Saturday, October 19, 2013

မန္တလေးတွင် သွေးလွန်တုပ်ကွေးကြောင့် ကလေး ၁၀ ဦးခန့် သေဆုံး

0 comments

FROM: The Voice Weekly

မန္တလေး၊ အောက်တိုဘာ ၁၇

မိုးရာသီနောက်ပိုင်းကာလ ကလေးအများစုတွင် ဖြစ်ပွားလေ့ ရှိသည့် သွေးလွန်တုပ်ကွေး ရောဂါကြောင့် မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံသို့ ကလေးငယ်ပေါင်း ၁၅၀၀ ခန့် လာရောက် ကုသခဲ့ရာ ယင်းအနက် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း အဆိုပါ ဆေးရုံအုပ်ကြီး ဒေါက်တာစိန်ဟန်က The Voice သို့ အတည်ပြု ပြောကြားသည်။“ဒီနှစ် ဇန်နဝါရီလကစပြီး လက်ရှိ အောက်တိုဘာလ ဒုတိယပတ်အထိ သေဆုံးတဲ့ကလေး ၁၀ ဦးခန့် ရှိခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ရသည့် အကြောင်းမှာ ရေကြည်ရေသန့်မှ ပေါက်ဖွားသည့်ခြင်များ ကိုက်ခံရ၍ ဖြစ်ပြီး ယင်းခြင်မှာ နေ့ခင်းဘက် များတွင် အကိုက်များသည့် ခြင်များ ဖြစ်ကြောင်း အဆိုပါ ဆေးရုံအုပ်ကြီးက ရှင်းပြသည်။
သွေးလွန်တုပ်ကွေး ရောဂါမှာ သုံးရက်မှငါးရက်အကြား စိုးရိမ်ရသော ရောဂါဖြစ်ပြီး တစ်ပတ်အတွင်းသာ ကုသရသည့် အခြေအနေ ဖြစ်ကြောင်း ကိုယ်ပူချိန်လျော့ခြင်း၊ သွေးယိုခြင်းများ ဖြစ်လျှင် ကလေး ၁၀ ဦးတွင် နှစ်ဦးမှာ အသက်အန္တရာယ် ပိုမိုများပြားသည်ကို တွေ့ရှိရကြောင်း ဒေါက်တာစိန်ဟန်က ထပ်မံပြောကြားသည်။ယင်းသွေးလွန်တုပ်ကွေး ရောဂါမှာ နှစ်စဉ်ဖြစ်လေ့ မရှိဘဲ ၂ နှစ်ခြားတစ်ကြိမ် ဖြစ်ပွားလေ့ရှိပြီး လတ်တလော ခုတင် ၅၅၀ ဆံ့ ဆေးရုံသို့ မန္တလေးခရိုင်အတွင်း ပုသိမ်ကြီးမြို့နယ်၊ အမရပူရ မြို့နယ်နှင့် ပြင်ဦးလွင်ခရိုင် မတ္တရာ မြို့နယ်တို့မှ အများဆုံး တက်ရောက်ကုသမှု ရှိကြောင်း ဆေးရုံလူနာမှတ်တမ်းများအရ သိရသည်။မွေးကင်းစလူနာအရွယ်မှ အသက် ၁၂ နှစ်အောက် ကလေးသူငယ်များ သွေးလွန်တုပ်ကွေး အဖြစ်များနေပြီး ယင်းသို့သော သွေးလွန်တုပ်ကွေးရောဂါ ဝေဒနာများ မပေါ်ပေါက်စေရန် ကလေးငယ်များ အိပ်မောကျနေချိန်တွင် ခြင်ထောင်၊ ခြင်သံဆန်ခါများဖြင့် လုံခြုံစွာထားရှိရန် လိုအပ်ပြီး ရောဂါလက္ခဏာ ဖြစ်ကြောင်း တွေ့ ရှိက ဆေးရုံသို့ ချက်ချင်းလာရောက် ကုသကြရန် ဆေးရုံအုပ်ကြီးက အကြံပြု ပြောကြားသည်။

(သန်းဖေသား)
Read more...

စီးပွားတော်လှန်ရေး ၂၀၁၃

0 comments


ခေတ်ပြောင်းတော်လှန်ရေးတိုင်းတွင် စီးပွားတော်လှန်ရေးမှာ အဓိက ကျသည်။ ၁၉၆၂ က စခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ၁၉၈၈ တွင် ပြိုကျခြင်းသည် စီးပွားရေး ချွတ်ခြုံကျ သွားသောကြောင့် ဖြစ်သည်။ ၂၀၁၁ တွင် စသော ခေတ်ပြောင်းတော်လှန်ရေး ၂ နှစ်ခွဲသား ရောက်ချိန်တွင် စီးပွားတော်လှန်ရေး မည်သို့ ရှိပါသနည်း။

စီးပွားရေးစနစ်သည် ပုံပျက်နေသဖြင့် ပုံမှန်ပြန်ဖန်တီးခြင်း (Normalization) နှင့် ဈေးကွက်စီးပွားရေး ဖော်ဆောင်ခြင်း (Marketization) တို့သည် စီးပွားတော်လှန်ရေး၏ အဓိက စရိုက်လက္ခဏာများ ဖြစ်သည်။ စီးပွားရေးသည် ကျယ်ပြန့်လှသဖြင့် စာမျက်နှာအခက်အခဲကို ငဲ့ကွက်ပြီး အရေးကြီးသော ကဏ္ဍအချို့ကိုသာ မီးမောင်းထိုး ဆန်းစစ်လိုက်ပါသည်။


စွမ်းဆောင်ရည်

စီးပွားရေး ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံရေးနှင့်မတူဘဲ Capacity ခေါ် စွမ်းဆောင်ရည် ပိုလိုအပ်သည်။ မြန်မာနိုင်ငံတွင်းတွင် အခြေခံစီးပွားရေး ပညာရပ်တွင်ပင် အားနည်းသည့်အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို တာဝန်ယူရသည့် အပေါ်ပိုင်းတွင်လည်း စွမ်းဆောင်ရည် ချို့တဲ့သည်။ စေတနာလည်းရှိ၊ စွမ်းလည်းစွမ်းသည့် လူတစ်ဦးစ နှစ်ဦးစ၏ တွန်းအားဖြင့်သာ ရွေ့ရလျှင် စွမ်းသူတို့ အုံနှင့်ကျင်းနှင့် ဝိုင်းရွှေ့သလောက် ရွေ့မည်မဟုတ်။ တစ်ဖန် စီးပွားရေး ပြုပြင်ပြောင်းလဲရာတွင် အခြေခံမှစပြီး ပြင်ရသည့်အခါ ဆေးခါးကြီး တိုက်ရသည်လည်း ရှိသည့်အတွက် လူအများ ဆန့်ကျင်မှုများကို ရင်ဆိုင်ရနိုင်သည်။ ထိုသို့ ဆန့်ကျင်မှုများကို မည်သို့ကျော်လွှားရမည် ဆိုသည်မှာလည်း စွမ်းဆောင်ရည်ကိစ္စပင် ဖြစ်သည်။

ဈေးကွက်စီးပွားရေးသို့ ပြုပြင်ပြောင်းလဲခြင်း၏ အနှစ်သာရတစ်ရပ်မှာ အစိုးရက နောက်ဆုတ်ပြီး ပုဂ္ဂလိကကို ရှေ့တင်ပေးခြင်း ဖြစ်သည့်အတွက် ပုဂ္ဂလိကပိုင်း၏ စွမ်းဆောင်ရည် သည်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွင် များစွာစကားပြောသည်။ စီးပွားရေးလုပ်ငန်း အများစုမှာ မိသားစု လုပ်ငန်း အမူအကျင့်များသာ ရှိနေပြီး နိုင်ငံတကာနှင့် ယှဉ်နိုင်ရန်ဝေးစွ၊ နိုင်ငံတကာ အသိအမြင် လုပ်နည်းလုပ်ဟန် တို့နှင့်ပင် အလှမ်းဝေးနေ သေးသည်။ အမြင်ကျယ်သူတို့ စပြောင်းနေကြပြီ ဖြစ်သော်လည်း အများစုမှာမူ ဖြည်းဖြည်းလေးလေး အေးအေးဖြင့်သာ ရှိနေသည်။ တိုင်းပြည်၏ဝမ်းဗိုက်ဟု တင်စားကြသော စီးပွားရေးလုပ်ငန်းရှင်တို့ အင်နှင့်အားနှင့် ဆောင်နိုင်ပါမှ နိုင်ငံ့စီးပွား ရှေ့သို့ လှမ်းတက်နိုင်မည်။
၂၀၁၅ အမီ

တက်သုတ်ရိုက် ဆောင်ရွက်ရန် အရေးကြီးကိစ္စမှာ မြန်မာ့ပုဂ္ဂလိက ကဏ္ဍကို ၂၀၁၅ အမီ အားသစ်လောင်းနိုင်ရေး ဖြစ်သည်။ အရှေ့တောင်အာရှ လွတ်လပ်စွာ ကုန်သွယ်ရေးကို မျက်ကန်းတစ္ဆေ မကြောက်ခဲ့သည့် မြန်မာ လုပ်ငန်းရှင်တို့ ၂၀၁၂ လောက်ရောက်မှ အိပ်ရာမှလန့်နိုးကာ ပြူးပြူးပျာပျာ ဖြစ်ကုန်ကြသည်။ တံခါးဖွင့်လိုက်လျှင် အကောင်းရောအဆိုးပါ ကြုံရမည်။ အခြားအရှေ့တောင်အာရှ နိုင်ငံများမှ ဝင်လာသော ကုန်တို့နှင့် ဈေးချိုသည် ချင်း၊ အရည်အသွေးချင်း မယှဉ်နိုင်လျှင် “တော်သူနေပြီး မတော်သူသေ” ရတော့မည်။ “ထလော့မြန်မာ၊ မြန်မာထလော့” သည် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တို့အတွက် နေ့စဉ် နှုတ်တက်ရွရွ ကျင့်သုံးရမည့် ဂါထာဖြစ်လာသည်။
ရေခံမြေခံကောင်း

အစိုးရ၏တာဝန်မှာ စီးပွားရေးလုပ်ငန်း အပင်တို့ ရှင်သန်ပေါက်ရောက် ကြီးထွားမြန်သည့် ရေခံမြေခံကောင်း (Enabling Environment) ဖန်တီးပေးခြင်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းတို့ အသစ်တည်နိုင်အောင်၊ တိုးချဲ့နိုင်အောင် အဓိကလိုအပ်သည့် အရာမှာ အရင်းဖြစ်သည်။ အရင်းကို လွယ်ကူစွာရအောင်၊ ဈေးချိုအောင် ဖန်တီးပေးရန် လိုသည်။ အရင်းရရန် အတွက် ပထမဦးဆုံး ဘဏ်စနစ်၊ ဒုတိယအားဖြင့် ငွေကြေးဈေးကွက်ကို တိုးတက်အောင် ဆောင်ရွက်ရမည်။

ပို့ကုန်များများ ပို့နိုင်အောင် ပြည်တွင်းသုံးငွေကို ပျော့စေခြင်း (Devaluation) သည် ဒေသတွင်း အောင်မြင်သော ပို့ကုန်နိုင်ငံများ ပွဲတွေ့ လက်စွဲဆေးတစ်မည် ဖြစ်သည်။ တစ်ဒေါ်လာလျှင် မြန်မာ ကျပ်ငွေ တစ်ထောင်ပတ်ဝန်းကျင်တွင် ရှိနေသဖြင့် ပို့ကုန်အားပေးသည့် အခြေအနေတွင် ရှိနေသည်။ သို့သော် ငွေပျော့ခြင်းအပြင် ထုတ်လုပ်နိုင်စွမ်းအား တိုးတက်ကောင်းမွန်ခြင်း၊ ဈေးကွက်သစ်များ ရှာဖွေခြင်းတို့ ဆောင်ရွက်နိုင်မှသာ ပို့ကုန်တို့ တိုးတက်လာမည်။

စီးပွားရေးဖွံ့ဖြိုးမှု၏ ရေခံမြေခံကောင်းတွင် အခြေခံ အဆောက်အဦများ ကောင်းမွန်ရေး ပါဝင်သည်။ စက်မှုဇုန် မြေဈေးကြီးခြင်း၊ လျှပ်စစ်ဓာတ်အား အခက်အခဲ တို့သည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရော ပြည်တွင်းလုပ်ငန်းရှင် တို့အတွက်ပါ ရေခံမြေခံကောင်းများ မဟုတ်ကြပါ။ ကိုယ့်ထက် ရှေ့ရောက်နေသည့် ထိုင်း၊ ဗီယက်နမ်တို့ထက် မြေဈေးကြီးလျှင် လှည့်ပြန်သွားကြမည်။ လျှပ်စစ်မီးမရလျှင် စက်မှုနိုင်ငံ ထူထောင်ရေး အိပ်မက်ပင် မက်နိုင်မည်မဟုတ်။
အခွန်

မြန်မာ့စီးပွားရေးတွင် ပုံမမှန်မှုကြီး တစ်ရပ်မှာ အစိုးရသည် အခွန် အကောက်ထက် သဘာဝသယံဇာတ ရောင်းချရငွေကို မှီခိုလည်ပတ်နေခြင်း ဖြစ်သည်။ တည်ဆောက်ရေး ကာလတွင် အသစ်အသစ်များ ဖန်တီးခြင်း အတွက် ငွေပိုသုံးရမည် ဖြစ်သည့်အတွက် ဘတ်ဂျက်တိုးအောင် အခွန်စနစ် ပြင်ရန် အားလုံးလိုလိုက အကြံပေးထားပြီး အခွန်ပိုရအောင် စတင်ဆောင် ရွက်နေပြီ။ ပြည်သူ့ထံမှ အခွန်ရလျှင် ပြည်သူအပေါ် တာဝန်ခံမှုလည်း ပိုတက်လာနိုင်သည်။
ငွေလဲလှယ်နှုန်း

ရုံးသုံး ငွေလဲလှယ်နှုန်းက တစ်မျိုး၊ ဈေးကွက်ပေါက်ဈေးတစ်မျိုး၊ FEC ဈေးက တစ်မျိုး စသည်ဖြင့် အမျိုးမျိုးဖြစ်ခဲ့သည့် ငွေလဲလှယ်နှုန်းများကို တစ်ခုတည်းဖြစ်အောင် ဆောင်ရွက်ခြင်း (Unification of Multiple Exchange Rates) သည် နှစ်သုံးလေးဆယ် ငွေကြေးကဏ္ဍ မူမမှန်မှုကြီးကို တည့်မတ်လိုက်ခြင်း ဖြစ်သည်။ နိုင်ငံခြားငွေ လဲလှယ်ခြင်းကို ဖြေလျှော့လိုက်သဖြင့် နိုင်ငံခြားငွေကို တရားဝင် ငွေလဲကောင်တာ များတွင် အလွယ်တကူ လဲလှယ်နိုင်လာသည်။ ငွေလဲလှယ်နှုန်းကို ကိုင်တွယ်ရာတွင် ထိန်းကျောင်းမျှော (Managed Float) မှသည် လွတ်လပ်မျှော (Free Float) သို့သွားရန် စီစဉ်နေသော်လည်း လက်ရှိစွမ်းဆောင်ရည် အရ တဖြည်းဖြည်းသာ သွားသင့်ပြီး အရင်လိုလျှင် ကမောက်က မဖြစ်နိုင်သည်။
ဗဟိုဘဏ်

ယခင်က ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ဌာနတစ်ခုသာ ဖြစ်သည့် ဗဟိုဘဏ်ကို လွတ်လပ်အောင် ဆောင်ရွက်နေခြင်းသည် ထူးခြားသော စီးပွားရေး ပြုပြင်ပြောင်းလဲရေး ဖြစ်သည်။ ဗဟိုဘဏ်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ထိုဥပဒေနှင့်အညီ ဗဟိုဘဏ်ကိုလည်း ပြင်ဆင်ဖွဲ့စည်းလိုက်ပြီ။ ယခုအချိန်တွင် ဗဟိုဘဏ်သည် ငွေကြေးမူဝါဒ၏ အခေါင်အချုပ် သီးသန့်ဌာနကြီး အဖြစ် ဝန်ကြီးအဆင့် ဗဟိုဘဏ်ဥက္ကဋ္ဌက တာဝန်ယူနေပြီ။ လွတ်လပ် ဗဟိုဘဏ် အဖြစ် အပြည့်အဝ လည်ပတ်နိုင်ရန် အချိန်ယူရဦးမည် ဖြစ်သော်လည်း ယခုကဲ့သို့ အသစ်ပြင်ဆင် ဖွဲ့စည်းနိုင်ခြင်းမှာ မြန်မာ့စီးပွားရေး မူဝါဒ သမိုင်းတွင် ပထမဦးဆုံးအကြိမ် ဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

တရုတ်၊ ဗီယက်နမ်တို့ကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားဖြင့် တက်လိုသည့် မြန်မာအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်း၊ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရန် တစ်ခဲနက် စိတ်ဝင်စားလာခြင်းသည် တစ်အားပင် ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လူအများထံ ရောက်မရောက် အမြင်လွယ်ဆုံးမှာ အလုပ်အကိုင် အခွင့်အလမ်းတွင် ဖြစ်သဖြင့် ထုတ်လုပ်ရေး၊ လယ်ယာ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း တို့ကဲ့သို့ အလုပ်များများ ဖန်တီး ပေးနိုင်သည့် ကဏ္ဍများသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာအောင် စီမံဆွဲဆောင်ရမည်။ ကုန်ထုတ်လုပ်ရေး ဘက်သို့ ဝင်လာကြပြီဟု သိရသည့်အတွက် ဝင်လက်စဖြင့် ဆက်တိုက် ထပ်ဝင်လာအောင် ဆွဲဆောင်စီစဉ်ပေးရန် လိုသည်။
ခရီးသွားလုပ်ငန်း

မြန်မာတို့ မြန်မြန်ဆန်ဆန် ခူးစားရမည့် ကဏ္ဍမှာ ခရီးသွားလုပ်ငန်း ဖြစ်သည်။ မြန်မာကို ကမ္ဘာက သမိုင်းတစ်လျှောက် အကြီးမားဆုံး စိတ်ဝင်စားခြင်းနှင့် ယခင်က အရောက်အပေါက် နည်းခြင်းတို့ ပေါင်းလိုက်သည့်အခါ မြန်မာသို့ လာလည်သူ ခရီးသွားဦးရေသည် စံချိန်တင် မြင့်တက်လာသည်။ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းသည် ဝန်ဆောင်မှု ဖြစ်သည့်အတွက် လုပ်သား အင်အားလိုအပ်မှု များပြားပေရာ အလုပ်အကိုင်ရရှိမှု တက်လာမည်။ ဆိုက်ကားဆရာ၊ ဟိုတယ်ပိုင်ရှင်၊ ရုပ်သေးသမား၊ ဧည့်လမ်းညွှန်၊ အမှတ်တရပစ္စည်း ထုတ်လုပ်သူ၊ ထမင်းဆိုင်ရှင် စသည့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆက်စပ်နေသည့် နေရာစုံ ကဏ္ဍစုံတို့ အကျိုးခံစားရမည် ဖြစ်သည့် အတွက် ရပြီးအရှိန်ကို ထပ်တင်ရမည်။ ဟိုတယ်ဈေးမြင့်ခြင်း၊ ဟိုတယ်ခန်း နည်းခြင်း၊ လေယာဉ်လက်မှတ် ရနိုင်မှု စသည့် စိန်ခေါ်မှုများကို ရှင်းနိုင်ရမည်။ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ဗုံးကွဲခြင်းသည် ချက်ချင်းလက်ငင်း ပေါ်ပေါက်လာသည့် စိန်ခေါ်မှု ဖြစ်သည်။
လယ်ယာ

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဆိုသော်လည်း နာမည်သာရှိပြီး လယ်ယာကဏ္ဍသည် ဖွံ့ဖြိုးရန် လိုအပ်နေသေးသည်။ အရင်းအနှီးများ ထိုးသွင်းခြင်း၊ လမ်း၊ မီးစသည့် အခြေခံ အဆောက်အဦများ ပြင်ဆင်ပေးခြင်း၊ ဓာတ်မြေသြဇာ စသည့် သွင်းအားစုများ တိုးတက်ထည့်သွင်းခြင်း၊ စိုက်နေကျ သီးနှံများအစား ဝင်ငွေကောင်းဈေးကွက်ရှိ သီးနှံသစ်များ ကြံဆစိုက်ပျိုးခြင်း စသည်တို့ ဆောင်ရွက်မှသာ တကယ့် လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်လာပြီး လယ်ယာနှင့် ချိတ်ဆက်နေသည့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းတို့ ဘဝ တိုးတက်လာမည်။
နိုင်ငံရေး ဘောဂဗေဒ

စီးပွားရေး ပြုပြင်ပြောင်းလဲရာတွင် ပြောင်းသွားလျှင် လက်ရှိ အကျိုးရှိနေသူ များက နစ်နာမည်စိုးသောကြောင့် ခုခံတားဆီးသည် များကိုလည်း မြင်နေရသည်။ “ဒီရေမြင့်တက်လာလျှင် လှေများအားလုံး ဒီရေနှင့်အတူ မြင့်တက်လာမည်” ဖြစ်သည့်အတွက် လက်ရှိ အကျိုးခံစားနေရသူ များသည် အခြေအနေနှင့် ဆီလျော်အောင် လိုက်ပါပြောင်းလဲနိုင်လျှင် ဆက်လက် အကျိုးရှိမည် ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ နွားခြေရာခွက်ထဲတွင်သာ တွင်ကျယ်ရာမှ နိုင်ငံတကာနှင့် မီအောင်လိုက်နိုင်လျှင် အနည်းဆုံး အရှေ့တောင်အာရှ အဆင့်ထိ ပေါက်နိုင်သည်။ နိုင်ငံရေးနှင့် စီးပွားရေးသည် ခွဲမရအောင်တွဲနေသည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် နာသွားမည်ဟု ထင်သူတို့က နိုင်ငံရေးအရ အဟန့်အတားပြုနိုင်သည်ကို ခက်ခဲသည်ဖြစ်စေ ရအောင် ကျော်လွှားရမည်။

အထူးဂရုစိုက်ရန်မှာ နိုင်ငံရေးပြောင်းသွားရုံဖြင့် စီးပွားရေး လိုက်တက်မလာပါ။ ဒီမိုကရေစီနိုင်ငံသို့ ချီတက်ရုံဖြင့် ဥုံဖွဆိုပြီး နိုင်ငံ ချမ်းသာလာမည် မဟုတ်ပါ။ ကြံနိုင်ဆနိုင်၊ ကြိုးစားနိုင်၊ အားပေးနိုင်ပါမှ စီးပွားရေး တက်လာလိမ့်မည်။

ဇေယျသူ

The Voice Weekly
Read more...

