုင် နှစ်ဦးတွင် တစ်ဦးမှာ ဆံပင်အရှည်နှင့် ဖြစ်ပြီး ညအမှောင်တွင် ဖြစ်ခြင်းနှင့် သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် စိတ်လှုပ်ရှားမှုဖြစ်ကာ ၎င်းတို့၏ မျက်နှာကို သည်းသည်းကွဲကွဲ မမြင်ရကြောင်း ဦးကျော်ကိုကိုက ဆိုသည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဦးသင်းကိုကိုသည် မည်သည့် လက်နက်ကိုင် တပ်ဖွဲ့တွင်မှ ပါဝင်ဖူးခြင်း မရှိသည့် မြေနီကုန်း ရပ်ကွက်နေ သာမန်အရပ်သား ကျပန်း လုပ်ကိုင်သူတစ်ဦးသာ ဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့နှင့် ၎င်း၏ မိသားစုဝင်များက ဆိုသည်။

The Voice Weekly
Read more...

ယုဇနပလာဇာအနီး အုပ်စုလိုက် ရိုက်နှက်သူများကို ဖမ်းဆီးအရေးယူ

0 comments
4.11.2013

ရန်ကုန်မြို့ ယုဇနပလာဇာ အနီးတွင်ရှိသော MM (2) ဆေးဆိုင် ဝန်ထမ်းများကို ရိုက်နှက်ကာ ဆိုင်ကိုဖျက်ဆီးခဲ့ သည်ဟု တိုင်ကြားခံရသူများကို ဖမ်းဆီးရမိထားပြီး လွတ်မြောက်နေသူ နှစ်ဦးကို စုံစမ်းလျက် ရှိကြောင်း တာမွေမြို့နယ် ရဲစခန်းမှ စခန်းမှူး ရဲအုပ်ရဲမျိုးဟိန်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိထားသူများမှာ တာမွေမြို့နယ်အတွင်း နေထိုင်သည့် ထက်မြက်နိုး (ဘ) ဦးမောင်မောင်ဆွေ ၊ ကျော်ဒင်ဖြိုး (ဘ) ဦးကျော်ဦး၊ ဇော်မင်းထွေး (ဘ) ဦးစိုးနိုင်တို့ ဖြစ်ကာ ၎င်းတို့ကို အခင်းဖြစ်သည့် ညတွင်းချင်း ပင် ဖမ်းဆီးရမိကြောင်း ရဲအုပ် ရဲမျိုးဟိန်းက ပြောကြားသည်။

၎င်းတို့ သုံးဦးနှင့် အခြားနှစ်ဦးတို့ အရက်သောက်ပြီး ပြန်လာစဉ် နိုဝင်ဘာလ ၁ ရက်နေ့ ည ၉ နာရီခွဲခန့်က MM (2) ဆေးဆိုင်ဝန်ထမ်း ဦးအောင်မင်းသက် တွန်းလာသည့် စက်ဘီးသည် လမ်းလျှောက် ပြန်လာသည့် ၎င်းတို့ငါးဦးမှ တစ်ဦးကို ပွတ်မိရာမှ စကားများကာ အဆိုပါ ငါးဦးက ထိုးကြိတ်ပြီး ထွက်သွားကြောင်း၊ ဦးအောင်မင်းသက်၏ အစ်ကိုဖြစ်သူ ဦးဝေမင်းဟန်က ဆေးဆိုင်သို့ ခေါ်ကာ ဆေးထည့်ပေးနေစဉ် သုံးဦး ဆိုင်သို့ ပြန်လာကာ ရိုက်နှက်ဖျက်ဆီးခြင်း ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူ၏ အဆိုအရ သိရသည်။

ရိုက်နှက် ခံရခြင်းကြောင့် ဦးဝေမင်းဟန်သည် ညာလက်ဖျံပွန်းပဲ့ ဒဏ်ရာနှင့် လက်ကောက်ဝတ် နာကျင်ဒဏ်ရာရရှိကာ ဦးအောင်မင်းသက်မှာ ညာလက်ဖျံ ပွန်းပဲ့ဒဏ်ရာ၊ နဖူးပေါက်ပြဲ ဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အပြင်လူနာအဖြစ် ကုသနေကာ ဆေးဆိုင်မှာမူ ကျပ်ရှစ်သိန်းဖိုးခန့် ပျက်စီးသွားကြောင်း စခန်းမှူး ရဲအုပ်ရဲမျိုးဟိန်းက ဆိုသည်။“တာမွေမြို့နယ်ထဲကပဲ။ သုံးယောက်က သူငယ်ချင်းတွေ၊ ကျန် တဲ့နှစ်ယောက် ကတော့ အရက်ဆိုင်မှာပဲ သိကြတယ် ပြောတယ်။ နာမည်တော့ မသိဘူး။ လူမြင်ရင်တော့ မှတ်မိတယ်လို့ တရားခံတွေက အစစ်ခံပါတယ်” ဟု ရဲအုပ် ရဲမျိုးဟိန်းက ပြောကြားသည်။

ရိုက်နှက်သူများယူဆောင်လာသောဝါးတုတ်များမှာအနီးပတ်ဝန်းကျင်ရှိဆိုင်များမှ ဖြုတ်ယူလာခြင်း ဖြစ်နိုင်ကြောင်း အခင်းဖြစ်ပွားရာ နေရာ၏အနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုင်ကြားခံရသူများကို ပုဒ်မ ၃၂၅ (နာကျင်စေမှု)၊ ပုဒ်မ ၄၄၀ (အကျိုးဖျက်ဆီးမှု)၊ ပုဒ်မ ၁၁၄ (ပူးပေါင်းဆောင်ရွက်မှု) တို့ဖြင့် အရေးယူထားကြောင်း တာမွေမြို့နယ် ရဲစခန်းထံမှ သိရသည်။

The Voice Weekly
Read more...

ဂျာမနီနှင့် အမေရိကန် နှစ်နိုင်ငံကြား လျှို့ဝှက် ထောက်လှမ်းမှု မပြုရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးမည်

0 comments

Monday, November 4, 2013

ဂျာမနီနှင့် အမေရိကန် နိုင်ငံတို့သည် နှစ်နိုင်ငံကြား စုံစမ်းထောက် လှမ်းမှု အစီအစဉ် များကို ထိန်းချုပ်ရန် အတွက် လျှို့ဝှက်ထောက် လှမ်းမှု မပြုရေး သဘောတူစာချုပ်ကို ၂ဝ၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးရန် အတွက် စီစဉ်လျက် ရှိ ကြောင်း ဂျာမနီ သတင်းစာကြီး တစ်စောင်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ သဘော တူညီချက်သည် ဂျာမနီနှင့် အမေရိကန်မှ ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲများက သမ္မတ အိမ်ဖြူတော်တွင် ယခု သီတင်းပတ် အတွင်းက ဆွေးနွေး ပွဲများ ကျင်းပခဲ့ပြီးနောက် ထွက်ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ထောက်လှမ်းရေး အေဂျင်စီသည် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာ မာကယ်လ်၏ ဖုန်းဆက်သွယ်ရေး လိုင်းများအား လျှို့ဝှက်စုံစမ်းမှုများ ပြုလုပ်ခဲ့သည် ဟူသော စွပ်စွဲချက်နှင့် စပ်လျဉ်း၍ မာကယ်လ် သည် နိုင်ငံ အတွင်း ရှိ ထောက်လှမ်းရေး အကြီးအကဲများအား ဝါရှင်တန်သို့ စေလွှတ်၍၎င်း ကိစ္စအား ရှင်းလင်းစေ ခဲ့ပြီး နှစ် နိုင်ငံကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန် လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ
Read more...

မီတာခတိုးမြှင့်ကောက်ခံပြီး နှစ်ရက်အကြာတွင်မီးအားကျခြင်းနှင့် မီးပျက်ခြင်း ငါးရက်တိတိဖြစ်

0 comments

Monday, November 4, 2013

ရန်ကုန်တိုင်းအပါအ၀င် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားသုံးစွဲခအား နိုဝင်ဘာလမှစတင်ကာ တိုးမြှင့်ကောက် ခံမည်ဟု လျှပ်စစ်ဝန်ကြီး ဌာနမှ အောက်တိုဘာလ ၂၈ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ပြီး၊ နှစ်ရက်အကြာတွင် ပထမဆုံး မီးအားကျသည့် ပြဿနာနှင့် မီးအားကျပြီးနှစ်ရက်အကြာ တွင် မီးမကြာ ခဏပျက်ခြင်းအား သုံးရက်တိုင်တိုင် ကြုံတွေ့ခဲ့ရကြောင်းလှိုင်မြို့နယ် အထည်ချုပ် လုပ်ငန်းရှင်တစ်ဦး က ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက်နေ့ မှစတင်ကာ ၃၁ ရက်နေ့အထိ မီးအားကျကာ နိုင်ဝင်ဘာ ၁ရက်နေ့ မှ ၃ ရက်နေ့အထိမကြာခဏ မီးပျက်ခဲ့ သည်။

“မီးပျက်တာနဲ့ မီးအားကျတာ တော်တော်လေးစိတ်ပျက်ဖို့ကောင်းတယ်။ ဒီကြားထဲ သူတို့က မီတာခပါ တိုးကောက်ဦးမယ်ဆိုတော့ စိတ်ပျက်စရာ ပေါ့ဗျာ”ဟု ၎င်းကပြောကြားသည်။

ယခုကဲ့သို့ မီးအားကျခြင်းသည် မီးပျက်ခြင်းကြောင့် ရန်ကုန်မြို့ရှိရပ်ကွက်များတွင် ရေရရှိရန် အခက်အခဲများ
ရှိခဲ့ကြောင်း၊ စက်ရုံများအနေနှင့် လည်း ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရန် အခက်အခဲများစွာရှိကြောင်း၊ မီးမရရှိ
သောကြောင့် မီးဘေးအန္တရာယ်နှင့် ကြုံတွေ့နိုင်ကြောင်း၊မီးပျက်ပြီး ည ၁၀နာရီကျော်မှ မီးလာခြင်းကြောင့် မီးခ လုတ်များ မပိတ်မိ၍ ၀ါယာရှော့ဖြစ်ခြင်းများကြောင့် မီးဘေး အန္တရာယ်ကြုံတွေ့နိုင်ကြောင်း ဆိပ်ကမ်းသာလမ်းရှိ ဘီယာဆိုင်တစ်ဆိုင်မှ ကောင်တာထိုင်သူတစ်ဦးကပြောကြားသည်။

ဆိပ်ကမ်းသာလမ်းရှိ LENOVO ဆိုင်ခွဲတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “ဆိုင်မှာ အဲယားကွန်းတပ်ဖို့  တောင်မှ မီတာခကနှစ်ဆတက်တယ် ဆို တော့ တော်တော်လေးစဉ်းစားသွားတယ်။ အဲယားကွန်းတောင် လက်နဲ့ မွှေ့ရလိုဖြစ်နေပြီ” ဟုပြောကြားသည်။

လျှပ်စစ်မီးပုံမှန်မလာဘဲ မီတာခံတိုးမြှင့်ခြင်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် တရားဝင်ကန့်ကွက်မှုများ အမျိုးမျိုးပြုလုပ်သွားမည်ဖြစ် ကြောင်း၊ကန့်ကွက်မှုများကိုမည်သို့ပုံစံဖြင့် ပြုလုပ်သွားမည်ကိုမဆုံးဖြတ်ရ သေးသော်

လည်းယခုလအတွင်း ကန့်ကွက်ဆန္ဒပြမှုများ စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒီမိုကရေစီရေးစဉ်ဆက် မပြတ်လှုပ်ရှားသူများအဖွဲ့မှ အထက်မြန်မာပြည်တာဝန်ခံ ဦးသိန်းအောင်မြင့်ကပြောကြားသည်။

Max ဆီဆိုင်မှ အရောင်းတာဝန်ခံတစ်ဦးက “ မီးမလာတော့ ကျွန်တော်တို့ က ပန့်ဆိုင်ဆိုတော့ မီးစက်မောင်းပြီး ဆီရောင်းရတာပေါ့။ မီး ပျက်တဲ့အချိန် ဆီထည့်တဲ့ကားများတော့ ဒုက္ခရောက်တာပေါ့” ဟုပြောကြားသည်။

မီတာထိန်းသိမ်းစောင့်ရှောက်ခကို တစ်ထောင်မှ ငါးရာ ကျပ်သို့ လျှော့ချပြီးနောက်မကြာမီတွင် မီတာခ များကို ရုတ်တရက်မြှင့်တင်လိုက်သည့် အပြင် အသစ်သတ်မှတ်လိုက်သည့် မီတာခဈေးနှုန်းများမှာ အလွန်အကျွံ မြင့်မား လျက်ရှိကြောင်း ပြည်သူများအတွက်အခက်အခဲများစွာကြုံ တွေ့နေရကြောင်းရန်ကုန်မြို့နေ ပြည်သူများထံမှသိရသည်။

ရေးသားသူ-ဇော်မျိုး
People power
Read more...

လက်ပံတောင်းတောင်အနီး အင်ကြင်းတောင်ပေါ်တွင် သပိတ်စခန်းဖွင့်

0 comments
4.11.2013

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်းရှိ လယ်တီ သိမ်တော်နှင့် စေတီကို မပျက်စီးစေရန်အတွက် လက်ပံတောင်းတောင်အနီး အင်ကြင်းတောင်တွင် နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းမှ စတင်၍ ထိုင်သပိတ်စခန်း ဖွင့်လှစ်၍ လယ်တီသိမ်နှင့် စေတီကို ဖူးမြော်ခွင့်ပေး ရန် တောင်းဆိုလျက် ရှိကြောင်း ဆည်တည်းရွာ ဒေသခံ များက ပြောကြားသည်။
“လယ်တီသိမ်ကို ဖူးမြော်ဖို့ သွားရောက်တဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေက တားလို့ အခုလို သပိတ်စခန်း ဖွင့်တာပါ။ အစီအစဉ် မရှိပါဘူး။ သိမ်တော်နဲ့ စေတီကို သွားပြီး ဖူးခွင့်ရမယ်ဆိုရင် သပိတ်စခန်း ပြန်ပိတ်မှာပါ” ဟု ယင်းဆရာတော်က ဆက်လက်မိန့်ကြားသည်။

လက်ရှိ သပိတ်စခန်းဖွင့်၍ တောင်းဆိုနေသော အင်ကြင်းတောင်မှာ ဆည်တည်း ကျေးရွာအနီးတွင် တည်ရှိပြီး လက်ပံတောင်းတောင်နှင့် တစ်မိုင်ခန့် အကွာတွင် တည်ရှိကာ၊ သံဃာတော် ခြောက်ပါးနှင့် လက်ပံတောင်း ဒေသ ခံ ၁၅၀ ခန့် ထိုင်သပိတ်စခန်းတွင် ရှိကြောင်း ဆည်တည်းရွာတွင် နေထိုင်၍ လက်ပံတောင်းအရေး တက်ကြွစွာ လှုပ်ရှားနေသူတစ်ဦးက ဆိုသည်။

လယ်တီသိမ်ကို နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့် အချိန်တွင် လက်ပံတောင်း ဒေသခံများနှင့် သံဃာတော်အချို့ သွားရောက် ဖူးမြော်ရန်အတွက် ဆည်တည်းရွာမှ ထွက်ခွာခဲ့ရာ ခွင့်ပြုချက် တောင်း ခံခဲ့ခြင်း မရှိသည့်အတွက် လက်ပံတောင်းတောင်၏ တောင်ဘက် တောင်ခြေရှိ ခြံစည်း ရိုးခတ်ထားသည့် နေရာတွင် လုံထိန်းရဲတပ်ဖွဲ့၏ တားဆီးခြင်း ခံခဲ့ရပြီးနောက် ယခုကဲ့သို့ သပိတ်စခန်းဖွင့်၍ တောင်းဆိုရခြင်း ဖြစ်ကြောင်း သံဃာတော်တစ်ပါးက မိန့်ကြားသည်။

လယ်တီသိမ်ကို သွားရောက် ကြည့်ရှုရခြင်းမှာ နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ကြေးနီ စီမံကိန်း မှ ခွဲခဲ့သည့် မိုင်းမှာ အင်အားပြင်းသည့်အတွက် သိမ်၏ ကြံ့ခိုင်မှု အခြေအနေကို တွေ့မြင်လို၍ သွားရောက်ရခြင်း ဖြစ်ကြောင်း လက်ပံတောင်း ဒေသခံများက ပြောကြားသည်။

မန္တလေးမြို့မှ လက်ပံတောင်းဒေသရှိ လယ်တီသိမ်တော်သို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုများ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ပြုလုပ်ခဲ့ရာ၊ ဆန္ဒထုတ်ဖော်သူများနှင့် ဖြေလျှော့ရေး အဖွဲ့တို့၏ ညှိနှိုင်း သဘောတူညီချက် ငါးချက်ကို သဘောတူညီမှု ရခဲ့ပြီး၊ လွှတ်တော်သို့ တင်ပြနေစဉ်နှင့် ဆရာတော်ဘုရားကြီးများ သံဃာတော်များ၏ ညွှန်ကြားချက်အတိုင်း ခံယူနေစဉ် အတွင်းမှာ သိမ်တော်နှင့် စေတီကို မည်သည့် အကြောင်းနှင့် မျှ မပျက်စီး မရွှေ့ပြောင်းဘဲ ပကတိအတိုင်း တည်ရှိစေရမည်ဟူသည့် အချက်နှင့် ဘုရားဖူး ပြည် သူ များ ဖူးမြော် ဝင်ရောက်နိုင်ရန် ငါးယောက်ထက်မပို သုံးရက်အတွင်း ခွင့်ပြုမိန့် တောင်းခံရမည် ဟူသည့် သဘောတူညီချက်များ ပါဝင်ခဲ့သည်။

The Voice Weekly
Read more...

Myanmar Handsome အလုပ်သမားသပိတ်စခန်းညှိနှိုင်းမှုမရသေး

0 comments
4.11.2013

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပန်းပဲဝန် ဦးရွှေဘင်လမ်းရှိ Myanmar Handsomeအထည်ချုပ်စက်ရုံအလုပ်သမားများက အောက်တို ဘာ ၂၈ရက်မှစတင်၍ ယနေ့အထိ သပိတ်စခန်း ဖွင့်ဆန္ဒထုတ်ဖော်မှု ခုနစ်ရက်ခန့် ရှိပြီဖြစ်သော် လည်း အလုပ်ရှင်နှင့်အလုပ်သမားများ ညှိနှိုင်း မှုမရရှိသေးကြောင်းဆန္ဒထုတ်ဖော်လျက်ရှိသော အလုပ်သမားများကပြောသည်။

သပိတ်စခန်းဖွင့်ဆန္ဒထုတ်ဖော်မှုတွင်အထည် ချုပ်စက်ရုံအလုပ်သမားများမှ တောင်းဆိုမှုအနေ ဖြင့် အမျိုးသမီး များ သန့်စင်ခန်းရှေ့တွင် တပ်ဆင် ထားသော CCTV ကင်မရာအား တပ်ဆင်ခြင်း မပြုရန်၊ အကြောင်းအမျိုး မျိုးဖြင့် အလုပ်ထုတ် လိုက်သော အလုပ်သမားခေါင်းဆောင်ကိုစည်သူ မင်းအား အလုပ်ပြန်လည်ခန့်အပ်ရန်၊ ယခုနှစ် အောက်တိုဘာ ၉ရက်တွင် ချုပ်ဆိုခဲ့သော အလုပ်ရှင်နှင့်အလုပ်သမား သဘောတူညီချက် များကို မှန်ကန်စွာဆောင်ရွက်ပေးရန်နှင့် ဆန္ဒ ထုတ်ဖော်နေစဉ်အတွင်း အလုပ်သမားများ၏ လုပ်အားခဖြတ်တောက်ခြင်း မပြုရန်တို့ပါဝင်ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့မှ အလုပ်သမားများနှင့် အလုပ် ရှင်ကြား ဝင်ရောက်ဖြေရှင်းမှု ခုနစ်ကြိမ်ရှိသော်လည်း ညှိနှိုင်းမှုမရသေးကြောင်း အလုပ်သမားများထဲ မှ ခေါင်းဆောင်သူ ကိုရန်နိုင်ဦးကပြောသည်။

''ဆန္ဒထုတ်ဖော်တာက စက်ရုံထဲမှာ သုံး ရက်၊ အပြင်မှာက လေးရက် ပေါင်းခုနစ်ရက်ရှိ သွားပြီ။ ညှိနှိုင်းမှုမရသေး ဘူး။ ဆန္ဒထုတ်ဖော်မှု ကို ညှိနှိုင်းမှုရတဲ့အထိ ဆန္ဒထုတ်ဖော်သွားမယ်။ မရရင် သက်ဆိုင်ရာဌာနတွေကို တိုင်ကြားဖို့အထိ ဆောင်ရွက်သွားမယ်''ဟု အလုပ်သမားများထဲမှ မချိုရီဝင်းက ပြောသည်။

သပိတ်စခန်းဖွင့်ထားသော စက်ရုံအလုပ် သမားများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ တာဝန်ရှိသူများက ညှိနှိုင်းပေးခြင်း၊ ကူညီ ပေးခြင်းနှင့် သပိတ်စခန်းတွင် အမျိုးသမီးများ၏ လုံခြုံရေး အတွက် ဆောင်ရွက်ပေး လျက်ရှိပြီး ယင်းဆန္ဒထုတ်ဖော်မှုတွင် အလုပ်သမား ၂ဝဝ ကျော်ပါဝင်၍ သပိတ်စခန်းဖွင့်ချိန်မှစ၍ ယနေ့ အထိ စေတနာရှင်များမှ လာရောက်လှူဒါန်းမှု စုစုပေါင်း ကျပ်ရှစ်သိန်းဝန်းကျင်ရှိပြီဖြစ်ကြောင်း သိရသည်။


The Union Daily
Read more...

လော့စ်အိန်ဂျလိစ်လေဆိပ်တွင် သေနတ်ပစ်ခတ် တိုက်ခိုက်မှုတရားခံ လူသတ်မှုဖြင့် စွဲချက်တင်

0 comments

Monday, November 4, 2013

လော့စ်အိန်ဂျလိစ် လေ ဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုတွင် သံသယရှိသူ အမျိုးသားတစ်ဦးအား လူသတ် မှုဖြင့် စွဲချက်တင်ခဲ့သည်ဟု သိရ သည်။ သံသယရှိသူမှာ အသက် ၂၃နှစ်အရွယ်ရှိ ပေါလ်အန်သိုနီ ဆီယန်စီယာဆိုသူဖြစ်ပြီး ပြစ်မှု ကျူးလွန်ကြောင်း တွေ့ရှိပါက သေဒဏ်အပြစ်ပေးနိုင်ရန် ကြိုး ပမ်းသွား မည်ဖြစ်ကြောင်း တရား ရုံးရှေ့နေတို့ကပြောခဲ့သည်။

မစ္စတာ ဆီယန်စီယာသည် ရဲတပ်ဖွဲ့၏ ပစ်ခတ်ခြင်းကို ခံရ ပြီးနောက်ဆေးရုံတွင် ဆေးကုသ မှုခံယူနေရ သူဖြစ်သည်။ လော့စ် အိန်ဂျလိစ်လေဆိပ်သေနတ် ဖြင့် ပစ်ခတ်မှုတွင် ပြည်ထောင်စု လုံခြုံရေး အေးဂျင့် တစ်ဦးသေ ဆုံးကာ အခြားသူများ ဒဏ်ရာ ရရှိခဲ့သည်။ လေဆိပ်သေနတ် ပစ်ခတ်မှုဖြစ်ပွားရာ တွင် လေ ကြောင်းခရီးစဉ် ၁၅၅ဝနှင့် ခရီး သည် ၁၆၇၀၀ဝတို့အပေါ် သက် ရောက်မှုရှိခဲ့သည်ဟု သိရသည်။

ရှေ့နေအင်ဒရေးဘာရော့ ၏ ပြောကြားချက်အရ သေ နတ်သမားသည် သူ၏အိတ်ထဲ မှ ရိုင်ဖယ်သေနတ်ကို ဆွဲထုတ် ၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အက်ဖ်ဘီအိုင်ကလည်း သေ နတ်သမား၏ကိုယ်ပေါ်တွင် လက်ရေးဖြင့်ရေး ထားသော မှတ် ချက်စာရွက်တစ်ရွက်ကို တွေ့ရှိ ရပြီး စာထဲတွင်တရားခံကိုယ် တိုင်လက်မှတ်ရေးထိုးထားပြီး စာထဲတွင် လေဆိပ်သယ်ယူပို့ ဆောင်ရေးဆိုင်ရာ လုံခြုံရေးအဖွဲ့ကိုသတ်ဖြတ်ရန်ဆုံးဖြတ်ထားသည်ကို ရေးသား ထားကြောင်း တွေ့ရှိရသည်။

ဖြစ်ပွားမှုနှင့်ပတ်သက်၍လက်ရှိအချိန်အထိသံသယရှိသူမစ္စတာဆီယန်စီယာနှင့် တွေ့ဆုံ မေးမြန်းရသေးခြင်းမရှိကြောင်း အက်ဖ်ဘီအိုင်၏ လော့စ်အိန် ဂျလိစ်ရုံးအကြီးအကဲ ဒေးဗစ် ဘိုဒစ်ခ်ျက ပြောကြားခဲ့သည်။

လေဆိပ်ရဲအရာရှိနှစ်ဦး၏ သေ နတ်ဖြင့်ပစ်ခတ်မှုကြောင့် မစ္စ တာဆီယန်စီယာ၏ ပါးစပ်နှင့် ခြေထောက်ကို ထိမှန်ခဲ့သည့်အ တွက် ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေရသည်။

Yangon Media Group
Read more...

ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများတွင် မြန်မာလုပ်သား ၇၅ ရာခိုင်နှုန်း အသုံးပြုမည်ဟုဆို

0 comments

Monday, November 4, 2013

ပြည်ပကုမ္ပဏီများကို အသစ်လုပ်ကိုင်ခွင့် ပြုထားသော နတ်မောက်မြို့နယ် အတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် မြန်မာလုပ်သား ၇၅ ရာခိုင်နှုန်း အသုံးပြုရန် အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ ကို တင်ဒါ အောင်မြင်ထားသည့် ကုမ္ပဏီများနှင့် သဘောတူညီမှု ရရှိထားကြောင်းစွမ်းအင်ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

ယင်းဒေသရှိ တူးဖော်ရေး လုပ်ငန်းများကို ပြည်ပကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာနတို့က အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခြင်း ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်သည့် ပထမ ၂ နှစ်တွင် ကျွမ်းကျင် မြန်မာနိုင်ငံသား၂၅ ရာခိုင်နှုန်း၊ ဒုတိယ ၂ နှစ်တွင် ၅၀ ရာခိုင်နှုန်းနှင့် တတိယ ၂ နှစ်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်အပ် လုပ်ကိုင်ခွင့်ပြုရန် သဘောတူညီမှု ပြုလုပ်ထားကြောင်း ၎င်းက ရှင်းပြသည်။

ဒေသတွင်း လုပ်ကွက်များသည် စီးပွားဖြစ် လုပ်ငန်းများ ဖြစ်သောကြောင့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ ပြည်တွင်းရှိ လုပ်သားများကို ကျွမ်းကျင်သင်တန်းများ၊ လက်တွေ့လုပ်ငန်းများ စီစဉ်ဆောင်ရွက်
ပေးနေကြောင်း၊ ၂၀၁၂-၁၃ ခုနှစ်တွင် BOC တူးဖော်ခဲ့သည့် နတ်မောက်မြို့ အနောက်ဘက် ဝက်ချုပ်ကျေးရွာရှိ တွင်းအမှတ် (၄) မှ ဓာတ်ငွေ့ (၀ ဒသမ ၂) ကုဗပေသန်း ရရှိသော နေရာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးတွင်းများ ပြုလုပ်နေပြီ ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

နတ်မောက်မြို့ရှိ ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သုံးခုကို ၂၀၁၃ ခုနှစ်အတွင်းတွင် ထိုင်းအခြေစိုက် PTTEP ကုမ္ပဏီနှင့် မလေးရှားအခြေစိုက် Carigali Myanmar ILC ကို စွမ်းအင်ဝန်ကြီးဌာနက လုပ်ပိုင်ခွင့် ပြုထားသည်။

မကွေးတိုင်း နတ်မောက်မြို့နယ်ရှိ ကုန်းတွင်း လုပ်ကွက်များဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကို ပြည်ပကုမ္ပဏီများမှ ဝင်ရောက် လုပ်ကိုင်ခြင်းတွင် ယမန်နှစ်က ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် ပဋိပက္ခကဲ့သို့ ဖြစ်ပွားစေနိုင်ကြောင်း နတ်မောက် မဲဆန္ဒနယ်မှ ဦးအောင်ကျော်စိုးက ဆိုသည်။

The Voice Weekly
Read more...

ရှေးဟောင်းနယ်မြေအတွင်း အဆောက်အအုံ ဆောက်သူ အရေးယူမည်

0 comments

Monday, November 4, 2013

မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသများဖြစ်သောပုဂံ၊သရေခေတ္တရာ၊ မြောက်ဦး ရှေးဟောင်း နယ်မြေများအတွင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်သူများကို အရေးယူသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက နိုဝင်ဘာလ ၃ ရက်နေ့က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ ရှေးဟောင်းကန့် သတ်ဇုန်များအတွင်း အဆောက်အအုံဆောက်ခြင်း၊ ပြင်ဆင်ခြင်း၊ ခြံစည်းရိုး ခတ်ခြင်းများ ပြုလုပ်ပါက ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ အရ အရေးယူ
သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာနက ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများရှိရာ နေရာ (Monument Zone) နှင့် ရှေးဟောင်းနယ်မြေ (Ancient Site Zone) များကို သတ်မှတ်ထားပြီး ဇုန်နှစ်ခုလုံးနှင့် ပေ ၉၀ အကွာတွင် အဆောက်အအုံ ဆောက်လုပ်ခွင့် မရှိကြောင်း မြောက်ဦးမြို့နယ်မှရှေးဟောင်း သုတေသန ပညာရှင် ဦးကျော်ထွန်းအောင်က ပြောကြားသည်။

ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ရန်ပုံငွေအဖွဲ့ (GlobalHeritageFund)ကအာရှတိုက်တွင် ပျောက်ကွယ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်နေရာအဖြစ် ထုတ်ပြန်ထားသော မြောက်ဦးမြို့ရှိ ရှစ်သောင်း ပုထိုးတော်ကြီး အနီးတွင် သြဂုတ်လဆန်းက နေအိမ်အလုံး ၂၀ခန့် ဆောက်လုပ်ခဲ့ခြင်းကိုဒေသခံများနှင့် သက်ဆိုင်ရာက ပူးပေါင်း ကြိုးပမ်း တားမြစ်နိုင်ခဲ့၍ ရပ်ဆိုင်းခဲ့ကြောင်း မြောက်ဦး နာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။

ပုဂံ၊ သရေခေတ္တရာ၊ မြောက်ဦး ကန့်သတ်ဇုန်များအတွင်း ခြံများတိုးချဲ့ ကာရံခြင်း၊ အဆောက်အအုံများ တိုးချဲ့ခြင်း၊ အသစ်တည်ဆောက်ခြင်းနှင့် အုတ်ဖုတ်ခြင်းများ ဆောင်ရွက်နေခြင်းကြောင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးလျက် ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ။မြန်မာနိုင်ငံတွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန် ယဉ်ကျေးမှု အမွေ အနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကို ၁၉၉၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့သည်။

ယင်းဥပဒေနှင့် ပတ်သက်သော နည်းဥပဒေများကို ၂၀၁၁ ခုနှစ်က ပြဋ္ဌာန်း ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံတွင်းရှိ ယဉ်ကျေးမှု အမွေအနှစ်ဒေသ ၄၆ ခုကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်လျက် ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီး
ဌာနထံမှ သိရသည်။

The Voice Weekly
Read more...