သူရိယအလင်း သတင်းဂျာနယ်တိုက်ကို ဝင်ရောက်သိမ်းဆည်းခံရ

0 comments

Saturday, October 19, 2013

ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြခန်း မျက်နှာချင်းဆိုင်ရှိ သူရိယ အလင်း သတင်းဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ရက်နေ့ည ၁၂နာရီခန့်က နေရွှေသွေးအောင်

(ခေါ်)ဖိုးလပြည့် အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ သားနှင့် အပေါင်းအပါများက ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသွားကြောင်း ၎င်းသတင်းဂျာ နယ်တိုက်တွင် ညအိပ် တာဝန်ကျသူများထံမှ သိရသည်။

ယင်းဂျာနယ်တိုက်သို့ ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းခံရခြင်းမှာ သူရိယအလင်း သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)ပါ စစ်သူရဲ ဗလမင်းထင်ရေးသားသော မော်စကိုမှာ သာသာမယ့် ဆောင်းပါးနှင့် ထောင်သူရဲ ဘအုပ်ရေးသားသောမြင်းခွာတစ်ချက်ပေါက်ရင် မီးတဟုန်ဟုန်းတောက်စေရမယ် 

(သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ၎င်းဂျာနယ် အယ်ဒီတာ တစ်ဦးက ပြောသည်။

“ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက် ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်းပြီး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအရောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။ ရုံးမှာ ချန်ထားတဲ့ဂျာနယ် ၁၀၀နဲ့ ပြန်သိမ်းလာတဲ့ ဂျာနယ်၆၀၀ရာလောက်ကော၊ ကွန်ပျူတာ ၂၂စုံက System ပုံး၁၄လုံး ဖြုတ်သွားတယ်။ အထဲဝင်ဝင်ချင်း CCTVကို စက္ကူနဲ့ အုပ်လိုက်တယ်။ ကျွန်တော်တို့ အခန်းမှာ ရှိတဲ့ CCTV ပုံးကိုလည်း ဖြုတ်သွားတယ်။ နည်းပညာသမား ကောင်းကောင်းပါတယ်ဗျ။ အဲဒီတော့ ရကော့(record) မရတော့ဘူးပေါ့ဗျာ”ဟု အဆိုပါဂျာနယ်၏ ရှယ်ယာ ကိုးဆယ်ရာခိုင်နှုန်းကို ပိုင်းဆိုင်ထားသည်ဆိုသော စီအီးအို အဖွဲ့ဝင် ကိုမိုးဝေက ဆိုသည်။

ယင်းသို့ ဂျာနယ်တိုက်အား ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားထားခြင်း မရှိသေးဘဲ ရှေ့နေများနှင့် ဦးစွာ တိုင်ပင်သွားမည်ဟုလည်း ဆိုသည်။

၎င်းဂျာနယ်ပါ ဆောင်းပါးများကိုလည်း ကိုမိုးဝေနှင့် အယ်ဒီတာများက ဖြတ်တောက်ခြင်း လုံးဝ မပြုလုပ်ဘဲ ပြည်သူလုထု သိသင့်သောကြောင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

မ်ာစကိုမှာ သာမယ့်လ ဆောင်းပါးတွင် “ဒီနေရာမှာ စစ်သူရဲဗလမင်းထင် ဆိုတဲ့ကောင်က ခရိုနီအားလုံးကို အတိအလင်း သတိပေးလိုက်မယ်။ ကျုပ်ပြည်သူတွေ အတွက် မှန်တာရေးလို့ ခင်ဗျားတို့က ကျုပ်နဲ့ ကျုပ်မိတ်ဆွေတွေ ကျုပ်စာကို ဖော်ပြပေးနေတဲ့ သူရိယအလင်းဂျာနယ်ကို ထိပါး၊ စော်ကား လုပ်ကြံလာမယ်ဆိုရင် ကျုပ်တို့ကလည်း ခင်ဗျားတို့ ဆွေခုနှစ်ဆက်၊ မျိုးခုနစ်ဆက် အဆုံးတိုင်အောင် လက်တုံ့ပြန်သွားမယ် ဆိုတာရယ် ခင်ဗျားတို့အားလုံး နောင်တကြီးစွာ ရစေမယ် ဆိုတာတော့ ပြတ်ပြတ်သားသားကြီး ပြောထားလိုက်တယ်” ဟု စိန်ခေါ်မှု အရေးအသားဖြင့် ဖော်ပြထားခြင်းလည်း ဖြစ်သည်။

“ကျွန်တော်က ဒီအခန်းထဲမှာ အိပ်နေတာပါ။ သူရိန်တို့ အဖွဲ့တွေ ဝင်လာပြီး ပစ္စည်းတွေကော ဂျာနယ်တွေကော သိမ်းသွားတာ။ လူကိုတော့ ဘာမှ မလုပ်ပါဘူး။ သူတို့နဲ့က အစကတည်းက ရင်းလည်း ရင်းနှီးပါတယ်”ဟု CCTV မှတ်တမ်းစက်ထားရှိသော အခန်းတွင် အိပ်နေသည်ဆိုသော အယ်ဒီတာ အဖွဲ့ဝင် ဦးတင်အေးကဆိုသည်။

သတင်းဂျာနယ် တိုက်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ကိုသူရိန်နှင့် အဖွဲ့များက ပစ္စည်းများ သိမ်းဆည်းနေစဉ်တွင် ဂျာနယ်တိုက်၏ အပြင်ဖက်တွင် ဖိုးလပြည့်နှင့် သူရိယအလင်းဂျာနယ်၏ ထုတ်ဝေသူ ဦးယုနိုင်လည်း ရှိနေခဲ့သည်ဟုလည်း ဆက်လက် သိရသည်။

အက္ခရာနိုင်(မြန်မာ့ခေတ်)

မြန်မာ့ခေတ်
Read more...

ဘုရင့်နောင်မှ အောင်သပြေ အဆောက်အအုံ လမ်းနယ်မြေကျူးကျော်သည် ဟု ဆိုကာ ရပ်ကွက်နေပြည်သူများ တိုင်ကြား

0 comments
 လမ်းနယ်မြေကျူးကျော်ပြဿနာဖြစ်ပေါ်နေသော အဆောက်အအုံနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ-   နိုင်နိုင်ဇော်
Saturday, October 19, 2013

မရမ်းကုန်းမြို့နယ်တွင် ဆောက် လုပ်ပြီးအောင်သပြေအဆောက် အအုံမှာ လမ်းနယ်မြေကျူးကျော် သည်ဟုဆိုကာ ရပ်ကွက်နေပြည် သူများမှ တိုင်ကြားခြင်းကြောင့် ပြန်လည်စစ်ဆေးမှုများပြုလုပ် လျက်ရှိ ကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း ၁ရက်ကွက်အတွင်း ဧရိယာ ၂ဒသမ ၂၉၂ဧကအကျယ် အဝန်းရှိ ယခင်သားရေစက်ရုံဝင်း အတွင်း ဆောက်လုပ်ထားသည့် အောင်သပြေအဆောက်အအုံ မှာ လမ်းမြေ အပေါ်ကျူး ကျော်နေ သည်ဟုဆိုကာ ရပ်ကွက်နေသူများ မှတိုင်ကြားခြင်းကြောင့် မြေတိုင်း ဦးစီးဌာနမှ မြေယာတိုင်းတာမှုများ ပြန်လည်ပြုလုပ်ခဲ့ကြောင်း အဆို ပါရပ်ကွက်မှ ရာအိမ်မှူး ဦးဉာဏ် လှိုင်ကပြောသည်။

မရမ်းကုန်း ၁ရက်ကွက် ရာအိမ်မှူး ဦးဉာဏ်လှိုင်က''ရပ် ကွက်ထဲက ပြည်သူတွေရဲ့ဆန္ဒနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင် ပြထားတာ ဒီနေ့မှာစည်ပင်ရယ်၊ ရဲစခန်းကလူတွေရယ်၊ မြေတိုင်း ရယ်ဆင်းလာပြီး မြေလာတိုင်း သွားတယ်၊ စည်ပင် ဒုဌာ နမှူးက တော့ နောက်တစ်ပတ်လောက် နေမှ အကျယ်အဝန်းကိုသိရမယ် လို့ပြောတယ်''ဟု ဆိုသည်။

အဆိုပါအဆောက်အဦး မှာ လွန်ခဲ့သောနှစ်နှစ်မှစတင်ကာ အစိုးရထံမှ အောင်သပြေလုပ်ငန်း ရှင်ဒေါ်စန်းစန်းရီမှ တင်ဒါဖြင့်ရ ယူထားပြီး ၂၀၁၂ခုနှစ်မှစတင် ကာ အောင်သပြေအဆောက်အ အုံအားဆောက်လုပ်ရာ ဒေသခံ များမှ လမ်းနယ်ပေါ်ကျူးနေသည် ဟုဆိုကာ သက်ဆိုင်ရာစည်ပင် ဌာနများသို့ အသိပေးအကြောင်း ကြားခဲ့သော်လည်း ထိရောက် သောတိုင်းတာမှုများမရှိခဲ့ခြင်း ကြောင့် လွှတ်တော်ကိုယ်စားလှယ် မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြားမှသာလာ ရောက်စစ်ဆေးတိုင်းတာခြင်း ဖြစ်သည်ဟု ယင်းကထပ်မံပြော ဆိုသည်။

အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာ့အထွေထွေနှင့်ပြုပြင်ထိန်း သိမ်းရေး စက်မှုလုပ်ငန်းလက် အောက်ရှိ သားရေစက်ရုံခွဲ မရမ်း ကုန်းအား ၂၀၁ဝပြည့်နှစ် ဧပြီ ၂၉ ရက်စွဲဖြင့် ပုဂ္ဂလိကသို့လွှဲပြောင်း ပေးရန် ကော်မရှင်မှတစ်ဆင့် လုပ်ငန်းရှင် ဒေါ်စန်းစန်းရီထံသို့ လွှဲပြောင်းပေးခဲ့ပြီး ယင်းတွင် ကုန် ကြမ်းကုန်ချော၊ ရုံးသုံးပရိဘောဂ နှင့်ဝန်ထမ်းများ လွှဲပြောင်းပေးမှု တွင် မပါဝင်ခဲ့ကြောင်းသိရသည်။

အောင်သပြေလုပ်ငန်းအား ဆက်သွယ်မေးမြန်းရာ ပိုင်ရှင်ဟု ပြောသူက''ဒီနေ့ပဲ စည်ပင်ရယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူး၊ ရဲစခန်းကလူတွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ကျွန်တော် တို့ပိုင်ရှင်ရယ်အရှေ့မှာ မြေတွေ တိုင်းပြီး နဂိုမူလအကျယ်ထက် နည်းတယ်ဆိုပြီး လာတိုင်းတဲ့သူ တွေက အတည်ပြုသွားတယ်၊ ဒါကို ဒီကရပ်ကွက်အုပ်ချုပ်ရေး မှူးတို့ကိုယ်တိုင် လက်မှတ်ထိုး သွားတယ်၊ ကျွန်တော်တို့ကျူး ကျော်ပြီး ဆောက်ထားတာမရှိ ပါဘူး နဂိုမြေအတိုင်းထက်တောင် နည်းသေးတယ်''ဟု ဆိုသည်။

ယင်းက ဆက်လက်ပြောဆို ရာတွင် အောင်သပြေလုပ်ငန်း၏ မန်နေဂျာအနေဖြင့် ယင်းအ ကြောင်းအား အမှန်တကယ်သိရှိ ပါကြောင်း၊ ၂၀၁ဝပြည့်နှစ်မှစတင် ကာဒေသခံများ၏တိုင်ကြားမှု ကြောင့် တိုင်းတာရေးအဖွဲ့များမှ အဆိုပါမြေနေရာအား ခုနစ်ကြိမ် အထိ လာရောက်စစ်ဆေးခဲ့ရာ မှန်ကန်မှုရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်ဟုဆိုသည်။

ရပ်ကွက်နေပြည်သူများ၏ ပြောဆိုချက်အရ ယခင်အချိန်က လာရောက်တိုင်းတာခြင်းမရှိဘဲ ယခုအကြိမ်မှာသာ လာရောက် တိုင်းတာခြင်းဖြစ်ပြီး ပိုင်ရှင်ဘက် မှပြောဆိုသလို မြေတိုင်းတာရေး အဖွဲ့ဌာနမှူးကိုယ်တိုင်မှ တိုင်းတာ ၍ရရှိသည့် အကျယ် အဝန်းအား ချက်ချင်းပြောဆိုခြင်းလုံးဝမရှိဘဲ တစ်ပတ်အကြာမှသာ အတိအ ကျပြောနိုင်မည်ဟု ပြောဆိုသွား သည်မှာ ဒေသခံများ သက်သေ ရှိသည်ဟု ဆိုသည်။ အဆိုပါသားရေစက်ရုံမှဒေါ်စန်းစန်းရီသည် ၂၀၀၉ခုနှစ် ငါး လပိုင်း မှ စတင်ကာ ၂၉၉ဝဒသမ ၄ဝဝကျပ်သန်းအား သုံးရစ်ခွဲ၍ တင်ဒါအမြင့်ဆုံးဈေးဖြင့် ရယူခဲ့ ကြောင်း သိရသည်။

နိုင်နိုင်ဇော်
Yangon Media Group

Read more...

ယူကေနိုင်ငံတကာ ပညာရေးစင်တာပညာရေးအဖွဲ့ မြန်မာကျောင်းသားများအတွက် ဆွေးနွေးပွဲ ကျင်းပမည်

0 comments
Monday, October 14, 2013

ယူကေနိုင်ငံတကာ ပညာရေးစင်တာမှ ပညာရေးအဖွဲ့သည် မြန်မာကျောင်းသားအတွက် ပညာရေး ဆွေးနွေးပွဲကို အောက်တိုဘာ ၂၁ ရက်တွင် ဗြိတိသျှကောင်စီ (မြန်မာ) ၌ လာရောက်ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် သွားရောက်ပညာသင်ယူလိုသော မြန်မာကျောင်းသားများအတွက် ပညာရေးအခွင့် အလမ်းများအကြောင်းကို ယူကေနိုင်ငံတကာ ပညာရေးစင်တာမှ တာဝန်ရှိသူများက နံနက် ၉ နာရီခွဲမှ နေ့လည် ၁၂ နာရီထိ ရှင်းလင်းဟောပြောသွားမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီက ကြေညာထား သည်။

မြန်မာကျောင်းသားများအနေဖြင့် ဗြိတိန်နိုင်ငံ၌ ဘွဲ့ကြို၊ ဘွဲ့လွန်ပညာသင်ယူနိုင်သော အခွင့်အလမ်း များ၊ ဘာသာရပ်နှင့် ဝန်ဆောင်မှုများအကြောင်းကို အထက်ပါပညာရေးဆွေးနွေးပွဲတွင် တက်ရောက် လေ့လာနိုင်မည်ဖြစ်သည်။

အထက်ပါဆွေးနွေးပွဲတွင် ဗြိတိန်နိုင်ငံမှ Bellerbys College မှတာဝန်ရှိသူများလည်း လာရောက်ရှင်း လင်းမည် ဖြစ်သည်။

7Day News Journal
Read more...

ဌာနဆိုင်ရာများနှင့် ပြည်သူအကြားရှိ အခက်အခဲများ အစိုးရအဖွဲ့ တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းမည်

0 comments

Saturday, October 19, 2013

ပြည်ထောင်စုဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အသီးသီးက ဆောင်ရွက်နေသည့် ဌာနဆိုင်ရာ လုပ်ငန်းများတွင် ပြည်သူများ ကြုံတွေ့နေရသည့် အဆင်မပြေမှု များနှင့် အခက်အခဲများကို ပြည်ထောင်စုအစိုးရ အဖွဲ့က တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ဝန်ကြီးဌာနများနှင့် ဒေသအစိုးရ တို့၏ လုပ်ငန်းအသီးသီး အကောင်အထည်ဖော် ဆောင်ရွက်မှု လျင်မြန်ထိရောက်စေရန် ဒုတိယဝန်ကြီးများ ဦးဆောင်သည့် အစိုးရအဖွဲ့ ဆပ်ကော်မတီ ၂၇ ခုကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းလိုအပ်ချက် များကို အကြံပြုနိုင် သည့်အပြင် အဆင်မပြေမှု များကိုလည်း အဆိုပါ ဆပ်ကော်မတီသို့ တိုင်ကြားနိုင်ကြောင်း ယင်းထုတ်ပြန်ချက် အရ သိရသည်။
"ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ကို တင်ပြတဲ့ အခက်အခဲတွေ ဖြေရှင်းဆောင်ရွက်မှု အဆင်မပြေရင် ဆပ်ကော်မတီ တွေကို တိုက်ရိုက် ပြောလို့ရတယ်" ဟု အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ပြည်သူများ၏ အကြံပြုတင်ပြချက် များနှင့် အခက်အခဲ တိုင်ကြားချက်များကို ကိစ္စရပ် အကြီးအသေးပေါ် မူတည်၍ အချိန်ကာလ သတ်မှတ်ချက်တစ်ခု အတွင်း ဒုတိယဝန်ကြီးများ ဦးဆောင်သည့် အဖွဲ့က ဖြေရှင်းပြန်ကြားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"အဆင်မပြေမှု တွေက ရပ်ကွက် ဥက္ကဋ္ဌ အဆင့်ကနေ ဗဟိုအထိ အဆင့်ဆင့်မှာ ရှိတယ်။ ဒီလိုပဲ နားလည်မှုနဲ့ လုပ်နေရတာ။ ပြည်သူ့အခက်အခဲ မှန်သမျှ အစိုးရက တိုက်ရိုက်ရှင်းပေးတာ မျိုးတော့ မမျှော်လင့်ရဲသေးဘူး" ဟု မကွေးမြို့မှ အိမ်၊ ခြံ၊ မြေ လုပ်ငန်း လုပ်ကိုင်သူ ဦးကျော်ကြီးက ဆိုသည်။

ဌာနဆိုင်ရာ လုပ်ငန်း အသီးသီးတွင် လာဘ်စားမှုများ နေရာအနှံ့ ကျန်ရှိနေသေးပြီး အုပ်ချုပ်ရေးမှူး များမှတစ်ဆင့် တန်ဖိုးနည်းဖုန်း ရောင်းချသည့် ကိစ္စရပ်များနှင့် ချဲထီ၊ ဘောလုံး လောင်းကစား လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ဖြစ်နေခြင်းမှာ သက်ဆိုင်ရာက ဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်ခြင်း မရှိသည်မှာ သိသာထင်ရှားကြောင်း ၄င်းက ထုတ်ဖော်ပြောကြားသည်။

အစိုးရဌာနဆိုင်ရာ ဆောင်ရွက်လုပ်ကိုင်မှု များနှင့်ပတ်သက်၍ အကြံပြု တိုင်ကြားချက်များကို သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍအလိုက် ဆက်သွယ်ရမည့် ကော်မတီ၏အမည် တယ်လီဖုန်းအမှတ်၊ ဖက်စ်နံပါတ် နှင့် အီးမေးလ်လိပ်စာ များကို ဖော်ပြထားပြီး နိုင်ငံတော်သမ္မတရုံး ဖုန်းအမှတ် ၀၁-၂၃၉၉၆၆၆ သို့ ပူးတွဲပေးပို့နိုင်ကြောင်း သမ္မတရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

The Voice Weekly
Read more...

ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုများ ထပ်မဖြစ်ပွားနိုင်ဟု ရဲချုပ်အာမခံ

0 comments
Saturday, October 19, 2013

ယခု ရက်ပိုင်း အတွင်း ပေါက်ကွဲမှုဖြစ် စဉ် များတွင်ပါဝင်သည့် တရားခံ ရှစ်ဦးကို ဖမ်းဆီးရမိပြီးဖြစ်သော ကြောင့် ရန်ကုန်မြို့တွင် ဗုံးပေါက် ကွဲမှု ထပ်မံမဖြစ်ပွားနိုင်ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော် ဝင်းက ပြောသည်။ အောက်တိုဘာ ၁၈ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

ရဲချုပ်ဇော်ဝင်းက ''လက်ရှိ အနေနဲ့ ရန်ကုန်မှာ ပေါက်ကွဲမှု တွေ ထပ်မံမဖြစ်ပွားနိုင်တော့ပါ ဘူး။ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ပါဝင်ဆက်စပ်နေတဲ့ တရားခံတွေ ကိုလဲ ထပ်မံဖမ်းဆီးဖို့ ဆောင် ရွက်နေပါတယ်''ဟု ပြောသည်။ အဆိုပါပေါက်ကွဲ မှုဖြစ် စဉ် များကို ကေအင်န်ယူ ၏ စီးပွားရေး လုပ်ငန်းအဖွဲ့မှ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောသည်။ ရဲချုပ်ဇော်ဝင်းက ''ရှမ်းပြည် နယ် နမ့်ခန်းမှာဖြစ်တဲ့ ဗုံးပေါက် ကွဲမှုဖြစ်စဉ်နဲ့ အခုဖြစ်စဉ် က ဆက် စပ် မှုမရှိပါဘူး''ဟု ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၉ရက်မှစတင်ကာ ရန်ကုန်၊ မန္တ လေး၊ စစ်ကိုင်းနှင့် တောင်ငူမြို့ များတွင် ဗုံးပေါက်ကွဲမှု ၁ဝကြိမ် ဖြစ်ပွား ခဲ့ပြီး ပြည်သူနှစ်ဦး သေ ဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Yangon Media Group
Read more...

CDMA ဆင်းမ်ကတ် ရောင်းချမှုရပ်ဆိုင်း

0 comments

Saturday, October 19, 2013

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဧပြီလမှစတင်၍ အလုံးရေ အကန့်အသတ်ဖြင့် လစဉ်ဖြန့်ချိနေသည့် ကျပ် ၁၅၀၀ တန် CDMA 800MHz မိုဘိုင်းလ်ဆင်းမ်ကတ် များကို အောက်တိုဘာလမှ စတင်၍ ရောင်းချမှု ရပ်ဆိုင်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) က ထုတ်ပြန်သည်။

ဧပြီလမှ ဇွန်လအထိ လစဉ် CDMA ကတ် သုံးသိန်းငါးသောင်းကို ဖြန့်ချိခဲ့ပြီး ဇူလိုင်လမှ စက်တင်ဘာလ အထိ လစဉ် ကတ် တစ်သိန်းငါးသောင်းသို့ လျှော့ချခဲ့ရာမှ ယခုလတွင် ရောင်းချမှု လုံးဝ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
"လိုင်းထပ်တိုးလို့ မရတော့ဘူး။ အဲ့ဒါကြောင့် ရပ်လိုက်တာ" ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။

CDMA လိုင်း တပ်ဆင်အားကို ထပ်မံတိုးချဲ့ခြင်း မရှိသည့်အတွက် ဖုန်းလိုင်း ထပ်တိုးရောင်းချရန် မဖြစ်နိုင်ကြောင်း၊ CDMA ဖုန်းကတ်များ ထပ်မံရောင်းချရန် အစီအစဉ်ရှိ မရှိမှာမူ MEC က လိုင်းအင်အား ထပ်တိုး မတိုးအပေါ် မူတည်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

ယင်းသို့ CDMA ကတ်များ ရောင်းချမှု ရပ်ဆိုင်းလိုက်သဖြင့် အောက်တိုဘာလ အတွက် GSM/WCDMA ဖုန်းလိုင်းများကို သုံးသိန်းခြောက်သောင်းအထိ တိုးမြှင့်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေဖြန့်ချိမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်၍ GSM ကတ် ၂၅၈,၀၀၀ နှင့် WCDMA ကတ် ၁၀၂,၀၀၀ ကို ခွဲဝေရောင်းချမည် ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် စုစုပေါင်း ကတ် ခုနစ်သောင်းကျော် အများဆုံး ရောင်းချမည် ဖြစ်သည်။

သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်အရ ဧပြီလမှစတင်၍ CDMA ကတ် ၁ ဒသမ ၅ သန်းနှင့် GSM နှင့် WCDMA ကတ် စုစုပေါင်း ခြောက်သိန်းကျော် ရောင်းချထားပြီးဖြစ်သည်။

CDMA ဆင်းမ်ကတ် ရောင်းချမှုရပ်ဆိုင်း ရန်ကုန်၊ အောက်တိုဘာ ၁၈ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဧပြီလမှစတင်၍ အလုံးရေ အကန့်အသတ်ဖြင့် လစဉ်ဖြန့်ချိနေသည့် ကျပ် ၁၅၀၀ တန် CDMA 800MHz မိုဘိုင်းလ်ဆင်းမ်ကတ် များကို အောက်တိုဘာလမှ စတင်၍ ရောင်းချမှု ရပ်ဆိုင်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) က ထုတ်ပြန်သည်။ ဧပြီလမှ ဇွန်လအထိ လစဉ် CDMA ကတ် သုံးသိန်းငါးသောင်းကို ဖြန့်ချိခဲ့ပြီး ဇူလိုင်လမှ စက်တင်ဘာလ အထိ လစဉ် ကတ် တစ်သိန်းငါးသောင်းသို့ လျှော့ချခဲ့ရာမှ ယခုလတွင် ရောင်းချမှု လုံးဝ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

"လိုင်းထပ်တိုးလို့ မရတော့ဘူး။ အဲ့ဒါကြောင့် ရပ်လိုက်တာ" ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။ CDMA လိုင်း တပ်ဆင်အားကို ထပ်မံတိုးချဲ့ခြင်း မရှိသည့်အတွက် ဖုန်းလိုင်း ထပ်တိုးရောင်းချရန် မဖြစ်နိုင်ကြောင်း၊ CDMA ဖုန်းကတ်များ ထပ်မံရောင်းချရန် အစီအစဉ်ရှိ မရှိမှာမူ MEC က လိုင်းအင်အား ထပ်တိုး မတိုးအပေါ် မူတည်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

ယင်းသို့ CDMA ကတ်များ ရောင်းချမှု ရပ်ဆိုင်းလိုက်သဖြင့် အောက်တိုဘာလ အတွက် GSM/WCDMA ဖုန်းလိုင်းများကို သုံးသိန်းခြောက်သောင်းအထိ တိုးမြှင့်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေဖြန့်ချိမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆိုသည်။ အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်၍ GSM ကတ် ၂၅၈,၀၀၀ နှင့် WCDMA ကတ် ၁၀၂,၀၀၀ ကို ခွဲဝေရောင်းချမည် ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် စုစုပေါင်း ကတ် ခုနစ်သောင်းကျော် အများဆုံး ရောင်းချမည် ဖြစ်သည်။ သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်အရ ဧပြီလမှစတင်၍ CDMA ကတ် ၁ ဒသမ ၅ သန်းနှင့် GSM နှင့် WCDMA ကတ် စုစုပေါင်း ခြောက်သိန်းကျော် ရောင်းချထားပြီးဖြစ်သည်။

The Voice Weekly
Read more...

မယ်ဇလီဖူးသုပ်

0 comments

Saturday, October 19, 2013

မယ်ဇလီဖူးသုပ် ကိုတင်ပေးပါဆိုလို.အရင်ပုံပောာင်းတွေရှာမတွေ.တာနဲ.ရုံးပိတ်ရက်မှာ Peninsular သွားပြီးမယ်ဇလီဖူး ရှာပြီးဝယ်ပြီးသုပ်ရပါတယ်..မယ်ဇလီဖူးကို တန်ဆောင်တိုင်လပြည်.ညမှာဆေးပေါင်းခတယ်ဆိုပြီး သုပ်စားကြပါတယ်..

မယ်ဇလီဖူးသုပ်ရန်

မယ်ဇလီဖူး - 100 g
ကြက်သွန်နီတစ်လုံး ကိုပါးပါးလှီးပြီး ရေစိမ်ထားပါ။
ဆား၊ အရသာမှုန်.- ငံပြာရည်- အနဲငယ်စီ၊
ကြက်သွန်ဖြူ၊နီဆီချက်- ထမင်းစာဇွန်း ၂ ဇွန်း၊
ပုဇွန်ခြောက်ထောင်း - ထမင်းစာဇွန်း ၁ ဇွန်း၊
မြေပဲလှော်ထောင်း ထမင်းစာဇွန်း ၂ ဇွန်း၊
နှမ်းလှော်.. ထမင်းစာဇွန်း ၁ ဇွန်း၊
သံပုရာသီးတခြမ်း။
မန်းကျဉ်းမှည်. - ထမင်းစာဇွန်း ၁ ဇွန်း၊

မယ်ဇလီဖူးကိုရေဆေးပြီး ရိုးတံ နှင့်အရင့်တွေဖယ်ပြီး ပြုတ်ပါ …၁၀ မိနစ်လောက်ပြုတ်ပြီး ၊ ရေသွန်ပြီး ရေသစ်လဲပြီး မန်ကျဉ်းမှည်. ထည်.၁၀ မိနစ်ထပ်ပြုတ်ပြီး ရေစစ်ပြီး မညှက်တညှက်ထောင်း ပြီး ပါးပါးလှီးထားသောကြက်သွန်နီ၊ ဆား၊အရသာမှုန်. ငံပြာရည်၊ ကြက်သွန်ဖြူ၊နီဆီချက်၊ပုဇွန်ခြောက်ထောင်း၊ မြေပဲလှော်ထောင်း၊ နှမ်းလှော်တို.ကိုထည်.ကာသံပုရာရည် ညှစ်ထည်.ပြီး သမအောင်နယ်ကာ သုံးဆောင်လို.ရပါပြီရှင်

Myanmar Foods & Other
Read more...

ဖာမိုဆို အထည်ချုပ်စက်ရုံ ဆန္ဒပြအလုပ်သမားများအပါအဝင် အလုပ်သမား ၆၀၀ အလုပ်ထုတ်ခံရမည့် အရေး ရင်ဆိုင်နေရ

0 comments
Saturday, October 19, 2013

ဂျပန် နိုင်ငံသားပိုင် ဖာမိုဆိုစက်ရုံတွင် အလုပ်ထုတ်ခံရသည့် အလုပ်သ မားခေါင်းဆောင်သုံးဦး အလုပ် ပြန်ခန့်ပေးရန်ဆန္ဒပြတောင်းဆို ခဲ့သည့် အလုပ်သမား ၆ဝဝကျော် အလုပ်ထုတ်ခံရမည့်အရေးနှင့် ကြုံတွေ့ နေ ရကြောင်း အလုပ် သမားများထံမှ သိရသည်။

အောက်တိုဘာ ၁၄ရက်မှ စတင်ကာ မင်္ဂလာဒုံမြို့နယ်အ တွင်းရှိ ဂျပန်နိုင်ငံသားပိုင်FA-MOSO အထည်ချုပ်စက်ရုံတွင် အလုပ်ထုတ်ခံခဲ့ရသည့် အလုပ် သမားခေါင်းဆောင်သုံးဦးကို အ လုပ်ပြန်လည်ခန့်အပ်ပေးရန်အ တွက် တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး စတင်တောင်းဆိုသည့် နေ့မှစ၍ သုံးရက်အတွင်း လုပ်ငန်းခွင်သို့ ပြန်လည်မဝင်ရောက်ပါက အ လုပ်မှထုတ်ပယ်ခြင်းခံရမည်ဖြစ် ကြောင်းကို စက်ရုံရှေ့တွင် စာ ကပ်ထားသည့်အတွက် အောက် တိုဘာ ၁ရရက်က သတ်မှတ်ရက် ပြည့်ပြီ ဖြစ် ကြောင်း သိရသည်။

ဒေါ်ဟေမာန်ချစ်က ''ကျွန် မတို့အလုပ်သမားခေါင်းဆောင် သုံးဦးကို အလုပ်ပြန်ခန့်ပေးဖို့အ တွက် တောင်းဆိုတဲ့အလုပ်သ မားအားလုံးကို သုံးရက်ပြည့်လို့ မှ အလုပ်ထဲကိုပြန်မဝင်ရင် အ လုပ်ထုတ်မယ်ဆိုပြီး စာကပ်ထား ပါတယ်။ မနေ့က သုံးရက်ပြည့် ပါပြီ။ ဒါပေမဲ့ ဒီနေ့တော့ ထုတ် ပြီ။ မထုတ်ပြီဆိုတာ တရားဝင် တော့ မကြေညာသေးပါဘူး။ ကျွန်မတို့အလုပ်သမားတွေက တော့ ဆက်လက်ပြီး ခုထိတောင်း ဆိုနေတုန်းပါပဲ''ဟုပြောသည်။

ယင်းကဆက်လက်၍ ယင်း တို့ခေါင်းဆောင်သုံးဦးအား အ ကြောင်းပြချက်တစ်စုံတစ်ရာမ ရှိဘဲ အလုပ်မှထုတ်ပယ်ပစ်ခဲ့ခြင်း ဖြစ်ပြီး အလုပ်ရှင် အလုပ်သမား သဘောတူညီချက်စာချုပ်ပါ ''အလုပ်ရှင်သည် အလုပ်သမား တစ်ယောက်ကို ပြစ်မှု တစ်စုံ တစ် ရာမရှိဘဲ အလုပ်မှထုတ်ပယ်မည် ဆိုပါက နစ်နာကြေးပေးရမည်''ဆိုသည့်အချက်အတိုင်း နစ်နာ ကြေးပေး၍ အလုပ်မှထုတ်ပယ် ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတို့အနေ ဖြင့် နစ်နာကြေးကို လုံးဝအလို မရှိကြောင်း၊ အလုပ်ကိုသာလိုအပ် ကြောင်း၊ နစ်နာကြေးကိုလုံးဝယူ ခဲ့ခြင်းမရှိကြောင်း၊ ယခုလက်ရှိ တွင်လဲ မြို့နယ်ညှိနှိုင်းဖျန်ဖြေ ရေးရုံးသို့တိုင်ကြားထားကြောင်း၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးမှလဲ ညှိနှိုင်းပေးသည်မှာ နှစ်ကြိမ်ခန့် ရှိပြီဖြစ်သော်လဲ အဆင်မပြေ ကြောင်း၊ အောက်တို ဘာ ၁၇ ရက် တွင် ILO နှင့် ဂျပန်သံရုံးသို့ ထပ်မံ စာတင်တိုင်ကြားခဲ့ကြောင်း၊ ယခု လက်ရှိတွင်လည်း အလုပ်သမား ၆ဝဝကျော် ဆက်လက်တောင်း ဆိုလျက်ရှိကြောင်း''ယင်းကပြော သည်။

မင်္ဂလာဒုံမြို့ နယ် အလုပ် သမားညွှန်ကြားမှုဦးစီးဌာနမှ ဒု တိယဦးစီးမှူး ဦးစိုးမြင့်က''FA-MOSO အထည်ချုပ်စက်ရုံ မှာ ဖြစ်နေတဲ့ အလုပ်သမားပြဿနာ ကို ကျွန်တော်တို့မြို့နယ် ညှိနှိုင်း ဖျန်ဖြေတဲ့အဆင့်နဲ့ မပြတ်လို့ ခုံ သမာဓိကို ဒီနေ့ပဲလွှဲ လိုက်ပါပြီ'' ဟု အောက်တိုဘာ ၁၇ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။

ဇာခြည်လှိုင်
Yangon Media Group
Read more...

ပအိုဝ့်စာပေနှင့်ယဉ်ကျေးမှုမီး

0 comments

Read more...

"ဗုံးတရားခံတွေ ဖော်ထုတ်ရေး ကေအဲန်ယူ ပူးပေါင်းဆောင်ရွက်မည်"

0 comments

FROM : RFA Burmese
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမြန်မာနိုင်ငံမြို့ကြီးတချို့မှာဖြစ်ပွားခဲ့တဲ့ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့တရားခံတွေကိုဖော်ထုတ် ရာမှာ KNU ကရင်အမျိုးသားအစည်းရုံးအနေနဲ့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ KNU ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဖဒိုမန်းငြိမ်းမောင်က ဒီနေ့ ပြောလိုက်ပါတယ်။

“ အကြမ်းဖက်မှု ကျွန်တော်တို့ KNU အနေနဲ့ လက်မခံဘူးလေ၊ အစိုးရနဲ့ဆက်ပြီးတော့ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မှာပေါ့”ပြီးခဲ့တဲ့ရက်ပိုင်း က မြန်မာနိုင်ငံအတွင်းက မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမူတွေနဲ့ပက်သက်ပြီး ပြည်ထောင်စုအစိုးရ အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံးက ကိုယ်စားလှယ်အဖွဲ့တို့ဟာ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကစတင်ပြီး ဖြူးမြို့နယ်က အဝေးပြေးယာဉ်တစ်စီးပေါ်မှာ လက်လုပ် ဗုံးတစ်လုံးတွေ့ရှိ ခဲ့ပြီးနောက် အောက်တိုဘာ ၁၂ ရက်နေ့က တောင်ငူ၊ အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက်နေ့က မန္တလေး၊ အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ စစ်ကိုင်းမြို့နဲ့ မနေ့က နမ့်ခမ်းမြို့မှာ ဗုံးပေါက်ကွဲမူတွေ၊ ဗုံးရှာဖွေတွေ့ရှိတာတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။
Read more...

တိမ်ယံမီး

0 comments

Read more...

တက်သစ်မီး

0 comments

Read more...

KNU မှ ရှင်းလင်းပြီ

0 comments
FROM : The First Media Group

၁၉.၁၀.၂၀၁၃ နေ့ထွက် First News ဂျာနယ်မှKNU အဖွဲ့ဟာ ပြည်တွင်းမှာဗုံးဖောက်ခွဲရမယ်ဆိုတဲ့
ပေါ်လစီမရှိဘူး၊ လုပ်လည်းမလုပ်ဘူးတကယ်လို့ စွပ်စွဲမယ်ဆိုရင် စွပ်စွဲသူသာတာဝန်ခံရမယ်လို့ KNU တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီမှပြောပြည်သူတို့ အထိတ်တ လန့်ဖြစ်စေရန်နဲ့ လက်ရှိနိုင်ငံရေး ဖြစ်စဉ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို တုံ့ဆိုင်းနှေးကွေးသွားစေမယ့် ဘယ် လိုအကြမ်းဖက် လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်တယ်လို့ ၀ါရင့်နိုင်ငံရေး သမားကြီးများအဖွဲ့က လတ်တ လော ဖြစ်ပွားနေတဲ့ ဗုံးပေါက်ကွဲမှု များအပေါ် မှတ်ချက်ပေးပြောကြား ခဲ့တာတွေရှိသလို ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ သံသယရှိဖွယ်ကောင်းတဲ့ လူအချို့ကို သက်ဆိုင်ရာကဖော်ထုတ် ဖမ်းဆီး စစ်ဆေးရာမှာ KNU လက် နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်ကြောင်း သတင်းစကားတွေ ပေါ်ထွက်လာ နေဆဲမှာပဲ KNU လက်နက်ကိုင် တပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီက KNU တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဟာ ပြည်တွင်း မှာ ဗုံးဖောက်ခွဲဖို့ဆိုတဲ့ ပေါ်လစီ လုံးဝမရှိဘူး။လုပ်လည်းမလုပ်ဘူး။ တကယ်လို့ စွပ်စွဲမယ်ဆိုရင် ဘယ် သူစွပ်စွဲတာလဲ၊ ဘယ်အချက်အလက် အပေါ် အခြေခံပြီး စွပ်စွဲတာလဲ ကျွန် တော်တို့ စမ်းစစ်မယ်၊ မဟုတ်ဘူး ဆိုရင်တော့ အဲဒီစွပ်စွဲချက်ကို ဘယ် သူ တာဝန်ခံမှာလဲ သိချင်တယ်လို့ အခုလို ထုတ်ဖော် ပြောကြားလိုက် တာလည်း ဖြစ်ပါတယ်။တကယ်လို့ မိမိတို့လက် နက်ကိုင်တပ်ဖွဲ့အပေါ် စွပ်စွဲချက်ရှိ ခဲ့ရင် မိမိတို့အနေနဲ့လည်း အဖြစ်မှန် ကို ဖော်ထုတ်ချင်ပါတယ်။ ယခုတ လောဗုံးပေါက်ကွဲမှုတွေဟာ လက်ရှိ နိုင်ငံရေးအခြေအနေကို သဘော မကျသူများကလည်း ဖောက်ခွဲတာ ဖြစ်နိုင်ပါတယ်။ တချို့ကတော့ ရည်ရွယ်ချက်တစ်ခုနဲ့ ဆီးဂိမ်းလုံခြုံ ရေးကို ထိုးစစ်သဘောတရားနဲ့ တပ် လှန့်ခြင်းသာဖြစ်တယ်လို့ ပြောသူ တွေလည်းရှိပါတယ်။ KNU တပ်ဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု ကာလမှာ အခုလို စွပ်စွဲလာခြင်းဖြစ် ပါက စွပ်စွဲချက်အပေါ် အလေး အနက်ထားသွားမှာ ဖြစ်ပါတယ်။ မိမိတို့အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထောက် ခံတဲ့အဖွဲ့သာဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်း လိုတဲ့အတွက် အပစ်အခတ်ရပ်စဲ ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ဒီလို အပစ်အခတ်ရပ်စဲရာမှာ ကျွန်တော် တို့နဲ့ သဘောတူထားတဲ့ အချက်တွေ ကို ဒီကနေ့အထိ တစ်ဖက်က လိုက် လံအကောင်အထည်ဖော်ပေးခြင်း မရှိပေမယ့်လည်း ကျွန်တော်တို့ ဆန်္ဒကတော့ ပြေလည်မှုရတဲ့အထိ ပြည်တွင်းငြိမ်းချမ်းရေးရတဲ့ အထိ ဆွေးနွေး သွားမယ်လို့ ခံယူထားပါ တယ်လို့ ဗိုလ်ချုပ်ကြီး ဂျော်နီက ထွက်ပေါ်လာတဲ့ သတင်းများနဲ့ ပတ် သက်ပြီး အခုလိုပြောကြားလိုက်တာ လည်းဖြစ်ပါတယ်။ KNU တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ဒီလို နိုင်ငံတော်အစိုးရနဲ့အပေါ် သဘော ထားရှိတဲ့ကြားက ဗုံးဖောက်ခွဲတဲ့အဖွဲ့ လို့ စွပ်စွဲလာပါက စွပ်စွဲမှုကို တာဝန် ခံရမှာဖြစ်ကြောင်း၊ အကယ်၍ ဖြစ် လာပါကလည်း အပြုသဘောအနေ နဲ့ နိုင်ငံတော် အစိုးရနဲ့အတူ လေးနက် စွာ ပူး ပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီက နိုင်ငံတကာ မီဒီယာတွေကို အခုလို ထုတ်ဖော် ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။
Read more...

လုံခြုံရေးတိုးမြှင့်ရန် ကျပ်သန်းခြောက်ထောင်သုံးမည်

0 comments

FROM: The Voice Weekly
ရန်ကုန်၊ အောက်တိုဘာ ၁၈

ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် လုံခြုံရေး တိုးမြှင့်ရန် ကျပ်သန်းခြောက် ထောင် အသုံးပြုကာ လုံခြုံရေးနည်းပညာ အထောက်အကူ ပစ္စည်းများ နိုဝင်ဘာလအတွင်း ဝယ်ယူ တပ်ဆင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် ဗုံးရှင်းလင်းရေးများ ဆောင်ရွက်နေပြီး ဗုံးရှင်းလင်းရေး အဖွဲ့များ ဖွဲ့စည်းရန် လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက်မှုများကို ဥပဒေအရ ကာကွယ်ရန် အကြမ်းဖက်မှု ဥပဒေမှုတစ်ရပ်ကို ရေးဆွဲနေပြီး မကြာမီ လွှတ်တော်ကို တင်သွင်းသွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။"နိုင်ငံတကာနဲ့ ပြည်သူလူထု တွေရဲ့ စိုးရိမ်မှုတွေကို လျှော့ချနိုင်မှာပါ" ဟု ရဲချုပ်ဇော်ဝင်းက ထပ်မံ ပြောဆိုသည်။

၂၀၁၄ ခုနှစ်တွင် SEA Games ကျင်းပမည့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်တို့ရှိ နေရာများတွင် လုံခြုံရေးဝန်ကြီးများကိုယ်တိုင် ကော်မတီများဖွဲ့၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ စနစ်တကျ ကော်မတီများ ဖွဲ့ ကာ ဆောင်ရွက်ထားပြီးဖြစ်ပြီး ဗဟိုကော်မတီတွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ထားကြောင်း ၄င်းကဆိုသည်။"အမျိုးသားလုံခြုံရေးအဆင့် ထားပြီး ဆောင်ရွက်နေပါတယ်။ SEA Games ပတ်သက်ပြီး စိုးရိမ်စရာမရှိပါဘူး" ဟု ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။

ခရီးသွားများ အများအပြား ဝင်ရောက်လေ့ရှိသည့် နေရာများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ပုဂံ စသည့် နေရာများရှိ ဟိုတယ်ဝန်ထမ်းများကို လုံခြုံရေးဆိုင်ရာ သင်တန်းများ စတင်ပေးသွားမည် ဖြစ်ကြောင်း ၄င်းက ထပ်မံပြောဆိုသည်။အောက်တိုဘာလ အတွင်း ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နှင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် နမ့်ခမ်းမြို့တို့တွင် ပေါက်ကွဲခဲ့သည့် ဗုံးပေါက်ကွဲမှု များကြောင့် လူသုံးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။
Read more...

" စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဆက်သွယ်မှုဧရိယာပြင်ပ၀န်ကြီး ဌာန တစ်ခုထပ်တိုးရန် လိုအပ်နေဟု မုံရွာမြို့ခံများပြောဆို"

0 comments

FROM : ThanLarWaddy Times
ယခုရက်ပိုင်းအတွင်း GSM , CDM 450,CDMA 800,WCDMA တယ်လီဖုန်း လိုင်းများ ပြောဆို ခေါ်ယူ၍ မရလောက်အောင်ဖြစ်နေပြီး ဆက်သွယ်ခေါ်ဆို ချိန်တိုင်း ဆက်သွယ်မှု ဧရိယာပြင်သို့ရောက်ရှိ နေပါတယ်လို့ အဆက်မပြတ် အသံထွက်ပေါ်နေလျှက်ရှိသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့တွင် ဆက်သွယ်မှုဧရိယာပြင်ပ ၀န်ကြီးဌာန တစ်ခုထပ်မံတိုးချဲ့ဖွဲ့စည်း ရန်လိုအပ်နေပြီလို့ မုံရွာမြို့ခံများအကြားပြောဆိုသံများထွက်ပေါ်နေလျှက်ရှိ နေကြောင်း သလ္လာဝတီတိုင်းမ်မီဒီယာဂရုမှ သိရှိရပါသည်။
" ဒီရက်ပိုင်းမှာ ဖုန်းလိုင်းတွေ ဘယ်လိုင်းမှ မကောင်းဘူး အရမ်းစိတ်ပျက် ဖို့ကောင်းလှပါတယ်။ ခေါ်လိုက်တဲ့ အချိန်တိုင်းမှာ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်ရှိနေပါတယ် ဆိုပြီး အဆက်မပြတ် အသံထွက်ပေါ်လာတယ်။ နောက် ပြီး တယ်လီဖုန်းဆက်သွယ်မှုလိုင်များမအားသေးပါရှင် တစ်ကယ်တန်းအဲဒီ ဖုန်းက ဘယ်မှလည်းမပြောရဘူး။ အဲဒီထက်ပိုလို့ဆိုးတာက ဖုန်းမပိတ်ပါဘဲ စက်ပိတ်ထားပါတယ်ရှင် လို့ အသံထပ်ပြီးထွက်ပေါ်လာတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်မလုပ်နိုင်ရင် လုပ်ကိုင်နိုင်တဲ့ ပြည်ပ ကုမ္ပဏီတွေကို အမြန်ချပေးသင့်တယ်။ ပြည်ထောင်းစုဝန်ကြီး ကအစ တိုင်းဆက်သွယ်ရေးက အရာရှိအရာခံတွေ ရှက်တတ်ရင်လဲသေဘို့ကောင်း ပါတယ်။
ကျွန်မတို့ ဈေးအရောင်းအ၀ယ်လုပ်တဲ့သူတွေဆိုရင် ဖုန်းအဆက်အသွယ် အခက်အခဲကြောင့် ကုန်ပစ္စည်းမှာရတာကအစ ငွေလွှဲကိစ္စအဆုံး အများကြီး အခက်ကြုံနေရပါတယ်လို့" ချင်းတွင်းရတနာဈေးမှ ကုန်သည်အမျိုးသမီး တစ်ဦးက သလ္လာဝတီတိုင်းမ် ကိုပြောပါတယ်။
Read more...

ဝက်ဖြူရေချောက်၌ ဘုရားဖူးကား ထိုးကျ ၊ လူတစ်ဦးသေဆုံး

0 comments

Saturday, October 19, 2013

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့မှ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ မြိုသို့ မောင်းနှင် လာသည့် surf ကား အမျိုးအစား ယာဉ်အမှတ် ၂က/၈၉၄၀ သည် ကလောမြို့နယ် ၀က်ဖြူရေ အတက်လမ်း၌ အောက်တိုဘာ ၁၈ ရက်နေ့လယ် တစ်နာရီငါးမိနစ်အချိန်က တိမ်းမှောက်ပြီး ပေ ၅၀၀ ကျော်နက်သည့် ချောက်အတွင်း သို့ထိုးကျမှုဖြစ်ပွားခဲ့သည်။အဆိုပါကားပေါ်တွင် ယာဉ်မောင်း ကိုမျိုးဝင်းသန်းနှင့်အတူဦးဝင်းမောင် ၆၃ နှစ် (ဘ) ဦးဟန်သာ၊ ဒေါ်အုံးသန်း ၅၇နှစ်(ဘ) ဦးဘသန်း၊ ဒေါ်တင်ကြည် ၅၇နှစ်(ဘ) ဦးဘသန်း၊မနော်နီလာမျိုး၃၈နှစ် (ဘ) ဦးမျိုးတင့် ၊ဆုဝေထက် ၁၀နှစ် (ဘ)ဦးမျိုးဝင်းသန်း၊ မောင်ဥာဏ်ဖုန်းမင်း ၄ နှစ် (ဘ) ဦးမျိုးဝင်းသန်း ပါရှိသည်။
''ဘုရားဖူးလာတဲ့ကား ဖြစ်ပါတယ်။ နယ်ခံတွေမဟုတ်တော့ လမ်းမကျွမ်းလို့ ပြုတ်ကျသွားတာပါ။ အခုစခန်း ကနေပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ နဲ့ယာဉ်မောင်း ကိုမျိုးဝင်းသန်းကို အမူဖွင့်ပြီးအရေး ယူဆောင်ရွက်လျက် ရှိပါတယ်''ဟု ကလောမြို့ရဲစခန်းမှဒုရဲအုပ် မင်းကိုကိုကပြောသည်။အဆိုပါကားချောက်အတွင်းထိုးကျမှုကြောင့် ဒေါ်တင်ကြည် ၅၇နှစ် (ဘ) ဦးဘသန်းမှာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ကားမှေက်သည့်ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူမသီတာက ပြောသည်။
ကျန်ရှိသူများဖြစ်ကြသည့် ဆုဝေထက် အသက် ၁၀နှစ်(ဘ)ဦးမျိုးဝင်းသန်းမှာ တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံ အရိုးအကြော ဆောင်တွင်ကုသမှုခံယူနေပြီး ကျန် ၆ ဦးမှာ ခွဲစိပ်ဆောင်၌ ဆေးကုသမူခံယူလျက်ရှိသည်။အဆိုပါကားတမ်းမှောက်မှုကြောင့် ဦးဝင်းမောင် ၆၃ နှစ် ယာဘက်ခြေသလုံး ၊ ၀ဲဘက်ဂြိုလ်စောင်းနှင့် ၀ဲဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာများရရှိ၊ ဒေါ်အုံးသန်း ၅၇ နှစ် ယာပါးပြင်ဘယ်နားတစ်ဘက်ညိုမဲဒဏ်ရာ ၊ဦးခေါင်းဝဲထိပ်၊ ၀ဲမျက်ခုံး၊ ယာလက်ဖျံနှင့်လက်ဖမိုးဒဏ်ရာရရှိ၊ မနော်နီလာမျိုး ၃၈ နှစ် ခါးတွင်ထိခိုက် ၊ ၀ဲခြေထောက်ပွန်းပဲ့၊စုဝေထက် ၁၀ နှစ် ယာဘက်ဒူးထိခိုက်၊ ဥာဏ်ဖုန်းမင်း ၄ နှစ် ၀မ်းဗိုက်ပေါက်ပြဲ ၊ ယာဉ်မောင်းကိုမျိုးဝင်းသန်း ယာဘက် လက်မောင်းနှင့် ခြေသလုံးတိုတွင် ဒဏ်ရာများအသီသီးရရှိခဲ့ကြောင်း သိရသည်။

မြစ်မခ
Read more...

ခွင့်ပြုချက်မဲ့ဆောက်လုပ်မှုများ တွေ့ပါက မြို့နယ်တာဝန်ခံကို အရေးယူမည်

0 comments

င်္FROM : The Voice Weekly


ရန်ကုန်၊ အောက်တိုဘာ ၁၈

မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်သည့် ရန်ကုန်မြို့တော်တွင် ခွင့်ပြုချက်မဲ့ အဆောက် အအုံ ဆောက်လုပ်မှုများကို စောင့်ကြည့်အရေးယူရန် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများကို ညွှန်ကြား ထားပြီး ဖြစ်ရာ အရေးယူခြင်းမရှိသော မြို့နယ် တာဝန်ခံများကို ထုတ်ပယ်သည်အထိ အရေးယူလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) အင်ဂျင်နီယာဌာန (အဆောက် အအုံ) မှ အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။အဆိုပါခွင့်ပြုချက်မဲ့ အဆောက် အအုံ ဆောက်လုပ်မှုများကို မြို့နယ်တာဝန်ခံ များ၏ စောင့်ကြည့် အရေးယူမှု များကြောင့် ယခုနှစ် အောက်တိုဘာလအထိ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၁၀၀၀ ကျော်ကို တရားစွဲဆို နိုင်ခဲ့ကြောင်း၊ အရေး ယူခြင်း မရှိသော မြို့နယ်တာဝန်ခံ များကို ရာထူး လျှော့ချခြင်း၊ ထုတ်ပယ်ခြင်းစသည့် အရေးယူ မှုများကို ဆောင်ရွက်လျက်ရှိရာ မရမ်းကုန်းမြို့နယ် တာဝန်ခံတစ်ဦးကို ရာထူးချကာ ဌာနပြောင်းရွှေ့ အရေးယူခဲ့ကြောင်း ၄င်းကပြောကြားသည်။"ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်တာ အများဆုံး ကတော့ သင်္ဃန်းကျွန်းမြို့နယ်ပါ။ လှိုင်တို့၊ စမ်းချောင်း တို့လည်းများတယ်" ဟု စည်ပင်အရာရှိ တစ်ဦးက ပြောကြားသည်။တိုက်ခန်း ဝယ်ယူလိုသူများ အနေနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံ များကိုသာ ဝယ်ယူရန်၊ ဝယ်ယူထားသော တိုက်ခန်း အဆောက်အအုံသည် ခွင့်ပြုချက်ဖြင့် တည်ဆောက်ထားခြင်းရှိ မရှိကို သက်ဆိုင်ရာ မြို့နယ် တာဝန်ခံထံ မေးမြန်းနိုင်ကြောင်း၊ YCDC ၏ အင်တာနက်စာမျက်နှာ တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း အင်ဂျင်နီယာဌာန ( အဆောက်အအုံ) ထံမှ သိရသည်။
"ခွင့်ပြုချက်တင်ရင် တစ်လခွဲ လောက်နဲ့ အပြီးလုပ်ပေးတယ် ပြောပေမယ့် သုံးလလောက် ကြာနေတော့ လုပ်ငန်းမှာ ကြန့်ကြာပါတယ်။ ပြောထားတဲ့အတိုင်း မြန်မြန်လုပ်ပေးရင် ခွင့်ပြုချက်မဲ့ ဆောက်တာတွေ လျော့နည်းလာနိုင်တယ်" ဟု တောင်ဥက္ကလာပ မြို့နယ်တွင် ကန်ထရိုက် လုပ်ငန်း လုပ်ကိုင်သူ အသက် ၄၃ ကျော် အရွယ် ကန်ထရိုက်တာတစ်ဦးက ပြောကြားသည်။
ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှုများ လျော့ကျစေရန်နှင့် အဆိုပါ အဆောက်အအုံများကို ပြည်သူများ မဝယ်ယူမိစေရန် အတွက် မြို့နယ်များတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက် ရှိပြီး လှိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ် တို့တွင် ဟောပြောပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
Read more...