ဆင်ထိန်းဦးသိန်းစိန်သေဆုံးမှုနဲ့ ဗေဒဆရာတို့အမြင်

0 comments

ရန်ကုန်မှာ မွေးထားတဲ့ ဆင်ဖြူတော်တွေထဲတစီးရဲ့ တိုက်ခိုက်ချက်ကြောင့် နေကြတ်ဖို့ တရက်အလို၊ သီတင်းကျွတ် လကွယ်နေ့မှာ ဆင်ဦးစီးတယောက် သေဆုံးသွားပါတယ်။ ဒီအကြောင်းကို ဒီဘလော့ http://blog.irrawaddy.org/2013/11/blog-post_3.html မှာ ဖော်ပြခဲ့ပြီးပါပြီ။


ဆင်ဦးစီးအမည်က သမ္မတအမည်နဲ့ သွားတူနေတဲ့အတွက် ဒီသတင်းက အများစိတ်ဝင်စားတဲ့ သတင်း ဖြစ်နေပါတယ်။ ဗေဒင်၊ နက္ခပညာရှင်တို့ကလည်း ဒီအကြောင်း စိတ်ဝင်စားကြပုံရပါတယ်။ သူတို့ရဲ့ ပြောဆိုချက် ခန့်မှန်းချက်တွေကို ဒီနေ့ထုတ် သတင်းစာတချို့မှာ တွေ့ရပါတယ်။

"ဆင်ဖြူတော်တွေက သစ္စာ ရှိကြတယ်။ ဒီလို ဆင်ဖြူတော်က လူသတ်တယ် ဆိုတော့ ကောင်းတဲ့ နိမိတ်တော့ မဟုတ်ဘူး" လို့ ဒေါက်တာဦးကံမင်းက 7Day သတင်းစာကို ပြောပါတယ်။သမ္မတဦးသိန်းစိန် အတွက်တော့ ယတြာကျေသွားတာပဲ လို့ သူက ဆက်ပြောပါတယ်။

အဲဒီသတင်းစာမှာပဲ ဆရာမင်းသိမ်းခိုင် သုံးသပ်ထားတာက ဒီလိုပါ..."ဦးသိန်းစိန်အတွက် အန္တရာယ်ကင်းတဲ့ နိမိတ်ပါပဲ။ သမ္မတ ကြုံရမယ့် အခိုက်ကို ဆင်ဦးစီး ခံပေးလိုက်တဲ့ သဘော ယူဆလို့ ရပါတယ်"
ရန်ကုန်တိုမ်း သတင်းစာမှာလည်း ဦးဇေယျာကိုရဲ့ အဆိုကို အခုလို တွေ့ရမှာပါ...
"သမ္မတကြီးအနေနဲ့ ကံညံ့တွေ ကြုံနေတဲ့ အချိန်မှာ နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်တဲ့အတွက် နိုင်ငံတော်သမ္မတ နေရာမှာ အခြား ကံနိမ့်တဲ့ နာမည်တူ ဆင်ဦးစီးက အခုလိုမျိုး ဖြစ်သွားတယ်လို့ သုံးသပ်နိုင်ပါတယ်"

ကဲ... ပညာရှင်များကတော့ အဲဒီလို သုံးသပ်နေကြပါပြီ။ ဧရာဝတီဘလော့ ပရိသတ်များကရော ဒီဖြစ်ရပ်ကို ဘယ်လို မြင်ကြပါသလဲ။ ဗေဒပညာရှင်များလိုပဲ မြင်ကြပါသလား။ အမြင်တွေကို ဒီဘလော့မှာ မှတ်ချက် ပေးသွားနိုင်ကြသလို ဖေ့စ်ဘုတ်မှာလည်း ရေးသွားနိုင်ပါတယ်။

မကြာသေးခင်ကပဲ ထိုင်းနိုင်ငံက မြန်မာ့ဆင်ဖြူကို ငှားရမ်းလိုကြောင်း လေသံ ပစ်ခဲ့ဖူးကြောင်း http://blog.irrawaddy.org/2013/06/blog-post_594.html မှာ ဖတ်နိုင်ပါတယ်။ မြန်မာဘက်က အပြတ် ငြင်းလိုက်ပုံပါပဲ။ လက်ခံပြီး ခဏ ပို့လိုက်မိရင် ထိုင်းဘက်မှာ ဒီလိုအမှုမျိုးဖြစ်လာနိုင်ပါသေးတယ်။

ဆင်တွေရဲ့ အရေခွံအရောင်ကြောင့် လူတွေရဲ့ အာရုံကလည်း အမျိုးမျိုး အပြောင်းအလဲ ရှိနေပါတယ်။ ဆင်တွေကိုယ်တိုင်လည်း ဒါဟာ ကံဆိုးတယ်လို့ ဆိုနိုင်ပါတယ်။ သာမန်အရေခွံသာ ပိုင်ဆိုင်မယ် ဆိုရင် သူ့ဇာတိမှာပဲ လွတ်လွတ်လပ်လပ် ဆက်နေနိုင်မယ်လို့ ဆိုရပါမယ် (သစ်ပင်ခုတ်တာ များသွားလို့ သူတို့ဘုံပျောက်ခြင်းကတော့ တပိုင်းပေါ့လေ)။သာမန်အရေခွံမဟုတ်၊ အဖြူကြိုက်သူများကြား အရေခွံဖြူဖွေးလုနီးပါး ဖြစ်နေတဲ့အတွက် သံကြိုးခတ်ခံရပြီး ရုံသွင်းပြခံရတဲ့ ဘ၀ ရောက်နေတာကတော့ ကံဆိုးတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။

Irrwaddy
Read more...

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် ဦးဆောင်သော အဖွဲ့ ပြပွဲ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ...

0 comments
ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် ဦးဆောင်သော အဖွဲ့သည် ထိုင်းနိုင်ငံ၌ နိုဝင်ဘာ ၄ရက်မှ ၆ရက်ထိ ကျင်းပမည့် နိုင်ငံတကာ ကာကွယ်ရေးနှင့် လုံခြုံရေး ပြပွဲ- ၂ဝ၁၃ (Defence & Security International Exhibition 2013) သို့တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် လေ ကြောင်း ခရီးဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ သွားရာ တပ်မတော် အရာရှိကြီး များနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ကြသည်။

Credit: မြ၀တီ
Read more...

တူတန်ခမန်သည် အသတ်ခံရခြင်းမဟုတ် လှည်းဘီးကြိတ်၍ သေရဟု နောက်ဆုံးတွေ့ရှိ..

0 comments

အင်္ဂလိပ်ရှေးဟောင်းသုတေ သနပညာရှင် ဒေါက်တာဟောင်း ဝက်ကာတာ ရှာဖွေတွေ့ရှိခဲ့သော အီဂျစ်ရှေးဟောင်း ဘုရင် တူတန် ခမန်၏ ဆေးစီရင်ထားသော ရုပ်အလောင်းသည် မြင်းရထား အကြိတ်ခံရကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သတင်းထပ်မံ၍ထွက် ပေါ်လာခဲ့သည်။ဘီစီ၁၃၂၃တွင် သေဆုံးသွား ခဲ့သော ရှေးဟောင်းအီဂျစ်ဘုရင် တူတန် ခမန်၏ ဆေးစိမ်ရုပ်အလောင်း ကို လွန်ခဲ့သောနှစ် ၉ဝအကြာ က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ဒေါက်တာချာရစ်စ်နော့တန်က ဒေါက်တာကာတာ၏ မှတ်တမ်း များကိုဖတ်ရှုခဲ့ပြီးနောက် ဘုရင် တူတန်ခမန်သည် အရှိန်ပြင်းစွာ မောင်းနှင်လာသော မြင်းရထား ဘီးတက်ကြိတ်ခံရပြီး သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု အဆိုပြုလိုက် သည်။

ဒေါက်တာနော့တန်က ဘု ရင်တူတန်ခမန်၏ ကိုယ်ထည်ပိုင်း သည် အရှိန်မြင့်မောင်းနှင်လာ သော မြင်းရထားဘီး ကြိတ်ခံရ ကာ ပြင်းထန်စွာသေဆုံးခဲ့ပြီး သွေးထွက်လွန်ကာ ကိုယ်ခန္ဓာအ တွင်း သွေးအနည်းငယ်သာကျန် ရှိခြင်းကြောင့် ရုပ်အလောင်းအား ဆေးစီရင်သူများကိုပါ အခက်အ ခဲဖြစ်စေခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။ ၁၉၆၈ခုနှစ်တွင် လီဗာပူးလ် တက္ကသိုလ်မှ ဘုရင်တူတန်ခမန် ၏ ဦးခေါင်းခွံအား ဌ-မပျေရိုက် ခဲ့ရာမှ သတ်ဖြတ်ခံကာ သေဆုံး ခဲ့ခြင်းဖြစ်သည်ဟူသော သီအိုရီ သည် နှစ်လေးဆယ်ကျော်ကြာ မြင့်ခဲ့သည်။

သို့သော် ယခုအခါ တွင် ဘုရင်တူတန်ခမန်၏ ဦး ခေါင်းခွံဒဏ်ရာသည် သေဆုံးခဲ့ ပြီးနောက်မှ ရရှိခဲ့သော ဒဏ်ရာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရင်တူတန်ခမန်၏ဆေး စိမ်ထားသောရုပ်ကြွင်းတွင် ဘယ် ဘက်ခြမ်း ဦးခေါင်းခွံမှာ ကွဲအက် နေသကဲ့သို့ ရင်ညွန့်ရိုးနှင့်နှလုံး တို့မှာလည်း ပုံမှန်ထက်လျော့နည်း နေသည်ဟု သိရသည်။

Credit: Yangon Media Group

Read more...

အိန္ဒိယတွင် ခရီးသည်များကို ရထားဝင်တိုက် ရှစ်ဦးသေ

0 comments
4.11.2013

အိန္ဒိယနိုင်ငံတောင်ပိုင်း၌ အမြန်ရထားတစ်စီးက ခရီးသည် များအကြားသို့ ဝင်ရောက်တိုက်မိ ခဲ့သည်။ ခရီးသည်များမှ ရထား မီးလောင်သည်ဆို၍ ရထားတွဲ ထဲမှ ထွက်ပြေးကြစဉ် ယခုကဲ့သို့ တိုက်မိခဲ့ခြင်းဖြစ်သည်။

ရထား တိုက်၍ အနည်းဆုံး ရှစ်ဦးသေ ဆုံးကြောင်း သက်ဆိုင်ရာမှပြော ကြားခဲ့သည်။အန္ဒရာပရာဒတ်ရှ်ပြည်နယ် ဂို့လမ်ဘူတာ၌ တိုက်မိခဲ့ခြင်းဖြစ်ပြီး လူများစွာလည်း ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ရထားတွဲမီးလောင်မှုဖြစ်ပွား သည်ဟု ကောလာဟလသတင်း များပေါ်ထွက်ပြီးနောက် ရထား ပေါ်မှ ခရီးသည်များ ရထားလမ်း ပေါ်သို့ ပြေးလွှားဆင်းလာကြစဉ် အမြန်ရထားက တိုက်မိခဲ့ခြင်းဖြစ်သည်။

အလက်ပီ- ဒမ်ဘက်အမြန် ရထားက အရေးပေါ်ရထားတွဲမှ ခရီးသည်များအား ဆင်းပြေးလာ ကြစဉ် ရိုင်ဂါ- ဗီဂျေဝါဒရထားက အခြားလမ်းမှလာစဉ် ဖြတ်၍တိုက် ခဲ့ခြင်းဖြစ်ကြောင်း မီးရထားဌာန မှ ပြောရေးဆိုခွင့်ရ
ပုဂ္ဂိုလ် ဂျေ ပီမီရှရာက အိန္ဒိယရုပ်သံဌာနသို့ ပြောပြခဲ့သည်။

Yangon Media Group
Read more...

လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ဖြည်းဖြည်း ချင်း လျှော့ချရန် ကြိုးပမ်းမည်ဟု တ.စ.ည ဆို

0 comments
4.11.2013

တပ်မတော် အရာရှိဟောင်းများ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက လွှတ်တော်တွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လျှော့ချနိုင်ရန် အခြေခံဥပဒေကို ဖြည်းဖြည်းချင်း ပြင်ဆင် သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက ပြောကြားသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီက အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ် မော်လမြိုင်မြို့သို့ အောက်တိုဘာလ ၂ ရက်နေ့တွင် သွားရောက်သည့် ခရီးစဉ်အတွင်း သတင်းမီယာ သမားများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဖွဲ့စည်းပုံမှာ ပါရှိထားတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားများ တစ်စတစ်စ လျှော့ချသွားမယ်။ နောက်ဆုံး လွှတ်တော်မှာ အများပြည်သူတွေရဲ့ မဲဆန္ဒနဲ့ တက်ရောက်တဲ့ လွှတ်တော် အမတ်တွေနဲ့ လွှတ်တော်ကို ဖွဲ့စည်းဖို့ လုပ်ဆောင်သွားမယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက အခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်ဆောင်သွားမည် ဖြစ်ပြီး အသစ်ပြန် ရေးဆွဲရေးကိုမူ လက်မခံကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက အခြေခံဥပဒေပါ တိုင်းရင်းသား အခွင့်အရေး၊ တိုင်းရင်းသားဒေသ များ သယံဇာတ ခွဲဝေရေး၊ ပြည်နယ်အစိုးရများ လုပ်ပိုင်ခွင့် ပိုမိုရရှိရေးတို့ကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။“ဒီဖွဲ့စည်းပုံမှာရှိတဲ့ ခေတ်ကာလနဲ့ မကိုက်ညီတော့ တဲ့ အချက်တွေရော အခန်းတိုင်းက လိုအပ်တဲ့ အချက်တွေ အားလုံးကိုတော့ ပြင်ဆင်သွားရမှာပဲ၊ အသစ်ရေးဆွဲလို့ ကြားကာလ၊ ကြားကာလဆိုပြီး နောက်တစ်ကြိမ် နှစ်ရှည် သွားမှာကိုပဲ စိုးရိမ်တယ်” ဟု ဦးဟန်ရွှေက ပြောကြားသည်။

အခြေခံဥပဒေကို ပြင်ဆင်ရန် ယင်းပါတီအပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် အခြားတိုင်းရင်းသား ပါတီများကလည်း ကြိုးပမ်းနေပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် နိုင်ငံရေး ပါတီအသီးသီး၏ အခြေခံဥပဒေ ပြင်ဆင်ချက်များကို လွှတ်တော်အတွင်း ဖွဲ့စည်းထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ ပေးပို့ သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီများထံမှ သိရှိရသည်။

The Voice Weekly
Read more...