ပန်းတိုင်လား၊ မှတ်တိုင်လား

0 comments

ပိုင်းလော့ဆရာတော်ကြီးရဲ့ တရားတစ်ပုဒ်ထဲမှာ ကိုယ်ဖြစ်ချင်တာတွေ ချက်ချင်းဖြစ်မလာတဲ့အခါ ဒေါသဖြစ်တတ်၊ ပူပန်တတ်တဲ့ လူ့သဘာဝအကြောင်း ထည့်ဟောသွားပါတယ်။ စိတ်ကို အေးချမ်းငြိမ်သက်ချင်ရင် အချိန်ရွှေ့ထားပါတဲ့။ ဥပမာအားဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးက မီးဖွားခါနီး ဗိုက်နာလို့အော်လေလေ၊ မိသားစုက ပျာယာခတ်လေလေပေမဲ့ ၀မ်းဆွဲဆရာမကြီးကတော့ လ္ဘက်ရည်သောက်မပျက်၊ အပြုံးမပျက်ပါဘူးတဲ့။ လုပ်ပါဦးဆရာမကြီးရဲ့လို့ အတင်းအကြပ်တောင်းဆိုမှုတွေကိုလည်း အေးအေးသာသာတုန့်ပြန်ပါသတဲ့။ အချိန်တန်လို့ ကလေးမွေးဖွားပြီးရင် ပြုံးပျော်နေကြမှာ ကြိုသိထားတဲ့အတွက်ကြောင့် သွေးအေးနိုင်တာပါ။ ဒါကိုထောက်ပြပြီး ဆရာတော်ကြီးက အချိန်ရွှေ့ထားလိုက်လို့ ဆုံးမသွားပါတယ်။

ဒီနေ့မြန်မာပြည်ရဲ့ အခြေအနေကလည်း မီးဖွားခါနီး ကိုယ်ဝန်ဆောင်နဲ့များ တူနေမလားလို့ပါ။ ဟိုကအော်၊ ဒီကဆူနဲ့ ငရဲပွက်သလို ကျီးလန့်စာစားဖြစ်နေကြတဲ့ ပြည်သူတွေ။ ဒီအထဲမှာ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမ ဖြစ်စေချင်ဘူးလို့ ဆိုလာပါတယ်။ အစိုးရ၀န်ကြီးဌာနများရဲ့ စွမ်းဆောင်ရည်ကို ထဲထဲဝင်ဝင်၊ နှိုက်နှိုက်ချွတ်ချွတ်သိလာပြီးတဲ့နောက် အပေါ်ကဘယ်လိုပြောင်းပြောင်း၊ အောက်ကလိုက်ပြောင်းဖို့ ဘယ်လောက်ခက်တယ်ဆိုတာကို ရှင်းပြလေရဲ့။ ဟုတ်ပါတယ်။ မိတ်ဆွေပြောသမျှ ငြင်းစရာတစ်ကွက်မှကို မရှိပါ။ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရင် လာဘ်စားနေကျ ၀န်ထမ်းတွေရယ်၊ လာဘ်ပေးနေကျ စီးပွားရေးသမားတွေရယ်၊ ကြက်တူရွေးကျက်ကျက်နေတဲ့ ကျောင်းသားတွေရယ်၊ မျက်လုံးကလယ်ကလယ်ဖြစ်နေတဲ့ ဆရာမတွေရယ်၊ ချဲတွက်နေတဲ့ ဆိုက်ကားသမားတွေရယ်၊ နေ့ပြန်တိုးပိနေတဲ့ လမ်းဘေးဈေးသည်တွေရယ်၊ ခေါက်ရိုးကျိုးနေကျအတိုင်းပါပဲ။ ဒီနေ့လည်း ဒီအတိုင်း၊ နောက်နေ့လည်း ဒီအတိုင်း။ ရုပ်သံထဲမှာ၊ အင်တာနက်ထဲမှာ၊ ဂျာနယ်ထဲမှာ ပြောနေကြတဲ့အပြောင်းအလဲဆိုတာကို ဒီလူတွေကို သွားမေးကြည့်ရင် ဘာလဲဟင်လို့ ပြန်မေးကြမှာပဲ။

ဒီလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် ဘယ်လိုပြောင်းနိုင်ပါ့မလဲဆိုတဲ့ မေးခွန်းဟာ သဘာဝကျလှပါတယ်။ မေးလည်း မေးထိုက်ပါတယ်။ စိုးရိမ်စိတ်နဲ့သော်လည်းကောင်း၊ ပူပန်စိတ်နဲ့သော်လည်းကောင်း ပေါ်လာတဲ့မေးခွန်းပါပဲ။ ကျွန်မအမေဟာ ဒေါ်အောင်ဆန်းစုကြည်ထက် တစ်နှစ်ကြီးပါတယ်။ အငြိမ်းစားယူခဲ့တာ ၅ နှစ်ကျော်ပါပြီ။ ဘုရားသွား၊ ကျောင်းတက်၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အေးအေးငြိမ်းငြိမ်းနေရတဲ့ဘ၀မှာတောင် မတ်တတ်နာဆိုတာတော့ ရှိနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်သာ ကျွန်မရဲ့အမေဆိုရင် ဘယ်သူ့ကိုမှ ပေးမတွေ့ပဲ ဖွက်သိမ်းထားမိမှာပဲလို့ မကြာခဏတွေးမိပါတယ်။ ဘုရားသွား၊ ကျောင်းတက်ဆိုတာ ဒီအမျိုးသမီးကြီးရဲ့ဘ၀မှာ ဘယ်တော့များမှ ကြုံရ၊ ဆုံရပါ့မလဲ။ အိုးပစ်၊ အိမ်ပစ်၊ မိသားစုကို ပစ်ရဲတဲ့ သတ္တိမျိုး မွေးကြည့်ဖို့ နေနေသာသာ တွေးတောင်မတွေးရဲပါ။

တိုင်းပြည်တစ်ပြည်မဆိုထားနဲ့၊ လူတစ်ယောက်ချင်းရဲ့ အမူအကျင့်ကို ပြောင်းပစ်ဖို့ရာတောင် အချိန်အင်မတန်ယူရတတ်ပါတယ်။ ကျွန်မသမီး လက်သည်းတွေကို ဖဲ့တတ်တယ်။ သူ့ကိုမလုပ်ဖို့ပြောနေတာ ၃ နှစ်ရှိပြီ၊ မအောင်မြင်သေးဘူး။ ဆေးလိပ်သမား တွေပိုသိမယ်။ ဆေးလိပ်ဖြတ်ဖို့ဘယ်လောက်ခက်။ ဒီလို အသေးအဖွဲလေးတွေအတွက်တောင် မလွယ်တာ တစ်တိုင်းပြည်လုံး သန်း ၆၀ စာဆိုရင် ………………………..။

ကိုယ့်တစ်ယောက်စာဆိုရင်တော့ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တစ်ခုထဲကို ပြင်ပေးလိုက်ပြီး ရော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်ကြည့်စမ်းပါလို့ ထိုးပေးလိုက်မှာကိုတောင် ကြောက်မိပါတယ်။ အိမ်သာပျက်ကို အုပ်ချုပ်ရသလိုဖြစ်လိမ့်မယ်လို့ ၂၀၀၆ ခုနှစ်ကတည်းက သူငယ်ချင်းတစ်ယောက်က မှတ်ချက်ချခဲ့တာကို အမှတ်ရနေမိလို့ပါ။ ဒါကြောင့်လည်း ကိုယ့်အမေသာဆိုရင် ဖွက်ထားချင်မိတာ။

လက်ရှိသမ္မတကြီးဦးသိန်းစိန်ကိုပဲ ကြည့်ပါဦး။ နိုင်ငံတကာသွားရတယ်၊ အောက်ကျို့ခံရတယ်။ အကြွေးလျော်ဖို့ပြောရတယ်၊ အကြွေးချေးဖို့ပြောရတယ်။ ဟိုဘက်ကပြန်တောင်းဆိုတာတွေကို လိုက်လျောချင်ချင်၊ မလိုက်လျောချင်ချင် သဘောတူရတယ်။ တကယ်တော့ ရုပ်ပြကောင်းရုံ စင်ပေါ်တင်ပေးထားတာပါပဲ။ ရိုးသားမှုရဲ့ ဂုဏ်၊ တာဝန်ထမ်းဆောင်ခဲ့စဉ် တစ်လျှောက်လုံး နာမည်ပျက်မရှိခဲ့တဲ့ ဂုဏ်တွေက သမ္မတကြီးရဲ့ မျက်နှာပေါ်မှာ ရှိနေပြီး ဒါကို ကြံ့ခိုင်ရေးပါတီထဲက တခြားဘယ်သူမှ မျက်နှာဖုံးငှားစွပ်လို့လည်း မရဘူးလေ။

တကယ်တမ်းတိုင်းပြည်ထဲက ဘာသာရေးမီးလောင်မှုတွေမှာ နောက်ကွယ်ကကြိုးကိုင်သူတွေရှိနေပါတယ်လို့ သမ္မတကြီး ကိုယ်တိုင်ထုတ်ပြောထားတယ်။ ဖမ်းပေးနိုင်လားဆိုတော့ မဖမ်းပေးနိုင်ဘူး။ အဆွယ်အပွား၊ ကိုင်းဖျားလောက်သာခုတ်နိုင်တယ်။ ပင်စည်ကိုတော့ ထိမရဘူး။ သံတွဲအမှုကသက်သေပါပဲ။ မြန်မာပြည်မှာ သမ္မတထက် ဓါးထက်သူများရှိနေတယ်ဆိုတာ အားလုံးသိကြတယ်။ ဘာမှလုပ်မရဘူး။ တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်အရှိဆုံး ပြည်ထဲရေးဝန်ကြီးဌာနဟာ သမ္မတရဲ့ လက်အောက်မှာ ရှိမနေဘူး။ ပြည်ထဲရေးဝန်ကြီးဟာ သမ္မတရဲ့ အမိန့်ထက် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သစ္စာကိုသာခံပါတယ်။ စစ်တပ်ကလည်း သမ္မတအုပ်ချုပ်တာမဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း သမ္မတသြဇာနဲ့ လားလားမှ မဆိုင်။ ဒီလိုအနေအထားမျိုးမှာ သမ္မတဆိုတာ နိုင်ငံတကာဆက်ဆံရေးအတွက် ပြယုဒ်တစ်ခုထက် ဘာများပိုပါသလဲ။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် ကွဲမှာပဲဆိုတဲ့ မှတ်ချက်တစ်ခုထွက်လာတာ မဆန်းလှပါဘူး။ ဟုတ်ကဲ့၊ အိမ်သာပျက်ရဲ့ ပိုင်ရှင် သခင်မလောက်တော့ ဖြစ်မပေါ့လေ။ နားထောင်မကောင်းတာတော့ မတတ်နိုင်။ဒါဆို ဒီလိုပဲ လက်လျှော့ ရတော့လေမလား။ မွေးခါနီး ကိုယ်ဝန်ဆောင်ကို အခြေအနေမဟန်သေးလို့ အောင့်ထားပါဦးလို့ တောင်းပန်လို့ရလေသလား။

အမေရိကန်တို့ရဲ့ ဒီမိုကရေစီသမိုင်းကို ပြန်ကြည့်လိုက်ရင် ကျွန်စနစ်ကို တိုက်ဖျက်ဖို့ စစ်ဆင်နွှဲခဲ့တဲ့ သမ္မတလင်ကွန်း၊ လူမည်းတွေ အတွက် တန်းတူအခွင့်အရေးတောင်းဆိုခဲ့တဲ့ မာတင်လူသာကင်း အပါအ၀င် အခြားအခြားသော တိုက်ပွဲဝင်သူရဲကောင်းများနဲ့ အမေရိကန်ပြည်သူများရဲ့ စိတ်ဆန္ဒကြောင့်သာ ဒီနေ့ အိုဘားမားဆိုတာပေါ်ပေါက်လာပါတယ်။ သမ္မတလင်ကွန်းကနေ ရေတွက်ကြည့်ရင် နှစ်ပေါင်း ၁၄၄ နှစ် ကြာပြီး မာတင်လူသာကင်းကနေ ရေတွက်ကြည့်ရင် ၄၁ နှစ် အကြာမှာ အာဖရိကမျိုးနွယ် အမေရိကန်ဖွား မျိုးဆက်သစ်များ စင်မြင့်ပေါ်မှာ အောင်ပွဲခံခဲ့တယ်လို့ ဆိုနိုင်တယ်။ စကြာဝတေးမင်းနီးပါး သြဇာရှိတဲ့ရာထူးနော်။

ကျွန်မတို့ရဲ့ နိုင်ငံမှာလည်း ဗိုလ်မင်းရောင်ကစလို့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ ဒေါ်ခင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့ မျိုးဆက် ၃ ဆက်လုံးလုံး ဒီမြေ၊ ဒီရေ၊ ဒီလူတွေအတွက် ပေးဆပ်ခဲ့သူတွေကို ပုခုန်းချင်းယှဉ်နိုင်သူရှိရင် ပြပါလေ။ အသက်ကို စွန့်ချင်စွန့်ရပါစေ၊ ငွေကြေးအတွက်၊ အာဏာအတွက် ဘယ်တုန်းကများ ဦးထိပ်ထားခဲ့ပါသလဲ။ တိုင်းပြည်အပေါ်သစ္စာမဖောက်လို့ သွေးသောက်ခဲ့ခြင်းမရှိတာတောင် ကျရာတာဝန်ပျက်ကွက်ခဲ့ခြင်း မရှိကြသူတွေ။

၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ခဲ့ရင် လုပ်ပိုင်ခွင့်တွေနည်းတယ်ဆိုတာမှန်ပါတယ်။ အောက်ခြေပြောင်းလဲရေးတွေကို ခက်ခက်ခဲခဲလုပ်ရလိမ့်မယ်၊ လက်နက်ကိုင်များအပေါ် အာဏာမရှိတဲ့အတွက် ပြည်တွင်းရေးမတည်မငြိမ်ဖြစ်နိုင်တယ်ဆိုတာလည်း သိပါတယ်။ လူထုကမျှော်လင့်နေတဲ့ တိုးတက်ဖွံ့ဖြိုးရေးကို ဟယ်ရီပေါ်တာလို တုတ်တစ်ချောင်းနဲ့ နေ့ချင်းညချင်း ဆောင်ကျဉ်း ပေးနိုင်မှာမဟုတ်ဘူးလို့လည်း အာမခံနိုင်တယ်။ အဲဒီအခါမှာ မျှော်လင့်သလိုဖြစ်မလာလို့ စိတ်ဆန္ဒဇောကြီးနေတဲ့ လူထုက စိတ်ပျက်ကြမယ်၊ ရှူံ့ချကြမယ်၊ ကဲ့ရဲ့ကြမယ်ဆိုတာလည်း ဖြစ်နိုင်ချေအများကြီးရှိကြောင်း လက်ခံပါတယ်။

ဒါပေမဲ့လည်း ၀မ်းဆွဲဆရာမကြီးရဲ့ စိတ်ထားမျိုးကို ဒေါ်အောင်ဆန်းစုကြည်မွေးမြူထားတယ်ဆိုတာ တစ်နေ့တစ်ခြားသိသာလှတယ်။ အပြုံးမှ မပျက်တာ။ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ်လာရင် ဒီတိုင်းပြည်မှာ သီလ၊ ပညာနဲ့ ပြည့်စုံသူတစ်ယောက် ထိပ်ရောက်နိုင်တယ်ဆိုတာ သက်သေပြနိုင်တယ်။ ခေတ်အဆက်ဆက် လက်သင့်ရာစားတော်ခေါ်ဝါဒသာကြီးစိုးခဲ့ရာက ကိုယ်ပိုင်အရည်အချင်းရှိရင် အိမ်ဖြူတော်ကိုလည်း သိမ်းပိုက်နိုင်ကြောင်း လူထုအတွက် မျှော်လင့်ချက်ကို ပေးနိုင်တယ်။ နိုင်ငံတကာမှာရောက်နေတဲ့ ပညာတတ်တွေကို အမိမြေမှာ ရောင်စုံပန်းတွေပွင့်နေပြီဖြစ်ကြောင်း သတင်းစကားပါးနိုင်တယ်။ လာလှည့်၊ ကူလှည့်ပါလို့ ဖိတ်ခေါ်စရာမလိုပဲ အိမ်ပြန်ကြမယ့်သူတွေ များလာနိုင်တယ်။ ငါတို့ သမ္မတကြီးပေါ့လို့ တစ်သက်လုံးအောက်ကျခံခဲ့ရတဲ့ နိုင်ငံခြားသားတွေရှေ့မှာ မျက်နှာမော့နိုင်မယ်။ ပြုပြင်ပြောင်းလဲရေးဆိုတာ တကယ်ပါလားလို့ ကမ္ဘာက လက်ဖျားခါသွားနိုင်တယ်။ အိမ်နီးချင်းပေါက်ဖော်တွေကို မနာလိုစိတ်နဲ့ ပါးစပ်ဟသွားအောင်လုပ်နိုင်မယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဆိုတာကတော့ မလိုချင်လွန်းလို့ ခါချယူရမယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒေသခံများကို အပြည့်အ၀စောင့်ရှောက်ရေးဆိုတာတွေက စာအုပ်ထဲတင်မဟုတ်တော့ပဲ ကွင်းထဲရောက်လာမယ်။

အားလုံး အားလုံးထက် အဓိကအကျဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Moral authority လို့ခေါ်တဲ့ လူထုအတွက် စိတ်ဓါတ်ခွန်အားပါပဲ။ နှစ် ၅၀ စာကို ၅ နှစ်အတွင်း ပြန်ကောက်တင်နိုင်မယ်။ စံပြုရသူက သီလပြည့်စုံတဲ့အခါ သီလပျက်နေတဲ့ လူများစုကို ပိုဆုံးမလို့ လွယ်လာမယ်။ ဗုဒ္ဓဘာသာထောင့်ကပြန်ကြည့်ရင် မင်းကောင်းမင်းမြတ်တက်လာတိုင်း နိုင်ငံကလည်း စည်ပင်သာယာဝပြောသတဲ့။

အခုဘယ်လောက်စိတ်ညစ်ရသည်ဖြစ်စေ၊ တစ်ချိန်မှာ ပျော်မြူးနိုင်ခွင့်တွေရှိနေပါတယ်။ ၁၀ နှစ်လည်းဖြစ်နိုင်တယ်၊ နှစ် ၃၀ လည်းဖြစ်နိုင်တယ်။ ဒီထက်လည်း ကြာနိုင်တယ်။ မနက်ဖြန်တော့ မဟုတ်ပေဘူး။ ရိုးရိုးစင်းစင်းပြန်ကြည့်ရင် လင်ကွန်းနဲ့ မာတင်လူသာကင်းမရှိပဲ အိုဘားမားမရှိနိုင်။ ဗိုလ်ချုပ်အောင်ဆန်းမရှိပဲ မြန်မာပြည်လွတ်လပ်ရေးမရှိနိုင်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ပဲ …………………………။

ကိုမင်းကိုနိုင်ပြောဖူးတဲ့ စကားတစ်ခွန်းကို ပြန်သုံးချင်ပါတယ်။

၂၀၁၅ ဟာ ပန်းတိုင်မဟုတ်ပါဘူး။

ဖြတ်သွားရမယ့် မှတ်တိုင်တစ်ခုပါ တဲ့။

သန္တာဝင်း
(၁၆.၁၀.၁၃ )

နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ 
Read more...