ဒီလိုပဲ ငြိမ်ခံနေကြတော.မှာလား?

0 comments
                            ဓါတ်ပုံ - မမေသန်းခင်၊ အသက် ၁၈ နှစ်၊ ဒဏ်ရာအရေးပေါ်ခွဲစိတ်ခန်းမ၀င်မှီ

နိုဝင်ဘာလ ၂ ရက်နေ့ ၂၀၁၃ ခုနှစ်၊ ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ရခိုင်အမျိုးသမီး ၃ ဦး ဂုံးကောင် ရှာနေကြစဉ် ညနေ ၅ နာရီခန့်အချိန်တွင် ငှက်ချောင်း ကုလားရွာမှ ကုလားများ၏ အကြမ်းဖက် တိုက်ခိုက် ခံခဲ့ကြရသည်။ ဒေသခံရခိုင်အမျိုးသမီး ၃ ဦးအနက်မှ ဒေါ်မလှခင်၊ အသက် ၃၀ နှစ်မှာ လှံများဖြင့် ၀ိုင်းဝန်းထိုးသတ် ခံရသည့် ဒဏ်ရာကြောင့် နေရာတွင်ပွဲပြီး သေဆုံးပြီး၊ မမေသန်းခင်၊ အသက် (၁၈)နှစ်မှာ ဓါးဒဏ်ရာ နောက်ကျော ၀ဲဘက်လက်မောင်း တစ်ချက်၊ တင်ပါး ဓါးဒဏ်ရာတစ်ချက်၊ နောက်ကျော လှံထိုးခံရသည့် ဒဏ်ရာတစ်ချက် ပေါင်း ၃ ချက်ဖြင့် အရေးပေါ်အတွင်းလူနာ အဖြစ် စစ်တွေ အထွေထွေဆေးရုံကြီးတွင် ခွဲစိတ်ကုသမှု ခံယူနေရပါသည်။

Read more...

NGO များ၏ လုပ်ရပ်များကိုစစ်တွေဒေသခံများ ကန့်ကွက်

0 comments


ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများတွင် NGO များ၏ ပြုမူဆောင်ရွက်ပုံများကို မကျေနပ်ကြသဖြင့် စစ်တွေဒေသခံ ၅၀၀ခန့်က စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးဝင်းထဲတွင် ကန့်ကွက်ပွဲတစ်ခုကိုယနေ့နေ့လည် ၂နာရီခန့်တွင် ပြုလုပ်ခဲ့ကြသည်။

ယမန်နေ့ညနေပိုင်းတွင် ကုလားများ၏၀ိုင်းဝန်းတိုက်ခိုက်ခံရသော ဒဏ်ရာရသူ ဆင်အိုင်ကျေးရွာမှ ရခိုင် အမျိုးသမီးငယ်ကိုကယ်ဆယ်ခြင်းမပြုဘဲ ဆင်တမော်ကျေးရွာတွင် ဆူပူအကြမ်းဖက်၍ ဒဏ်ရာရသူ ကုလားသုံးယောက်ကို အမြန်ဘုတ်ဖြင့်ယူလာပြီး၊ ဆေးရုံတွင်လည်း ကုလားများကိုသာ ဦးစားပေး ကုသရန် ဆေးရုံဝန်ထမ်းများအား ဖိအားပေးခဲ့ကြသည်ဟုသိရသည်။

ကုလားအားပေး NGO များသည် ရခိုင်ပြည်နယ်တွင်းပဋိပက္ခများအတွင်း ကုလားများကိုတဘက်သတ် ကူညီနေသဖြင့် ဒေသခံများ မကျေမနပ်ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်ဟုသိရသည်။ယနေ့ ကန့်ကွက်ပွဲကို လူငါးရာခန့်တက်ရောက်ပြီး သံင်္ဃာတော်တစ်ချို့နှင့် ပြည်သူအချို့တို့က မကျေနပ်ချက်များကို ပြည်နယ် ၀န်ကြီးချုပ် ကို အမြန်ဆုံးဖြေရှင်းအရေးယူပေးရန် စုပေါင်းတောင်းဆိုခဲ့ကြပြီး ပိုစတာကိုင်ဆောင်ကာ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။


From : .. CAN
Read more...

နျူစွမ်းအင် အသုံးပြုရေး ထောက်ခံကြဖို့ သိပ္ပံပညာရှင်တွေ တိုက်တွန်း

0 comments

4.11.2013

 ကမ္ဘာကြီးပူနွေးမှုကိုဖြည့်ဆည်းပေးနေတဲ့ Fossil fuels ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာတွေအစား ပိုပြီးစိတ်ချရ တဲ့ နျူကလီယားစွမ်းအင်စံနစ် ထုတ်လုပ်ရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေအနေ နဲ့ ထောက်ခံကြပါရန် အထင်ကရ ဥတုရာသီ သိပ္ပံပညာရှင် ၄ ဦးက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျနိုင်ငံအခြေစိုက် သိပ္ပံပညာရှင်တွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒပိုင်းမှာ သြဇာညောင်းပေမဲ့ နျူကလီယား စွမ်းအင်ကိုဆန့်ကျင်တဲ့ ပုဂ္ဂိုလ်တွေကို လိပ်မူပြီး တနင်္ဂနွေနေ့က ပန်ကြားစာ ပေးပို့လိုက်တာပါ။

နျူကလီယားဓာတ်ပေါင်းဖိုတွေဟာ အန္တရာယ်အလွန်များပြီး စရိတ်စက ကြီးတာကြောင့် Fossil fuels ရေနံနဲ့ သဘာဝဓာတ်ငွေ့လောင်စာတွေ အစား အသုံးပြုမှာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ အတော်များ များက ဆန့်ကျင်ကြပါတယ်။ အစိုးရတွေအနေနဲ့ ကမ္ဘာ့လိုအပ်ချက် ပြည့်မီအောင် နေရောင်ခြည် နဲ့ လေစွမ်းအင် ကို စွမ်းအင်အရင်းအမြစ်အဖြစ် ရင်းနှီးမြှုပ်နှံသင့်တယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ တန်ဖိုးနည်းပြီး အားထားရမယ့်စွမ်းအင်ကို ကမ္ဘာ့စီးပွားရေးလိုအပ်ချက် အတိုင်းအတာပြည့် မီအောင် ဖြန့်ဖြူးနိုင်ဖို့အတွက် နေရောင်ခြည်နဲ့ လေစွမ်းအင် စံနစ်ကို အလျင်မီအောင် ထုတ်လုပ်ဖို့မဖြစ်နိုင်ဘူးလို့ ပန်ကြားစာရေးသားသူ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဥတုရာသီတည်ငြိမ်ရေး ရေရာသေချာတဲ့ အဖြေရှာရာမှာ နျူကလီယားစွမ်းအင်ရဲ့ ရေရှည်ခံတဲ့အခန်းကဏ္ဍကို ထည့်သွင်း စဉ်းစားမှ ဖြစ်မယ်လို့ ဆိုပါတယ်။

လောင်စာဆီစက်ရုံတွေကစွန့်ထုတ်တဲ့ လေထုညစ်ညမ်းမှုအမှိုက်ပုံကြီးကို သန့်စင်အောင်လုပ်ရတဲ့ စွန့်စားမှုနဲ့စာရင် နျူကလီယာစွမ်းအင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်တာက ပိုပြီး သက်သာပါတယ်လို့ သိပ္ပံပညာရှင် ၄ ယောက်က သုံးသပ်ထားပါတယ်။

VOA
Read more...

ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှု များပြားနေသော်လည်း လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှု ကဏ္ဍတွင် အားနည်းနေ

0 comments

4.11.201.
 
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တတိယအများဆုံး တိုင်ကြားနေသော်လည်း လက်ရှိကာလအထိ ရဲတပ်ဖွဲ့ဝင်များအား လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှုများ အားနည်းနေဆဲဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးဖြစ်သူ ဒုရဲမှူး မျိုးမြင့်ကြိုင်က ပြောကြားသည်။

"ပညာပေးမှု အပိုင်းမှာတော့ အားနည်းနေပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင် ကိုယ်ပိုင်သင် တန်းကျောင်းတွေ ပေးတာ မျိုးတွေ ရှိတယ်" ဟု ဒုရဲမှူးမျိုးမြင့်ကြိုင်က ပြောကြားသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားလွှာများအနက် တရားရုံး လုပ်ထုံးလုပ်နည်းအရ မတရား စီစဉ်ခံနေရမှု၊ အမှုဘေးချိတ်ထားမှု၊ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ အယူခံ တက်ရမှု၊ တရားရုံးကြန့်ကြာမှု အစရှိသည့် တရားရုံးမှုနှင့် အချုပ်ခန်း၊ အကျဉ်းထောင် စသည့်နေရာများတွင် ရဲတပ်ဖွဲ့ဝင်များ၏ ညှင်းပန်းနှိပ်စက်မှုများမှာ အများဆုံး အနေအထားဖြစ်ကြောင်း သိရသည်။
"ရဲတပ်ဖွဲ့ဝင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုကို အများဆုံး တိုင်ကြားပါတယ်။ ကျွန်တော်တို့ အနေနဲ့ အချက်အလက်နဲ့ တိုင်ကြားခံရပုံ မှန်မမှန်စစ်ပြီး တိုင်တဲ့သူဘက်က မှန်နေတယ်ဆိုရင် သက်ဆိုင်ရာ ဌာနကိုတိုင်ပြီး လုပ်ထုံးလုပ်နည်းအရ အရေးယူစေပါတယ်။ ကျွန်တော်တို့ အနေနဲ့ သူတို့ကို လုပ်ပေးနိုင်တဲ့ အနေအထားကလည်း ပညာပေးခြင်း အဆင့်ပဲ ရှိပါတယ်" ဟု ဦးဝင်းမရက ဆိုပါသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် အကျင့်ပျက် လာဘ်စားသည့် ရဲဝန်ထမ်းများ၊ ထုတ်ပယ်ခြင်း ရာထူးချခြင်း ပြုလုပ်ခံရသည့် ရဲဝန်ထမ်းများမှာ ၄၀၀၀ ဦးခန့်ရှိနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

EMG
Read more...

လိုင်ဇာ တိုင်းရင်းသား ညီလာခံ သဘောတူညီချက် RCSS လက်မှတ်မထိုး

0 comments
ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းသားညီလာခံက ချမှတ်လိုက်သော အပစ်ရပ်ရေး နှင့် ငြိမ်းချမ်းရေး ဘုံမူဝါဒ သဘောတူညီချက်များကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) လက်မှတ် မထိုးဟု သတင်းရရှိသည်။RCSSသည် တိုင်းရင်းသားပေါင်းစုံ၏ ဘုံသဘောတူညီချက်ကို လက်မှတ်ထိုးခြင်း မရှိသကဲ့သို့ လိုင်ဇာညီလာခံက ဖွဲ့စည်းလိုက်သည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ တိုင်းရင်းသားပေါင်းစုံ ကိုယ်စားပြုမည့် အဖွဲ့Nation Wide Cease-Fire Coordination Team (NCCT)ဖွဲ့စည်းရေးတွင်လည်း RCSS ကိုယ်စားလှယ် ထည့်သွင်းခြင်းမရှိဟု သိရှိရသည်။

RCSS မှ ဗိုလ်မှုးကြီးစိုင်းလှက   “ခုချိန်ထိ ဘယ်ကော်မတီထဲမှာမှ မပါသလို လက်မှတ်ထိုးတဲ့ အထဲမှာလည်း မပါဘူး။ ဒါကအဖွဲ့ မှာရှိတဲ့ပေါ်လစီပိုင်းကြောင့်ပါ။ ဘုံသဘောတူညီချက်ကို လက်မခံနိုင်တာတော့ မဟုတ်ပါဘူး။ ဒီသဘော တူညီချက်တွေကို တဦးတယောက် အနေနဲ့လက်ခံလို့မရလို့ပါ။ အဖွဲ့အနေနဲ့ ပြောမှသာရမှာပါ။ ဒီတော့ ဘုံသဘောတူညီ ချက် ကိုလည်းလက်မှတ်မထိုးသလို ဒီညီလာခံကနေဖွဲ့တဲ့ကော်မတီမှာလည်း ကိုယ်စားပြုပါဝင်ဖို့ လူမထည့်တာပါ”ဟုပြောသည်။

သို့ရာတွင် လိုင်ဇာညီလာခံ တက်ရောက်လာသည့် RCSSမှ အဖွဲ့ဝင်လည်းဖြစ်၊ Euro-Burma Office ၏ တာဝန်ရှိသူ လည်းဖြစ်သူ  ဦးဟန်ညောင်ဝေ ကမူ ငြိမ်းချမ်းရေး အသိသက်သေတဦး အနေဖြင့် လိုင်ဇာညီလာခံ တိုင်းရင်းသားပေါင်းစုံ ဘုံသဘောတူညီချက်တွင်  လက်မှတ်ရေးထိုးခဲ့သည်။“RCSSအဖွဲ့က လိုင်ဇာညီလာခံ သဘောတူညီချက် အကုန်လုံး သဘောတူပေမယ့် အဖွဲ့ပေါ်လစီ အရတိုင်ပင်ပြီးမှ ဆုံးဖြတ်ရမှာမို့ပါ။ ဒါကြောင့်မို့ လက်မှတ် မထိုးတာပါ။ ဒီတိုင်းရင်းသားပေါင်းစုံ ဘုံသဘောတူညီချက်ကို ထောက်ခံသလို၊ဒီသဘော တူညီချက် ကို လိုက်လံရှင်းပြဖို့ဖွဲ့ထားတဲ့အဖွဲ့အပေါ်မှာ လည်း ထောက်ခံမှုရှိပါတယ်”ဟု ဦးဟန်ညောင်ဝေက ဆိုသည်။
လိုင်ဇာညီလာခံ သဘောတူညီချက်တွင် အခြေခံမူများချမျတ်ရေး၊ ရည်ရွယ်ချက်များ၊ ၊ နှစ်ဖက်လက်ခံနိုင်သည့် လမ်းပြ မြေပုံ၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ စတင်အကောင်အထည်ဖော်ခြင်း၊  ယုံကြည်မှုတည်ဆောက်ခြင်း ၊ မတရားအသင်းပယ်ဖျက်ရေး၊ ဆွေးနွေးကာလအစီအစဉ်၊ ၊လက်မှတ်ရေးထိုးခြင်း၊ ပြန်လည်ထူထောင်ရေး နှင့်
အထွေထွေအချက်များ ပါဝင်ကြောင်း သိရှိရသည်။လိုင်ဇာညီလာခံတွင် တိုင်းရင်းသားအဖွဲ့ ၁၈ဖွဲ့ တက်ရောက် ခဲ့ပြီး သဘောတူညီချက်တွင် RCSS မှ အပ ကျန် အဖွဲ့ ၁၇ ဖွဲ့ လက်မှတ် ရေးထိုးခဲ့သည်။

ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာ ဆလိုင်းဆန်မုန်းဆာခေါင်းက  “RCSSက သူတို့အဖွဲ့စည်းမျဉ်း ကြောင့် လက် မှတ် မထိုးတာပါ။ ကျန်တဲ့အပိုင်းကိုတော့ သူတို့လက်ခံပါတယ်။ ဒီစည်းဝေးပွဲကအောင်မြင် တဲ့စည်းဝေးပွဲ ပါ”ဟုပြောသည်။လိုင်ဇာညီလာခံတွင် လေ့လာသူအဖြစ်တက်ရောက်သူ ဦးအောင်ကျော်ဇောက “ပြောရ ရင် ဆွေးနွေးမှုကို သိပ်အားရမှု မရှိဘူး။ တိုင်းရင်းသားတွေကဒီထက်အစိုးရကို ခိုင်မာတဲ့တောင်းဆိုမှုတွေ ရှိသင့်တယ်။ ခုက အစိုးရ ချပေးတဲ့ဟာ အပေါ်မှာပဲ လိုက်ပြီးလုပ်နေတယ်။ နောက်တိုင်းရင်းသားတွေက ညီညွှတ်ဖို့ ပြောနေပေမယ့် ညီညွှတ်ဖို့ လိုအပ်နေသေး တယ်” ဟု သုံးသပ်သည်။လိုင်ဇာညီလာခံ တက်ရောက်ခြင်းမရှိသည့် “၀” တပ်ဖွဲ့(UWSA ) နှင့် မိုင်းလားအဖွဲ့( NDAA)တို့ထံသို့ တိုင်းရင်းသား ပေါင်းစုံ ကိုယ်စားပြုကော်မတီ (NCCT)မှ ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ပြီး ညီလာခံ သဘောတူညီချက်များ ရှင်းပြမည် ဖြစ်ကြောင်း သိရှိရသည်။

တိုင်းရင်းသား ပေါင်းစုံ ကိုယ်စားပြုကော်မတီ Nation Wide Cease-Fire Coordination Team (NCCT) အဖွဲ့ကို လိုင်ဇာညီလာခံ နောက်ဆုံးရက် နိုဝင်ဘာ ၂ရက်နေ့တွင် ဖွဲ့ စည်းလိုက်ပြီး လတ်တလော တိုင်းရင်းသားအဖွဲ့ ၁၃ခု မှ ကိုယ်စားလှယ်တဦးစီ ပါဝင်ကြောင်း၊ မွန်ပြည်သစ်ပါတီ (NMSP)မှ ဦးနိုင်ဟံသာက အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ဖဒိုစောကွယ်ထူးဝင်းက ဒုတိယခေါင်းဆောင်၁ အဖြစ်လည်းကောင်း၊ ကေအိုင်အိုမှ ဗိုလ်ချုပ်ဂွမ်မော်က ဒုတိယခေါင်းဆောင်၂ အဖြစ် လည်းကောင်း တာဝန်ယူထားကြောင်း၊ အစိုးရနှင့် ငြိမ်ချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး အတွက် ယင်းကော်မတီ က တိုင်းရင်းသားများအဖွဲ့များကို ကိုယ်စားပြု ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Irrawaddy
Read more...

ကြေးနီစီမံကိန်းကိစ္စနဲ့ အင်ကြင်းတောင်ပေါ်မှာ သပိတ်စခန်းဖွင့်လှစ်

0 comments

Monday, November 4, 2013

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ရှိ အင်ကြင်းတောင်ပေါ် မှာ သံဃာတော်တွေ ဦးဆောင်တဲ့ သပိတ်စခန်း ၁ ခုကို နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး ဖွင့်လှစ်ခဲ့တယ်လို့ လက်ပံတောင်းတောင် ဒေသခံတွေက ပြောပါတယ်။

သိမ်တော်ကြီး စေတီတော်နားမှာ မိုင်းခွဲခဲ့တာကြောင့် စေတီတော်မှာ အက်ကြောင်းတွေ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် ဒေသခံတွေက စေတီတော်ကို ကြည့်ရှုစစ်ဆေး ဖို့ တောင်းဆိုတာကို သက်ဆိုင်ရာက မလိုက်လျောတဲ့အတွက် အခုလို သပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေ
တာဖြစ်တဲ့ အကြောင်း တုံကျေးရွာ အုပ်စုက လယ်သမားခေါင်းဆောင် ကိုမင်းမင်းက ပြောပါတယ်။

“စီမံကိန်းကြီးကို စပြီးတော့ ယမ်းတွေ ဖောက်ခွဲနေတဲ့အခါမှာ သိမ်ဘုရားမှာလည်း အက်ကြောင်းတွေ ထင်သွားတယ်လို့ ကျွန်တော်တို့ သတင်းရတယ်။ အဲဒီဟာအတွက် သိမ်ဘုရားကို တက်ပြီး ကြည့်ရှုခွင့်တောင်းတယ်။ တစ်ပြားမှကို လုံးဝကို မပေးဘူး။ အဲဒါမပေးတဲ့အတွက် ဒါမရမခြင်း ကျွန်တော်တို့ မပြန်ဘူးဆိုပြီးတော့ ဆည်တဲကျေးရွာရဲ့အနောက်ဖက် အင်ကြင်းတောင်ပေါ်မှာ ကျွန်တော်တို့ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေတယ်ခင်ဗျ။”

အခုလို သပိတ်စခန်း ဖွင့်လှစ်တောင်းဆိုနေပေမယ့် အစိုးရဘက်က လာရောက် ညှိနှိုင်းတာ မရှိသေးဘူး လို့လည်း ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ စီမံကိန်း မစတင်ခင် သာသနိက အဆေက်အအုံတွေကို လွတ်ကင်းတဲ့နေရာကို ပြောင်းရွှေ့ပေးဖို့ အကြံပြုထားပြီး ဒီလို ပြောင်းရွှေ့
တဲ့ နေရာဟာလည်း သံဃာတော်တွေနဲ့ ဒေသခံတွေ ကျေနပ်မှုရှိတဲ့နေရာကို ပြောင်းရွှေ့ပေးဖို့ တိုက်တွန်း ထားပြီးအဲဒီအစီရင်ခံစာပါအတိုင်းလုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုကြတဲ့အကြောင်း ရေဒီယိုသြ
စတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။

ABC
Read more...

လှေနစ်မြုပ်တဲ့အတွက် ရိုဟင်ဂျာ ၆၀ နီးပါးသေဆုံး ပျောက်ဆုံး

0 comments

4.11.2013

မြန်မာနိုင်ငံ ကမ်းရိုးတမ်းဒေသကနေ တခြားနိုင်ငံကို ခိုလှုံခွင့်တောင်းဖို့ လှေတွေနဲ့ ထွက်ခွာကြတဲ့ ရိုဟင်ဂျာ အယောက် ၇၀ နီးပါးရဲ့ လှေတိမ်းမှောက်ခဲ့ပြီး လူပေါင်း ၆ ယောက်ကိုသာ ကယ်တင်နိုင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံကို ဦးတည်တဲ့ လှေပေါ်မှာ ရိုဟင်ဂျာ အမျိုးသား ၃၈ ယောက် အမျိုးသမီး ၂၈ ယောက် စုစုပေါင်း ၆၆ ဦးပါဝင်ပြီး ဘင်္ဂလားပင်လယ်အော်မှာ လှေတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေနဲ့ မွတ်စလင်တွေအကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက် ရိုဟင်ဂျာမွတ်စလင်တွေ အမြောက်အများ အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေကြရင်း လမ်းမှာ မတော်တဆဖြစ်ခဲ့လို့ သေဆုံးသူ ဒါမှမဟုတ် ပျောက်ဆုံးသူ အယောက် ၄၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

ခုချိန်ဟာ မိုးကုန်ရာသီဖြစ်တဲ့အတွက် လှေတွေနဲ့ တခြားနိုင်ငံကို ထွက်ပြေးလိုတဲ့ မွတ်စလင်တွေ ဒီထက်မက ပိုမိုများပြားဖို့ရှိပြီး ပြီးခဲ့တဲ့ တပတ်အတွင်း လူပေါင်း ၁၅၀၀ လှေတွေနဲ့ ထွက်ခွာနေခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒီလို အခြေအနေကြောင့် မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် စခန်းအခြေအနေ တိုးတက်အောင်လုပ်ဆောင်ဖို့နဲ့ တဖက်နဲ့တဖက်ကြား ထားရှိတဲ့ တင်းမာမှုတွေကို လျော့ချရာမှာ လုပ်ဆောင်ဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

Read more...

ဆရာ၏စေခိုင်းမှုကြောင့် ၁ဝနှစ်အရွယ်ကျောင်းသား တိုက်ပေါ်မှ ခုန်ချသေဆုံး

0 comments

Monday, November 4, 2013

အသက် ၁၀ နှစ်အရွယ် မူလတန်းကျောင်းသားကလေး ငယ်တစ်ဦးသည် ဆရာမှာကြား သော အိမ်စာရေးရန် ပျက်ကွက် ခဲ့ပြီးနောက် အထပ် ၃၀ မြင့်သော ကျောင်းခန်းမှ ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့သည်။

တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော အဆိုပါကြေကွဲဖွယ်ဖြစ်စဉ်မှာ ကျောင်းဆရာသည် ပဉ္စမတန်း တွင်တက်ရောက်နေသော ကျောင်းသားတစ်ဦးကို အတန်း ရှေ့ထွက်ပြောရန်အတွက် တောင်း ပန်းစကားပြောကြားပုံစာကြောင်း တစ်ထောင်ရေးခဲ့ရန် အိမ်စာပေးသည်။

ကျောင်းသားငယ်သည် အိမ်စာရေးခဲ့ရန်ပျက်ကွက်ခဲ့ပြီး နောက် အထပ် ၃ဝအမြင့်တွင်ရှိ သော ကျောင်းခန်းမှ ခုန်ချခဲ့သည်။

ကျောင်းသားကလေးသည် တိုက် အောက်တွင် ပါကင်ထိုးထားသော ကားအမိုးပေါ်ကျကာ သေဆုံးသွားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များသည် ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိပြီး သေဆုံးသွားသော ကလေး ငယ်တက်ရောက်သောကျောင်း က အဆိုပါကလေးငယ်နှင့် အတန်း ဖော်တချို့သည် အတန်းထဲတွင် စကားပြောပြိုင်ပွဲကျင်းပနေချိန် အနှောင့်အယှက်ပြုခဲ့ခြင်းကြောင့် ဆရာက ၎င်းတို့၏အမူ
အကျင့် များ ကို ပြန်လည်သုံးသပ်ရေးသား ရန် အိမ်စာပေးခဲ့ခြင်းဖြစ်ပြီး ကလေးငယ်၏သေဆုံးမှုမှာ မ တော်တဆမှုသာဖြစ်သည်ဟုဆို သည်။

Yangon Media Group
Read more...

အီဂျစ်ကြားဖြတ်အစိုးရကို အမေရိကန် ကူညီမယ်လို့ဆို

0 comments

4.11.2013


အီဂျစ်နိုင်ငံမှာ ဒီမိုကရေစနစ် ပြန်လည် အသက်ဝင်လာအောင် လက်ရှိ ကြားဖြတ် အစိုးရကို အကူအညီပေး သွားမယ်လို့ အမေရိကန် ကပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ကြိုတင်ကြေငြာမထားပဲ အီဂျစ်ကိုရောက်ရှိလာတုန်း အခုလိုပြော လိုက်တာ ဖြစ်ပါတယ်။

အီဂျစ်သမ္မဟောင်း မိုဟာမက်မော်စီကို ဖယ်ရှားပြီးကတည်းက ဂျွန်ကယ်ရီ ဟာ အီဂျစ် နိုင်ငံကိုရောက်လာတဲ့ အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး အရာရှိဖြစ်ပါတယ်။

ဆန္ဒပြလူထုကို အကြမ်းဖက် နှိမ်နင်းမှုနဲ့ သမ္မတဟောင်း မော်စီကို မနက်ဖြန်မှာ စတင်ရုံးတင်မှာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံမှာ သမ္မတကို စစ်အာဏာသိမ်းဖြုတ်ချခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန် က ပေးနေတဲ့ စစ်ရေး အထောက်အပံ့ တချို့ကို ရပ်ဆိုင်းထားခဲ့တာကြောင့် အမေရိကန်နဲ့ အီဂျစ်အကြား ဆက်ဆံရေး တင်းမာမှုတွေ ရှိခဲ့ပေမယ့် အီဂျစ်ဟာ အမေရိကန်ရဲ့ မိတ်ဖက်မိတ်ဆွေဖြစ်တယ်လို့ စစ်တပ်ကကျောထောက်နောက်ခံ လုပ်ထားတဲ့ အီဂျစ် ကြားဖြတ် အစိုးရအဖွဲ့ဝင်နဲ့ တွေ့ဆုံတုန်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ မူအရ ကွဲပြားနိုင်ပေ မယ့် ဆီးရီးယား အစိုးရက အာဏာကို လွှဲပြောင်းပေးရမယ်ဆိုတဲ့ အချက်ကတော့ ဘုံသဘောတူညီ ချက်ဖြစ်တယ်လို့ ပြောကြားခဲ့တဲ့ အပေါ် ဆီးရီယားက တုန့်ပြန်လိုက်ပါတယ်။

ဂျာနီဗာမှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ပြောဆိုချက်ဟာ ဆီးရီးယားနိုင် ငံရေးကို အမေရိကန်ကပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်သလို ဆီးရီးယားနိုင်ငံဟာ
ပြည် ပ  က စွက်ဖက်မှု မပါပဲ ပြည်သူတွေက ဆီးရီးယားနိုင်ငံရဲ့ ရှေ့ရေးကို ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာ အမေရိကန် တို့ နားလည်သင့်ကြောင်း ဆီးရီးယားနိုင်ငံခြားရေး ၀န်ကြီး က ပြန်လည် တုန့်ပြန်ပြောဆို လိုက်ပါတယ်။

ABC
Read more...

ဆူးလေဆိပ်ကမ်းတွင်လေလံစာရင်းဝင်သွားသည့် ရက်လွန်ကား ၆၈ စီးသာရှိ

0 comments

Monday, November 4, 2013

မော်တော်ယာဉ်များအား ရက် ခြောက်ဆယ်ကျော်ပါက ဆိပ် ကမ်းအာဏာပိုင်များက လေလံ ယာဉ်များအဖြစ် သတ်မှတ်ရာတွင် ဆူးလေဆိပ်ကမ်း၌ သတ်မှတ် ရက်ကျော်လွန်ပြီး လေလံစာရင်း ၀င် ကားစီးရေ ၆၈ စီး ထုတ်ယူရန် ကျန်ရှိနေကြောင်း “မြန်မာ့ဆိပ် ကမ်း အာဏာပိုင်အဖွဲ့”မှ သိရ သည်။

ဆူးလေဆိပ်ကမ်းတွင် ပြည် ပမှ ကွန်တိန်နာများဖြင့် သယ် ဆောင်လာသော ကားများထားရှိ ပြီး ယာဉ်ပိုင်ရှင်များအနေဖြင့် စာ ရွက်စာတမ်း အပြည့်အစုံနှင့် အ ကောက်ခွန်ဦးစီးဌာနမှ ထုတ်ယူ ခွင့်ပေးပါက ဆိပ်ကမ်းကနေ ထုတ် ယူနိုင်ကြောင်း သိရသည်။

“ဆိပ်ကမ်းကို ကားသင်္ဘော မဆိုက်တာ တော်တော်ကြာပြီ၊ ဒီ မှာလေလံဝင်တဲ့ကားတွေပဲရှိတော့ တယ်၊ ဒဏ်ကြေးမဆောင်ရဘဲ တရားဝင်ထုတ်ယူနိုင်တဲ့ယာဉ်တွေ အခု ဒီဆိပ်ကမ်းမှာ တစ်စီးမှ မရှိ သေးပါဘူး၊ လေလံဝင်တဲ့ ကား တွေကို ထုတ်ယူမယ်ဆို ဒဏ် ကြေးဆောင်ပြီးရင် ထုတ်ယူနိုင် ပါတယ် ”ဟု “ဆူးလေဆိပ်ကမ်း အာဏာပိုင်အဖွဲ့” မှ မန်နေဂျာ ဗိုလ်မှူးစိုးမြင့်က ပြောသည်။

ဆိပ်ကမ်းများသို့ ရောက်ရှိ လာသောကားများကို သတ်မှတ် ရက် ခြောက်ဆယ် ကျော်လွန်ပါ က လေလံယာဉ်အဖြစ် သတ်မှတ် ပြီး ထုတ်ယူခွင့်ပြုရာတွင် ဒဏ်ကြေး သတ်မှတ်ထားခြင်းမရှိဘဲ နှောင့် နှေးကြေး (Demurrage Charge) သာ ကောက်ခံခြင်းဖြစ်ပြီး သုံးရက် ကျော်လွန်ပါကလည်း အခမဲ့အ ဖြစ် သတ်မှတ်ပြီး ရက်ခြောက် ဆယ်ထက် ကျော်လွန်ပါက ကျပ် သုံးရာဖြင့်သာ ကောက်ခံမည်ဖြစ် ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်အဖွဲ့မှ သိရသည်။

Automobile Journal
Read more...

ထောက်ပံ့မှုများ ဖြတ်တောက်ခြင်းက မြန်မာဒုက္ခသည်ဆေးခန်းကို ထိခိုက်နိုင်ဟု ဒေါက်တာစင်သီယာမောင်ပြော

0 comments
အောင်မင်း (ဘာသာပြန်သည်)

သြစတြေးလျ အပါအ၀င် နိုင်ငံတကာမှ အလှူရှင်များ၏ ထောက်ပံ့မှု ဖြတ်တောက်ခြင်းက ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော်ဆေးခန်းမှ ပေးအပ်နေသည့်အဓိက ဆေးဝါးကုသမှုလုပ်ငန်းများအပေါ်ဖိအားများသက်ရောက် စေလိမ့် မည်ဟု ၎င်းဆေးခန်းအား တည်ထောင်သူက ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့ အတွက် ဆောင်ရွက်ခဲ့သူများအား အသိမှတ်ပြုသည့် ဆစ်ဒနီငြိမ်းရေးဆုကို သြစတြေးလျနိုင်ငံသို့ ယခုသတင်းပတ်တွင် လာရောက်လက်ခံရယူမည့် ယင်းဆေးခန်းတည်ထောင် သူ ဒေါက်တာစင်သီယာမောင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း ကျန်းမာရေး အဆင့်အတန်း နိမ့်ကျနေသေးသည့် အခြေအနေကြောင့် နှစ်စဉ် လူနာပေါင်း ၁၅၀,၀၀၀ကို ကုသ ပေးနေသည့် သူမ၏ ဆေးခန်းမှာ အရေးပါသည့် အခန်းကဏ္ဍမှာ ရှိနေဆဲဟုလည်း ဒေါ်စင်သီယာမောင်က ပြောသည်။

“လူတွေကို စွမ်းရည်မြှင့်တင်တာတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ဆိုရင် နယ်စပ်အသိုင်းအ၀ိုင်းကို ထောက်ပံ့ မှုတွေ ဆက်ပေးရပါမယ်။ ဒါမှသာ ရှိနှင့်ပြီးဖြစ်တဲ့ အကူအညီပေးရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင် ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု APP (သြစတြေးလျအေပီ) သတင်းဌာနသို့ ပြောသည်။

နိုင်ငံတကာ အလှူရှင်များအနက် တစ်ဦးအပါအ၀င်ဖြစ်သည့် AusAid မှ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် သြစတြေးလျဒေါ်လာငွေ ငါးသိန်းခန့်အား လှူဒါန်းခဲ့သည်။

သို့သော် ဖက်ဒရယ် အစိုးရသစ်မှ AusAid အား နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဌာန (DFAT) နှင့်ပေါင်းစပ် ခဲ့ပြီး တိုးမြှင့်ရန်လျာထားသည့် ဘတ်ဂျက်များအား ဖြတ်တောက်သွားမည်ဟု ကြေညာခဲ့သည်။ယင်းကြေ ညာချက် အရ နောင်လာမည့် လေးနှစ်အတွင်း၌ သြစတြေးလျဒေါ်လာ ၄ဒသမ၅ သန်းကျော်အား ထိထိ ရောက်ရောက် ဖြတ်တောက် သွားမည် ဖြစ်သည်။

သို့သော် ဒေါက်တာစင်သီယာမောင်က မြန်မာနိုင်ငံမှာ ပဋိပက္ခများနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီးနောက် တိုင်းပြည်အား တဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်နေသည့် အဆင့်တွင်သာ ရှိနေသေးသည့်အတွက် မယ်တော်ဆေးခန်းအပေါ် မှီခိုနေသည့် လူနာများအား ဆေးဝါးကုသမှုပေးနိုင်ရေး အတွက် အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ပြောကြားသည်။

အလှူငွေများ ဖြတ်တောက်လိုက်ခြင်းမှာ ပေးနေကျ ၀န်ဆောင်မှုများအား ဆက်လက်ပေးဆောင်ရန် အတွက်ပင် ခက်ခဲနိုင်သည်။“ဒီကိစ္စဟာ တော်တော်လေးကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အရာပါ” ဟု ဒေါက်တာစင်သီယာမောင်က ဆိုသည်။

မဲတော်ဆေးခန်းအား ၁၉၈၈ နောက်ပိုင်းတွင် တည်ထောင်ခဲ့ခြင်းဖြစ်ကာ ကနဦးပိုင်းတွင် နာမကျန်း ဒဏ် ရာရသည့် ကျောင်းသားများအား ဆေးဝါးကုသမှုပေးခဲ့ပြီး ယခုအခါတွင် ၀န်ထမ်းပေါင်း ၇၀၀ ဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များအား အသေးစားခွဲစိတ်မှုများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အပါ အ၀င် ဆေးဝါးကုသမှု တော်တော်များများကို ပြုလုပ်ပေးလျက် ရှိသည်။

မယ်တော်ဆေးခန်းသည် မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခများကြောင့် ထွက်ပြေးခဲ့ရသော စစ်ဘေးဒုက္ခသည်များ၊ ဆင်းရဲနွမ်းပါးသော မြန်မာရွှေ့ပြောင်း လုပ်သားများအား ဆေးဝါးကုသပေးနေသည့် ဆေးခန်း တစ်ခန်းဖြစ်သည်။

Mizzima - News in Burmese
Read more...

ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့် ( ၆၆ ) ကြိမ်မြောက် တိပိဋက ဓရ တိပိဋက ကောဝိဒ ရွေး ချယ်ရေး စာမေးပွဲ ကျင်းပရေး ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေး သို့ တက်ရောက် အမှာ စကား ပြောကြား

0 comments
4.11.2013

( ၆၆ ) ကြိမ်မြောက် တိပိဋက ဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲ သည် သာသနာ့ အာဇာနည် များ ရွေးချယ် သည့် စာမေးပွဲ ဖြစ်သဖြင့် အလွန် အရေးကြီး ကြောင်း၊ ယင်း စာမေးပွဲ တွင် တာဝန် ထမ်းဆောင် ကြသူ များ သည် ပညာ ပါရမီ ကို ဖြည့်ဆည်း ပေးကြ သူများ ဖြစ်သဖြင့် ကုသိုလ် ကောင်းမှု များစွာ ရပါကြောင်း၊ ဗုဒ္ဓ သာသနာ မြန်မာ နိုင်ငံတော် သို့ စတင် ရောက်ရှိ ချိန်မှ စတင်၍ ဆရာတော် သံဃာ တော်များ က သာသနာ တော်ကို ထိန်းသိမ်း စောင့်ရှောက် ခဲ့ပါကြောင်း။

ထို့အတူ ဗုဒ္ဓဘာသာ ဝင်များ ကလည်း သာသနာ ဆိုင်ရာ စာမေးပွဲ များ ကျင်းပပြီး သာသနာ တော်ကို ချီးမြှောက် ထောက်ပံ့ ခဲ့ပါကြောင်း၊ ယနေ့ အချိန် အထိ တိပိဋက ဓရ တိပိဋက ကောဝိဒ အာဂုံ / ရေးဖြေ အောင် သာသနာ့ အာဇာနည် ( ၁၃ ) ပါး ပေါ်ထွန်း ခဲ့ပြီး ပိဋကတ် နှစ်ပုံ ခွဲအောင် ( ၉ ) ပါး၊ ပိဋကတ် နှစ်ပုံ အောင် ( ၂၇ ) ပါး၊ ပိဋကတ် တစ်ပုံ အောင် ( ၁၃၃ ) ပါး ပေါ်ထွန်း ခဲ့ပါ ကြောင်း၊ တိပိဋက ဓရ တိပိဋက ကောဝိဒ စာမေးပွဲ သည် အခက်ခဲ ဆုံး၊ အနက်နဲ ဆုံးနှင့် ကာလ ရှည် ကြာစွာ ကျင်းပ ရသည့် စာမေးပွဲ ဖြစ်ကြောင်း၊ ယခုနှစ် စာမေးပွဲ ကျင်းပရာ တွင် လစ်ဟင်း၊ လစ်ဟာ၊ ချို့ယွင်းချက် များ မရှိအောင် တာဝန် ရှိသူများ က ဝိုင်းဝန်း ပံ့ပိုး ကူညီ ဆောင်ရွက် ပေးကြ စေလို ကြောင်းဖြင့် နိုဝင်ဘာ ၃ ရက် နံနက် ( ၉ ) နာရီ တွင် ရန်ကုန်မြို့ ကမ္ဘာအေး စေတီလမ်း ရှိ သာသနာရေး ဝန်ကြီး ဌာန ရန်ကုန်ရုံးခွဲ ၌ ကျင်းပ သည့် ( ၆၆ ) ကြိမ်မြောက် တိပိဋက ဓရ တိပိဋက ကောဝိဒ ရွေးချယ် ရေး စာမေးပွဲ ကျင်းပရေး ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေး တွင် တိပိဋက ဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲ ကျင်းပရေး နာယက သာသနာ ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့် က အဖွင့် အမှာ စကား ပြောကြားရာ ၌ ထည့်သွင်း ပြောကြား သည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာ မြင့်သိန်း က အမှာ စကား ပြောကြားပြီး အကြံပေး ပုဂ္ဂိုလ် ဦးအံ့မောင် က တိပိဋက ဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲ နှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြ သည်။ ယင်းနောက် တိပိဋက ဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲ ကျင်းပရေး လုပ်ငန်း စီမံချက် ကို ညွှန်ကြား ရေးမှူး ဦးမျိုးထွန်း က ရှင်းလင်း တင်ပြပြီး လုပ်ငန်း ကော်မတီ အသီးသီးမှ တာဝန် ရှိသူများ က မိမိတို့ ကော်မတီ အလိုက် ဆောင်ရွက် ထားမှု အခြေ အနေများ ကို ဆွေးနွေး တင်ပြ ကြသည်။

သတင်းစဉ်
Read more...

ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲမည့် ကျပ် ၃၃ဘီလီယံလုပ်ထုံးလုပ်နည်း မထွက်သေးသဖြင့် မသုံးနိုင်သေး

0 comments
4.11.2013

ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ယခုဘတ်ဂျက်နှစ် (၂၀ ၁၃-၂၀၁၄) အတွင်း သုံးစွဲခွင့်ပြုထားသည့် ကျပ် ၃၃ ဘီလီယံ ကို လုပ်ထုံးလုပ်နည်း မထွက်သေး၍ သုံးစွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ကို တစ်မြို့နယ်လျှင် ကျပ်သိန်းတစ်ထောင်စီ သုံးစွဲခွင့်ရမည်ဖြစ်ပြီး ငွေကို မည်သို့ထုတ်ယူမည်၊ မည်သို့ အစစ်ဆေးခံမည်နှင့် မည်သူ့ကို အစီရင်ခံမည်စသည့် လုပ်ထုံးလုပ် နည်း သတ်မှတ်ချက်မှာမူ ထွက်ရှိလာခြင်း မရှိသေးပေ။

အဆိုပါ အသုံးစရိတ်သည် ယခုနှစ်ဆန်းပိုင်းအတွင်း ဘတ်ဂျက်ဆွေးနွေးစဉ် ပြည်ထောင်စု အစိုးရအဖွဲ့မှ တင်ပြလာသည့် အသုံးစရိတ်များကို စိစစ်ဖြတ်တောက်ပြီးနောက် ပိုလျှံလာသည့် ငွေများထဲမှ အချို့ကို ယင်းသို့သုံးစွဲရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ထားခဲ့ခြင်း ဖြစ်သည်။

“ဒေသန္တရအုပ်ချုပ်အဖွဲ့တွေ၊ရပ်ကွက်/မြို့နယ်အထောက်အကူပြုအဖွဲ့တွေကိုလုပ်ငန်းအပ်ပြီးတော့ ဆောင်ရွက်ဖို့ တော့ ရည်ရွယ်ထားတယ်။ ဒါက မူကြမ်းပေါ့။ အခုထပ်ထိတော့ ပြန်ကျမလာသေးဘူး” ဟု ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဝင် ဦးအေးမောက်က ပြော သည်။

အဆိုပါ အသုံးစရိတ်ကို သက်ဆိုင်ရာဒေသရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေ သကြီးနှင့် ပြည်နယ်ကိုယ်စားလှယ်များက ဒေသဆိုင်ရာအာဏာပိုင်များ၊ ရပ်ကျေးနှင့် မြို့နယ်အထောက် အကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် တိုင်ပင်၍ လိုအပ်သည့်နေရာတွင် သုံးစွဲရန် ဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာရေးနှစ် ၂၀၁၃ ဧပြီလ ၁ ရက်မှ ၂၀၁၄ မတ်လ ၃၁ ရက်အတွင်း သုံးစွဲရခြင်း မရှိသေးပါက ပိုလျှံဘဏ္ဍာငွေအဖြစ် ပြန်လည်အပ်နှံရမည်ဟု သိရသည်။


Mizzima
Read more...