ရည်ညွန်းစာထွက်လာသော်လည်း ပန်းတင်-နောင်လေနယ်နိမိတ်အငြင်းပွားမှု ဖြေရှင်းပေးခြင်းမရှိ

0 comments


တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စုနှင့် ပန်းတင်ကျေးရွာအုပ်စု (၂) စုကြား နယ်နိမိတ်အငြင်း ပွားမှု ပဋိပက္ခဖြစ်နေခြင်းကို ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားလွှတ်တော်သို့ အကြိမ်ကြိမ် တိုင်ကြားထားပြီး၊ ယခု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းမှ ပြည်သူ့လွှတ်တော် မေးခွန်းဖြေကြားရန် ညွန်ကြားချက်အရ ပြန်ကြားခြင်း ရည်ညွှန်းစာဖြင့် အကြောင်းကြားစာ ထွက်လာသော်လည်း အောက်တိုဘာ ၁၀ ရက်အထိ ပြဿနာဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။

၎င်းနယ်နိမိတ် အငြင်းပွားမှုကိစ္စနှင့် ပတ်သက်သ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် မြေတိုင်းစာရေးများ မြေပြင်ကွင်းဆင်း၍ မိမိရပ်ကွက်/ကျေးရွာအုပ်စု နယ်နိမိတ်အား မြေစာရင်းမြေပုံပါအတိုင်း လုပ်ထုံးလုပ်နည်းနှင့်အညီ သေချာအပ်နှံ ပြသ ဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်မှုအခြေအနေအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ မြေတိုင်းစာရေးတို့မှ လက်မှတ်ရေးထိုးပြီး အမြန်ပြန်လည်တင်ပြရန် အကြောင်းထားကြောင်းကို အောက်တိုဘာ ၇ ရက်နေ့တွင် လက်ခံရရှိကြောင်း၊ တောင်ကြီး မြေတိုင်းစာရင်းသို့ လက်မှတ်ထိုင်းခိုင်းကာ လက်မှတ်ထိုးပေးခြင်းလည်းမရှိကြောင်း ထီတယမ်းကျောင်း ဆရာတော်ဦအာနန္ဒက မြွတ်ဆိုသည်။

သြဂုတ်လ ၂၇ ရက်တွင် ပန်းတင်ကျေးရွာအုပ်စု ဇေယန္တောကျောင်းမှာ ဦးအောင်မြိုင်၊ ဦးဇော်မြင့်သိန်းနှင့် မြေစာရင်းများ လာရောက်ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှု မရှိသောကြောင့် ပြည်သူများက လက်မခံကြောင်း ဆရာတော်က ဆိုသည်။

“ကျွန်တော်တို့ နယ်နိမိတ်ကို မြေပုံအမှန်အတိုင်း ပြန်လိုချင်တယ်။ တစ်လတစ်ခါ အထက်သို့ တိုင်စာတင်ပြသွားမယ်။ ကျွန်တော်တို့လူထုလည်း စည်းလုံးမှုရှိတယ်။ နောက်ဆုံး ဖြေရှင်းမှု မရှိလျှင် ဆန္ဒပြတောင်းဆိုဖို့ အစီစဉ်ရှိတယ်” ဟု နောင်လေကျေးရွာအုပ်ချုပ်ရေးမှူး ဦးကီးက ပြောသည်။

ထိုနယ်နိမိတ်ကိစ္စသည် ၆၊ ၈၊ ၂၀၀၈ ရက်နေ့တွင် မြေစာရင်းဦးစီးဌာန ဦးစိုးသိန်း (လ/ထ ဦးစီးမှူး)၊ ဦးစိုးမိုးထိုက် (မြေတိုင်းစာရေး)၊ ဦးမိုးသွင် (မြေတိုင်းစာရေး) တို့နှင့် ဦးခွန်လှဆာတို့က ဆောင်ရွက်ခဲ့ကြောင်း၊ နောင်လေကျေးရွာအုပ်စုပိုင် မြေဧရိယာ (၃) မိုင် ကျော်ကို ကျူးကျော်ပြီး ပန်းတင်ကျေးရွာအုပ်စု မြေဧရိယာအတွင်း ထည့်သွင်းတိုင်းတာ၍ မြေပုံအတုကို ရေးဆွဲထုတ်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် မေးခွန်းဖြေကြားရန် ညွန်ကြားချက်အရ ပြည်သူ့လွှတ်တော် မေးခွန်းအပိုဒ် (ခ) ပါ မြေစာရင်းလက်စွဲ ဥပဒေပုဒ်မ ၉၉၇ ပါ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အလုပ်တာဝန် လွဲပြောင်းသည့်အချိန်တိုင်း တာဝန်ကျ ရပ်ကွက်/ကျေးရွာအုပ်စု မြေတိုင်းစာရေးက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အတူ မြေပြင်ကွင်းဆင်း ပြသအပ်နှံပေးခြင်းမရှိပါကြောင်း အချို့မြို့နယ်များမှ တင်ပြထားသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဖော်ပြပါကိစ္စနှင့်ပတ်သက်၍ မြေတိုင်းစာရေးက ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ မြေပြင်ကွင်းဆင်း၍ သေချာအပ်နှံပေးရန် လိုအပ်မည်ဟု အကြောင်းကြားစာ ထွက်ရှိလာကြောင်း သိရသည်။
Read more...

တာချီလိတ်မြို့နယ် တော်ကော့်အပြင်ရွာ၌ မူးယစ်ဆေးဝါးများနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ

0 comments


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ တော်ကော့်(အပြင်)ရွာ အတွင်းရှိ နေအိမ်အခန်းငှား နှစ်ခန်း၌ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးများ နှင့် လက်နက် ခဲယမ်းများအား ၁၈.၁၀.၂၀၁၃၊ နံနက် ၉နာရီအချိန်ခန့်က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းအရ တော်ကော့်(အပြင်)ရွာ အတွင်း၊ အိမ်ခန်းငှားရှိ နန်းအွေ့xxx နေထိုင်သော အခန်းနံပါတ် ၂၄ အား ၀င်ရောက်ရှာဖွေ စစ်ဆေးရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၁၅၈ ပြား နှင့် အိုက်စ်(ရေခဲ) ၂ ဂရမ်အား ရှာဖွေတွေ့ရှိရကြောင်း၊ ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့မှ နဘေးရှိ အိုက်ဝန်းxxx နေထိုင်သော အခန်းနံပါတ် ၂၅ အား မသင်္ကာ၍ ၀င်ရောက်ရှာဖွေ စစ်ဆေးရာ နေအိမ်အခန်းတွင်းမှ စိတ်ကြွဆေးပြား ၁၂၀၀ ပြား၊ အိုက်စ် ၆၅ ဂရမ် အပါအ၀င် ကျည်ရိုက်တံမကောင်းသည့် ဒဿမ ၄၅ ပစ္စတိုသေနတ် အဟောင်း ၁ လက်၊ ၎င်းလက်နက်တွင် သုံးသည့် ကျည်ကဒ် ၁ခု နှင့် ၉ မမ ကျည် ၁၅၀ တောင့်တို့အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ အခန်းအမှတ် ၂၄ တွင် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသူ နန်းအွေ့xxx အား မယ(ပ)၁၃၀/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရလည်းကောင်း၊ အခန်းအမှတ် ၂၅ တွင် မူးယစ်ဆေးဝါးများ အပါအ၀င် လက်နက်ခဲယမ်းများနှင့် တွေ့ရှိရသူ အိုက်ဝန်းအား မယ(ပ)၁၃၁/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ) အရလည်းကောင်း တာချီလိတ်မြို့မရဲစခန်းမှ အသီးသီးအမှုဖွင့် အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
Read more...

အင်းလေးကန် ပေါ်ပေါက်လာပုံ

0 comments

ဘူမိဘေဒ ပညာရှင်များ၏ သင်ကြားချက်အရဆိုလျှင် ရှမ်းကုန်းမြေမြင့်ဒေသသည် (Lime stone) ခေါ် ထုံးကျောက်များ ပေါ်ကြွယ်ရာ ဒေသဖြစ်သည်။ မိုးများအဆက်မပြတ်ရွာသွန်းရာတွင် ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသောပျော်ဝင်ကန် (solution lake) ဖြစ်သည်ဟုဆိုကြ၏။တစ်ချို့သော ဘူမိ ဘေဒ ပညာရှင်များကလည်း အင်းလေးကန်သည် ထုံးကျောက်များကိုရေတိုက်စားခြင်းဖြင့် ရေတိုက်စား ခံရသော နေရာများတွင် ချိုင့်ဝှမ်းဖြစ်ပေါ်လာသောထုံးကျောက်အိုင် ဟူ၍ ဆိုကြ၏

တဖန်တစ်ချို့သော ပညာရှင်များက အင်းလေးကန်၏ တဖက်တချက်ရှိ အက်ကြောင်းကြီး နှစ်ခု၏ အလယ်ထု အောက်သို့ လျှောကျမှုကြောင့် (ထုပြတ်ရွေ့ Block Faulting) ဖြစ်ပေါ် လာသောရေအိုင်ဟူ၍ လည်း ဆိုကြ၏။

မည်သို့ပင်ဆိုစေကာမူ အင်းလေးကန်ကြီးသည် လွန်ခဲ့သော နှစ် ၁၀ သန်းခွဲ လောက်ကပင်ရှိနေပြီဖြစ် သည်။ ထိုအချိန်ကာလ၏ ကန်ရေပြင်သည် ယခုမြေမျက်နှာပြင်ထက် ပေပေါင်း၃၀၀ ခန့် မြင့်သည် ဟု ဆိုသည်။ မည်မျှ ကျယ်သည် မည်မျှ နက်သည်ကိုကား ရေရေရာရာတိတိကျကျ မသိရှိရပေ။ သို့သော် သေချာခိုင်မာစွာ သိရသည်မှာ တဖြည်းဖြည်းနှင့်ကျမ်းမြောင်း တိမ်ကော လာပြီ ဆိုသည့် အချက်ပင် ဖြစ်သည်။

အင်းလေးကန်၏ ထူးခြားချက်မှာ အမာခံ အောက်ကြမ်းပြင်မရှိခြင်း ဖြစ်သည်။စိမ်းညို့ညို့ အရောင်ရှိသော အမှုန်များ စုပေါင်း၍ နွံ အဖြစ်သို့ကူးပြောင်းသွားသော နှုန်းမြေများ ဖြစ်လာကြသည်။ ထိုအမှုန်များတွင်
ထုံးဓါတ်အများအပြားပါဝင် သည်ကို တွေ့ရှိရသဖြင့် အင်းလေးကန် ကြီးသည် ထုံးကျောက် အရေပျော်အိုင်ကြီး ဖြစ်လာသည်ဟူသော ယူဆချက်မှာ အတော်ပင် ခိုင်မာသည်ဟုဆိုနိုင်ပါသည်။

ဘ၀စုံလင်အင်းရေပြင်

အင်းလေးကန်ကြီးသည် နှစ်သန်းပေါင်းရာပေါင်းများစွာမှစတင်ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သော ရေအိုင်ကြီးတခုဖြစ်သဖြင့် ဖြတ်သန်းကျော်လွှားလာခဲ့သည့် အချိန်ကာလမှာ ကမ္ဘာနှင့်ချီ၍ ပင် ခိုင်းနှိုင်း လောက်သည်။အင်းရေပြင်သည် မာန်ဟုန်ပြင်းပြင်း ထုထည်ကြီးမားသည့် အချိန်ကာလများကိုဖြတ်သန်း ခဲ့ရသလို ထုထည်သေးငယ်သည့် ရေပြင် တိမ်တိမ်နှင့်လည်း နေခဲ့ရဖူးဟန်ရှိသည်။ လက်ဝဲ လက်ယာ ကမ်းများနှင့် တောင်မြောက် အင်းရေပြင်သည် ဆုတ်လိုက်တက်လိုက်ဖြင့် သံသရာ လည်နေခဲ့ဟန် လည်း တူပေသည်။

လွန်ခဲ့သော နှစ်၁၀၀၀ ကျော်ကလများတွင် ညောင်ရွှေမြို့သည် မပေါ်ထွန်းသေးပါ။ညောင်ရွှေမြို့၏ မြောက်ယွန်းယွန်း လေးမိုင်ခန့်ရှိ ဗောရိဿတ် ဘုရား အနီးတွင်ရှေးဟောင်းမြို့ကြီး တစ်မြို့ ထွန်းကား ခဲ့သည်။ ဧက ၉၇၀ ကျော် ကျယ်ဝန်းကြီးမားသောထိုမြို့ကြီးကို မြို့ရိုးနှင့် ကျုံးတို့က ၀န်းရံထားပါသည်။ ထိုမြို့ကို ဒေသခံများက “မြို့တွင်းကြီး ခေါ် ကောသမ္ဘီ (ကော့ဆမ်ပီ)” မြို့ကြီးဟုခေါ်ဆိုကြသည်။ယခုတိုင် အချို့နေရာများတွင် အုတ်မြို့ရိုးများ ကျန်ရစ်တည်ရှိနေဆဲ ဖြစ်သည်။အေဒီ ၁၀၀၀ ခန့်က ထိုကောသမ္ဘီ ခေါ် (ကမ္ဘောဇ တိုင်းနိုင်ငံ ကြီးသည်) ကြီးမားတန်ခိုးထွားခဲ့လေသည်။ ထိုအချိန်၌ အင်းရေပြင်သည် ယခု လက်ရှိအလျား (၁၄ မှ ၁၂ )မိုင် အနံ (၄ မှ ၅ ) မိုင်ထက် သေးငယ်သည်။ ရေမျက်နှာပြင် ကျင်းသော်လည်းပို၍နက်သည်။ ဤကောသမ္ဘီ မြို့ နိုင်ငံ ကြီးကို မြောက်ဘက်မှ တရုတ်တို့က အေဒီ ၁၁၁၃အလောင်းစည်သူမင်း လက်ထက်တွင် လာရောက်တိုက်ခိုက်ကြရာ စစ်ရှုံး၍ ကောသမ္ဘီမှ ခွာ၍တိမ်းရှောင်သွားကြသည်။ တရုတ်တပ်များ ပြန်ဆုတ် သွားပြီးနောက် မြို့တစ်မြို့ကိုထပ်မံ တည် ကြပြန်သည်။

အလောင်းစည်သူမင်း တိုင်းခန် လှည့်လည်စဉ် ကရ၀ိတ်ဖောင်တော်ပါ လှေတော်သား ငထောင်နှင့် ငနောင် ကျန်ရစ်ပြီး ရွာများ တည်ထောင်နေထိုင် ကြသည် ဆိုသော ဒဏ္ဍာရီ ဆန်ဆန်အဆိုနှင့် စရမည် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ် ၁၃၅၉ တွင် ညောင်ရွှေမြို့တည် စော်ဘွားကြီး ဆီဆိုင်ဖထံ သို့ ထားဝယ်မှ ညီအစ်ကို နှစ်ဦး လာရောက် ခစားရင်း ရေပြင်ကျယ် နှင့် သာယာလှပသော တောင်တန်းကြီးများကို တွေ့မြင် နှစ်သက်သဘောကျ သဖြင့် နေထိုင်ခွင့် ပြုပါရန် လျှောက်ထားပြီး နေထိုင်ခွင့်ရသဖြင့် ၄င်းတို့၏ နေရပ်ထားဝယ်သို့ ပြန်ပြီး ဆွေမျိုးသားချင်းများမှ မိသားစု ၃၆ စုကို စုစည်း၍ ညောင်ရွှေသို့ ပြန်လည် ရောက်ရှိလာသဖြင့် စော်ဘွား နန်းသဲ နေရာတွင် နေထိုင်ခွင့်ပြုတော်မူသည်။ နန်းသဲသည ရှမ်းအသံ ထွက်ဖြင့် နန့်ဆိုင်း ဟုခေါ်ပြီး ရေကြည်သော သဲချောင်း ဟု အဓိပ္ပာယ်ရသည်။ ထိုမှ တဖြည်းဖြည်းနှင့် အင်းလေးကန် ဘေးဝဲယာသို့ ပျံ့နှံ့သွားသည်ဟု အမတ်ချုပ် ဦးငြိမ်း၏ ညောင်ရွှေမြို့ရာဇ၀င်ချုပ်တွင် ဖော်ပြထားသည်။

မြို့တည်နေရာကား ယခု မိုင်းသောက်အင်းရွာနှင့် သလဲဦးရွာ အကြားရှိ ပေပင်အင်းရွာ အနောက် ဘက်တွင် ရမ္မ၀တီမြို့သစ်ကို တည်ထောင်ခဲ့ကြသည်။ ဤဒုတိယ တည်ထောင်ခဲ့ သော ရမ္မ၀တီမြို့သည် သဘာဝဘေးဒဏ်ြေ့ကာင့်ပျက်ခဲ့ရသည်။

ဟဲဟိုးသီခေါင်ပုံးအင်း

ယနေ့ကန်ရေပြင်သည် ရှေးအင်းလေးကန်၏ အစိတ်အပိုင်းမျှသာ ဖြစ်ပေသည်။ အင်းလေးကန်
ရေပြင်သည် ယခင်က ပထ၀ီ အနေထားမှာ ယခုအတိုင်းမဟုတ်ပဲ ကျယ်ပြန့်ရာ အလျား ၃၈ မိုင်
အနံ ၈ မိုင်ခန့်ထိ ရှိခဲ့သည်။ ရေဦးတိုက်ရွာများ အဖြစ် (၁) ပေါင်းပိန်း (၂)ရေဦး (၃) ဟိုနမ့် နှင့် (၄) ထန့်အိမ်အထိ ရေများ ရောက်သည်ဟု ဆိုကြသည်။ ယခုညောင်ရွှေမြို့နေရာသည်ပင် တချိန်က အင်းရေပြင်ကျယ်ဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်။ ဤမျှမက ယခု ညောင်ရွှေမြို့မှ ၁၅ မိုင်ခန့်ကွာဝေးသော တောင်နီ ကျေးရွာ (အင်းဦးစေတီ)အထိ တစ်ချိန်က ဦးတိုက်ခဲ့သည်ဟု ဆိုကြသည်။ ဟဲဟိုးသီခေါင် ချိုင့်ဝှမ်းကြီးသည်အရှေ့အင်းခေါင်း ရေထွက်မှ အနောက် ရေဝေါ တောင်နှင့် လက်မောင်းကွေး တောင်တန်းများအထိ (၇)မိုင်(၈)မိုင်ခန့် ရှိသည်။ တောင်နှင့်မြောက်မှာ ၅ မိုင် ၆ မိုင်ကျောရှိပေမည်။ ထိုအချိန်က ဟဲဟိုးချိုင့်ဝှမ်းကြီးသည် ရေပြင်ကျယ်ကျယ်နှင့်တင့်တယ်လို့ နေပါသည်။ ရေဝေါတောင်ပေါက်ထွက်ရာမှ ရေများ အလုံးအရင်းနှင့်အင်းလေးအင်းကြီးထဲသို့ စီးဝင်သွားသည့်အတွက် အင်းလေးအင်းကြီးသည် အလျား ၃၆ မိုင်အနံ ၈မိုင် ထိ ပထ၀ီ အနေအထားသို့ ရောက်ခဲ့ရသည်။ ရေဝေါတောင်သည် ၂ ပိုင်းနီးပါးကွဲအက် ပေါက်သွားရခြင်းကို ဆန်းစစ်ကြည့်သော် သဘာဝ ဘေးဒဏ်ကြောင့်ဟု ယူဆရပါမည်။မိုးအဆက်မပြတ် ရွာသွန်းသည့်အတွက် ဟဲဟိုးအင်းရေပြင်သည် အရှိန်အဟုန်ပြင်းစွာဖြင့်အဆမတန်မြင့်တက်ခဲ့ဟန်တူပါသည်။ ပြင်းထန်သော ရေအားကြောင့်ပေါက်ထွက်ခြင်း(သို့မဟုတ်) မြေငလျှင် လှုပ်ခါမှြုေ့ကာင့် ကွဲအက်ခြင်းများ ဖြစ်နိုင်ပါသည်။မည်သို့ ဆိုစေကာမူ ဟဲဟိုးသီခေါင်နယ် ငုတ်တောင်ဘက်မှ တောင်ပြိုခြင်းကြောင့် ယခုပုန်းအင်း (ဖုန်းအင်း) ဟု ခေါ်ကြသည့် ဘက်မှ အင်းရေများ ကျဆင်းလာပြီးအရှေ့တောင်ဘက် ညောင်ရွှေအင်းထဲထိ စီးဝင်လာခဲ့သဖြင့် အင်းရေသည် အလျား ၃၆ မိုင်အနံ ၈မိုင် အထိ ပထ၀ီ အနေ အထားဖြစ်ပေါ်ခဲ့ရာ ဒုတိယ ရမ္မာဝတီမြို့ရေအောက်သို့ရောက်ပြီး မြို့ပျက်ရခြင်းဖြစ်ပါသည်။ ဤဖြစ်ရပ်မှန် ကို သိနိုင်ရန်သိပ္ပံနည်းကျ အထောက်အကူ ပစ္စည်းကိရိယာများဖြင့် ဘူမိဘေဒ ကွင်းဆင်း လေ့လာပါက ဖြစ်ရပ်မှန်များ ဧကန်မုချ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ရပါသည်။

အင်းလေးအင်းကြီးသည် ရှေးယခင်က အင်း(၄)ရွာဟု ခေါ်ဆိုကြောင်း သက္ကရာဇ် ၁၆၃၇ တွင် သာလွန်မင်းတရားကြီး လက်ထက် ရှမ်းဒေသရှိမြို့ ပေါင်း ၁၇၅ မြို့ကို ဖော်ပြရာတွင် အင်း ၄ ရွာဟု ဖော်ပြထားပါသည်။ တဖန် ၁၈၅၂ အင်းလေးစစ်တမ်းပုရပိုက်တွင် အင်း ၄ ရွာ ငွေခွန်မှူးငစံတင် အုပ်ချုပ်စီရင်သည် ဟု ပါရှိသည်။ ခေတ်များပြောင်း၍ နှစ်များကြာလာသောအခါ အင်း ၄ ရွာ မှ အင်းလေး ဟု ဖြစ်ပေါ်ဆင်းသက် လာခဲ့သည် ဟုယူဆမိပါသည်။