ခြောက်လကျော်အတွင်း အကြွေးဝယ်ကတ် အသုံးပြုနိုင်မည်ဟု Visa မျှော်လင့်သော်လည်း ပြည်တွင်းဘဏ်များဘက်က ခက်ခဲဦးမည်ဆို

0 comments
4.11.2013

ဗီဇာအကြွေးဝယ်ကတ်(Credit Visa Card )ကို လာမည့်ခြောက်လမှ တစ်နှစ်အတွင်း ပြည်တွင်း၌ ထုတ် ပေးနိုင်လိမ့် မည်ဖြစ်ကြောင်း Visa ၏ မြန်မာနှင့်ထိုင်းနိုင်ငံဆိုင်ရာ မန်နေဂျာ Mr.Somboon Krobteeranon က နိုဝင်ဘာ ၁ ရက်တွင် ပြောကြားလိုက်သော်လည်း ပြည်တွင်းဘဏ်များအနေဖြင့် အကြွေးဝယ် ကတ်ထုတ်ပေးနိုင်ရန် အခက်အခဲများရှိလိမ့်ဦးမည်ဖြစ်သည်ဟု ပြည်တွင်းပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည့် CB ဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။

မန်နေဂျာ Mr.Somboon Krobteeranon က နိုဝင်ဘာ ၁ ရက်က Park royal ဟိုတယ်တွင် ပြုလုပ် သည့် Visa Multicurency Travel Prepaid Card နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ ၏မေးမြန်းမှု ကို ဖြေကြားခြင်းဖြစ်သည်။

လတ်တလောတွင်လည်း ကြိုတင် ငွေထည့်သွင်းရသည့် Visa Multicurency Travel Prepaid Cardကို ဆီးဂိမ်းမတိုင်ခင် ပြည်တွင်းဘဏ်များ၌ ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေပြီဖြစ်ကာ Visa ကတ်ကို လက်ခံ သုံးစွဲနေသည့်ဘဏ်ရှစ်ခုရှိပြီး ဘဏ်နှစ်ခုက travel ကတ်ကို ထုတ်လုပ်အသုံးပြုနိုင်ရန် သေချာနေပြီဟု Mr.Som-boon Krobteeranon က ပြောသည်။

၎င်းက “ဆီးဂိမ်းပြိုင်ပွဲမတိုင်ခင်တော့ Visa Multicurency Travel Prepaid Card ကို မြန်မာနိုင်ငံဘဏ် များက ထုတ်နိုင်အောင် လုပ်နေတယ်။ အကြွေးဝယ်ကတ် (Visa Credit Card) ကိုတော့ နောက် ခြောက်လက တစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ ကတ်ထုတ်လုပ်အသုံးပြုလာနိုင်ဖို့ မျှော်လင့်နေပါ တယ်”ဟု နိုဝင်ဘာ ၁ ရက်တွင် မဇ္ဈိမ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ပြည်တွင်း၌ ဗီဇာအကြွေးဝယ်ကတ်ထုတ်ပေးရန်မှာ အဆင်သင့်ဖြစ်သည့် အနေအထားမျိုး မရှိသေး ကြောင်း ၊ ပြည်တွင်းဘဏ်များအနေဖြင့် ထုတ်ပေးရန်မှာ ငွေကြေးဆိုင်ရာများအတွက် စိုးရိမ်မှုများရှိနေကြောင်း CB ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာဦးဖေမြင့်က ပြောသည်။

ဦးဖေမြင့်က “ဗီဇာနဲ့ မာစတာဘက်ကတော့ နည်းပညာပိုင်းထောက်ပံ့မှုတွေ လုပ်နိုင်တယ်ဆိုပေမယ့် တကယ် တမ်း ငွေကြေးဆိုင်ရာဆုံးရှုံးမှုတွေ ဖြစ်လာရင် ပြည်တွင်းဘဏ်တွေကပဲ ခံရမှာလေ။ ပြည်တွင်း ဘဏ်နှစ်ခုက လည်း အရင်တုန်းက အဲဒီလိုစနစ်ပုံစံမျိုး ပြုလုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ တကယ်တမ်း ဆုံးရှုံးမှု တွေဖြစ်ခဲ့ဖူးတော့ ဗဟိုဘဏ်အနေနဲ့လည်း လက်ရှိမှာ ဒါမျိုးကိုခွင့်ပြုပေးဖို့ တော်တော်စဉ်းစားလိမ့်မယ် ထင်တယ်”ဟု မဇ္ဈိမကို ပြောသည်။

Mr.Somboon Krobteeranon ကလည်း မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ်များ အသုံးပြုနိုင်ရန် စတင် လုပ်ဆောင်မည် ဆိုသော်လည်း နိုင်ငံတကာတွင် အသုံးပြုနေသည့်စံနှုန်းအတိုင်း အပြည့်အ၀အသုံးပြုနိုင် မည်မဟုတ်သေးဘဲ ကတ်ထုတ်ပေးမည့်သူကို ဘဏ်များက သေချာစိစစ်၍ စမ်းသုံးသည့်အဆင့်အဖြစ် သာ စတင်သွားမည်ဟု ဆိုသည်။

၎င်းက “နိုင်ငံတကာမှာ အသုံးပြုသလိုတော့ အပြည့်အ၀အသုံးပြုနိုင်မယ့် ပုံစံတော့ မဟုတ်ဘူး။ ဥပမာ-နိုင်ငံ တကာ မှာ အကြွေးဝယ်ကတ်နဲ့သုံးရင် သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ နည်းနည်းဆီ ငွေ ကိုပြန်လည်ပေးချေသွားလို့ရတယ်။ ဒီမှာစသုံးရင် တစ်လတစ်ကြိမ် ပြန်ဆပ်တဲ့ပုံစံမျိုးနဲ့ စတင်အသုံးပြုရ လိမ့်မယ်”ဟု သုံးသပ်သည်။

အကြွေးဝယ်ကတ်ထုတ်ပေးရန်မှာ သုံးစွဲသူ၏ ၀င်ငွေ၊ ပိုင်ဆိုင်မှုစသည့် အချက်အလက်များကို တိကျစွာ သိထားရန် လိုအပ်ပြီး ထုတ်ပေးနိုင်သည့်သတ်မှတ်ချက်နှင့် ညီသည့်အခါမှသာ ထုတ်ပေးရမည်ဖြစ် ကြောင်း၊ ထို့ပြင် အဆိုပါအချက်အလက်များ စိစစ်သတ်မှတ်ရန်အတွက် ဗဟိုဘဏ် သို့မဟုတ် အစိုးရက ဖွဲ့စည်းထား သည့် အဖွဲ့အစည်းတစ်ခုလိုအပ်ကြောင်း ဦးဖေမြင့်က သုံးသပ်ပြောကြားသည်။


Mizzima
Read more...

"နိုင်ငံထူထောင်ရေးအတွက်ပြည်ပဗဟုသုတ ရရှိဖို့လိုအပ်"

0 comments
တိုင်းတပါးမှာ ပညာသင်ကြားနေစဉ်ကာလမှာ မိမိရောက်ရှိရာနိုင်ငံက အတွေ့အကြုံဗဟုသုတတွေ ကို နိုင်ငံပြန်လည် တည်ဆောက်ရေးမှာ အသုံးချနိုင်အောင် ဆောင်ကျဉ်းလာဖို့လိုတယ်လို့ မြန်မာစာသင် သားတွေကို ပညာသင်ဆုထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းများညီလာခံ က ပြောကြားလိုက်ပါတယ်။

မြန်မာကျောင်းသားတွေကို ပညာသင်ဆုပေးနေတဲ့ OSI, Prospect Burma, BK Kee, Child Dreamနဲ့ သပြေဖောင်ဒေးရှင်းတို့က တာဝန်ရှိသူတွေ ကြီးမှူးပြီး ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်နိုင်ငံတွေမှာ သွားရောက် ပညာသင်ကြားနေတဲ့ မြန်မာပညာတော်သင်တွေရဲ့ နှစ်ပတ်လည် ညီလာခံကို ထိုင်းနိုင် ငံတောင်ပိုင်း၊ ချာအမ်ခရိုင်၊ ချာအမ်မြို့ Asian Cha An ဟော်တယ်မှာ မနေ့ကနဲ့ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ ညီလာခံမှာ ပညာသင်ဆု ပေးဝေရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သပြေ ပညာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြည်ပထွက်ပြီးတော့ လေ့လာသင်ကြားနေတဲ့ ကျောင်းသားတွေ အနေနဲ့ တက္ကသိုလ်မှာသင်ပေးနေတဲ့ ဘာသာရပ်တွေပဲ မဟုတ်ဘဲနဲ့ အဲဒီနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကိုပါ လေ့လာပြီးတော့ ကိုယ်တိုင်းပြည်မှာ ပြန်လည်အသုံးချဖို့ လိုတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ပြန်လာလုပ်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ သူတို့အလုပ်မလုပ်ခင်မှာ အတွေ့အကြုံ ရအောင်ပေါ့ လုပ်အားပေး internship တွေ တခြားနိုင်ငံတကာမှာ ဖြစ်ဖြစ်၊ ကျနော်တို့ ဒေသတွင်းမှာ ဖြစ်ဖြစ်၊ အဲဒီလိုမျိုး အစီအစဉ်တွေကို သပြေဖောင်ဒေးရှင်းအနေနဲ့ ဒီထက်မက လုပ်ပေးနိုင်တဲ့ အနေအထားမျိုးတွေ ရှိအောင် လုပ်နေတာရှိပါတယ်”

ဒါ့အပြင် ပညာသင်တွေကလည်း မိမိတို့ပညာသင်ကြားရေး အခြေအနေတွေနဲ့ အခက်အခဲတွေကို အသီးသီး တင်ပြခဲ့ကြရာမှာ မကြာသေးမှီက မလေးရှားနိုင်ငံတွင်း ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေကြောင့် မြန်မာ ကျောင်းသားတွေအတွက် အခက်အခဲတစ်ချို့ ကြုံတွေ့ခဲ့ရတယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။

ဒီညီလာခံမှာ မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လူထုဖွံ့ဖြိုးရေးနဲ့ အာဆီယံ စသဖြင့် နယ်ပယ်အသီးသီးမှာ လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်များကို ဖိတ်ကြားပြီး ပညာသင်တွေကို ရှင်းလင်း အသိပေးခဲ့ပါတယ်၊

ဒါ့အပြင် ပညာသင်ဆုနဲ့ စာသင်ကြားခဲ့ပြီး ယခုအခါ လုပ်ငန်းခွင်အသီးသီးမှာ ဝင်ရောက် အလုပ်လုပ် ကိုင်နေကြတဲ့ ပညာသင်ဟောင်းများ အပါအဝင် ဒီညီလာခံကို နိုင်ငံအသီးသီးက မြန်မာကျောင်းသားဦးရေ (၁၅၀)ခန့် တက်ရောက်ခဲ့ ကြပါတယ်။


RFA
Read more...

"ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ သံတွဲခရိုင်က လိုလား"

0 comments
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလား ဆိုတာနဲ့ပတ်သက်ပြီး၊ ရခိုင်ပြည်နယ် သံတွဲမြို့မှာ ခရိုင်အဆင့် လူထုဆန္ဒသဘောထားကို ဒီကနေ့ ကောက်ယူခဲ့ရာမှာ အားလုံးက ပြန်လည်ပြင်ဆင်ရေးကိုသာ ထောက်ခံခဲ့ကြတယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဌ ဦးညီပုက RFA ကို အခုလိုပြောပါတယ်။

ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ကျောက်ဖြူခရိုင်နဲ့ စစ်တွေခရိုင်မှာ အောက်တိုဘာလ ၁၃ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ လူထုဆန္ဒသဘောထားကောက်ယူခဲ့ရာမှာလည်း ၉၀ ရာခိုင်နှုန်းက ပြင်ဆင်ရေး ကို ထောက်ခံခဲ့ကြတယ်လို့လည်းသိရပါတယ်။

အဲဒီသံတွဲမြို့ လူထုဆန္ဒခံယူပွဲကို ခရိုင်ပါတီရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူမှုအဖွဲ့အစည်းတစ်ချို့က တာဝန်ရှိသူတွေ နဲ့ ပါတီဝင်တွေစုစုပေါင်း ၁၀၀ ခန့်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။


RFA
Read more...

"ဘားအံ ဒေသခံ ၂၀၀၀ နီးပါးNLD ကျန်းမာရေးအဖွဲ့ ဆေးကုပေး"

0 comments
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ယက်ဟာ ကရင်ပြည်နယ်၊ ဘားအံမြို့က ဒေသ ခံ နှစ်ထောင်လောက် ကို ဒီနေ့ ဆေးဝါးကုသပေးခဲ့ပြီး အများစုက ကျန်းမာရေးစရိတ်မတတ်နိုင်လို့ လာရောက်ကုသကြတဲ့သူတွေများတယ်လို့ ကွန်ရက်တာဝန်ရှိသူတွေက ပြောပါတယ်။

ဆေးဝါးလာရောက်ကုသမှုခံယူကြတဲ့ ဒေသခံတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး NLDကျန်းမာရေး ကွန်ရက် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက အခုလိုပြောပါတယ်။

ဘားအံမှာ NLD ကျန်းမာရေးကွန်ရက် သွားရောက်ဆေးကုသပေးတဲ့အဖွဲ့ထဲမှာ သားဖွားမီးယပ်၊ ခွဲစိတ်အထူးကု၊ သွားနဲ့ခံတွင်း၊ အထွေထွေရောဂါကုဆရာဝန်တွေ စတဲ့ ကျန်းမာရေး ၀န်ထမ်းပေါင်းလေးဆယ်ကျော် ပါဝင်ကြပြီး ဘားအံမြို့၊ မင်္ဂလာခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လာရောက်ကုသမှုခံယူကြတဲ့လူနာတွေထဲမှာ ခွဲစိတ်ကုသဖို့လိုအပ်တဲ့လူနာတွေပါ ပါဝင်တာကြောင့် အဲဒီလူနာ တွေကို ရန်ကုန်မှာခွဲစိတ်ကုသဖို့ ဆက်လက်စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

NLDကျန်းမာရေးကွန်ရက်က အခုလလယ်ပိုင်းမှာလည်း ပဲခူးတိုင်းအနောက်ပိုင်း၊ပြည်မြို့ဒေသခံတွေကို သွား ရောက်ဆေးဝါးကုသပေးအုံးမှာဖြစ်တယ်လို့ သိရပါတယ်။


RFA
Read more...

"လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များမြစ်ကြီးနားကို စုံညီ ဆိုက်ရောက်"

0 comments
4.11.2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မနောကွင်းဥယျဉ် မဂျွယ်ခန်းမမှာ မနက်ဖြန်ကျင်းပမယ့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ အစိုးရနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေဟာ မြစ်ကြီးနားမြို့ကို ဒီကနေ့ရောက်ရှိသွားပါတယ်။

လိုင်ဇာဆွေးနွေးပွဲကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့က ကိုယ်စားလှယ်တွေ ဒီကနေ့ညနေပိုင်း မှာ မြစ်ကြီးနားမြို့ ကိုရောက်ရှိတာနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCGက ဦးဆန်းအောင်က အခုလိုပြောပါတယ်။

"အားလုံး၁၈ဖွဲ့ ရောက်နေပါပြီ။KNU၊RCSS၊SSPPတို့အားလုံးရောက်နေပါပြီ။၎ရက်၅ရက် နှစ်ရက် ဆွေးနွေးမှာပေါ့"

ကေအိုင်အို အခြေစိုက်တဲ့ လိုင်ဇာမြို့ မှာမနေ့က တိုင်းရင်းသားလက်နက်အဖွဲ့တွေရဲ့ ဆွေးနွေးသဘောတူညီမှု ကနေ ဘုံရပ်တည်ချက်တစ်ခုချမှတ်နိုင်ခဲ့ပြီးမနက်ဖြန်မှာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ဆက်လက်ဆွေးနွေးကြမှာပါ။


RFA
Read more...

"မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်မြစ်ကြီးနား သံဃာများ ဆုတောင်း"

0 comments
4.11.2013

ကချင်ပြည်နယ်နဲ့ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားမြို့မှာ သံဃာအပါးတစ်ရာကျော်ဟာ ဒီကနေ့မနက် ၄ နာရီက ဝန်းသိုကျောင်းတိုက်မှာ မေတ္တာပို့ဆုတောင်းပွဲ တစ်ရပ် ကျင်းပခဲ့ကြပါတယ်။

ဒီနေ့ကျရောက်တဲ့ ဓမ္မရက္ခိတ ကျောင်းတိုက် ဝန်းသိုဆရာတော်ဘုရားကြီးရဲ့ သက်တော် ၈၈ နှစ်ပြည့် မွေးနေ့အခမ်းအနားမှာ ဆရာတော်ကြီးဘဒ္ဒန္တ သီလဝံသနဲ့အတူ သံဃာတော်အပါး တစ်ရာကျော်က မေတ္တာပို့သခဲ့ကြတာပါ။

အခုလို ဆုတောင်းပွဲ ကျင်းပခဲ့တာနဲ့ပတ်သက်ပြီး ဝန်းသိုဆရာတော်ကြီးရဲ့မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့ ဝါးရှောင်ဆရာတော်က RFA ကိုအခုလိုမိန့်ပါတယ်။

ဝန်းသိုဆရာတော်ကြီးရဲ့ မွေးနေ့ပွဲကို မြစ်ကြီးနား၊မိုးညှင်း၊မိုးကောင်း၊ဖားကန့်၊ တာမခံ၊တာလောကြီး၊ ဆင်ဘိုစတဲ့ ဒေသတွေက ရှမ်းတိုင်းရင်းသား ရဟန်းရှင်လူ ၄ ထောင်နီးပါး တက်ရောက်ခဲ့ပါတယ်။


rFA
Read more...

ဘောလုံးပွဲရလဒ်များ (နိုဝင်ဘာ ၂ - ၄)

0 comments
အင်္ဂလန်ပရီးမီးယားလိဂ်
~~~~~~~~~~~~~
ကာဒစ် ၁ - ၀ ဆွမ်ဆီး
အဲဗာတန် ၀ - ၀ တော့တင်ဟမ်
အာဆင်နယ် ၂ - ၀ လီဗာပူးလ်
ဖူလ်ဟမ် ၁ - ၃ မန်ချက်စတာယူနိုက်တက်
ဟားလ်စီးတီး ၁ - ၀ ဆန်းဒါးလန်း
မန်ချက်စတာစီးတီး ၇ - ၀ နောဝစ်ခ်ျ
စတုတ်စီးတီး ၁ - ၁ ဆောက်သမ်တန်
ဝက်စ်ဘရွန်း ၂ - ၀ ခရစ္စတယ်ပဲလေ့စ်
ဝက်စ်ဟမ်း ၀ - ၀ အက်စတန်ဗီလာ
နယူးကာဆယ် ၂ - ၀ ချယ်လ်ဆီး

စပိန်လာလီဂါ
~~~~~~~~
မာလာဂါ ၃ - ၂ ဘက်တစ်
လီဗန်တေး ၀ - ၁ ဂရန်နာဒါ
အက်သလက်တီကို မက်ဒရစ် ၂ - ၀ ဘီဘာအို
ဂီတာဖေး ၀ - ၁ ဗလင်စီယာ
ဆီဗီလာ ၀ - ၁ ဆဲလ်ဆာဗီဂို
ဗယ်လက်ကာနို ၂ - ၃ ရီးရဲလ်မက်ဒရစ်
အယ်လ်မီးရီးယား ၁ - ၀ ဗယ်လာဒိုလစ်
ဆိုစီဒက် ၅ - ၀ အိုဆာဆူနာ
ဘာစီလိုနာ ၁ - ၀ အက်စပန်ညို

ဂျာမန်ဘွန်ဒက်စ်လီဂါ
~~~~~~~~~~~~
ဝါဒါဘရီမင် ၃ - ၂ ဟန်နိုဗာ
အော့စ်ဘတ် ၂ - ၁ မိန့်ဇ်
ဖရန့်ဖတ် ၁ - ၁ ဝုလ်ဘတ်
ဘရွန်ရှိဝိန်းဂ် ၁ - ၀ လေဗာကူဆင်
ဟမ်းဘတ် ၀ - ၂ မိုချန်ဂလာဘတ်
ဟာသာဘာလင် ၀ - ၂ ရှော်ကေး
ဟော်ဖန်ဟိမ်း ၁ - ၂ ဘိုင်ယန်မြူးနစ်
နုရင်ဘတ် ၀ - ၃ ဖရိုင်းဘတ်
ဒေါ့မန် ၆ - ၁ စတုဂတ်

အီတလီစီးရီးအေ
~~~~~~~~~~
တိုရီနို ၁ - ၁ ရိုးမား
လာဇီယို ၀ - ၂ ဂျီနိုအာ
ဆမ်ဒိုးရီးယား ၃ - ၄ ဆက်ဆူအိုလို
အူဒီးနီးစ် ၀ - ၃ အင်တာ
ဗီရိုနာ ၂ - ၁ ကက်ဂလီယာရီ
လီဗော်နို ၀ - ၁ အတ္တလန္တာ
အေစီမီလန် ၀ - ၂ ဖီအိုရင်တီးနား
နာပိုလီ ၂ - ၁ ကာတာနီးယား
ပါးမား ၀ - ၁ ဂျူဗင်တပ်စ်
Read more...

ဘဏ်များနှင့် ချိတ်ဆက်ကာ ကားနှင့်ဆက်စပ်ပစ္စည်းများအား ကုန်သွယ်မှု ပြုလုပ်နေသည့် ဂျပန်အခြေစိုက် World Navi ကုမ္ပဏီက မြန်မာနိုင်ငံ၏ ကားဈေးကွက်တွင် ၀င်ရောက်လုပ်ကိုင်မည်

0 comments
World Navi မှ တင်ပို့မည့် ကားများအား ပြည်ပဆိပ်ကမ်း တစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ-World Navi.com)
Monday, November 4, 2013

ဘဏ်များနှင့် ချိတ်ဆက်ကာ ကားနှင့်ဆက်စပ် ပစ္စည်းများအား တင်သွင်းတင်ပို့ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေသည့် ဂျပန်နိုင်ငံ အခြေစိုက် World Navi ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ ကားဈေးကွက်တွင် ၀င်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ရုံးခွဲလာရောက် ဖွင့်လှစ်ခွင့်ကို World Navi Co., Ltd (Myanmar Brach) အမည်ဖြင့် လျှောက်ထားခဲ့ရာ အောက်တိုဘာ ၂၉ ရက်တွင် ရုံးခန်းဖွင့်လှစ်ခွင့် ပြန်လည်ချထား ပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

World Navi Co.,Ltd ကို ဂျပန်နိုင်ငံ၌ ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ကားတင်ပို့ ရောင်း ချသည့် ဈေးကွက်ကို ဦးဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှတစ်ဆင့် နိုင်ငံတကာမှ ကားမှာယူသည့် အရေအတွက်မှာလည်း နှစ်စဉ်တိုးတက်လျက်ရှိကြောင်း သိရသည်။

လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျ ငွေချေစနစ်ဖြင့်လည်း လုပ်ကိုင်လျက်ရှိရာ ဂျပန်နိုင်ငံရှိ Bank of Tokyo-Mitsubishi UFJ Ltd၊ Mizuho Bank Ltd၊ Sumitomo Mitsubishi Banking Corporation နှင့် Resona Bank Limited တို့ဖြင့် ချိတ်ဆက်၍ ကားနှင့်ကားအပို ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခြင်းနှင့် ကားအပိုပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများအား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လာရောက်လုပ်ကိုင်ရန် နိုင်ငံခြား ကုမ္ပဏီအချို့ကို ခွင့်ပြုပေးခဲ့ပြီး အင်္ဂလန်၊ ဂျာမနီ၊ တရုတ်၊ တောင်ကိုရီးယားနှင့် မလေးရှားစသည့် ပြည်ပနိုင်ငံများရှိ ကားထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကားကုမ္ပဏီ များမှလည်း မြန်မာနိုင်ငံတွင် ကားဝန်ဆောင်မှု စင်တာနှင့် အရောင်းပြခန်းများကို လာရောက် ဖွင့်လှစ် ထားမှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ဂျပန်အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သည့် Mazda Motor ကော်ပိုရေးရှင်းမှ မြန်မာနိုင်ငံတွင် ကားအရောင်းပြခန်းကို မကြာမီ လာရောက်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

EMG
Read more...

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက် စတင်နိုင်ရန် ဂျပန် ကုမ္ပဏီ Daiwa ပြင်ဆင်

0 comments

4.11.2013

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက် စတင်အသုံးပြုနိုင်ရန် ဂျပန်ကုမ္ပဏီဖြစ်သည့် Daiwa Institute of Research ကုမ္ပဏီက ပြင်ဆင်နေပြီး မိုဘိုင်းဖုန်းများ၌ပင် စတော့ရှယ်ယာ အရောင်း အ၀ယ် ပြုလုပ်နိုင် ရန် ဆောင်ရွက်သွားမည်ဟု Daiwa Institute of Research ကုမ္ပဏီမှ စီနီယာ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Mr.Masahiro Ushiyama က ပြောပြသည်။

Daiwa Institute of Research ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရုံးခန်းလာရောက် ဖွင့်လှစ်ထားပြီးဖြစ်ပြီး မြန်မာ စတော့အိတ်ချိန်း ဈေးကွက်အတွက် လိုအပ်သည့် ဈေးကွက်ဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ အများပိုင် ကုမ္ပဏီများနှင့် ချိတ်ဆက်ခြင်းနှင့် ဘဏ်များဖြင့် စတော့အိတ်ချိန်း ဈေးကွက်ဆိုင်ရာများ ကို ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေး ကွက် ပေါ်ပေါက်လာပါက စတော့အိတ်ချိန်း ဈေးကွက်အတွက် ချိတ်ဆက်ထားသည့် ဘဏ်များတွင် အကောင့်ဖွင့်ထားသူ မည်သူမဆို စတော့အရောင်းအ၀ယ် ဈေးကွက်တွင် ၀င်ရောက်ဆောင်ရွက် နိုင် မည်ဖြစ်ကြောင်း . . . . .

"မြန်မာနိုင်ငံမှာဆိုရင် အစိုးရပိုင် ကုမ္ပဏီတွေနဲ့ တစ်ဦးတည်းပိုင် ကုမ္ပဏီတွေက အများပိုင် ကုမ္ပဏီ အဖြစ် ပြောင်းလဲဖွဲ့စည်း လာကြပါပြီ။ အဲဒီအတွက် စတော့အိတ်ချိန်း ဈေးကွက်ကို စတင်နိုင်ဖို့ ခြေလှမ်း စနိုင်ပြီလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ကုမ္ပဏီ အနေနဲ့ ပြည်တွင်းက အများပိုင် ကုမ္ပဏီနဲ့ ဘဏ်လေးငါးခုလောက်ကို ချိတ်ဆက်ထားပြီးပါပြီ။ ဒီစနစ်ကို ၂၀၁၅ ခုနှစ်မှာ စတင် အသုံးပြုနိုင်အောင် ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် ၂၀၁၅ မတိုင်ခင်မှာ စတော့အိတ်ချိန်း စနစ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေ ရင်းနှီးလာအောင်၊ ဒီကရရှိလာမယ့် အကျိုးအမြတ်တွေကို သိရှိလာအောင် ဆောင်ရွက်သွားမှာပါ။ ၂၀၁၅ နောက်ပိုင်းမှာလဲ အများပိုင် ကုမ္ပဏီတွေ အများကြီး ထပ်ပေါ်လာနိုင်တဲ့အတွက် ဒီဈေးကွက်က ကျယ်ပြန့်လာမယ်လို့ ထင်ပါတယ်" ဟု Mr.Masahiro Ushiyama က ဆက်လက်ပြောကြားသည်။

Daiwa Institute of Research ကုမ္ပဏီ၏ ရုံးချုပ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဖွင့်လှစ်ထားပြီး နယူးယောက်၊ လန်ဒန်နှင့်ရှန်ဟိုင်း အပါအ၀င် ယခုအခါ ရန်ကုန်မြို့၌ပင် ရုံးခန်းလာရောက် ဖွင့်လှစ်ထားကြောင်း သိရသည်။

ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဗီယက်နမ်နှင့် အခြားအာရှ နိုင်ငံများ၏ စတော့အိတ်ချိန်းဈေးကွက် အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက် နေမှုများတွင် ပါဝင်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာပါက စတော့အိတ်ချိန်း ဈေးကွက်အတွက် ချိတ်ဆက်ထားသည့် ဘဏ်များတွင် အကောင့်ဖွင့်ထားသူ မည်သူမဆို စတော့အရောင်းအ၀ယ် ဈေးကွက်တွင် ၀င်ရောက်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရသည်။


EMG
Read more...

၆၅ နှစ်ကျော်အတွင်း စံချိန်တင် ချောင်းရေလျှံမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် စကုမြို့ ဆေးရုံမှ လူနာများ မူလဆေးရုံသို့ ပြန်လည်ရွှေ့

0 comments
ချောင်းရေလျှံမှုကြောင့် ရေနစ်မြုပ်ခဲ့သည့် စကုဆေးရုံအား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်
4.11.2013

အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ ၆၅ နှစ်ကျော်အတွင်း စံချိန်တင် ချောင်းရေလျှံခဲ့သောကြောင့် ရွှေ့ပြောင်းခဲ့ရသည့် မကွေးတိုင်း မင်းဘူး (စကု) မြို့ဆေးရုံမှ လူနာများ အောက်တိုဘာ ၃၁ ရက်က မူလဆေးရုံသို့ ပြန်လည်ပြောင်းရွှေ့နိုင်ပြီဟု မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် စကုမြို့ ဒေသခံများထံမှ သိရသည်။

စကုမြို့ တောင်ဘက်မှ ဖြတ်သန်း၍ ဧရာဝတီမြစ်အတွင်း စီးဝင်သည့် နွားကူးချောင်းနှင့် စကုမြို့မြောက်ဘေက်မှ ဖြတ်သန်း၍ ဧရာဝတီမြစ်အတွင်း စီးဝင်သည့် မန်းချောင်းတို့မှ ရေလျှံကာ စကုမြို့အတွင်း အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်များနှင့် ဆေးရုံလမ်းရှိ နေအိမ်များ အပါအ၀င် စကုဆေးရုံတို့ အောက်တိုဘာ ၂၈ ရက်ညပိုင်းက ရေနစ်မြုပ်ခဲ့ကြောင်း၊ ရေနစ်မြုပ်ခဲ့သည့် နေအိမ်များမှ မိသားစုများမှ
ရေဘေးရှောင်သူများမှာ စကုမြို့ ရွှေတော်ရာကြီး ရွှေတော်ရာလေးနှင့် စကြမဉ္ဇူဘုရားတို့တွင် ခိုလှုံခဲ့ရပြီး စကုဆေးရုံမှ လူနာရှစ်ဦးအား စကုမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်းအတွင်း အဆောက်အအုံသို့ ယာယီရွှေ့ပြောင်း ခဲ့ရကြောင်း ဆေးရုံတာဝန်ခံ ဆရာဝန်နှင့် ဒေသခံများမှ ပြောသည်။

"အဘွားတို့မြို့မှာက သုံးနှစ်တစ်ကြိမ်လောက် ရေ၀င်လေ့ ရှိပါတယ်။ အခုနှစ်မှာတော့ ဒီတစ်ကြိမ်နဲ့ဆို သုံးကြိမ်မြောက် ရေ၀င်တာပါ။ ဒီတစ်ကြိမ်ကတော့ အဘွားသက်တမ်းမှာ ရေအများဆုံးလျှံတာ မြင်ဖူးတာပါ" ဟု စကုမြို့ဆေးရုံလမ်းမှ နေအိမ်ရေနစ်မြုပ်ခဲ့သည့် အသက် ၆၅ နှစ်ရှိ အဘွားတစ်ဦးက ပြောကြားသည်။

အဆိုပါ စံချိန်တင် ရေလျှံခဲ့မှုကြောင့် စကုမြို့ အထကကျောင်းအား ယာယီပိတ်ထားခဲ့ရပြီး စကုမြို့နယ် ကျွဲတဲညောင်ကိုင်းကွက်သစ် ကျေးရွာများမှ နေအိမ်များလည်း ရေနစ်မြုပ်ခဲ့ကာ ရိတ်သိမ်းပြီး စပါးအချို့ ပျက်စီးခဲ့ကြောင်း၊ စကုမြို့နယ်အတွင်း ရိတ်သိမ်းလုနီး စပါးခင်း ဧကပေါင်းထောင်ချီ၍ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

 

EMG
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here