မူလအင်း ၄ ရွာသည် (၁)ရွာကြီးဗန်းပုံ (၂)နန်းပန်ရွာ (၃)နောင်တောရွာ (၄)ဟဲယာရွာမ တို့ဖြစ်ပါသည်။ နောင်သောအခါ လူဦးရေ တိုးပွားလာပြီး အခြားရွာများပေါ်ထွန်း လာကြခြင်းဖြစ်ပါသည်။ ရွာကြီးဗန်းဗုံ ကို ရှမ်းအသံဖြင့် ၀မ့်လုံ ဟုခေါ်ဆိုပြီး ရွာကြီးဟု အဓိပ္ပာယ်ရပါသည်။ နန်းပန်ရွာ ကို ရှမ်းအသံထွက်ဖြင့် နမ့်ပန် ဟုခေါ်ဆိုပြီး ရေ၀ဲများရှိ၍ ရေများဝဲကတော့ ထိုးသော နေရာဒေသ ဟု အဓိပ္ပာယ်ရပါသည်။ နောင်တောရွာကို ရှမ်းအသံထွက်ဖြင့် နောင်တောင်း ဟု ခေါ်ဆိုပြီး ရေမှော်ရေညှိများရှိသော နေရာ ဒေသ ဟု အဓိပ္ပာယ်ပါသည်။ ဟဲယားရွာမကို ရှမ်းအသံထွက်ဖြင့် ဟိုင်းယ ဟုခေါ်ဆိုပြီး ဆေးဖက်ဝင်အပင် များ ပေါများသော နေရာဒေသ ဟု အဓိပ္ပာယ် ရပါသည်။

တပေါင်းတန်ခူး ရေကျချိန်၌ အင်းလေးကန် အရှေ့ဘက် သလဲဦးရွာနှင့်မိုင်းသောက်ရွာကြား ပေပင်အင်းရွာ၏ အနောက်ယွန်းယွန်းတွင် ယခုတိုင် ရမ္မ၀တီမြို့ဟောင်းကြီးအား တွေ့မြင်နိုင်ပါသည်။ ဒေသခံ လူများက နန်းတော်ရာဟုခေါ်ဆိုကြသည်။ မြေအောက်သို့ သေချာစွာကြည့်ပါက လူတစ်ဖက်မျှ ကြီးမားလှသည့်တိုင်ကြီးများကို ရေမှော်ရေညှိ များ ဖုံးအုပ်လျှက် တွေ့နိုင်ပါသည်။အင်းလေးအင်းကြီး သေးငယ်စဉ်က ဤမြေရာ သည် ကုန်းမြေ ရမ္မာဝတီမြို့နေရာပင်ဖြစ်ပါသည်။ရမ္မာဝတီ မြို့သူမြို့သားများလည်း ရေလွတ်ရာ အရှေ့တောင်ခြေသို့ ရွေ့လာကြပြီး။မိုင်းသောက် (ရှမ်းအခေါ် မိုင်းဆောက် ၊ မိုင်း = မြို့ ဆောက် = တစ်ထောင်မျှဖြစ်၍ အဓိပ္ပာယ်မှာ မြေနေရာလွန်စွာကျဉ်းမြောင်းလှ၍ နေရာတစ်ထောင်မျှသာရှိသောမြို့ ဖြစ်သည ) တွင် နေထိုင်ကြပါသည်။ ထိုမှ တဖန်အင်းရေ အတော်အတန်ကျသွာသည့် အခါ၌ မြောက်ဘက်သို့ရွေ့ပြောင်းပြီး မြို့ ၂ မြို့ကို မြို့ရိုးများကျုံးများဖြင့် တည်ဆောက်ကြပြန်သည်။ ၄င်းမြို့ ၂မြို့မှာ ဖန်းဖယ် နှင့်မန်ကျည်းစင် ဖြစ်ပါသည်။ ဖန်းဖယ် (ဖာဖယ်) မှာ ရှမ်းဘာသာဖြင့် အမွှာ နှစ်မြို့ဟု
အဓိပ္ပာယ်ရပါသည်။ ထိုနေရာသည်လည်း ကျဉ်းမြောင်းသေးငယ်လှ၍ သက္ကရာဇ် ၁၃၅၉ တွင်စော်ဘွားကြီး ဆီဆိုင်ဖ မှ ယခု ညောင်ရွှေမြို့ကို မြို့ အင်္ဂါရပ် နှင့် အညီတည်ထောင်ခဲ့သည်။ ကောသမ္ဘီ တိမ်ကော ပျက်သုဉ်းပြီး နှစ်ရာပေါင်းများစွာကြာမြင့်လာသောအခါ ရေများလည်း ကျသွားပြီး ကုန်းမြေများပေါ်ထွန်း လာသည်။ ယခု အခါညောင်ရွှေမြို့သည်လည်း ကြီးမားသော ညောင်ရွှေ ချိုင့်ဝှမ်းကြီး၏ အလယ် ဗဟိုဘူမိနက်သန် နေရာမှန် ပြန်ရောက်ကာ တိုးတက်နေပြီဖြစ်ပါသည်။ ညောင်ရွှေသည်ရှမ်းဘာသာဖြင့် ယောင်ဟွေ့ ဟု အသံထွက်ကာ တောင်နှစ်လုံးကြားမှ ကုန်းမြေမို့မို့ဟု
အဓိပ္ပာယ်ရပါသည်။ ရေကျသွားသဖြင့် ကုန်းမြေများ ပေါ်ထွန်းလာခြင်းကြောင့်ဖြစ်သည်။အင်းလေး အင်းကြီးနှင့် အင်း၏ အရှေ့အနောက်တောင်မြောက် လွင်ပြင်များတွင်ရှေးဟောင်းမြို့ကြီးများ လွန်စွာပေါ်များလှသည်။ အချိုမှာ ကွယ်ပျောက်ကုန်ကြပေပြီ။မပျောက်ပျက်သေးသော မြို့ရိုး ၊ အုတ်ရိုး နေရာ တော်တော်များများလည်းကျန်ရှိနေပေသေးသည်။ စေတီပုထိုးရှေးဟောင်း သမိုင်းဝင် အဆောက်အဦးများလည်းလွန်းစွာပေါများလှသည်။ အင်းတ၀ိုက်နှင့် အနီးအနား ဒေသများမှေ၇ှးဟောင်းပစ္စည်းမျးလည်း ပေါ်ကြွယ်လှပေသည်။ ထိုညောင်ရွှေချိုင့်ဝှမ်းဒေသသည် ဤမျှ
ရှေးဟောင်းအမွှေအနှစ်များ ပေါကြွယ်ချင်းမှာ သမိုင်းကြောင်ရှည်လျား၍ယဉ်ကျေးမှုနှစ်ပေါင်းထောင်ချီ၍ ရှိခဲ့သည်မှာ သေချာလှပေသည်။

သမိုင်းကြောင်း

လူများသည် မည်သည့်အချိန်က စတင်၍ အခြေချနေထိုင်ခဲ့ကြသည်ကို ရှာဖွေရာတွင်ရဌ၀တီခေါ် ရပ်စောက်မြို့သမိုင်း စစ်တမ်းအရ မြန်မာ သက္ကရာဇ် ၁၀၁ ခရစ်သက္ကရာဇ် ရ၃၉တွင်သရေခေတ္တရာမှ ဒွတ္တပေါင်မင်းသည် အင်းလေးရှိရေပေါ စံနန်း၌ ခေတ္တလာရောက်စံမြန်းသွားသည်ဟု အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ် မှတ်တမ်း အပိုင်း၂ အတွဲ ၂ စာမျက် နှာ ၂၆ တွင် “အင်းလေးမြန်မာစကား” စာတမ်းတွင် ဖော်ပြထားသည်။ထိုကြောင့်မြန်မာနိုင်ငံတွင် အစောဆုံးလာရောက်အခြေချ နေထိုင်သောပျူလူမျိုးတို့နှင့် အဆက်သွယ် ရှိခဲ့ဟန်တူပါသည်။ အင်းလေး ဒေသညောင်ရွှေချိုင့်ဝှမ်း လွင်ပြင်ကြီးသည် အေဒီ ၇၀၀ လောက်ကပင် ယဉ်ကျေးမှုထွန်းကားပြီး အခြား ဒေသမှ မင်းနှင့် လူသူ အရောက်ပေါက်ရှီသည်ကို ပြဆိုနေပါသည်။

ရွှေသန်းတောင်ဘုရားကျောက်စာတွင် သက္ကရာဇ် ၃၇၉ (၁၁၇ အေဒီ) တွင်အနော်ရထာမင်းကြီးသည် ရွှေသန်းတောင်ဘုရားကို တည်တော်မူသည်။ ဒုတိယစည်သူခေါ်နရပတေ့စည်သူမင်းကြီးက ထပ်မံ ပြုပြင် တည်ဆောက်၍ ကျွန်သီးတော်များ ၀တ်မြေများကိုလှူပြန်သည်။ ရွှေအင်းတိန်ဘုရားကျောက်စာတွင်လည်း အနော်ရထား မင်းမှ စ၍အလောင်းစည်သူ အင်းဝရွှေနန်းကျော့၇ှင် စသည့်မင်းများက စေတီပုထိုးများပြုပြင်ခြင်း ထပ်မံ အသစ်တည်ထောင်ခြင်း ကျွန်သီးတော်များနှင့်ဝတ်မြေများလှူဒါန်းခြင်းတို့ကို ဖော်ပြထားပါသည်။

ညောင်ရွှေချိုင့်ဝှမ်းနှင့် အင်းလေးအင်းကြီး၏ ယဉ်ကျေးမှုသည်နှစ်ထောင်ချီရှိနေသည့် အစားထိုးမရသော သမိုင်းဝင် အဖိုးတန်ရတနာတစ်ခုဖြစ်၍နေပါသည်။

မည်သည့်လူမျိုးများ မျိုးနွယ်စုများ စတင်၍ အခြေချနေထိုင်သည်ကိုပြန်ဆန်းစစ်ကြည့်ပါက အလောင်းစည်သူမင်း တိုင်းခန် လှည့်လည်စဉ် ကရ၀ိတ်ဖောင်တော်ပါလှေတော်သား ငထောင်နှင့် ငနောင် ကျန်ရစ်ပြီး ရွာများ တည်ထောင်နေထိုင် ကြသည်ဆိုသော ဒဏ္ဍာရီ ဆန်ဆန်အဆိုနှင့် စရမည်ဖြစ်ပါသည်။ ခရစ်သက္ကရာဇ် ၁၃၅၉ တွင်ညောင်ရွှေမြို့တည် စော်ဘွားကြီး ဆီဆိုင်ဖထံ သို့ ထားဝယ်မှ ညီအစ်ကို နှစ်ဦးလာရောက် ခစားရင်း ရေပြင်ကျယ် နှင့် သာယာလှပသော တောင်တန်းကြီးများကို တွေ့မြင်နှစ်သက်သဘောကျ သဖြင့် နေထိုင်ခွင့် ပြုပါရန် လျှောက်ထားပြီး
နေထိုင်ခွင့်ရသဖြင့် ၄င်းတို့၏ နေရပ်ထားဝယ်သို့ ပြန်ပြီးဆွေမျိုးသားချင်းများမှ မိသားစု ၃၆ စုကို စုစည်း၍ ညောင်ရွှေသို့ ပြန်လည်ရောက်ရှိလာသဖြင့် စော်ဘွား နန်းသဲ နေရာတွင် နေထိုင်ခွင့်ပြုတော်မူသည်။ နန်းသဲသည်ရှမ်းအသံထွက်ဖြင့် နန့်ဆိုင်း ဟုခေါ်ပြီး ရေကြည်သော သဲချောင်း ဟု အဓိပ္ပာယ်ရသည်။ထိုမှ တဖြည်းဖြည်းနှင့် အင်းလေးကန် ဘေးဝဲယာသို့ ပျံ့နှံ့သွားသည်ဟု အမတ်ချုပ်ဦးငြိမ်း၏ ညောင်ရွှေမြို့ရာဇ၀င်ချုပ်တွင် ဖော်ပြထားသည်။

အင်းလေးအင်းကြီးသည် ရှေးယခင်က အင်း(၄)ရွာဟု ခေါ်ဆိုကြောင်း သက္ကရာဇ် ၁၆၃၇ တွင်သာလွန်မင်းတရားကြီး လက်ထက် ရှမ်းဒေသရှိမြို့ ပေါင်း ၁၇၅ မြို့ကို ဖော်ပြရာတွင်အင်း ၄ ရွာဟု ဖော်ပြထားပါသည်။ တဖန် ၁၈၅၂ အင်းလေးစစ်တမ်းပုရပိုက်တွင် အင်း ၄ ရွာငွေခွန်မှူးငစံတင် အုပ်ချုပ်စီရင်သည် ဟု ပါရှိသည်။ ခေတ်များပြောင်း၍နှစ်များကြာလာသောအခါ အင်း ၄ ရွာ မှ အင်းလေး ဟု ဖြစ်ပေါ်ဆင်းသက် လာခဲ့သည်ဟုယူဆမိပါသည်။

မူလအင်း ၄ ရွာသည် (၁)ရွာကြီးဗန်းပုံ (၂)နန်းပန်ရွာ (၃)နောင်တောရွာ (၄)ဟဲယာရွာမတို့ဖြစ်ပါသည်။ နောင်သောအခါ လူဦးရေ တိုးပွားလာပြီး အခြားရွာများပေါ်ထွန်းလာကြခြင်းဖြစ်ပါသည်။ ရွာကြီးဗန်းဗုံ ကို ရှမ်းအသံဖြင့် ၀မ့်လုံ ဟုခေါ်ဆိုပြီးရွာကြီးဟု အဓိပ္ပာယ်ရပါသည်။ နန်းပန်ရွာ ကို ရှမ်းအသံထွက်ဖြင့် နမ့်ပန်ဟုခေါ်ဆိုပြီး ရေ၀ဲများရှိ၍ ရေများဝဲကတော့ ထိုးသော နေရာဒေသ ဟု အဓိပ္ပာယ်ရပါသည်။
နောင်တောရွာကို ရှမ်းအသံထွက်ဖြင့် နောင်တောင်း ဟု ခေါ်ဆိုပြီးရေမှော်ရေညှိများရှိသော နေရာ ဒေသ ဟု အဓိပ္ပာယ်ပါသည်။ ဟဲယားရွာမကိုရှမ်းအသံထွက်ဖြင့် ဟိုင်းယ ဟုခေါ်ဆိုပြီး ဆေးဖက်ဝင်အပင် များ ပေါများသော နေရာဒေသဟု အဓိပ္ပာယ် ရပါသည်။

အင်းလေးဒေသသည် နောင်သားခေါ် အင်းသားများ နှင့် ရှမ်းများ ၊ ဓနုများ ၊ပအိုဝ်းများ စုပေါင်းညီညာစွာ တည်ထောင်၍ စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ဖြင့်ရှေးကာလမှပင် စတင် နေထိုင်ခဲ့ကြပါသည်။ ယဉ်ကျေးမှု ၊ အနုပညာ ၊ စာပေ ၊ လက်မှုပညာများကို တစ်ဦးနှင့် တစ်ဦး ဖလှယ်ရင်း အတူတကွ ကြိုးစားလာကြသည်မှာ ယခုတိုးတက်သော အင်းလေးဒေသ ဖြစ်ပေါ်လာသည်အထိ ဖြစ်ပါသည်။

အင်းသူအင်းသားတို့၏ ဇွဲလုံ့လနှင့် ဥာဏ်ပညာမှာ သူမတူထူးခြားစွမ်းရည်မြင့်မားလှပေသည်။ ရေတွင် နေထိုင်၍ သီးနှံများကို ကျွန်းမျောများဖြင့် စိုက်ပျိုး၍ရှမ်းပြည်နယ် သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး သို့ ရောင်းချနိုင်စွမ်းရှိပါသည်။ အင်းသီး ဟုပြောလိုက်လျင် ခရမ်းချဉ်သီးကို မသိုမရှိပေ။လက်မှု ပညာ အနေဖြင့်လည်း အင်းပိုးထည်မှသည် အင်းလေးလွယ်အိတ် ၊ အင်းလေးပင်နီဖျင်ထည်များသည် မြန်မာနိုင်ငံကို ကျော်ပြီး ကမ္ဘာတလွှားတိုင်ကျော်ကြား လှပေသည်။စာပေလောကတွင်လည်း ရှေးမြန်မာမင်းများလက်ထက်မှ စတင်၍ စာဆိုတော်ထွက် ထင်ကြီးမှသည်ယခုတိုင် ညောင်ရွှေအင်းလေးဒေသမှ စာရေးဆရာ ကဗျာဆရာများ အလွန်ပေါများစွာ ရှိခဲ့ ၊ရှိနေဆဲ ဖြစ်ပါသည်။ ထိုသို့ ဘက်စုံအဘိုးထိုက် အဘိုးတန်သော နေရာဒေသအင်းလေးကန်ကြီး မကြာမီ ပျောက်ကွယ်သွားတော့မည် ၊ လူထုမနေနိုင် ၊စိုက်ပျိုးရေး မလုပ်နိုင်သည့် ရွှံနွံထူထပ်သောကိုင်းတောများ ဖုံးလွှမ်းနေသောနေရာကြီးတစ်ခု ဖြစ်သွားမည် ဆိုလျင် နောင်လာနောက်သား မျိုးဆက်သစ် များအတွက်ရင်လေးဖွယ်ရာ အတိပင် ဖြစ်ပေတော့သည်။

အင်းလေး၏ ကံကြမ္မာ

လူသားနှင့် သဘာဝတောတောင်ရေမြေ တို့၏ ပဋိပက္ခကား ကမ္ဘာနှင့် အ၀ှမ်းကြုံတွေ့နေရသော
အဆုံးမသတ်နိုင်သည့် အားပြိုင်မှုဖြစ်သည်။ အင်းလေးကန် နှင့် ၄င်း၏ပတ်ဝန်းကျင်သည်လည်း လူသားတို့ ဖန်တီးနေသော ဘေးအန္တရာယ် အောက်ရောက်နေသည်ဟုဆိုလျင်မမှားနိုင်ပေ။ ဟိုယခင်ရှေးခတ်၌ အင်းလေးဒေသ ၀န်းကျင်တွင် လူနေအိမ်ခြေ နည်းပါးကာရေခြံများ ကျွန်းမျောစိုက်ခင်းများ မထွန်းကား သေးပေ။ ဘေးဘယ်ညာနှင့် မြောက်ဖက်မှစီးဝင်သော ရေချောင်းရေမြောင်းများသည် သစ်တော သစ်ပင် ထူထပ် ၍ရေစီးရေလာအားကောင်းသည်။ သစ်မြစ်များသစ်ပင်များကြောင့် နှုန်းပါဝင်မှုအားနည်းနည့်အတွက် ရေချောင်းများကြည်လင် ၍ အင်းလေးကန်ကြီး သို့ ရေစီးဝင်မှုအားကောင်းခဲ့သည်။

၁၉၁၅ ခုနှစ်ခန့်တွင် ညောင်ရွှေမြို့ မှ ကျီးဖြူကန် သို့ ကျီးဖြူချောင်းဖြင့်ရေလမ်းဖောက်ခဲ့သည်မှာ ကျီးဖြူကန်မှ နမ့်ပန်ရွာ အထိဖြစ်သည်။ ကျီးဖြူကန်ကိုဆည်တည်ဆောက်၍ အပြီးတွင် ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်သည် ညောင်ရွှေမှကျီးဖြူကန် ချောင်းအတိုင်း ဆွဲလှေများဖြင့် စော်ဘွားကြီး၏ စီးတော်လှေကို ဆွဲကာကန်ဖွင့်ပွဲ ကျင်းပခဲ့သည်။ ကျီးဖြူကန်၌ ပြိုင်လှေ ၂၄ စင်းပါဝင်သော လှေပြိုင်ပွဲကျင်းပခဲ့ကြောင်း လည်း မှတ်သားရပါသည်။

အင်းလေးဒေသသည် နောင်သားခေါ် အင်းသားများ နှင့် ရှမ်းများ ၊ ဓနုများ ၊ ပအိုဝ်းများ စုပေါင်းညီညာစွာ တည်ထောင်၍ စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ဖြင့် ရှေးကာလမှပင် စတင် နေထိုင်ခဲ့ကြပါသည်။ ယဉ်ကျေးမှု ၊ အနုပညာ ၊ စာပေ ၊ လက်မှု ပညာများကို တစ်ဦးနှင့် တစ်ဦး ဖလှယ်ရင်း အတူတကွ ကြိုးစားလာကြသည်မှာ ယခု တိုးတက်သော အင်းလေးဒေသ ဖြစ်ပေါ်လာသည်အထိ ဖြစ်ပါသည်။

အင်းသူအင်းသားတို့၏ ဇွဲလုံ့လနှင့် ဥာဏ်ပညာမှာ သူမတူထူးခြားစွမ်းရည်မြင့်မား လှပေသည်။ ရေတွင် နေထိုင်၍ သီးနှံများကို ကျွန်းမျောများဖြင့် စိုက်ပျိုး၍ ရှမ်းပြည်နယ် သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး သို့ ရောင်းချ နိုင်စွမ်းရှိပါသည်။ အင်းသီး ဟုပြောလိုက်လျင် ခရမ်းချဉ်သီးကို မသိုမရှိပေ။ လက်မှု ပညာ အနေဖြင့်လည်း အင်းပိုးထည်မှသည် အင်းလေးလွယ်အိတ် ၊ အင်းလေးပင်နီ ဖျင်ထည်များသည် မြန်မာနိုင်ငံကို ကျော်ပြီး ကမ္ဘာတလွှားတိုင်ကျော်ကြား လှပေသည်။ စာပေလောကတွင်လည်း ရှေးမြန်မာမင်းများလက်ထက်မှ စတင်၍ စာဆိုတော်ထွက် ထင်ကြီးမှသည် ယခုတိုင် ညောင်ရွှေအင်းလေးဒေသမှ စာရေးဆရာ ကဗျာဆရာများ အလွန်ပေါများစွာ ရှိခဲ့ ၊ ရှိနေဆဲ ဖြစ်ပါသည်။ ထိုသို့ ဘက်စုံအဘိုးထိုက် အဘိုးတန်သော နေရာ ဒေသအင်းလေးကန်ကြီး မကြာမီ ပျောက်ကွယ်သွားတော့မည် ၊ လူထုမနေနိုင် ၊ စိုက်ပျိုးရေး မလုပ်နိုင်သည့် ရွှံနွံထူထပ်သောကိုင်းတောများ ဖုံးလွှမ်းနေသော နေရာကြီးတစ်ခု ဖြစ်သွားမည် ဆိုလျင် နောင်လာနောက်သား မျိုးဆက်သစ် များအတွက် ရင်လေးဖွယ်ရာ အတိပင် ဖြစ်ပေတော့သည်။

အင်းလေးကန်၏ ကန်ဘောင်ရိုးသဖွယ် ညောင်ရွှေမြို့နယ် အရှေ့နှင့် အနောက် ၊တောင်နှင့်မြောက် တောင်တန်းကြီးများက စီတန်းကာရံလျက် ရှိပါသည်။ ကန်ကြီးအတွင်းသို့ စီးဝင်သော ချောင်းမြောင်း များမှလည်း အလွန်များပြားလှသည်။ထိုချောင်းမြောင်းများမှ ရေနှင့် နုန်းမြေနုများ ၊ မြေဆီမြေသြဇာများကိုပေးဝေခြင်းဖြင့် လူထုကို အကျိုးပြု၏။ သို့သော် တောင်တန်းများ၌ သစ်ပင်သစ်တောများနည်းပါးလာသည့်အတွက် မြေဆီမြေသြဇာကင်းမဲ့သော မြေနီမြေစေးများသည်
အင်းလေးကန်ကြီးနှင့် လူထု အကျိုးပြုခြင်းထက် တိမ်ကောပပျောက်ရန် အတွက်သာ
ဖြစ်လာတော့သည်။
Read more...

ပါကစ္စတန်တွင် ၀န်ကြီးအိမ်ထဲအထိ အသေခံဗုံးဝင်ခွဲ၊ ၀န်ကြီးအပါအ၀င် ရှစ်ဦးသေဆုံး

0 comments

Saturday, October 19, 2013

အောက်တိုဘာ ၁၆ ရက် အိစ်ဒ်နေ့က ပါကစ္စတန် အနောက်ပိုင်းတွင် အသေခံဗုံးပေါက်ကွဲမှုကြောင့် ပြည်နယ်ဝန်ကြီး တစ်ဦးအပါအ၀င် အနည်းဆုံး ရှစ်ဦးသေဆုံးခဲ့သည်။ ထိုနေ့က ပေါက်ကွဲမှုကြောင့် လူပေါင်း ၃၀ ကျော် ဒဏ်ရာရှိခဲ့ကြောင်း ရဲအရာရှိ တစ်ဦးဖြစ်သူ မဟာမက်ဂျန်က ထုတ်ဖော် ပြောကြားခဲ့သည်။

အသေခံဗုံး တိုက်ခိုက်မှုမှာ Khyber Pakhtunkhwa ပြည်နယ် ဒီရာအစ္စမေးခန်းမြို့အနီး ပြည်နယ်ဝန်ကြီး၏ အိမ်ထဲ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အသေခံ ဗုံးခွဲသမားက ပထမဦးစွာ အစောင့်ကို တိုက်ခိုက်ခဲ့ပြီးနောက် အိမ်ထဲသို့ ပြေးဝင်သွားပြီး ဧည့်ခန်း အရောက် ကိုတွင် ဖောက်ခွဲလိုက်ခြင်းဖြစ်သည်။ ထိုအချိန်သည် ၀န်ကြီးသည် ဧည်သည်များနှင့် တွေ့ဆုံ နေချိန်ဖြစ်၍ ရှစ်ဦးအထိ သေဆုံးခြင်းဖြစ်သည်။

ဝန်ကြီးကို ဆေးရုံသို့ အရေးပေါ် တင်ပို့ရန် စီစဉ်ခဲ့သော်လည်း လမ်းခုလတ်၌ပင် ကွယ်လွန်သွားခဲ့သည်။

မြန်မာ့ခေတ်
Read more...

Jeh Johnson ကို အမိမြေလုံခြုံရေး ဝန်ကြီးအဖြစ် အိုဘားမား အဆိုပြု

0 comments
      အမိမြေလုံခြုံရေးဝန်ကြီးအဖြစ် Jeh Johnson ကို အိမ်ဖြူတော်တွင် အိုဘားမားအဆိုပြုစဉ်။ (အောက်တိုဘာ ၁၈၊ ၂၀၁၃)
Saturday, October 19, 2013

သမ္မတအိုဘားမားက အမေရိကန်အစိုးရရှေ့နေဟောင်းတဦးကို အမိမြေလုံခြုံရေးဌာန အကြီးအကဲအဖြစ် အဆိုပြုလိုက်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှာ ထိပ်တန်းရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Jeh Johnson ကို အမိမြေလုံခြုံရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် သမ္မတ အိုဘားမားက သောကြာနေ့က အဆိုပြုလိုက်တာပါ။ အမျိုးသားလုံခြုံရေး အတွက် ခြိမ်းခြောက်မှု အန္တရာယ်တွေကို စောင့်ကြည့်ရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေ နာလံပြန်ထူရေးနဲ့ နယ်စပ်ဒေသကင်းလှည့်ရေး စတာတွေကို ၀န်ထမ်း အင်အား ၂ သိန်း ၄ သောင်းနဲ့ လည်ပတ်နေတဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာနကို Mr. Johnson ကတာဝန်ရမှာဖြစ်ပါတယ်။

Mr. Johnson ဟာ အမေရိကန်ပြည်ထောင်စုရင်ဆိုင်နေရတဲ့ စိန်ခေါ် အကဲစမ်းမှုတွေနဲ့ ခြိမ်းခြောက် နေတဲ့အန္တရာယ်တွေကို ထဲထဲဝင်ဝင် နားလည်တဲ့အတွက် ၀န်ကြီးအဆင့်ရာထူးကို တာဝန်ပေးအပ်ဖို့ ရွေးချယ်ရတာဖြစ်တယ်လို့ သမ္မတအိုဘားမားကပြောပါတယ်။

၂၀၀၁ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အယ်လခိုင်းဒါးခေါင်းဆောင်ပိုင်း ကို ဖြိုခွဲရေး မူဝါဒ တွေချမှတ်တာနဲ့ အမေရိကန် စစ်တပ်မှာ လိင်တူချင်းစုံမက်သူတွေအပေါ် တားမြစ်ကန့်သတ်ချက်ကို ပယ်ဖျက်ပေးခဲ့ရာမှာ Jeh Johnson က ပါဝင်ကူညီခဲ့တယ်လို့လည်း ဆိုပါတယ်။

သမ္မတရဲ့ အဆိုပြုချက်ကို အထက်လွှတ်တော်ကသာ အတည်ပြုခဲ့မယ်ဆိုရင် ရာထူးကနှုတ်ထွက်သွားတဲ့ဝန်ကြီး Janet Napolitano နေရာမှာ အစားထိုး တာဝန်ယူမှာဖြစ်ပါတယ်။ ရာထူးကနေအငြိမ်းစားယူခဲ့တဲ့ ၀န်ကြီး Janet Napolitano ကတော့ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ဥက္ကဋ္ဌရာထူးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

VOA
Read more...

နိုင်ငံရေးဆွေးနွေးပွဲအတွက် “သျှမ်းပြည်ညီညွှတ်ရေးကော်မတီ” ကို ဖွဲ့စည်း

0 comments


အောက်တိုဘာ ၁၈ ရက် ၂၀၁၃
မွေခေါဝ်

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ချမှတ်နိုင်ရန်၊ သျှမ်းပြည်ကံကြမ္မာကို သျှမ်းပြည်တွင်းရှိ တိုင်းရင်းသား အားလုံး ပြုပြင်ဖန်တီးနိုင်ရန်အတွက် ထိုင်း−မြန်မာနယ်စပ်တစ်နေရာ၌ သျှမ်းအဖွဲ့အစည်းများက ဒုတိယ အကြိမ်မြောက် ဆွေးနွေးပြီး “သျှမ်းပြည်ညီညွှတ်ရေးကော်မတီ” ကို ဖွဲ့စည်းလိုက်သည်။

အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်နေ့ထိ ၃ ရက်ကြာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ သျှမ်း ပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ SNDP ၊ လူမှုအခြေပြုအဖွဲ့ ၁၃ ဖွဲ့နှင့် တတ်သိပညာရှင်များက အစည်းအဝေးတရပ် ကျင်းပခဲ့သည်။

“ကော်မတီထဲမှာ အခုတော့ သျှမ်းအဖွဲ့အစည်းတွေဘဲ ပါဝင်သေးတယ်။ ဒါပြီးရင် သျှမ်းပြည်ထဲမှာ ရှိတဲ့ တိုင်းရင်းသားတွေကို ပါဝင်ဖို့ ဖိတ်ခေါ်မယ်” ဟု RCSS ဥက္ကဋ္ဌ ဒု−ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါသည်။

“သျှမ်းပြည်ညီညွှတ်ရေးကော်မတီ” ၌ ဥကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့နှင့် အလုပ်အမှူဆောင်အဖွဲ့ ၅ ဖွဲ့ (နိုင်ငံခြားဆက်ဆံရေးအဖွဲ့၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၊ လွှတ်တော်ရေးရာအဖွဲ့၊ ဥပဒေ ပိုင်းဆိုင်ရာအဖွဲ့နှင့် သုတေသနအဖွဲ့) ဟူ၍ ပါရှိသည်။ လုပ်သက်ကို ၁ နှစ် သတ်မှတ်ထားသည်။ ဤသို့ သတ်မှတ်ခြင်းမှာ အသစ်ဝင်ရောက်လာမည့် အဖွဲ့အစည်းများ ပါဝင်လုပ်ဆောင်နိုင်စေရန် ဖြစ်သည်ဟု ဒု−ဗိုလ်ချုပ်ကြီး ယွက်စစ် က ရှင်းပြသည်။

အစည်းအဝေးအပြီး သဘာပတိအဖြစ် ဆောင်ရွက်သူ စဝ်ကဏ်းစစ် က သမ္မတ ဦးသိန်းစိန် ကို ကျေးဇူးအထူးတင်ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် သမ္မတက ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းခြင်း မရှိပါက ဤကဲ့သို့သော အဖွဲ့အစည်းမျိုးကို ထူထောင်နိုင်မည် မဟုတ်ကြောင်း ပြောပါသည်။

“သျှမ်းပြည်ညီညွှတ်ရေးကော်မတီ” သည် သျှမ်းပြည်တွင်း တိုင်းရင်းသားပေါင်းစုံ၏ ညီညွှတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည် ထောင်နိုင်ရေးတို့ကို အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆို၏။

“သျှမ်းပြည်ညီညွှတ်ရေးကော်မတီ” ရုံးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တို့၌ ဖွင့်လှစ်မည်ဖြစ်သည်။
Read more...

အီရန် ပိတ်ဆို့မှုဖြေလျှော့ရေး အမေရိကန်စဉ်းစားပြီ

0 comments
                                                              အီရန်ရဲ့ နျူကလီယားအစီအစဉ်
Saturday, October 19, 2013

အမေရိကန်ရဲ့ပိတ်ဆို့မှုအရ ပြည်ပရှိ ချိတ်ပိတ်ခံထားရတဲ့ အီရန်နိုင်ငံပိုင်ရန်ပုံငွေတချို့ကို တဖြည်း ဖြည်းဖြေလျှော့ပေးဖို့ သမ္မတအိုဘားမား အစိုးရက စဉ်းစားနေပြီလို့ သတင်းတွေမှာ ဖေါ်ပြနေကြပါပြီ။ အီရန်ရဲ့ နျူကလီယားအစီအစဉ်ထိန်းချုပ်ရေးကို ရည်ရွယ်ပြီး အမေရိကန်က ပိတ်ဆို့မှုတွေနဲ့ အရေးယူ ထားတာဖြစ်ပါတယ်။ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးမယ့် အစီအစဉ်အရ အီရန်ရဲ့ ချိတ်ပိတ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို အရစ်ကျ ပြန်လည်ထုတ်ယူနိုင်တော့မှာဖြစ်ပါတယ်။
အီရန်နျူကလီယားအရေး ဂျီနီဗာမြို့မှာ ဒီအပတ်ထဲ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲနောက်ပိုင်း အမည်မဖေါ်လို သူ အကြီးတန်း တာဝန်ရှိသူတဦးကို ကိုးကားပြီး သတင်းတွေမှာဖေါ်ပြလိုက်တာပါ။ အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကတော့ အီရန်နိုင်ငံဟာ အရင်တုံးကမတွေ့ခဲ့ရဘူးတဲ့ အလေးအနက်ထား လာသလို အနှစ်သာရရှိရှိ ဆွေးနွေးလာတာတွေ့ရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အဲဒီဆွေးနွေးပွဲတွေမှာ ပိတ်ဆို့မှုတွေဖြေလျှော့ပေးမယ်ဆိုတဲ့ အချက်အတိအကျပါဝင်တယ် ဆိုတာမျိုးကို ပြောဖို့အချိန် မတန် သေးကြောင်း ခန့်မှန်းနေကြတာဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ သူ နောက်တဦးဖြစ်တဲ့ Bernadette Meehan ကဆိုပါတယ်။ အမေရိကန်က ပိတ်ဆို့မှုတွေ ဖြေလျှော့ ပေးမယ့်ခြေလှမ်းတွေလှမ်းဖို့ အလေးအနက်မစဉ်းစားခင်မှာ အီရန်အနေနဲ့ အနှစ်သာရရှိတဲ့၊ ပွင့်လင်း မြင်သာတဲ့၊ သေချာတဲ့အရေးတယူလှုပ်ရှားမှုတွေကိုပြသဖို့ သဘောတူရပါလိမ့်မယ်လို့ Ms. Meehan ကပြောပါတယ်။

တချိန်တည်းမှာဘဲ အစ္စရေးဝန်ကြီးချုပ် Benjamin Natanyahu က အီရန်အပေါ် ဖိအားတွေ လျှော့ပေး လိုက်မယ်ဆိုရင် သမိုင်းတွင်မယ့် မဟာအမှားအဖြစ် မှတ်တမ်းတင်ခြင်းခံရမယ်လို့ သတိပေး လိုက်ပါတယ်။

VOA

Read more...

အကြမ်းဖက်မှုများကို တားဆီးနိုင်ရန် ဥပဒေရေးဆွဲပြီး လွှတ်တော်သို့ တင်ပြမည်

0 comments
Saturday, October 19, 2013

အကြမ်းဖက်မှုများကို ထိရောက်စွာ တားဆီးနိုင်ရန်ရည်ရွယ်ကာ ဥပဒေတစ်ရပ်ရေးဆွဲပြီး ဥပဒေပြုရေးတွင် အခရာကျသည့် လွှတ်တော်သို့ တင်ပြသွားမည်ဟု ရဲချုပ် ဇော်ဝင်းက အောက်တိုဘာလ ၁၈ရက်က ပြောဆိုလိုက်သည်။

ယခုလအတွင်းဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်ရပ်များနှင့် ပတ်သက်၍ အောက်တိုဘာ ၁၈ ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးအတွင်းပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့ တိုင်းပြည်မှာ ဒီလိုအကြမ်းဖက်ကိစ္စတွေကို ထိထိရောက်တားဆီးနိုင်ဖို့အတွက် ဥပဒေတစ်ရပ်ရေးဆွဲပြီး မကြာခင် လွှတ်တော်တင်မယ်။ ဒါကတော့ နိုင်ငံတစ်ကာက စိုးရိမ်ပူပန်မှုတွေကို ဥပဒေကြောင်းအရ ကာကွယ်တားဆီးဖို့ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

သို့သော် ယင်းဥပဒေကို မည်သည့် ဥပဒေပညာရှင်များနှင့် ရေးဆွဲမည်ဖြစ်ပြီး မည်သည့်အချိန်တွင် တင်ပြသွားမည်ကို ရဲချုပ်က အတိအကျပြောဆိုသွားခြင်းမရှိပေ။

ယခုလ ၁၁ ရက်မှ စတင်ပြီး ဗုံးပေါက်ကွဲမှုများ၊ ဗုံးလန့်မှုများသည် ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၁၄ ရက် ည ၁၁ နာရီကျော်ကဖြစ်ခဲ့သည့် ရန်ကုန်မြို့ Trader Hotel ဗုံးပေါက်ကွဲမှုတွင် အမေရိကန်နိုင်ငံသူတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

ထိုကဲ့သို့ ဗုံးပေါက်ကွဲမှုများကြောင့် ဒဏ်ရာရရှိခဲ့သည့် အမေရိကန်နိုင်ငံသူတစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ကြေငြာချက်ထုတ်ပြန်ထားသည်။

အဆိုပါဗုံးပေါက်ကွဲမှုများတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိသူ ၈ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိနေပြီး ကျူးလွန်သူများကိုဖေါ်ထုတ်ရန် နိုင်ငံတစ်ကာအဖွဲ့အစည်းများမှ နည်းပညာ အထောက်အကူများကိုလည်း ရယူသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် ဇော်ဝင်းက ပြောသည်။

ယင်းအပြင် လာမည့် နိုင်ဝင်ဘာလအတွင်း ၆ ဘီလီယံ တန်ဖိုးရှိသည့် လုံခြုံရေးပစ္စည်းကိရိယာများကိုလည်း ဝယ်ယူတပ်ဆင်ရန် အစိုးရက စီစဉ်နေသည်။

"နောက်လထဲမှာ ၆ ဘီလီယံ ကျပ်တန်ဖိုးရှိ နည်းပညာအထောက်အကူပစ္စည်းတွေ ဝယ်ယူတပ်ဆင်ပြီးတော့ ပြည်သူလူထုရဲ့လုံခြုံရေး၊ နိုင်ငံတော်ရဲ့ လုံခြုံရေးတွေ စီစဉ်ထားပြီးဖြစ်ကြောင်း ရှင်းလင်းလိုပါတယ်"ဟု ရဲချုပ် ဇော်ဝင်းက ပြောဆိုလိုက်သေးသည်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲကိုလည်း ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိနေသည်။

ယခုလ ၁၁ ရက်မှ စပြီး တောင်ငူ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် နမ့်ခမ်းတွင် ဗုံးပေါက်မှုနှင့် ဗုံးတွေ့ရှိမှုများ ဆယ်ကြိမ်ထက် မနည်းဖြစ်ခဲ့ပြီး ဗုံးပေါက်မှုကြောင့် အနည်းဆုံး လူ ၃ဦး သေဆုံးခဲ့သည်။ ယင်းအပြင် ဗုံးလန့်မှုများသည်လည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသေးသည်။

Mizzima - News in Burmese
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here